07/09/2026
📅 ၂၀၂၆/၀၉/၀၇
SSW ပြုစုစောင့်ရှောက်ရေး (Nursing Care) 🏥 N2 အောင်မြင်ထားရန် လိုအပ် • ဆေးရုံအလုပ်
အလုပ်အကိုင်အသေးစိတ်
ဗီဇာ: သီးသန့်ကျွမ်းကျင်လုပ်သား အမှတ် (၁) (SSW 1)
အလုပ်အမျိုးအစား: SSW ပြုစုစောင့်ရှောက်ရေး (介護)
အလုပ်နေရာ: ဩကာယာမခရိုင်၊ မိမဆာကာမြို့ (Okayama-ken, Mimasaka-shi)
ဂျပန်စာအရည်အချင်း: N2 အောင်မြင်ထားရန် လိုအပ်
ကျား/မ နှင့် အသက်: အမျိုးသမီး (အသက် ၁၈ မှ ၄၀ နှစ်အတွင်း)
💰 လစာ (ညရှစ်ဖ် စတင်ဆင်းပြီးနောက် စုစုပေါင်း): ၂၄၇,၀၀၀ ယန်း/လ
အသေးစိတ်:
အခြေခံလစာ: ၁၅၅,၀၀၀ ယန်း
ပြုစုစောင့်ရှောက်ရေး အထူးထောက်ပံ့ကြေး (処遇改善手当): ၄၀,၀၀၀ ယန်း
ညရှစ်ဖ်ထောက်ပံ့ကြေး: ၅၂,၀၀၀ ယန်း (အလုပ်ဝင်ပြီး အနည်းငယ်ကြာမှ စတင်ရမည် ဖြစ်ပြီး ၁ လလျှင် ၄ ကြိမ်၊ ၁ ကြိမ်လျှင် ၁၃,၀၀၀ ယန်း)
လစာတိုး/ဘောနပ်စ်: လစာတိုးပေးခြင်းရှိသည်။ ဘောနပ်စ်ရှိသည် (၆ လပိုင်းတွင် အခြေခံလစာ ၁ လစာ၊ ၁၂ လပိုင်းတွင် အခြေခံလစာ ၂ လစာ)။ အချိန်ပိုအလုပ်ရှိသည်။
🕒 အလုပ်ချိန် (၃ ဆိုင်းခွဲစနစ်):
၁. 08:30 ~ 17:00
၂. 10:00 ~ 18:30
၃. 16:30 ~ နောက်နေ့နံနက် 09:00
🗓 ပိတ်ရက်: ၁ လလျှင် ၈ ရက်၊ ၁ နှစ်လျှင် စုစုပေါင်း ၁၀၅ ရက်
🏠 နေထိုင်ရေး: ပုဂ္ဂလိကတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်ရမည်။ အိမ်ငှားခ ယန်း ၄၀,၀၀၀ (ရေခ၊ မီးခ ပါဝင်ပြီး)
🛡 အာမခံ: လူမှုဖူလုံရေးအာမခံများ အပြည့်အဝပါဝင်သည်
✈ လေယာဉ်လက်မှတ်: မိမိစရိတ်ဖြင့် ကျခံရမည်
📌 အလုပ်တာဝန်များ
မိမဆာကာ ဗဟိုဆေးရုံ (Mimasaka Central Hospital) တွင် လူနာများ၏ ခန္ဓာကိုယ်ဆိုင်ရာ ပြုစုစောင့်ရှောက်ရေးနှင့် ဆက်စပ်ကူညီပေးရေး လုပ်ငန်းများ။
📋 လိုအပ်သော အရည်အချင်းများ
မြန်မာအမျိုးသမီး သီးသန့်ခေါ်ယူခြင်းဖြစ်ပါသည်။
အိပ်ရာထဲ လဲနေသော သက်ကြီးရွယ်အိုများ များပြားသောကြောင့် ကျန်းမာသန်စွမ်းပြီး ကြံ့ခိုင်မှုရှိသူ ဖြစ်ရမည်။
ကြိုးစားအားထုတ်မှုရှိပြီး အသည်းခံနိုင်ရည်ရှိသူ၊ စာနာနားလည်မှုနှင့် ကျေးဇူးသိတတ်စိတ် ရှိသူ ဖြစ်ရမည် (NHK ဇာတ်လမ်းတွဲ "အိုရှင်" ကဲ့သို့ စိတ်ဓာတ်မျိုးရှိသူ)။
✨ အခြားခံစားခွင့်များ
စက်ဘီး ငှားရမ်းပေးမည်။
အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဆေးရုံမှ ပြင်ဆင်ပေးမည်။
#အလုပ်ခေါ်စာ