Kamayut Information III

Kamayut Information III ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အခြေစိုက် မြို့နယ်သတင်းအဖွဲ့ (KMY-INFO)

🌸 " ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ "🌸ယနေ့ ပန်းသပိတ်မှာ ပြည်သူတွေ ပုံစံအမျိုးမျိုးနဲ့ ချစ်စဖွယ် ပါဝင်ဆင်နွဲခဲ့ကြတာကို ကြည်...
19/06/2023

🌸 " ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ "🌸

ယနေ့ ပန်းသပိတ်မှာ ပြည်သူတွေ ပုံစံအမျိုးမျိုးနဲ့ ချစ်စဖွယ် ပါဝင်ဆင်နွဲခဲ့ကြတာကို ကြည်နူးဖွယ်တွေ့ရပါတယ်။

၎င်းတို့အနက်မှ RSN နဲ့ TIC သို့ ပေးပို့လာတဲ့ ပုံတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ ပါဝင်ဆင်နွှဲကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

မွေးနေ့ရှင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ကြပါစေ။

" အရေးတော်ပုံ အောင်ကိုအောင်ရမည် "

◽️ယနေ့ - နှစ်ဆန်းတစ်ရက်နေ့တွင်ပြုလုပ်သော မည်သည့်ကုသိုလ်ကောင်းမှုမဆို " ပဇီကြီးကျေးရွာတွင်အသက်ဆုံးရှုံးခဲ့သောပြည်သူများ" ...
17/04/2023

◽️ယနေ့ - နှစ်ဆန်းတစ်ရက်နေ့တွင်ပြုလုပ်သော မည်သည့်ကုသိုလ်ကောင်းမှုမဆို " ပဇီကြီးကျေးရွာတွင်အသက်ဆုံးရှုံးခဲ့သောပြည်သူများ" အားရည်စူးကြောင်း ရှင်သန်တိုက်ပွဲဝင်လျက်ရှိတဲ့ ပြည်သူတရပ်လုံးကသတ်မှတ်လိုက်သည်။

#စစ်အာဏာရှင်မုချကျဆုံးရမည်။
#အရေးတော်ပုံမုချအောင်ရမည်။

တော်လှန်ရေးကာလ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန် - ဒုတိယနေ့(သင်္ကြန်အကျနေ့)ယခင်က သင်္ကြန်ဆိုလျှင် ကားများရွေ့မရအောင်ပင် ပြည့်...
14/04/2023

တော်လှန်ရေးကာလ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန် - ဒုတိယနေ့(သင်္ကြန်အကျနေ့)

ယခင်က သင်္ကြန်ဆိုလျှင် ကားများရွေ့မရအောင်ပင် ပြည့်ကြပ်စည်ကားတတ်သော ရန်ကုန်မြို့၏ အထင်ကရလမ်းမကြီးဖြစ်သည့် ပြည်လမ်းမကြီးပေါ် အင်းယားကန်ဘောင်ရှေ့တွင် ယနေ့၌ ခြောက်ကပ်တိတ်ဆိတ်လျက်ရှိသည်ကိုတွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီ လုံးဝအုပ်ချုပ်၍မရစေရန်လည်းကောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ရွာလုံးကျွတ်မီးရှို့မှုများကို ရင်ဆိုင်ကြုံတွေ့နေရမှုများ စာနာထောက်ထားသောအားဖြင့် အတုအယောင်သင်္ကြန်ကို အကြမ်းဖက်စစ်ကောင်စီဇာတ်ဆင်မှု အလိုကျအတိုင်း ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့ တော်လှန်ရေးအစုအဖွဲ့ အသီးသီးက တိုက်တွန်းထားသည်။

ကမာရွတ်မြို့နယ်မှ တော်လှန်ပြည်သူတို့လည်း စာနာထောက်ထားမှုရှိစွာ သင်္ကြန်ကာလကို ဆက်လက်ကျော်ဖြတ်ရဖို့နဲ့ အနားယူအားဖြည့်ရင်း ကလစ်ကာများ ထောက်ပို့တပ်သားများအဖြစ် ပါဝင်တော်လှန်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#ကမာရွတ်

ကမာရွတ်မြို့နယ်အတွင်း ပြည်သူလူထုမှ အသံတိတ်သပိတ်လှုပ်ရှားမှုပြုလုပ်𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧{ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၃ }ယနေ့ ဖေဖ...
01/02/2023

ကမာရွတ်မြို့နယ်အတွင်း ပြည်သူလူထုမှ အသံတိတ်သပိတ်လှုပ်ရှားမှုပြုလုပ်

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၃ }

ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့၊ တော်လှန်ရေး ၂နှစ်ပြည့်နေ့တွင် အသံတိတ်သပိတ်(Silent Strike) လှုပ်ရှားမှု၌ ကမာရွတ်မြို့နယ်၏ ဒေသခံပြည်သူလူထုမှ မြို့နယ်လုံးကျွတ်ပါဝင်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုကို မတရားဖိနှိပ်ချုပ်ချယ်၍ အာဏာရရှိရေးအတွက်သာ အသုံးချခံသပ်သပ်ဖြစ်သည့် တရားမဝင်ရွေးကောက်ပွဲကိုကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုမှ ယခုလို ပြည်သူ့တော်လှန်ရေး ၂နှစ်ပြည့်နေ့တွင် " တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ၊ တိတ်ဆိတ်မှုနှင့် သက်သေပြ " ဟူသောရည်ရွယ်ချက်ဖြင့် " တသံတည်းညီ တချီတည်ရုန်း " ကာ အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်ပါသည်။

Photo Crd - Reliable Sources (ကမာရွတ်မြို့နယ်၏ အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းပုံရိပ်များ)

မူရင်းဓာတ်ပုံပိုင်ရှင်များအားလုံးကို credit ပေးပါသည်။

အသံတိတ်သပိတ်လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ဓာတ်ပုံများပေးပို့ခဲ့သည့်ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါသည်။

#ကမာရွတ်

ကမာရွတ်မြို့နယ် ၁၀ရပ်ကွက်၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို Dark Shadow(UG...
20/01/2023

ကမာရွတ်မြို့နယ် ၁၀ရပ်ကွက်၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို Dark Shadow(UG) မှ လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကမာရွတ်မြို့နယ်တွင် shopping center လုံခြုံရေးဝတ်စုံ လဲဝတ်ကာ ဈေးဝယ်သူများကိုစစ်ဆေးခဲ့

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၃ }

ယနေ့ နေ့လည် ၁နာရီကျော်တွင် ကမာရွတ်မြို့နယ် ၁၀ရပ်ကွက် ရွှေလီလမ်းတွင်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ကို Dark Shadow(UG) မှ လက်ပစ်ဗုံး ၂လုံးပစ်၍တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့တိုက်ခိုက်ခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအား အဝေးထိန်းမိုင်းဖြင့် ဆက်လက်ဖောက်ခွဲရန် ပြုလုပ်ချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ နောက်လိုက်ခွေးများပြန်လည်ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့‌ကြောင်း၊ ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာမသိရသေးဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို တိုက်ဖျက်ရန်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်မှု မရှိစေရန်နှင့် မိမိကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်ကို လက်ဝါးကြီးအုပ်အတင်းအဓမ္မသိမ်းယူ ထားသည့် အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချရေး အတွက် ဤ mission ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ပြပျောက်ကျား တော်လှန်ရေး လုပ်ငန်းစဉ်များကို ပိုမိုပြင်းထန်စွာ ဆက်လက်ဆောက်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီ၏ တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူများ၊ အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးထောက်တိုင်များကို အပြီးသတ်သုတ်သင်ပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်အဖွဲ့အစည်းများနှင့် အဆောက်အဦးများအနီးသို့ ဖြတ်သန်းသွားလာခြင်း မပြုဘဲဝေးဝေးမှ ဂရုစိုက် ရှောင်ရှားသွားလာကြရန် Dark Shadow(UG) မှ ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

◾အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကမာရွတ်မြို့နယ်တွင် shopping center လုံခြုံရေးဝတ်စုံလဲဝတ်ကာ ဈေးဝယ်သူများကိုစစ်ဆေးခဲ့ခြင်း

ယနေ့ညနေ ၄နာရီကျော်တွင် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမ၊ လှည်းတန်း‌စိန်ဂေဟာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ လုံခြုံရေးဝတ်စုံလဲဝတ်ခဲ့ပြီး ဝင်ပေါက်တွင် လုံခြုံရေးကဲ့သို့အသွင်ယူထိုင်စောင့်ကာ ဈေးလာဝယ်သူများကိုစစ်ဆေးခဲ့ကြောင်း မျက်မြင်ပြည်သူများ၏ပြောပြချက်အရ သိရသည်။

" လှည်းတန်းစိန်ဂေဟာအဝင်ဝက security ထိုင်တဲ့နေရာမှာ စစ်ခွေးတွေက security ဝတ်စုံဝတ်ပြီး ဝင်ထိုင် ဝင်ရှာနေတယ် စကားပြောစက်တွေနဲ့လည်းပြောနေတယ် မင်းတို့ဒါလေးရှာတာတောင်မတွေ့ဘူးလားဆိုပြီး။ အင်အား ၂၀နီးပါးလောက်ရှိတယ် ချိန်းဝတ်တာကတော့ ၂ကောင် ၃ကောင်လောက်ပဲ၊ Uniform ပြောင်းဝတ်တာ စိန်ဂေဟာဘေးလမ်းကြားထဲ(မာလာလမ်း)မှာချိန်းဝတ်တာ" ဟု မြင်တွေ့ခဲ့သူတစ်ဦးမှဆိုသည်။

ယနေ့ နေ့လည် ၂နာရီကျော်မှစ၍ အတော်တန်ကြာသည်အထိ စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်တွင် ခွေးအင်အားများစွာရောက်ရှိခဲ့ပြီး Dagon Centre 1 ကိုပိတ်ကာ ဝင်ပေါက်တွင် ဖုန်းနှင့် အိတ်များကိုစစ်ဆေးခဲ့ကြပြီး Dagon Centre 2 ၏အိမ်သာထဲသို့လည်းဝင်ရောက်ခဲ့ကြောင်း၊ ကမာရွတ်မြို့နယ်တွင်လည်း နေ့လည်ပိုင်းမှစ၍ အကြမ်းဖက်ခွေးများ၏ကင်းပတ်များပိုစိပ်လာကြောင်း သိရသည်။

🔹ကမာရွတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန် Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ မအလ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအတွက်လူဦးရေစာရင်းကောက်ခြင်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

ကမာရွတ်မြို့နယ်တွင် ပြည်သူ့ကျိန်စာစာတန်းချိတ်ဆွဲ၊ ထိုနေရာအနီးသို့ အကြမ်းဖက်စစ်ခွေးနှင့် အပေါင်းအပါအဖွဲ့စုံရောက်ရှိ𝐊𝐚𝐦𝐚𝐲𝐮...
08/01/2023

ကမာရွတ်မြို့နယ်တွင် ပြည်သူ့ကျိန်စာစာတန်းချိတ်ဆွဲ၊ ထိုနေရာအနီးသို့ အကြမ်းဖက်စစ်ခွေးနှင့် အပေါင်းအပါအဖွဲ့စုံရောက်ရှိ

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၃ }

ယနေ့ ဇန်နဝါရီလ ၈ရက် အကြမ်းဖက်စစ်ကောင်စီ၏ကင်းပတ်နှင့် အစစ်အဆေးများမပြတ်ရှိသည့် ကမာရွတ်မြို့နယ်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ " တိုက်တိုင်းရှုံး ပစ်တိုင်းသေ အဲ့ဒါစစ်ခွေးတွေ " ပြည်သူ့ကျိန်စာစာတန်းအားချိတ်ဆွဲ၍ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ယနေ့ည ၉နာရီခန့်မှစ၍ ကမာရွတ်မြို့နယ် ၁ရပ်ကွက်၊ ပတ္တမြားလမ်းတွင် စခ DC ၂စီးဖြင့် စစ်ခွေးများရောက်လာခဲ့ကြပြီး တိုက်များနှင့် ရထားလမ်းကိုပတ်နေခဲ့ကြပြီး ည ၁၀နာရီခွဲခန့်အထိ စစ်ခွေးနှင့် ရဲခွေး၊ ထွေအုပ်ခွေးများရှိနေကြသည်။

ပြည်သူ့ကျိန်စာအတိုင်း မြေပြင်တွင်လည်း အလဲလဲအကွဲကွဲဖြစ်နေသော အကြမ်းဖက်စစ်တပ်သည် ရှုံးမဲမဲ၊ ရှက်ရမ်းရမ်းကာ အဓမ္မစစ်ဆေးဖမ်းဆီးမှုများရှိလာနိုင်ပါသည်။ အထူးသဖြင့် လာမည့် ဇန်နဝါရီလ ၉ရက်မှ ၃၁ရက်အတွင်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူခြင်းကိုဗန်းပြပြီး ပြည်သူများကို နိုင်ထက်စီးနင်းလုပ်လာနိုင်သဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိပြည်သူများ တော်လှန်ရေးအသိနှင့် တော်လှန်ရေးသတိ ပိုမိုနိုးထနိုင်စေရန် သတိပေးနှိုးဆော်အပ်ပါသည်။

ကမာရွတ်မြို့နယ်အတွင်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူမှုနှင့်ပတ်သက်၍ သိရှိထားသည်များကို ပြည်သူများအနေဖြင့် 𝗞𝗮𝗺𝗮𝘆𝘂𝘁 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 သို့ သတင်းပေးပို့ကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#ကမာရွတ်

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦးအပါအဝင် သေဒဏ်ကျအကျဉ်းသားများအတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢...
11/12/2022

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦးအပါအဝင် သေဒဏ်ကျအကျဉ်းသားများအတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၂၂ }

ယနေ့ ရန်ကုန်တိုင်းနေရာအချို့တွင် အကြမ်းဖက်စစ်အုပ်စု၏ မတရားသေဒဏ်ချမှတ်ခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်းပြသကာ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သေဒဏ်ကျအကျဉ်းသားများအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။






#ကမာရွတ်

ကမာရွတ်မြို့နယ် ၂ရပ်ကွက်၊ စံရိပ်ငြိမ် ၄လမ်းအနီး ပြည်သူ ၃ဦးကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံရဲမှဖမ်းဆီး𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭...
01/12/2022

ကမာရွတ်မြို့နယ် ၂ရပ်ကွက်၊ စံရိပ်ငြိမ် ၄လမ်းအနီး ပြည်သူ ၃ဦးကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံရဲမှဖမ်းဆီး

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဒီဇင်ဘာလ ၁ ရက်၊ ၂၀၂၂ }

ယနေ့ ဒီဇင်ဘာလ ၁ရက် ညနေ ၄နာရီ ၂၀ခန့်တွင် ကမာရွတ်မြို့နယ် ၂ရပ်ကွက်၊ စံရိပ်ငြိမ် ၂လမ်းသို့ ရဲစလွန်း ၁စီး၊ စခ SC ၁စီးဖြင့် အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံရဲများရောက်ရှိလာခဲ့ပြီး လက်ထိပ်ခတ်ထားသည့် လူငယ် ကောင်လေးတစ်ဦးလည်းပါလာခဲ့ကြောင်း၊ ထို့နောက် ညနေ ၄နာရီခွဲတွင် ထိုကား ၂စီးသည် အင်းစိန်လမ်းပေါ် စံရိပ်ငြိမ် ၄လမ်းထိပ်သို့ရောက်လာခဲ့ပြီးနောက် ပြည်သူ အမျိုးသား ၃ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဖမ်းအဆီးခံရသည့် ပြည်သူ ၃ဦးမှာ လမ်းသွားလမ်းလာများဟုယူဆရပြီး ဝန်ထမ်းများဖြစ်ကြောင်း၊ ၎င်းတို့၏ အိတ်နှင့် ဖုန်းများကို အကြမ်းဖက်စစ်ကောင်စီတပ်များမှစစ်ဆေးပြီးနောက် စခ SC ကားပေါ်တင်၍ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ မည်သည့်အကြောင်းကြောင့် ထိုပြည်သူ ၃ဦးကိုဖမ်းဆီးသွားသည်နှင့် ဖြစ်စဉ်အသေးစိတ်ကို 𝗞𝗮𝗺𝗮𝘆𝘂𝘁 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်အပေါင်းအပါများကို တတ်နိုင်သမျှရှောင်ရှားသွားလာကြပါရန်နှင့် ခွေးလှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဉ်များရှိပါက သတင်းပေးပို့ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အချိန်နှင့်တပြေးညီ ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကိုသိရှိနိုင်ရန် KISC က ပြည်သူနှင့်အတူ ရှိနေပါမယ်။

Telegram channel : https://t.me/KamayutInformationScoutChannel

ဓာတ်ပုံ - စံရိပ်ငြိမ် ၄လမ်းထိပ် အကြမ်းဖက်စစ်ကောင်စီတပ်များ

#ကမာရွတ်

❗BREAKING NEWS ❗ကမာရွတ်မြို့နယ်၊ ဗဟိုလမ်း ဆိုက်ကားဂိတ်မှတ်တိုင်အနီး၊ ရွာမကွေ့မရောက်ခင်တွင်ရှိသည့် TT Diamond စိန်ဆိုင်သည...
24/11/2022

❗BREAKING NEWS ❗

ကမာရွတ်မြို့နယ်၊ ဗဟိုလမ်း ဆိုက်ကားဂိတ်မှတ်တိုင်အနီး၊ ရွာမကွေ့မရောက်ခင်တွင်ရှိသည့် TT Diamond စိန်ဆိုင်သည် ယနေ့ နေ့လည် ၁နာရီ‌ကျော်တွင် ဓားပြတိုက်ခံရကြောင်း သတင်းများထွက်ပေါ်နေပြီး နေ့လည် ၁နာရီခွဲဝန်းကျင်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များလည်း ဆိုင်အနီးသို့ရောက်ရှိနေသည်။

နေ့လည် ၁နာရီ ၄၅တွင် DC ၂စီး၊ ရဲကား‌သေး ၂စီး ဗဟိုလမ်း ရွာမကွေ့ ဘုန်းကြီးကျောင်းဘက်မှာ ကားတွေရပ်ထားပြီး TT Diamond စိန်ဆိုင်ဘက်မှာ စခရခအကောင် ၂၀ခန့်မှလည်း ဆိုင်ကိုမေးမြန်းနေခဲ့သည်။ စိန်ဆိုင်မှ လုံခြုံရေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကြားနေရပြီး ထိခိုက်ဒဏ်ရာရသူကို ambulance ဖြင့်ခေါ်ဆောင်သွားကြောင်း သိရသည်။

TT Diamond စိန်ဆိုင်သည် ဩဂုတ်လ ၂၅ရက်တွင်လည်း ဓားပြတိုက်ခံရခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဓားပြတိုက်ခံရခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်အပေါင်းအပါများကို တတ်နိုင်သမျှရှောင်ရှားသွားလာကြပါရန်နှင့် ခွေးလှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဉ်များရှိပါက သတင်းပေးပို့ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အချိန်နှင့်တပြေးညီ ကမာရွတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လှုပ်ရှားမှုများကိုသိရှိနိုင်ရန် KISC က ပြည်သူနှင့်အတူ ရှိနေပါမယ်။

Telegram channel : https://t.me/KamayutInformationScoutChannel

#ကမာရွတ်

ကမာရွတ် ၈ရပ်ကွက်၊ နာနတ်တောလမ်းတွင် ရန်ဖြစ်ပွဲဖြစ်ရာ အဖမ်းခံရသူရှိ၊ အကြမ်းဖက်စစ်တပ်မှ မူးရူးပြီး ပြည်သူများကို ရန်မူ၍ ရှေ...
14/11/2022

ကမာရွတ် ၈ရပ်ကွက်၊ နာနတ်တောလမ်းတွင် ရန်ဖြစ်ပွဲဖြစ်ရာ အဖမ်းခံရသူရှိ၊ အကြမ်းဖက်စစ်တပ်မှ မူးရူးပြီး ပြည်သူများကို ရန်မူ၍ ရှောင်တခင် စစ်ဆေးခြင်းများပြုလုပ်

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၂ }

ယမန်နေ့ည ၉နာရီ ဝန်းကျင်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ နာနတ်တောလမ်း၊ တိုက် ၂၊ Liquor Store ဆိုင်အနီး လူ ၅ယောက် သောက်စားရင်း ရန်ဖြစ်ရာ ရန်ပွဲမှ တစ်ယောက်၏ တိုင်တန်းမှုကြောင့် အကြမ်းဖက်စစ်တပ်မှ နယ်မြေရဲများနှင့် ရောက်လာကာ ပြည်သူလူထုကို ရန်မူခြိမ်းခြောက်ခြင်း၊ စွပ်စွဲခြင်းတို့ပြုလုပ်၍ အိမ်ရာတွင်း တိုက် ၁၊ ၃၊ ၅ တို့ကိုစစ်ဆေးခြင်းများရှိခဲ့ကြောင်း သတင်းရရှိသည်။

ည ၉နာရီ မိနစ်၄၀ တွင် အဆိုပါရန်ပွဲဖြစ်ရာနေရာသို့ Dc ၁စီး၊ ရခစလွန်း ၁စီးဖြင့် ရောက်ရှိလာကာ နာနတ်တောလမ်းမကို ပိတ်၍ ရန်ဖြစ်ရာနေရာနှင့် ဖြတ်သွားဖြတ်လာ ကားများကို စစ်ဆေးခြင်းများ စတင်ပြုလုပ်ခဲ့ကြသည်။

“ ၄ယောက် ၁ယောက်ဖြစ်ကြတာ လက်လွန်သွားတယ်နဲ့ထင်တယ် ညာဘက်မျက်လုံးထိခိုက်ပြီး သွေးတွေရဲနေတာပဲလို့ ကြားတယ် အုတ်နီခဲနဲ့ ထုလိုက်တယ်လည်းကြားတယ် သေချာတော့မသိဘူး နောက်တော့ စစ်ခွေးနဲ့ရဲတွေရောက်လာပြီး လမ်းမကို ပိတ်ချပြီး ဖြတ်သွားဖြတ်လာကားတွေကို စစ်တယ် တိုက် ၅ အဆောင်က ကောင်လေးတွေကို အကုန်အပြင်ထွက်ခိုင်းပြီး စစ်သွားတယ် “

ရန်ပွဲဖြစ်စဉ်နေရာသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ်သည် သောက်စားထားပြီး မူးနေကာ ဖြတ်သွားဖြတ်လာကားများကို စစ်ဆေးရာ၌ ထိုးကြိတ်မှုရှိခဲ့ပြီး အနီးရှိပြည်သူများကိုလည်း သေနတ်ပြ ခြိမ်းခြောက်မှုရှိခဲ့ကြောင်း မျက်မြင်သက်သေများမှ ပြောဆိုသည်။

“ ရောက်လာကတည်းက မူးရူးပြီး ကားတွေကိုလိုက်စစ်တာ အဲ့ထဲကမှ အနက်ရောင်ကား တစ်စီးကိုတားပြီး ပစ်လိုက်မှာ ဘာညာနဲ့ ကားပေါ်ကနေ ဆွဲချထိုးကြိတ်တယ် တိုက်ခန်းတွေဘက်ကိုလည်း မဆိုင်တဲ့သူတွေ ထွက်မကြည့်နဲ့ဆိုပြီး အော်ဟစ်နေသေးတယ် “

ပြည်ရိပ်မွန်အိမ်ရာတွင်း တိုက် ၅၊ အလယ်လှေကားရှိ အဆောင်နေယောင်္ကျားလေးများကို တစ်ယောက်မကျန် အပြင်ခေါ်ထုတ်စစ်ဆေးပြီးနောက် ည ၁၀နာရီ ၂၀မိနစ်တွင် အိမ်ရာတွင်းသို့ဝင်ရောက်ကာ
တိုက် ၁၊ ၂ တို့ကို ဆက်လက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

“ ညက လှိုင်ဘူတာရုံလမ်းမှာ ဗုံးပေါက်တော့ အဲ့ကိစ္စမှာ ကမာရွတ်ကလူတွေပါတယ်ဆိုပြီး မသင်္ကာလို့ ဝင်စစ်တယ် ဧည့်စာရင်းစစ်မယ်ဆိုပြီး တံခါးတွေထု အတင်းဖွင့်ခိုင်းတယ် ဒီမှာမသင်္ကာတဲ့သူရှိတယ်ဆိုပြီး အိမ်သာပါမကျန် အကုန်လိုက်စစ်တယ် ရန်ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း လက်ရှိဖြေရှင်းနေတယ် ရန်ဖြစ်တဲ့သူထဲက တစ်ယောက်ကိုတော့ ဖမ်းထားတယ်ကြားတယ် ပြန်လွှတ်မလွှတ်မသိရသေးဘူး ပါလာတဲ့စစ်ခွေးတွေကတော့ မူးရူးနေကြတာ “

ည ၁၀နာရီခွဲဝန်းကျင်တွင် အဆိုပါအိမ်ရာတွင်းမှ ရခစလွန်း ၁စီး၊ အိမ်စီးကားဖြူ ၁စီးတို့ နာနတ်တောလမ်းမှတစ်ဆင့် ပြန်လည်ထွက်ခွါသွားခဲ့ပြီး စခ၊ ရခ၊ အရပ်ဝတ် အင်အား (၁၅)ဝန်းကျင်ဖြင့် တိုက် ၃၊ ၆လွှာ ဘက်ကို ည ၁၁နာရီခွဲဝန်းကျင်အထိ မွှေနှောက်စစ်သွားပြီးနောက် အိမ်ရာအတွင်းမှ ပြန်လည်ထွက်ခွါသွားခဲ့ကြပါသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ပွဲမှ ရိုက်ခံရသူ၏ တိုင်တန်းမှုဟု လက်ရှိသိထားပြီး အကြမ်းဖက်စစ်တပ်မှ ၈ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာတွင်း ပြည်သူ (၂)ဦး (တိုက် ၃မှ တစ်ဦး၊ ရန်ပွဲမှ ရိုက်ခံရသူ တစ်ဦး) စစ်မေးရန် ဖမ်းဆီးခံထိကာ တိုက် ၂၊ အခန်းတစ်ခန်းမှာ သံပန်းတံခါး ဆော့ကန်ခံရရကာ သော့ ၂လုံးကို ဖျက်ဆီးထားကြောင်းကိုပါ Kamayut Information - KMY INFO အနေနှင့် အတည်ပြုထားပြီးဖြစ်သည်။

♦️ ကမာရွတ်မြို့နယ်၏မြေပြင်အခြေအနေများအပြင် အချိန်နှင့်တပြေးညီ ကမာရွတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လှုပ်ရှားမှုများကိုသိရှိနိုင်ရန် KISC သည် ပြည်သူနှင့်အတူ ရှိနေပါမယ်။

Telegram channel : https://t.me/KamayutInformationScoutChannel

ဓါတ်ပုံ - ရန်ပွဲဖြစ်ပွါးရာ ပြည်ရိပ်မွန်အိမ်ရာ၊ နာနတ်တောလမ်း၊ တိုက် ၂ ရှေ့

#ကမာရွတ်

❗ကမာရွတ် ၂ရပ်ကွက်၊ မြကန်သာလမ်းတွင် ခွေးများရောက်နေယနေ့ည ၉နာရီခွဲခန့်မှစ၍ ကမာရွတ်မြို့နယ်၊ ၂ရပ်ကွက်၊ မြကန်သာလမ်းတွင် စစ် ...
11/11/2022

❗ကမာရွတ် ၂ရပ်ကွက်၊ မြကန်သာလမ်းတွင် ခွေးများရောက်နေ

ယနေ့ည ၉နာရီခွဲခန့်မှစ၍ ကမာရွတ်မြို့နယ်၊ ၂ရပ်ကွက်၊ မြကန်သာလမ်းတွင် စစ် DC ၂စီး၊ တက်စီ ၁စီး၊ အိမ်စီးကား ၂စီးဖြင့် စစ်ခွေးများရောက်နေပြီး လမ်းထိပ်နားရှိတိုက်ပေါ် ၅/၆ကောင်ခန့်တက်သွားကြောင်း သတင်းရရှိသည်။ ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ရောက်ရှိနေခြင်းဖြစ်ဖို့များပါသည်။

ယနေ့ည ကမာရွတ်မြို့နယ်၏မြေပြင်အခြေအနေများအပြင် အချိန်နှင့်တပြေးညီ ကမာရွတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လှုပ်ရှားမှုများကိုသိရှိနိုင်ရန် KISC သည် ပြည်သူနှင့်အတူ ရှိနေပါမယ်။

Telegram channel : https://t.me/KamayutInformationScoutChannel

#ကမာရွတ်

ယမန်နေ့ည ကမာရွတ်မြို့နယ် ဗဟိုလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များမှ အရက်မူးနေသည့်သူများကို ကန်ခဲ့ပြီးနောက် ဖမ်းဆီးသွား၊ ကမ...
13/10/2022

ယမန်နေ့ည ကမာရွတ်မြို့နယ် ဗဟိုလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များမှ အရက်မူးနေသည့်သူများကို ကန်ခဲ့ပြီးနောက် ဖမ်းဆီးသွား၊ ကမာရွတ်မြို့နယ်အတွင်း နေရာနှစ်ခုကိုလည်းဝင်ရောက်ခဲ့

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၂ }

ယမန်နေ့ည ကမာရွတ်မြို့နယ် ၁ရပ်ကွက်၊ ဗဟိုလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များမှ အရက်မူးနေသည့်သူများကို ကန်ခဲ့ပြီးနောက် ဖမ်းဆီးသွားခဲ့ကြပြီး ကမာရွတ်မြို့နယ်အတွင်း နေရာနှစ်ခုကိုလည်းဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မနက် ၁နာရီဝန်းကျင်တွင် ၁ရပ်ကွက်၊ ဗဟိုလမ်း ယခင်က နေပြည်တော်အိမ်မွေးတိရစ္ဆာန်အစာရောင်းသည့်တိုက်ရှေ့တွင် စခ DC ၁စီးဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များမှရောက်ရှိလာခဲ့ပြီး အရက်မူးနေသည့်လူ ၃ဦးကို လမ်းပေါ်မှောက်ခိုင်းခဲ့ကာ ခြေထောက်ဖြင့်ကန်ခဲ့ကြသည်။ ထိုနောက် ယင်း ၃ဦးထဲမှ ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

" အရင်ကနေပြည်တော်အိမ်မွေးတိရစ္ဆာန်အစာရောင်းတဲ့တိုက်ရှေ့မှာ စခ DC ၁စီးနဲ့ရောက်လာပြီး အမူးသမား ၃‌‌ယောက်ကို လမ်းပေါ်မှာမှောက်ခိုင်းထားပြီး အပေါ်ကနေ အသေကန်နေတာ။ အစက အဲ့ ၃ကောင်ကို ခွေးတွေဘက်ကလွှတ်ထားတယ်ထင်နေတာ အမှန်တော့မဟုတ်ဘူး အမူးသမားတွေ။ အမူးသမား ၃ကောင်မှာ၂ကောင်မိပြီး DC ပေါ်တင်ခေါ်သွားတယ်" ဟု ပတ်ဝန်းကျင်မှ ပြည်သူတစ်ဦး၏ပြောပြချက်အရ သိရသည်။

ထိုအပြင် ယမန်နေ့ ည ၉နာရီခွဲဝန်းကျင်မှ ည ၁၁နာရီအထိ ကမာရွတ် ၃ရပ်ကွက်၊ ထန်းတပင်လမ်း၊ ထန်းတပင်ကွန်ဒိုရှေ့တွင် ရခစလွန်း ၁စီး၊ အိမ်စီးကားအဖြူ ၁စီး၊ စခ DC ၁စီးဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များရောက်ရှိနေခဲ့ပြီး မနက် ၂နာရီခွဲဝန်းကျင်တွင်လည်း ၃ရပ်ကွက်၊ မဟာဘောဂ ၂လမ်းကို စခ DC ၁စီးရောက်လာခဲ့ပြီး သီတာမူကြိုတိုက် ၃လွှာကို စခ ၄ကောင် ဝင်ရောက်ခဲ့သေးသည်။ ထိုဝင်ရောက်မှုနှစ်ခုလုံးတွင် အဖမ်းအဆီးမရှိသော်လည်း မည်သည့်အကြောင်းကြောင့်ဝင်ရောက်သည်ကိုတော့ 𝗞𝗮𝗺𝗮𝘆𝘂𝘁 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

#ကမာရွတ်

Address

Kamayut

Website

Alerts

Be the first to know and let us send you an email when Kamayut Information III posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share