Myanmar Web Media

  • Home
  • Myanmar Web Media

Myanmar Web Media Setting the news agenda for every story, every side, and the whole picture.

အောက်တိုဘာလ သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ဒေါ်လာသန်း ၂၄၀ ကျော် ဝင်ငွေရရန်ကုန်၊ ဒီဇင်ဘာ ၂၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရဲ့ အောက်တိုဘာ...
02/12/2022

အောက်တိုဘာလ သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ဒေါ်လာသန်း ၂၄၀ ကျော် ဝင်ငွေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရဲ့ အောက်တိုဘာ တစ်လတည်းမှာပင် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ (၂၄၇.၆၁၃) သန်း ရရှိခဲ့တယ်လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားငွေအများဆုံး ရရှိခဲ့တဲ့ ပို့ကုန်အမယ် (၃) မျိုးထဲမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့က တစ်ခုအပါအဝင်ဖြစ်ပြီး အခြားအမယ်တွေဖြစ်ကြတဲ့ အထည်ချုပ်တင်ပို့မှုကနေ ကန်ဒေါ်လာ (၃၆၄) သန်းကျော်နဲ့ ပြောင်းတင်ပို့မှုကနေ ဒေါ်လာ (၅၆) သန်းကျော် ရရှိခဲ့ပါတယ်။

MyanTrade ရဲ့ ဖော်ပြချက်အရ ပို့ကုန်ဝင်ငွေအများဆုံးရရှိတဲ့ အမယ် (၁၀) မျိုးခန့်ရှိပြီး အဲ့ဒီအထဲမှာ အထည်ချုပ်၊ သဘာဝဓာတ်ငွေ့၊ ပြောင်း၊ မတ်ပဲ၊ ဆန်၊ ငါး၊ ဆန်ကွဲ၊ ရာဘာ၊ ပဲတီစိမ်းနဲ့ ပုစွန် ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီအထဲမှာ ဆန်တင်ပို့မှုက ဒေါ်လာ (၅၂) သန်း၊ မတ်ပဲတင်ပို့မှုက ဒေါ်လာ (၅၁) သန်း၊ ရေထွက်ကုန်(ငါး)တင်ပို့မှုက ဒေါ်လာ သန်း (၃၀)၊ ဆန်ကွဲတင်ပို့မှုက ဒေါ်လာ (၂၁) သန်း၊ ရာဘာတင်ပို့မှုက ဒေါ်လာ (၁၈)သန်း၊ ပဲတီစိမ်းတင်ပို့မှုက ဒေါ်လာ (၁၈) သန်း၊ ပုစွန်တင်ပို့ရောင်းချမှုကနေ ဒေါ်လာ (၈) သန်းခန့် ပို့ကုန်ဝင်ငွေ ရရှိထားပါတယ်။

တစ်ချိန်တည်းမှာပဲ ပြည်ပက စက်သုံးဆီ၊ အထည်အလိပ်၊ ဆေးဝါး၊ ဓာတ်မြေသြဇာ၊ ပလတ်စတစ်ကုန်ကြမ်း၊ စားအုန်းဆီ၊ လျှပ်စစ်အပိုပစ္စည်း၊ သံ/သံမဏိ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းတွေ ပြန်လည်တင်သွင်းခဲ့တယ်လို့ MyanTrade က ပြောပါတယ်။
အောက်တိုဘာလအတွင်း စက်သုံးဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာသန်း (၄၂၀) ခန့်အထိ နိုင်ငံခြားငွေအများဆုံး သုံးစွဲထားရပြီး အထည်အလိပ်အတွက် ဒေါ်လာ (၉၅) သန်းနဲ့ ဆေးဝါးပစ္စည်းများအတွက် ဒေါ်လာသန်း (၆၀) ဖိုးခန့် တင်သွင်းထားပါတယ်။

တရုတ်အစိုးရပိုင် CITIC အုပ်စုက ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် သဘာဝပ...
25/10/2022

တရုတ်အစိုးရပိုင် CITIC အုပ်စုက ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှုတွေအပေါ် အကဲဖြတ်ခြင်း (EIA/SIA) ကို လာမယ့် ၂၀၂၃ ဇူလိုင်လမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

CITIC အနေနဲ့ တတိယအဖွဲ့အစည်းဖြစ်တဲ့ Myanmar Survey Research (MSR) Consortium ကို ငှားရမ်းထားပြီး MSR အနေနဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲကို ကျောက်ဖြူမြို့နယ်နဲ့ မဒေးကျွန်းတို့မှာ မကြာသေးမီက ပြုလုပ်ထားပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် တရုတ်-မြန်မာနှစ်နိုင်ငံအကြား အရင်က လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကဲဆတ်မှုကို သတိပြုကာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ညှိနှိုင်းမှုတွေနဲ့ Win Win Situation ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

RCEP သဘောတူညီချက်အရ တရုတ်က မြန်မာ့ထုတ်ကုန်ကို အခွန်သက်သာခွင့် စတင်ပေးအပ်မည်ရန်ကုန်၊ အောက်တိုဘာ ၂၅ယခုနှစ် ဇန်နဝါရီလ (၁) ရ...
25/10/2022

RCEP သဘောတူညီချက်အရ တရုတ်က မြန်မာ့ထုတ်ကုန်ကို အခွန်သက်သာခွင့် စတင်ပေးအပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၅

ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်အရ တရုတ်နိုင်ငံက ၎င်းတို့ထံ တင်ပို့ရောင်းချမယ့် မြန်မာ့ပင်ရင်းထုတ်ကုန်တွေကို အခွန်သက်သာခွင့် စတင်ပေးအပ်လိုက်ပါတယ်။

ဒါ့ကြောင့် စီးပွား/ကူးသန်းလက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနက အခွန်သက်သာခွင့်အတွက် CO Form RECP ကို သက်ဆိုင်ရာ ပို့ကုန်/သွင်းကုန်ရုံးတွေနဲ့ ကုန်သွယ်ရေးစခန်းတွေမှာ နိုဝင်ဘာလ (၁) ရက်နေ့ကစပြီး ထုတ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေဘက်ကလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်ပြလျှောက်ထားရမှာဖြစ်ပြီး အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter) အဖြစ် လျှောက်ထားမယ်ဆိုရင်တော့ Online CO Application System ကို အသုံးပြုရမယ်လို့ ဆိုပါတယ်။

RCEP သဘောတူစာချုပ်က ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူစာချုပ်တွေမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနဲ့ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (Free Trade Areas - FTA) ဆွေးနွေးဖက် (၆) နိုင်ငံတို့ ပါဝင်တဲ့ RCEP မှာ ပါဝင်တာမို့လို့ အဖွဲ့ဝင်နိုင်ငံတွေထံ ပို့ကုန်တင်ပို့မယ်ဆိုရင် ကုန်စည်လိုင်းအားလုံးရဲ့ (၆၅) ရာခိုင်နှုန်းအထိ အခွန်ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။
သို့သော်လည်း နယူးဇီလန်နဲ့ ဖိလစ်ပိုင်တို့လို အဖွဲ့ဝင်နိုင်ငံအချို့က RCEP မှာ မြန်မာနိုင်ငံကို နိုင်ငံရေးအခြေအနေအကြောင်းပြု ဟန့်တားမှုတွေ ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီရိုဒိုရိုလော့ဂ်ဆင်ဆိုရင် RCEP အစီအစဉ်မှာ မြန်မာနိုင်ငံကို ဖယ်ထုတ်ဖို့ နယူးဇီလန်နည်းတူ ဖိလစ်ပိုင်ကလည်း ထည့်သွင်းမှုကို လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုမှု ရှိခဲ့ပါတယ်။

မြန်မာဘက်ကတော့ RCEP ကနေ မြန်မာနိုင်ငံကို ဖယ်ထုတ်ဖို့ ဆောင်ရွက်ခြင်းက အာဆီယံအဖွဲ့အပေါ် ယုံကြည်ကိုးစားမှုကို ထိခိုက်ရုံသာမက အာဆီယံအတွင်းရေးမှူးချုပ်ရုံးအပေါ်ကိုလည်း ယုံကြည်ကိုးစားမှု ထိခိုက်လာစေတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ဖရူဆိုမြိုတိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ဝံပုလွေပျောက်ကျားတပ်ဖွဲဝင်တစ်ဦး သေဆုံးကယားပြည်နယ်၊ အောက်တိုဘာ ၂၅ကယား...
25/10/2022

ဖရူဆိုမြိုတိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ဝံပုလွေပျောက်ကျားတပ်ဖွဲဝင်တစ်ဦး သေဆုံး

ကယားပြည်နယ်၊ အောက်တိုဘာ ၂၅

ကယားပြည်နယ်၊ ဖရူဆိုမြိုအတွင်း အောက်တိုဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ဝံပုလွေ ပျောက်ကျားတပ်ဖွဲဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖရူဆိုမြိုမရဲစခန်းရှိ လုံခြုံရေးတပ်ဖွဲနှင့် ထီးကလူဒေါကျေးရွာမှာ အင်အား ၃၀ ကျော် တပ်စွဲထားသည့် လုံခြုံရေးတပ်ဖွဲဝင်များကို အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် KNDF ပူးပေါင်းတပ်ဖွဲများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲဖက်မှ ပစ်ခတ်သည့် လက်နက် ကြီးထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲထဲက ဝံပုလွေပျောက်ကျားတပ်ဖွဲမှ အသက်၂၀ ဝန်းကျင်ရှိ မောင်ဂွန်ပေါလ် (ခ)ခန့်မင်းလွင် သေဆုံးခဲ့ရခြင်းဖြစ်ပြီး၊ သေဆုံးသူ၏ ဈာပနကို ယမန်နေ့က ပြုလုပ်ကြောင်း သိရသည်။

ဖရူဆိုမြိုမရဲစခန်းရှိ လုံခြုံရေးတပ်ဖွဲနှင့် ထီးကလူဒေါကျေးရွာရှိ လုံခြုံရေးတပ်ဖွဲဝင်များအား KNDF B (15)၊ B (04)၊ ကရင်နီတပ်မတော် KA နှင့် ဝံပုလွေပျောက်ကျားတပ်ဖွဲတိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း လုံခြုံရေးတပ်ဖွဲဝင်များ ခုခံမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကရင်နီအဖွဲများ ပြန်လည်စုတ်ခွာသွား ကြောင်း သိရသည်။

သေနတ်သံတွေဆက်ကြားနေရတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဒေသခံတွေ ကြောက်အားပို နိုင်ငံတကာ၊ စက်တင်ဘာ ၂၆ မြန်မာ့တပ်မတော်က ဘင်္ဂလားဒေ့ရှ...
26/09/2022

သေနတ်သံတွေဆက်ကြားနေရတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဒေသခံတွေ ကြောက်အားပို

နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

မြန်မာ့တပ်မတော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပစ်ခတ်ခဲ့တဲ့အတွက် တမ်ဘရူနယ်စပ်ဒေသမှာနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

ပြင်းထန်တဲ့ပေါက်ကွဲမှုတွေကို သောကြာနေ့ (စက်တင်ဘာလ ၂၃ ရက်) ညပိုင်းမှာကြားလိ်ုက်ရပြီး အဲဒီပေါက်ကွဲ မှုအရှိကြောင့် နယ်စပ်အနီးက အိမ်တွေ တုန်ခါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီတစ်ကြိမ် ဘင်္ဂလားဒေ့ရှ်နယ်ထဲကို ကျည်ကျရောက်ခဲ့ပေမဲ့ အသေအပျောက်မရှိကြောင်း ဂွမ်ဒမ်သမဂ္ဂကောင်စီ ဥက္ကဋ္ဌ ဂျာဟန်ဂျီယာအဇစ်က ဒါကာထရီဗျူးသတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က တမ်ဘရူဒေသ ဘင်္ဂလီဒုက္ခသည်စခန်းအနီးမှာ မြန်မာ့တပ်မတော်ဘက်ကပစ် ခတ်လိုက်တဲ့ စိန်ပြောင်းကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၇ နှစ်အရွယ် ဘင်္ဂလီ ဒုက္ခ သည် ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ပြီး ဘင်္ဂလီ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်သံတွေကို စနေနေ့ညနေကတည်းက ကြားခဲ့ရတာဖြစ်ကြောင်း တမ်ဘရူဒေသ ဘင်္ဂလီဒုက္ခသည်စ ခန်းက ဘင်္ဂလီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေးလ်မိုဟမ်မက်က ဒါကာထရီဗျူးကို ပြောပါတယ်။

“သေနတ်သံတွေအပြင် ပေါက်ကွဲသံတွေကိုလည်း တစ်နေကုန် ကြိုကြားကြိုကြား ကြားနေရတယ်ဗျ။” လို့ မို ဟမ်မက်က ပြောပါတယ်။ Naikhongchhari အုပ်ချုပ်ရေးနယ်မြေအတွင်းက အဓိကနေရာတွေမှာတော့ သေနတ်သံ၊ စိန်ပြောင်းသံတွေ လောလောဆယ်ရပ်ဆိုင်းနေပေမဲ့ မိုင်တိုင်အမှတ် ၃၄ နဲ့ ၃၅ ကြားထဲမှာတော့ ဆက်ကြားနေရတယ်လို့ ဒေသခံ ကုန်သည်တစ်ဦးဖြစ်သူ အေမီယာဟမ်ဇာက ပြောပါတယ်။

“အချိန်ကြာလာတာနဲ့အမျှ နောက်ဆုံးအသုတ်ပစ်ခတ်မှုက ပိုပြီးပြင်းထန်လာပုံရပါတယ်။ သေနတ်သံတွေ ကြို ကြားကြိုကြား ကြားနေရတာဟာ ရပ်တန့်သွားမယ့်လက္ခဏာမဟုတ်တာကြောင့် ဒီနယ်စပ်ဒေသမှာနေထိုင်ကြ တဲ့ ကျွန်တော်တို့အားလုံးက ကျွန်တော်တို့လုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့နေကြပါတယ်။” လို့ အေမီယာက ပြောပါတယ်။

မနက် ၆ နာရီ၊ ညနေ ၅ နာရီ ၁၀ မိနစ်၊ ၅ နာရီ ၂၈ မိနစ်နဲ့ ညနေ ၆ နာရီမှာ စိန်ပြောင်းပေါက်ကွဲသံ လေးချက် ကြားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာ့တပ်မတော်က ဂျက်တိုက်လေယာဉ်တွေက သောကြာနေ့ (စက်တင်ဘာလ ၂၃ ရက်) ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မျာ မိုင်တိုင် ၃၄ နဲ့ ၃၅ ကြားထဲကို ဆယ့်လေးငါးချက်လောက်ပစ်ခတ်ခဲ့တယ်လို့ တွမ်ဘရူ ကောင်စီအဖွဲ့ဝင် ဒေးလ်မိုဟမ်မက်အလမ်က ပြောပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦး အောင်ကျော်မိုးကို ဆင့်ခေါ်ခဲ့ပြီး နယ်စပ်ကိစ္စအတွက် ကန့်ကွက်လွှာတစ်စောင်ပေးအပ်ခဲ့ပါတယ်။

ဒီကနေ့အချိန်အထိ မြန်မာတပ်မတော်က ပစ်ခတ်လိုက်တဲ့ စိန်ပြောင်းကျည် ၁၂ လုံး ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

26/09/2022

မင်းပြားမြိုနယ်၌ AA အဖွဲ စခန်းများကို တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နေ

ရခိုင်၊ စက်တင်ဘာ ၂၆

ယနေ့ နံနက်ပိုင်းမှစတင်၍ ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ်၌ အထိုင်ချ၍ စစ်ရေးလှုပ်ရှားနေသော AA အဖွဲ၏ စခန်းများကို တပ်ဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး စစ်ဆင်ရေး ဆောင်ရွက်နေသည်။

လက်ရှိအချိန်၌ မင်းပြားမြို၊ သတ်ပုန်းချောင်နှင့် ချောင်းရှည်ကျေးရွာအနီးရှိ AA စခန်းများကို တပ်ဘက်က ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

AA အဖွဲသည် ဘင်္ဂလား-မြန်မာနယ်စပ်ရှိ နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခြင်း ပြုလုပ်ခဲ့သလို တပ်၏ ခြေကုတ်စခန်းအချိုကိုလည်း တိုက်ခိုက်သိမ်းပိုက်မှု ပြုလုပ်ပြီးနောက်မှသာ တပ်က ပြန်လည် ထိုးစစ် ဆင်လာခြင်းဖြစ်သည်။

အထည်ချုပ်လုပ်ငန်းရှင်တွေလည်း စက်သုံးဆီ ခွဲတမ်းပေးရန် တောင်းဆိုရန်ကုန်၊ စက်တင်ဘာ ၂၆ရန်ကုန်တိုင်းအတွင်းမှာ CMP စနစ်နဲ့ လုပ...
26/09/2022

အထည်ချုပ်လုပ်ငန်းရှင်တွေလည်း စက်သုံးဆီ ခွဲတမ်းပေးရန် တောင်းဆို
ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းအတွင်းမှာ CMP စနစ်နဲ့ လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းရှင်တွေက စက်သုံးဆီ (ဒီဇယ်) ခွဲတမ်း (Quota) ပေးဖို့ တောင်းဆိုမှုတွေ ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ရန်ကုန်မြို့ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) မှာ MIFER ၊ စီးပွား/ကူးသန်း ၊ ဗဟိုဘဏ်တို့က ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူတွေ တွေ့ဆုံခဲ့ကြပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
‘‘ဒီဇယ်ကို နိုင်ငံတော်ဘက်က သူတို့ လိုအပ်တဲ့ ခွဲတမ်းကို ရောင်းချပေးနိုင်မလားဆိုတာမျိုးတွေ ပြောပါတယ်’’လို့ ဒေါက်တာဝါဝါမောင်က အင်တာဗျူးတစ်ခုမှာ ပြောဆိုပါတယ်။

လျှပ်စစ်မီးပြတ်တောက်ချိန်မှာ ဒီဇယ်အင်ဂျင်တွေ မောင်းနှင်ပြီး လုပ်ငန်းကို ဆက်လက်လည်ပတ်နေရလို့ ကုန်ကျစရိတ် ပိုမိုများပြားတဲ့ အနေအထားမျိုးဖြစ်ပေါ်နေကာ ၎င်းတို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်စေတဲ့ အနေအထားတွေ ရှိတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

‘‘သက်ဆိုင်ရာကနေ ဒီဇယ်ခွဲတမ်း တင်သွင်းချင်တယ်ဆိုရင် သွင်းကုန်နဲ့ ပတ်သက်တဲ့ လိုင်စင်ရဖို့ ကိစ္စရပ်တွေကို ဆက်လက်ပြီး ကူညီဆောင်ရွက်သွားမှာပါ’’လို့ ဒေါက်တာဝါဝါမောင်က မေးမြန်းမှုတွေအပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။

စာရင်းတွေအရ CMP လက်ခစားစနစ်နဲ့ လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံပေါင်း ၁,၀၀၀ ကျော်ခန့်ရှိပေမယ့် မြေပြင်ဆောင်ရွက်သူ ၇၀၀ ဝန်းကျင်ခန့်သာရှိကာ ထိုစက်ရုံ/လုပ်ငန်းတွေကနေ လုပ်သား ၄ သိန်းကျော်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတယ်လို့ သိရှိရပါတယ်။

စီးပွား/ကူးသန်းရဲ့ အချက်အလက်တွေမှာ CMP ပစ္စည်းတင်သွင်းမှုက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ၅ လတာ ကာလတုန်းက ကန်ဒေါ်လာသန်း ၅၈၀ ကျော်သာ ရှိခဲ့ပေမယ့် ယခုဘဏ္ဍာနှစ်မှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၅ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ဘဏ် ၉ ဘဏ်ကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တိုက်ဖျက်ရေး စံသတ်မှတ်ချက်များ လိုက်နာမှုရှိ/မရှိ စစ်ဆေ...
26/09/2022

ဘဏ် ၉ ဘဏ်ကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တိုက်ဖျက်ရေး စံသတ်မှတ်ချက်များ လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ဟု ဗဟိုဘဏ်ပြော
- Onsite စစ်ဆေးခဲ့သည့် ဘဏ်အမည်စာရင်း ထုတ်ဖော်ပြောကြားခြင်းမရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၆
ပုဂ္ဂလိကပိုင် ဘဏ် ၉ ဘဏ်ကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force-FATF) ရဲ့ အကြံပြုချက်ပါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ စံသတ်မှတ်ချက်တွေကို လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောပါတယ်။

‘‘FATF ရဲ့ အကြံပြုချက်ပါ AML/CFT ဆိုင်ရာ စံသတ်မှတ်ချက်များအရ လိုက်နာမှုရှိ/မရှိ ပုံမှန်ကြီးကြပ်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိပါဘူး’’လို့ ယင်းက တုံ့ပြန်ပြောဆိုပါတယ်။

ငွေကြေးမသမာမှု လုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ အမည်ပျက်စာရင်းသွင်းခြင်း ခံရဖွယ်ရှိနေပြီး လုပ်ဆောင်ချက် အသက်ဝင်ပါက စီးပွားရေးအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်ချေရှိတယ်လို့ အကဲခတ်တွေက ပြောဆိုပါတယ်။

ဒီလို ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် ဗဟိုဘဏ်အနေနဲ့ FATF ရဲ့ စောင့်ကြည့်နိုင်ငံစာရင်းကနေ လွတ်မြောက်စေရေး လိုက်နာဆောင်ရွက်ရမယ့် Action Plan ပါ အချက်တွေထဲက ဘဏ်တွေရဲ့ ဆုံးရှုံးနိုင်ချေ မြင့်မားတဲ့ အပိုင်းတွေ အပါအဝင် Onsite နဲ့ Offsite စစ်ဆေးခြင်းကို အချိန်မီ ဆောင်ရွက်ခဲ့တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်မှုနှင့် လက်နက်ဝယ်ယူမှုများကို ထောက်ပံ့မှုများနဲ့ ပတ်သက်လို့ ဘဏ်တွေကို လိုက်လံစစ်ဆေးလျက်ရှိရာ လက်ရှိမှာ ဘဏ် ၉ ဘဏ်အား စစ်ဆေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် Onsite သွားရောက်စစ်ဆေးခဲ့တဲ့ ဘဏ် ၉ ဘဏ်ရဲ့ အမည်စာရင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။
‘‘ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများရဲ့ လူအများအပြား သေကြေစေသော လက်နက်များ ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနဲ့ စပ်လျဉ်းပြီးတော့ ပစ်မှတ်ထားတဲ့ ငွေကြေးဆိုင်ရာ အရေးယူမှုများ လိုက်နာမှုရှိ/မရှိ Onsite စစ်ဆေးရန်ဆိုတဲ့ အချက်ပါရှိတဲ့ အတွက်ကြောင့်မို့လို့ ဘဏ်များကို သွားရောက်စစ်ဆေးရခြင်း ဖြစ်ပါတယ်’’လို့ ဦးအောင်အောင်က ဆိုပါတယ်။
ပြည်ပငွေလွှဲကုမ္ပဏီတွေကိုလည်း မကြာမီ သွားရောက်စစ်ဆေးဖို့ရှိတယ်လို့ ပြောကြားထားပြီး ဗဟိုဘဏ်အနေနဲ့ FATF ရဲ့ စောင့်ကြည့်နိုင်ငံစာရင်းကနေ လွတ်မြောက်စေရေးအတွက် အရေးပေါ်ဆောင်ရွက်နေပြီး ပြည်ထဲရေးအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

ယခုလအတွင်း စက်သုံးဆီတန်ချိန် ၂ သိန်းကျော် တင်သွင်းခွင့်ပြုပေးထား- ရုရှားစက်သုံးဆီ လမ်းခရီးတွင်သာ ရှိနေသေးရန်ကုန်၊ စက်တင်...
23/09/2022

ယခုလအတွင်း စက်သုံးဆီတန်ချိန် ၂ သိန်းကျော် တင်သွင်းခွင့်ပြုပေးထား
- ရုရှားစက်သုံးဆီ လမ်းခရီးတွင်သာ ရှိနေသေး
ရန်ကုန်၊ စက်တင်ဘာ ၂၃

ယခု စက်တင်ဘာလအတွင်း စက်သုံးဆီတင်ပို့ရောင်းချတဲ့ နိုင်ငံတွေကနေ ဆီတန်ချိန် ၂ သိန်း ၃ သောင်းကျော် ဝယ်ယူတင်သွင်းခွင့် ပြုပေးခဲ့တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက ထုတ်ပြန်ပြောဆိုပါတယ်။

ဓါတ်ဆီတန်ချိန် ၈ သောင်းခန့် ဒီဇယ်ဆီတန်ချိန် ၁ သိန်းခွဲဝန်းကျင် တင်သွင်းခွင့် ပြုခဲ့တာကြောင့် ပြည်တွင်းသုံးစွဲမှုအတွက် စက်သုံးဆီ ဖူလုံမှုရှိတယ်လို့ ကော်မတီက ဆိုပါတယ်။

ကော်မတီရဲ့ ပြောဆိုချက်အရ ရန်ကုန်မြို့က သီလဝါဆိပ်ကမ်း Terminal တွေမှာ စက်သုံးဆီ ဂါလန် ၂၄၆ သန်းကျော် တင်ဆောင်ထားတဲ့ သင်္ဘော (၂) စင်း ဆီချခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရုရှားနိုင်ငံထံက ဝယ်ယူထားတဲ့ စက်သုံးဆီတွေက လမ်းခရီးမှာ ကြန့်ကြာမှု ရှိနေပြီး ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိမယ့် အတိအကျ မသိနိုင်ဘူးလို့ ပြောပါတယ်။

‘‘လမ်းခရီးမှာ ကြန့်ကြာမှု ရှိပါတယ်။ ရုရှားနိုင်ငံကနေ ထွက်လာပြီးတော့ လမ်းခရီးမှာ ရောက်ရှိနေပြီဖြစ်တယ်။ ရောက်ရှိလာမယ့် ရက်၊ အချိန်နဲ့ ပတ်သက်ပြီး မကြာမီ ရက်ပိုင်းအတွင်း ရောက်ရှိလာနိုင်မယ်လို့ ဖြေချင်ပါတယ်။ ဘယ်ရက်မှာ အတိအကျ ရောက်မလဲဆိုတာတော့ ဖြေကြားနိုင်ခြင်းမရှိသေးပါဘူး’’လို့ ဆိုပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းကိုကြည့်ရင် တနင်္လာနေ့က 92 Ron တစ်လီတာ ၂၁၈၀ ကျပ် ဖြစ်ပေါ်ခဲ့ပေမယ့် ယနေ့ စက်တင်ဘာ ၂၂ ရက်မှာတော့ တစ်လီတာပေါက်ဈေး ၂၂၉၅ ကျပ်ကို ရောက်ရှိသွားခဲ့ပြီး ၄ ရက်အတွင်း ကျပ် ၁၁၅ ကျပ်ခန့် ပြန်လည်မြင့်တက်လာပါတယ်။

ကိုရီးယားကျောထောက်နောက်ခံပြု KMIC စက်မှုဇုန်စီမံကိန်း ပထမအဆင့်ကို ၂၀၂၄ နှစ်ကုန်တွင် အပြီးသတ်မည်။ စီမံကိန်းအပိုင်း (၁) အတ...
23/09/2022

ကိုရီးယားကျောထောက်နောက်ခံပြု KMIC စက်မှုဇုန်စီမံကိန်း ပထမအဆင့်ကို ၂၀၂၄ နှစ်ကုန်တွင် အပြီးသတ်မည်။ စီမံကိန်းအပိုင်း (၁) အတွက် ကန်ဒေါ်လာ ၄၈ သန်းကျော် သုံးစွဲမည်
ရန်ကုန်၊ စက်တင်ဘာ ၂၃

လှည်ကူးမြို့နယ်က ကိုရီးယားကျောထောက်နောက်ခံပြုပေးတဲ့ ကိုရီးယား-မြန်မာ စက်မှုဇုန် KMIC စီမံကိန်း ပထမအဆင့်ကို လာမယ့် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အပြီးသတ်တည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပြောဆိုပါတယ်။

‘‘စီမံကိန်းအပိုင်း (၁) ကို၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ အပြီးတည်ဆောက်ဖို့ ရည်မှန်းထားပါတယ်’’ လို့ ပြည်သူ့ဆက်ဆံရေးဌာန (မြို့ပြ/အိမ်ရာ) ဒုတိယညွှန်ကြားရေးမှူး ဦးရဲစစ်မင်းက အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

KMIC စက်မှုဇုန်စီမံကိန်းကို မြေဧရိယာ ၅၅၅.၈၁ ဧကပေါ်မှာ အပိုင်း (၂) ပိုင်းခွဲပြီး အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အခုလက်ရှိ စီမံကိန်းအပိုင်း (၁) ကို မြေဧရိယာ ၃၁၄.၆၉ ဧကပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

‘‘စီမံကိန်းအပိုင်း (၂) ကိုလည်း မြေဧရိယာ ၂၄၁.၁၂ ဧကပေါ်မှာ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’လို့ ဒုတိယညွှန်ကြားရေးမှူး ဦးရဲစစ်မင်းက ဆိုထားပါတယ်။

KMIC စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ၄၀ ရာခိုင်နှုန်း၊ ကိုရီးယားအစိုးရပိုင် Land and Housing Corporation (LH) က ၄၀ ရာခိုင်နှုန်းနဲ့ ကိုရီးယားကုမ္ပဏီ Korea Global Sea-A က ၂၀ ရာခိုင်နှုန်းနဲ့ ပူးပေါင်း ဆောင်ရွက်နေတာပါ။

စီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အပြီးသတ်တည်ဆောက်မယ့် အပိုင်း (၁) အတွက် ကန်ဒေါ်လာ ၄၈.၄၅ သန်း အကုန်ကျခံ သုံးစွဲသွားမယ်လို့ သိရပါတယ်။
စက်မှုဇုန်နယ်မြေအတွင်းမှာ အရည်အသွေး အမြင့်မားဆုံးသော အခြေခံအဆောက်အအုံတွေ ပါဝင်မှာဖြစ်ပြီး ကိုယ်ပိုင်ဓာတ်အားခွဲရုံ၊ ရေသန့်စင်ခြင်းနဲ့ ရေဆိုးစက်ရုံ၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ အထူး ၄ လမ်းသွား ဆက်သွယ်ရေးလမ်းတစ်ခု ပါဝင်မှာဖြစ်တယ်လို့ KMIC ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ယခင်ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ဒါ့အပြင် ဝန်ဆောင်မှုပေးမယ့် အဆောက်အအုံတွေကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပြီး ဆေးခန်း၊ စာကြည့်တိုက်၊ စတိုးဆိုင်၊ စီးပွားရေးစင်တာ၊ စားသောက်ဆိုင်၊ ဈေးဆိုင်များနဲ့ ဘဏ်တွေ ပါဝင်မယ်လို့လည်း ဆိုထားပါတယ်။

စီမံကိန်းကနေ အလုပ်အကိုင် အခွင့်အလမ်း (၁) သိန်းကျော် ဖန်တီးပေးနိုင်မယ်လို့ ရည်ရွယ်ထားပြီး ယခင်ပြောဆိုမှုအရ KMIC စက်မှုဇုန်နယ်မြေမှာ နိုင်ငံတကာကုမ္ပဏီ (၁၃၅) ခုအထိ ဝင်ရောက်လာဖို့ မျှော်မှန်းထားကြောင်းလည်း သိရှိရပါတယ်။

ဒေါ်လာစျေး၊ ထိုင်းဘတ်ငွေစျေး စံချိန်တင်မြင့်တက်လာခြင်းကြောင့် ကုန်သွယ်မှုလုပ်ငန်းရပ်ဆိုင်းသည့် နယ်စပ်ကုန်သည်အချို့ရှိလာက...
09/08/2022

ဒေါ်လာစျေး၊ ထိုင်းဘတ်ငွေစျေး စံချိန်တင်မြင့်တက်လာခြင်းကြောင့် ကုန်သွယ်မှုလုပ်ငန်းရပ်ဆိုင်းသည့် နယ်စပ်ကုန်သည်အချို့ရှိလာကြောင်း မြဝတီဒေသခံကုန်သည်အချို့ ပြောကြား

ပြင်ပဒေါ်လာစျေးမှာ ဗဟိုဘဏ်မှသတ် မှတ်သောစျေးနှင့် ကွာဟနေခြင်းကလည်း ပြည်ပပို့ကုန်တင်ပို့မှု အခက်အခဲရှိလာကြောင်း နှင့် ဘတ်ငွေစျေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်းသို့ ထိုင်းကုန်ပစ္စည်းတင်သွင်းရာ တွင် အရှုံးပေါ်နေသည်ဟု ကုန်သည်တစ်ဦး က ပြောကြားသည်။ “ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ရင် ပြောင်းကား အစီး၂၀ ထိုင်းကို တင်ပို့လိုက် တာမှာ ဘတ်ကနေ ဒေါ်လာ၊ ဒေါ်လာကနေ မြန်မာကျပ်ငွေ ပြန်ရတော့ ကျပ်သိန်းတစ် ထောင်ကျော် အရှုံးပေါ်သွားတယ်”ဟု ကုန် သည်တစ်ဦးက ပြောကြားသည်။

၂၀၂၂ ခုနှစ်က ကုမ္ပဏီအတွက် အလွန်ခက်ခဲသည့် ကာလတစ်ခုဖြစ်ကြောင်း FMI တာဝန်ရှိသူပြော၂၀၂၂ ခုနှစ်က FMI ကုမ္ပဏီအတွက် အလွန်ခက်ခဲ့...
09/08/2022

၂၀၂၂ ခုနှစ်က ကုမ္ပဏီအတွက် အလွန်ခက်ခဲသည့် ကာလတစ်ခုဖြစ်ကြောင်း FMI တာဝန်ရှိသူပြော

၂၀၂၂ ခုနှစ်က FMI ကုမ္ပဏီအတွက် အလွန်ခက်ခဲ့တဲ့ ကာလတစ်ခုဖြစ်တယ်လို့ ရန်ကုန်စတော့အိတ်ချိန်း-YSX စာရင်းဝင် ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု (FMI) ရဲ့ အမှုဆောင်ဒါရိုက်တာနှင့် လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက (၃၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၁ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ မတ်လကုန်အထိ မီနီဘတ်ဂျတ် ၆ လအတွင်း FMI ကုမ္ပဏီရဲ့ စုစုပေါင်းဝင်ငွေက ကျပ် ၁၃၈.၇ ဘီလီယံ ရရှိခဲ့ပြီး ဒီပမာဏက ယခင်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၅ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

FMI လုပ်ငန်းစုရဲ့ ဝင်ငွေကျဆင်းရတဲ့ အဓိက အကြောင်းအရင်းမှာ ရိုးမဘဏ် ဝင်ငွေရရှိမှု လျော့ကျခဲ့ခြင်းကြောင့်ဖြစ်ပြီး ပန်းလှိုင်ဆေးရုံရဲ့ ဝင်ငွေက ၂၀၂၁ မတ်လ ဘဏ္ဍာနှစ်ထက် ၇၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့လို့ ဝင်ငွေကျဆင်းမှုကို တစ်စိတ်တစ်ပိုင်းအနေနဲ့ သက်သာစေခဲ့ပါတယ်။
FMI အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေကလည်း လွန်ခဲ့တဲ့ ၆ က ကုမ္ပဏီအတွက် အင်မတန်ခက်တဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အခက်အခဲတွေ အများကြီးရှိတဲ့ ကာလတစ်ခုလို့ ပြောနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

‘‘ဒါပေမယ့် မြတ်နေတုန်းပါပဲ။ မြတ်နေတာကို ကျွန်တော့်အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပါတယ်’’လို့ နှစ်ပတ်လည် အစည်းအဝေးအတွင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကုမ္ပဏီအုပ်စုရဲ့ အကြမ်းအမြတ်ကိုကြည့် ကျပ် ၅၅.၁ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၁ ကာလတူထက် ၂၉.၁% ကျဆင်းခဲ့သလို အခွန်လျာထားပြီး အသားတင်အမြတ်ငွေကလည်း ၂၀၂၂ မတ်လ ဘဏ္ဍာနှစ်မှာ ကျပ် ၄.၈ ဘီလီယံအထိ ကျဆင်းခဲ့တယ်လို့ ပြောထားပါတယ်။

ဒီအချက်တွေကြောင့် ၂၀၂၂ မတ်လ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုမပေးဖို့ ဘုတ်အဖွဲ့ခဲ့ပြီး FMI ရဲ့ အမြတ်ဝေစု ခွဲဝေမပေးနိုင်ခြင်းက ပြီးခဲ့တဲ့ မီနီဘတ်ဂျတ်အပါအဝင် ၄ နှစ်ဆက်တိုက် ရှိခဲ့တယ်လို့ သိရှိရပါတယ်။

Address


Alerts

Be the first to know and let us send you an email when Myanmar Web Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share