Automobile News Agency

Automobile News Agency We stand for ‘right to know’. As a reliable source, we cover all the information and knowledge about Published by Automobile News Agency

Suzuki Myanmar Motor ၏ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများ ရက်သတ္တပတ်အတွင်း ပြန်စမည်ရန်ကုန်၊ ဖေဖော်ဝါရီ ၃ယာယီရပ်...
03/02/2021

Suzuki Myanmar Motor ၏ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများ ရက်သတ္တပတ်အတွင်း ပြန်စမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ယာယီရပ်နားခဲ့သည့် Suzuki Myanmar Motor ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများကို ရက်သတ္တပတ်အတွင်း ပြန်စမည်ဖြစ်ကြောင်း Suzuki Myanmar Motor ကုမ္ပဏီမှ သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ အရေးပေါ် အခြေအနေကြေညာခဲ့ပြီးနောက် အင်တာနက်နှင့် Mobile Phone ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့၍ ထုတ်လုပ်မှု လုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ပြီး အဆိုပါ ဆက်သွယ်ရေး စနစ်များပြန်လည်ရရှိပြီဖြစ်သည့်အတွက် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများကို ယခု ရက်သတ္တပတ်အတွင်း ပြန်စမည်ဖြစ်သည်။

“ အခုအင်တာနက်တွေ ပြန်ရပြီဖြစ်လို့ Production Error တွေလည်း ပြန်ဖြေရှင်းပြီးသွားရင် ဒီတစ်ပတ်အတွင်းပြန်ဖွင့်မှာပါ၊ Suzuki စက်ရုံကို ရပ်ဆိုင်းပြီဆိုတဲ့ ရေးသားမှုတွေက နားလည်မှုလွဲပြီး ရေးသားကြတာပါ၊ အဓိကအကြောင်းကတော့ အင်တာနက်ပျက်သွားတာက ပထမအကြောင်းအရင်း၊ စက်ရုံရဲ့ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်တဲ့ အပိုင်းမှာက ကုန်ကြမ်း ပစ္စည်းခွဲတာကအစ ကားထွက်လာတဲ့အထိ အင်တာနက် ကွန်နက်ရှင် လိုပါတယ်၊ ဒါမရတော့ လုပ်လို့မရတော့ဘူး၊ နောက်ပြီး ဝန်ထမ်းတွေကျတော့လည်း ဖုန်းလိုင်းတွေပျက်သွားတော့ သူတို့အိမ်တွေ ဆက်သွယ်မရဘူး၊ စိုးရိမ်ကြတာတွေရှိတယ်၊ ဒါကြောင့် ဝန်ထမ်းတွေရဲ့ သွားရေးလာရေး၊ လုံခြုံရေး အခြေအနေအရပ်ရပ်ကို ရှေးရှုပြီး ခဏရပ်ခဲ့တာပါ”ဟု Suzuki Myanmar Motor မှ Managing Officer ကိုမျိုးမင်းထွန်းက ဖြေကြားသည်။

Suzuki Myanmar သည် Suzuki Myanmar Motor စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅ သန်းနှင့် Suzuki Thilawa Motor စက်ရုံအတွက် အမေရိကန် ဒေါ်လာ သန်း တစ်ရာကျော် ရင်းနှီးမြှုပ်နှံထားပြီး Suzuki အမှတ်တံဆိပ် ကားအမျိုးစားများဖြစ်သည့် Ertiga ၊ Ciaz ၊ Swift နှင့် Carry (Pick-up) ကားအမျိုးအစားများကို တစ်လလျှင် အစီးတစ်ထောင်ခန့် ထုတ်လုပ်လျက်ရှိကာ မြန်မာတစ်နိုင်ငံလုံးတွင် Dealer ၅၉ ဦးခန့်အပ်၍ ရောင်းချပေးနေခြင်းဖြစ်သည်။

ဆန်းသစ်အောင်
Photo-Suzuki

31/01/2021

ဖခင်ဖြစ်သူက မင်္ဂလာလက်ဖွဲ့ပေးထားတဲ့ ကားကို စွဲစွဲမြဲမြဲ အသုံးပြုနေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်

ဘာသာပြန်-ခွန်ဝဏ္ဏ
ရုပ်သံတည်းဖြတ်-ကိုဘုန်း

မှတ်တမ်းတင်ရမယ့် ပညာရှိသူတော်ကောင်းများ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွား ခဲ့သည့် ...
31/01/2021

မှတ်တမ်းတင်ရမယ့် ပညာရှိသူတော်ကောင်းများ

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွား ခဲ့သည့် ကိုရိုနာအမျိုးအစား ကူးစက်ရောဂါပိုးသည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကို ကူးစက်သွားခဲ့သည်။ အသေအပျောက် များခဲ့သည်။ နိုင်ငံတော်၏ ကျန်းမာရေးဌာနက ညွှန်ကြားသည့်အတိုင်း ရောဂါမကူးစက်၊ မပြန့်ပွားအောင် နေထိုင်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလလောက်ရောက်တော့မှ မြန်မာနိုင်ငံကို ရောဂါ စတင်ရောက်ရှိလာပြီး ကူးစက်သည်။ နိုင်ငံတော်၏ တာဝန်ရှိပုဂ္ဂိုလ်ညွှန်ကြားသည့်အတိုင်း အိမ်ထဲကမထွက်ဘဲ နေခဲ့သည်။

အိမ်ထဲမှာပဲ နေရတော့ စာဖတ်သည်၊ တီဗွီကြည့်သည်၊ ဒီဗွီဒီရုပ်ရှင် ကြည့်သည်။ စာအုပ်ထဲမှာ ရုပ်ရှင်ထဲမှာ ဖတ်ရ၊ တွေ့ရသည့် ဗဟုသုတ မျိုးစုံကို ရသည်။ ပညာရှိဆိုတာကို သိသည်။ သူတော်ကောင်းဆိုတာကို သိသည်။ ပညာရှိ လူယုတ်မာကို သိသည်။ ပညာရှိ သူတော်ကောင်း ဆိုတာကို သိခွင့်ရလိုက်သည်။

ပညာရှိဆိုတာ အကျိုးအကြောင်းနှင့် အဆိုးအကောင်းကို သိသူဖြစ်သည်။ သူတော်ကောင်းဆိုတာ မလုပ်သင့်တာကိုမလုပ်၊ မဟုတ်မမှန်တာ ကို မပြောသူ ဖြစ်သည်။ ပညာရှိလူယုတ်မာဆိုတာ မလုပ်သင့်တာကို သိသော်လည်း သူလုပ်ချင်တာကိုလုပ်သူဖြစ်သည်။ ပညာရှိသူတော်ကောင်း ဆိုတာကတော့ အကျိုးအကြောင်းနှင့် အဆိုးအကောင်းကို သိသူ ဖြစ်ရုံသာမက မလုပ်သင့်မလုပ်အပ်သည့်အမှုကို မပြုလုပ်သူ ဖြစ်သည်။ ပညာရှိသူတော်ကောင်းသည် အမှားကိုသိ လျှင် ဝန်ခံသည်။ အရှုံးကိုလက်ခံသည်။ မမှန်တာ၊ မတရားတာကို မပြောသူ၊ မလုပ်သူဖြစ်သည်။

ကမ္ဘာဦးအစမှ ယနေ့အထိ ပေါ်ထွန်းခဲ့သည့် ပညာရှိတွေ၊ ပညာရှိသူတော်ကောင်းတွေ မရေမတွက်နိုင်အောင်ရှိခဲ့သည်။ မြတ်စွာ ဘုရား ဗုဒ္ဓဂေါတမကစပြီး ယနေ့တိုင်အောင် ရှိနေကြသေးသည့် ပညာရှိ သူတော်ကောင်းတွေ ပြစရာများစွာရှိသည်။ အလားတူပင် ပညာရှိလူမိုက်၊ လူယုတ်မာတွေလည်း ရှိခဲ့သည်၊ ရှိနေသည်၊ ရှိနေဦးမည်ဖြစ်သည်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ပေါ်ထွက်ခဲ့ကြသည့် ဒေ ဝဒတ်၊ အဇာတသတ်တို့သည် ပညာရှိလူမိုက်တွေ ဖြစ်သည်။ အင်္ဂုလိမာလ၏ဆရာ တက္ကသိုလ်ဆရာကြီးသည်လည်း ပညာရှိ လူမိုက်ပင် ဖြစ်သည်။ တပည့်အင်္ဂုလိမာလကို သူ့ဇနီးနဲ့ မသင်္ကာလို့ သေအောင်၊ သူများသတ်လို့ သေပါစေ၊ မင်းပြစ်မင်းဒဏ် သင့်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ညှိုးတစ်ထောင် ဖြတ်ခိုင်းခဲ့တာ ဖြစ်သည်။

ဘုရားရှင် လက်ထက်တော်အခါက ပညာရှိ လူယုတ်မာ ရှိသလို ပညာရှိသူတော်ကောင်း လည်း ရှိသည်။ သာဓကပြစရာများစွာ အနက်က သိဉ်းစီး ဆရာကြီး (သီဉ္စီး)က ထူးခြားသည်။ ဗုဒ္ဓဂေါတမနှင့် ခေတ်ပြိုင် ပေါ်ခဲ့သည့် ဆရာကြီးဖြစ်သည်။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကို ရှာဖွေကျင့်ကြံနေကြတာချင်း ရည်ရွယ် ချက်တူသော်လည်း နည်းလမ်းမတူဖြစ်နေသည်။ သိဉ်းစီး ဆရာကြီးမှာလည်း တပည့်တပန်းတွေများသည်။ ရှင်သာရိ ပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန်တို့သည့်ပင် သိဉ်းစီးဆရာကြီး၏ တပည့် တွေ ဖြစ်သည်။ ရဟန္တာဖြစ်နေကြသည့် ပဉ္စဝဂ္ဂီငါးပါးထဲက အသက် အငယ်ဆုံးဖြစ်သည့် အရှင်အသာဇိမထေရ်နှင့်တွေ့ပြီး တရားနာမိကြရာက ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန်တို့ ဗုဒ္ဓဂေါတမ၏ တပည့်တွေဖြစ် သွားကြသည်။

အရှင်နှစ်ပါးက သူတို့ဆရာကြီးကို ခေါ်သေးသည်။ ဆရာကြီးက မလိုက်တော့ပါဟု ပြောသည်။ သူမှားနေပြီဆိုတာကို သိသော်လည်း သူ့ ပညာနှင့် ဂုဏ်သိက္ခာကို အကျမခံတော့ဘဲ နေမြဲနေသည်။ ဗုဒ္ဓနှင့်ပြိုင်တာမှာ သူရှုံးတာကို လက်ခံသော်လည်း အရှက်ပြေပြောသည်။

" လောကမှာ လူလိမ္မာနဲ့လူမိုက် ဘယ်ဟာပိုများသလဲ၊ သင်တို့လူ လိမ္မာတွေ ဂေါတမဆီသွားကြ၊ လူမိုက်တွေ ငါနဲ့နေခဲ့ကြလိမ့်မယ်"
သိဉ်းစီးဆရာကြီးသည် သူ့အမှားကို သူသိသည်။ သူ့အရှုံးကို ဝန်ခံသည်။ ပညာရှိ သူတော်ကောင်းဖြစ်သည်။

ကျွန်တော်တို့ ကျောင်းသားအရွယ်က ကြည့်ခဲ့ဖူးသည့် ဗိုလ်အောင် ဒင်ရုပ်ရှင်ဇာတ်ကားကို သတိရသည်။ ဗိုလ်အောင်ဒင်သည် လူဆိုးလူမိုက် ဆိုသော်လည်း လူယုတ်မာမဟုတ်၊ ခေတ်ပညာတတ်လူဆိုးဖြစ်သည်။ သူဌေးသမီးမမြဝင်းကို ပြန်ပေးဆွဲသည်။ ပြန်ပေးဆွဲထားသည့် ဓားစာခံ မမြဝင်းကို ချစ်ကြိုက်မိတော့သည်။ မမြဝင်းက ရဲအရာရှိ ရာဇဝတ်အုပ် ကိုဘချစ်နဲ့ စေ့စပ်ထားသူဖြစ်သည်။ ဗိုလ်အောင်ဒင်က လူဆိုးဗိုလ်ဆိုသော်လည်း ရုပ်ချောသဘောကောင်းဖြစ်လို့ မမြဝင်းကလည်း ဗိုလ်အောင်ဒင် ကို မေတ္တာရှိနေတော့သည်။ ဗိုလ်အောင်ဒင်ကိုလည်း လက်မလွတ်ချင်၊ ကိုဘချစ်ကိုလည်း သစ္စာမဖောက်ချင်ဖြစ်နေသည်။ ဒီအခြေအနေဖြစ်လာတော့ ဗိုလ်အောင်ဒင်က ကိုဘချစ်ကိုတွေ့ပြီး ကံစမ်းမဲ နှိုက်ကြသည်။ ကိုဘချစ်က မဲပေါက်ပြီး အနိုင်ရသွားသည်။ ဗိုလ်အောင်ဒင်က မိမိရှုံး ကြောင်းဝန်ခံပြီး မမြဝင်းကို လက်လွတ် ဆုံးရှုံးခံလိုက်သည့်အကြောင်း ဇာတ်လမ်းဖြစ်သည်။ ဗိုလ်အောင်ဒင်သည် အရှုံးကို လက်ခံရဲသည့် ပညာ ရှိသူတော်ကောင်းအဖြစ် မှတ်တမ်းတင်ထားသည့် ဇာတ်ကားဖြစ်သည်။

ဘိသိက်ပြိုင်ဆိုသည့် ဇာတ်လမ်းတိုရုပ်ရှင်ကို ကြည့်ရသည်။ စစ်ကိုင်းတိုင်းက တောရွာကြီးတစ်ရွာမှာပြုလုပ်သည့် ရဟန်းခံရှင်ပြုပွဲကြီးမှာ တော ဘိသိက်ဆရာ ဆတောင်သောင်း (ဆားတောင်ရွာသား ဦးသောင်း) နှင့် မန္တလေးက မြို့ဘိသိက်ဆရာ ရတနာပုံဆရာလှိုင်တို့ ဘိသိက်ပြိုင်ကြသည့် အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းတိုဖြစ်သည်။ ရတနာပုံဆရာလှိုင် က ဆတောင်သောင်းကို ချိုးနှိမ်စောင်းမြောင်းသည့် စကားတွေပြောသည်။ ပညာမတတ် စာမဖတ်သည့်တောသား၊ သီလမရှိသည့် ထန်းရည်သမား မြောက်သည့်ဘိသိက်သည် အကျိုးမရှိ၊ ဘိသိက်မမြောက် စသည်ဖြင့် ပြောသည်။ သမားဂုဏ်ပြပြီး စကားတွေချည်းပြောနေသည့်အတွက် ရွာစားကြီး စိန်တင်ဟန် ဆိုင်းတီးခွင့်မရ ဖြစ်နေသည်။ ကိုယ်ရည်သွေးစကား တွေချည်းဖြစ်နေသည်။

ဆတောင်သောင်းအလှည့်မှာ ရတနာပုံဆရာလှိုင်ကို ချီးကျူးစကား ဆိုသည်။ သူ့ကိုယ်သူနှိမ့်ချပြီး သူ့ဘဝနှင့်မိသားစုအကြောင်းတွေ ပြောတာ ပရိသတ်တွေ တဝါးဝါး၊ တဟားဟားဖြစ်နေသည်။ မိသားစု သံယောဇဉ်ကြောင့် ကိလေသဝဋ်ခံနေရပုံကို လယ်တီဆရာတော်ဘုရားကြီး ရေးစပ် သီကုံးတော်မူခဲ့သည့် နိဗိန္ဒတေးတွေကို သီဆိုသည်။ ရေထမ်းရချိန်၊ ထန်းတောသွားချိန်တွေမှာ သီဆိုသည့် ဗုံထောက်တွေ၊ ခွန်း ထောက်တေးတွေဆိုပြီး လှုပ်လှုပ်ရွရွလုပ်ပြတော့ ဆိုင်းဝိုင်း ကြီးက မနားတမ်းတီးနေရတော့သည်။ ပရိသတ်တွေရဲ့ အားပေးမှု အပြည့်ရသည်။

ဘိသိက်ပြိုင်ပွဲမှာ ပရိသတ်တွေ၏ အဆုံးအဖြတ်သာမက ရတနာပုံ ဆရာလှိုင်ကိုယ်တိုင်က ဆတောင်သောင်းနိုင်ပါသည်ဟုပြောပြီး ပရိသတ်တွေရှေ့မှာ ဆတောင်သောင်းကို ဦးချကန်တော့သည်။ ဆရာလှိုင်သည် အရှုံးကိုဝန်ခံရဲသည့် ပညာရှိဆိုတာကို ပြနိုင်လိုက်သည်။ ဆတောင် သောင်းက ဆရာလှိုင်ကို ချီးကျူးစကားပြောသည်။

"ရတနာပုံ ဆရာလှိုင်ကို ပညာရှိလို့ပဲသိခဲ့တာ တကယ်တော့ ဆရာလှိုင်က ပညာရှိဖြစ်ရုံသာမက အရှုံးကို ဝန်ခံ တတ်တဲ့ ပညာရှိသူတော်ကောင်းပါခင်ဗျာ"
ပညာရှိသူတော်ကောင်းတို့သည် မိမိတို့၏အမှားကိုသိလျှင် တောင်းပန်ဖို့ ဝန်မလေးသူတွေ ဖြစ်သည်။ မိမိတရားသဖြင့် ရှုံးလျှင် အရှုံးကို လက်ခံရဲသူတွေ ဖြစ်သည်။ ကျွန်တော်တို့မိသားစု ကြုံခဲ့ရသည့်အဖြစ်အပျက် တစ်ခုရှိသည်။ ကျွန်တော့်ဘကြီး ဦးကြာခိုင်၏ သမီး အပျိုကြီးကို မြို့ပိုင်ဦးဖိုးအောင်က လက်ထပ်ပါရစေဟု ကမ်းလှမ်းလာသည်။ ဘကြီးနှင့် ကြီးတော်တို့ကသာမက တစ်ဆွေလုံးတစ်မျိုးလုံးက မြို့ပိုင်နဲ့ ဆွေမျိုးတော်ရတော့မည်ဆိုပြီး ဝမ်းသာဂုဏ်ယူနေကြသည်။ မြို့ပိုင်က မုဆိုးဖို အိမ်ထောင်သည်၊ သားတစ်ယောက်ရှိသည်။ အသက် ငါးဆယ်ကျော်ပြီ ဖြစ်သည်။ ကျွန်တော့်အစ်မအပျိုကြီးက အသက် သုံးဆယ်ကျော်မျှသာ ရှိသေးသည်။ ကျန်းမာရေးကောင်းသူဖြစ်လို့ ကလေးမွေးနိုင်သေးသည်။ မြို့ပိုင်နှင့် ဆွေမျိုးတော်ကြရတော့မည်ဆိုပြီး ဝမ်းသာနေကြသည်။

မြို့ပိုင်နှင့် လူကြီးတွေ တရားဝင်လာရောက်တောင်းရမ်းမည့်နေ့ မတိုင်မီညမှာ အပျိုကြီးက သူတို့လယ်ကိုလုပ်နေသည့် လယ်သူရင်းငှား လူပျိုကိုထွန်းမောင်နောက်ကို ခိုးရာလိုက်ပြေးသည်။ ကိုထွန်းမောင်နဲ့ တစ်ညအတူအိပ်ပြီးမှ သိကြပြီး အတင်းအဓမ္မ ဆွဲယူကာ ပြန်ခေါ်လာခဲ့ကြသည်။ မြို့ကလာကြမည့် မြို့ပိုင်မင်းနှင့်လူကြီးတွေ ရွာကိုရောက်မလာမီ အပျိုကြီးကို အခန်းထဲကမထွက်နိုင်အောင် ပိတ်လှောင်ထားကြသည်။ မြို့ပိုင်မင်းနှင့် လူကြီးတွေရောက်လာကြပြီး စေ့စပ်တောင်းရမ်းပွဲ မင်္ဂလာ ပြုလုပ်နေစဉ်မှာ မင်္ဂလာပွဲက ရုတ်ရုတ်သဲသဲ ဖြစ်ရလေတော့ သည်။ ကိုထွန်းမောင်ရောက်လာပြီး အိမ်ရှေ့လမ်းပေါ်က အော်ပြောသည်။

"မစောရင်ဟာ ကျွန်တော့်မယားဗျ၊ ကျွန် တော်တို့ ညားနေတာကြာပြီ"
မိသားစုသာမက ရပ်မိရပ်ဖတွေပါ မြို့ကဧည့် သည်တွေရှေ့မှာ အရှက်ရစရာ ဖြစ်ရတော့သည်။ ရပ်ရွာကလည်း ရိပ်မိနေပုံရသည်။ ကိုထွန်းမောင်ပြော စကားကို ထောက်ခံသည့်အမူအရာပြနေသည်။ ကိုထွန်းမောင် လယ်ထဲဝင်လို့ ထမင်းပို့တဲ့အလုပ်ကို ကျွန်တော်တို့အငယ်တွေကို မခိုင်းဘဲ အပျိုကြီးကိုယ်တိုင်သွားပို့သည့်အတွက် ရွာသူရွာသားတွေက ပြုံးနေကြတာကြာပြီ။ အခုတော့ ကိုထွန်းမောင်က သူနဲ့ညားနေတာကြာပြီလို့ ပြောသည်။ ဒီလိုဖြစ်လာပြီဆိုတော့ ကာယကံရှင်အပျိုကြီးကို မေးရ တော့သည်။ ခေါင်းငုံ့ပြီး ဖြေသည်။

"ဦးဖိုးအောင်ကို မကြိုက်၊ ကိုထွန်းမောင်ကိုပဲ ယူမယ်"။ ပွဲပျက်သွားသည်။ မြို့ပိုင်ဦးဖိုးအောင်က လက်မြောက်အရှုံးပေးလိုက်သည်။ ပညာတတ်သူတော်ကောင်းဖြစ်လို့ အရှုံးကို လက်ခံပြီး မြို့ကို ပြန်သွားလေတော့သည်။

30/01/2021

ကမ္ဘာပေါ်တွင် နယူးယော့ခ်မြို့သည် ကားပါကင်ကြေးအများဆုံးမြို့ဖြစ်

ဘာသာပြန်-ခွန်ဝဏ္ဏ
ရုပ်သံတည်းဖြတ်-ကိုဘုန်း

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် စိတ်ချလက်ချနေလို့ရပြီလား ဆောင်းဥတုကဲ့သို့သော အေးမြသည့်ကာလသည် COVID-19 ကူးစက်ရန် အကောင်းဆုံးသ...
30/01/2021

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် စိတ်ချလက်ချနေလို့ရပြီလား

ဆောင်းဥတုကဲ့သို့သော အေးမြသည့်ကာလသည် COVID-19 ကူးစက်ရန် အကောင်းဆုံးသော ရာသီဖြစ်နေသည်ကို မမေ့မလျော့ရှိကြရန် လိုအပ်မည်ဖြစ်သည်။ အပူချိန်နှင့် စိုထိုင်းဆ အပြောင်းအလဲက COVID ကူးစက်ပြန့်ပွားမှုအပေါ် သက်ရောက်မှုရှိနေသည်။ ယေဘုယျအားဖြင့် အပူချိန်နှင့် စိုထိုင်းဆနိမ့်လျှင် ကူးစက်မှုက ကျယ်ပြန့်ပြီး အပူချိန်နှင့် စိုထိုင်းဆမြင့်လျှင် ကူးစက်ပြန့်ပွားမှုကို တုံ့ဆိုင်းစေသည်။

COVID Virus သည် ၎င်းကိုယ်တိုင်သော် လည်းကောင်း၊ လေထဲ၌ ပျံ့လွင့်နေသည့် အမှုန်အမွှားများ(Particles)တွင် တွယ်ကပ်ပြီးသော် လည်း ကောင်း လေထဲ၌ စီးမျောသွားနိုင်ခြင်း မရှိသော်လည်း ဆဲလ်တစ်ခုခုကို တွယ်ကပ်ပြီး လေထဲ၌ လိုက်ပါစီးမျောနိုင်သည်။
ရောဂါပိုးရှိနေသူက နှာချေ၊ ချောင်းဆိုးသည့်အခါ ထွက်ပေါ်လာသော နှာရည်နှင့် တံတွေးအစက်အမှုန်များအနက် အနည်းစုဖြစ်သော လေထက် လေးသည့် အစက်အမှုန်များက အောက်သို့ကျဆင်းသော်လည်း အများ စုဖြစ်သော လေထက်ပေါ့ပါးသည့် အစက်အမှုန်များကမူ အကွာအဝေး တစ်ခုအထိ လေထဲ၌ လွင့်မျောသွားရာတွင် ယင်းအစက်အမှုန်များ၏ ဆဲလ်များ၌ COVID Virus များက တွယ်ကပ်လိုက်ပါကာ စီးမျောသွားခြင်း ဖြင့် ရောဂါကို ထပ်ဆင့်ကူးစက်စေနိုင်သည်။

တရုတ်နိုင်ငံတွင် ဃဥဠှီု ဏသျငအငလန ဖြစ်နေသူတစ်ဦးက စားပွဲဝိုင်း တစ်ခုတည်း၌ အတူစားသောက်နေသူလေးဦးကို ရောဂါကူးစက်စေခဲ့ရုံ မက မျက်နှာချင်းဆိုင်စားပွဲ၌ စားသောက်နေသူ တစ်ဦးကိုပါ ရောဂါကူး စက်စေခဲ့သည်။ သို့ရာတွင် ၎င်းနှင့် ကျောချင်းကပ်၍ စားသောက်နေသော အခြားစားပွဲဝိုင်းတစ်ခုရှိ တစ်ယောက်တလေကိုမျှ ကူးစက်စေခဲ့ခြင်း မရှိပေ။
အကြောင်းရင်းမှာကား ထိုစားသောက်ဆိုင်ထဲ၌ ဖွင့်ထားသော လေ ထုတ်ပန်ကာများ(Exhaust Fans)က ထုတ်လွှတ်နေသည့် လေစီးကြောင်းအရ လေညာတွင်ရှိနေသူကို မကူးစက်ဘဲ လေအောက်၌ရှိနေသူကိုသာ ကူးစက်စေခဲ့ခြင်း ဖြစ်သည်။

အစာစားနေသောအချိန်သည် Mask နှင့် Face Shield ကို တပ်ဆင်မထားသောအချိန် ဖြစ်သည့်အပြင် စားသောက်သည့်အခါနှင့် စကားပြောသည့်အခါများ၌ ပါးစပ်မှ တံတွေးအစက်အမှုန်များစွာ ထွက်ပေါ်နေမည်ဖြစ်သည့်အတွက် မိသားစုထမင်းဝိုင်းကဲ့သို့သော တစ်ဦးနှင့်တစ်ဦး နှစ်မီတာ(ခြောက်ပေခွဲ)မကွာသော အနေအထားတွင် စကားပြောရင်း စား သောက်ခြင်းက COVID ကူးစက်ရန် အခွင့်အလမ်း အများဆုံးရှိနေသော အချိန် ဖြစ်သည်ကိုလည်း အထူးသတိပြုကြရန် လိုအပ်သည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းမှစ၍ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်း ကမ္ဘာတစ်ဝန်း၌ ကူးစက်ဖြစ်ပွားခဲ့သည့် COVID ဗိုင်းရပ်စ် မျိုးဗီဇများ အားလုံးအတွက် အကျုံးဝင်သည့် ကာကွယ်ဆေး COVID Vaccine များကို ဆေးပညာဆိုင်ရာဘက်တွင် ထိပ်တန်းအဆင့်ရှိသည့် ကမ္ဘာ့နိုင်ငံအချို့က ထုတ်လုပ်လျက်ရှိနေကြပြီဖြစ်သလို တချို့ကလည်း စတင်ထုတ်လုပ် ရန်အတွက် စိုင်းပြင်းနေကြပြီဖြစ်သည်။

လက်ရှိထုတ်လုပ်ထားကြသော ကိုဗစ်ကာကွယ်ဆေးများနှင့် ဆက် လက်ထုတ်လုပ်သွားကြမည့် ကိုဗစ်ကာကွယ်ဆေးများကို အလွန်နိမ့်သော အပူချိန် ကန့်သတ်ချက်တစ်ရပ်အတွင်း၌သာ သိုလှောင်/ရွှေ့ပြောင်း/သယ်ယူ/ထားသိုကြရမည်ဖြစ်သည့်အတွက် ဖော်ပြပါ လုပ်ငန်းစဉ်များအနက် အဆင့်တစ်ခုခုတွင် အကြောင်းအမျိုးမျိုးကြောင့် အပူချိန်ကန့်သတ်ချက် ဘောင်ကို ကျော်လွန်သွားခဲ့မည်ဆိုလျှင် ဆေး၏ အာနိသင်ပျက်ပြယ်ပြီး ဖြစ်သည့်အတွက် ကိုဗစ်ကူးစက်မှုမှ ကာကွယ်ပေးနိုင်မည်မဟုတ်သည် ကို အထူးသတိပြုကြရန် လိုအပ်သည်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်မည့် ဆေးဝါးများကို ထုတ်လုပ်နိုင်ရန်အတွက် ဆေးသိပ္ပံဆိုင်ရာ ပြဌာန်း ကန့်သတ်ချက်များ အတွင်းမှ ဖော်စပ်နည်းကို ရှာဖွေဖော်ထုတ်ခြင်းနှင့် စမ်းသပ်ထုတ်လုပ်ခြင်း၊ ကြွက်၊ ပူး၊ ယုန်၊ မျောက် စသောသတ္တဝါများဖြင့် စမ်းသပ်ခြင်း၊ ရောဂါမရှိသော အစမ်းသပ်ခံစေတနာရှင်လူသားများကို စမ်းသပ်ထိုးနှံခြင်း၊ ရောဂါရှိနေသူ အစမ်းသပ်ခံလူနာများကို အုပ်စုခွဲ၍ စမ်းသပ်ထိုးနှံ ခြင်း အစရှိသော သုတေသနစမ်းသပ်ချက်များစွာကို ပြုလုပ်ပြီးမှသာ အကောင်းဆုံးသော သုတေသနရလဒ်ဖြစ်သည့် ဖော်မြူလာဖြင့် ထုတ်လုပ်ကြရသည်။

ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော Corona Virus Disease 2019 (Covid-19) သည် မျက်မှောက်ကမ္ဘာ့ လူသားတို့၏ လက်လှမ်းမီသမျှသော အတွေ့အကြုံများအရ အပြောင်း အလဲ အမြန်ဆန်ဆုံးနှင့် အထူးဆန်းဆုံးသော ဗိုင်းရပ်စ်ပိုးဟုပင် ဆိုရမည် ဖြစ်သည်။

နှောင်းအတိတ်ကာလများက ကမ္ဘာ့ကပ်ရောဂါများအဖြစ် နာမည်ဆိုး ဖြင့် ကျော်ကြားခဲ့သော ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ တုပ်ကွေးရော ဂါများမှာ လူသန်းပေါင်းများစွာတို့ကို အသက်ဆုံးရှုံးစေခဲ့ကြသည့်တိုင် Covid ဗိုင်းရပ်စ်လောက် ပြောင်းလဲမှုမမြန်ဆန်ခဲ့ကြပေ။
ဖြစ်ပွားရာဒေသအပေါ် မူတည်ပြီး မျိုးကွဲခြင်း၊ မျိုးဗီဇကွဲခြင်း၊ မျိုးပွားနှုန်းကွဲပြားခြင်း၊ ရောဂါကူးစက်ခံရသူများတွင် မျိုးဗီဇအလိုက် ဗိုင်းရပ်စ်ပိုးအကောင်ရေ ခြားနားခြင်း၊ မျိုးကွဲမှုနှင့် မျိုးဗီဇကွဲပြားမှုအပေါ် မူတည်ကာ ကူးစက်မှုအညွှန်းကိန်းများ ကွဲပြားခြားနားခြင်းစသော Corona Virus Disease ၏ သဘောသဘာဝများကြောင့် လေ့လာဆန်း စစ်သူများနှင့် သုတေသနပညာရှင်များကို အကြီးအကျယ် ခေါင်းခဲစေခဲ့ သည်။ ထိုမျှမက ကာကွယ်ဆေးဖော်စပ်သည့် ဆေးသိပ္ပံပညာရှင်များကိုလည်း ၎င်းတို့၏ လုပ်နည်းအဆင့်ဆင့်နှင့် ဆေးပညာဆိုင်ရာ အကန့်အသတ်များအပေါ် စိန်ခေါ်မှုများစွာ ပေးစွမ်းခဲ့သည်။

ထိုကဲ့သို့သော အခက်အခဲ၊ အကျပ်အတည်းများစွာတို့ကို ရင်ဆိုင် ဖြတ်သန်းရပြီးမှ လူသားတို့၏ ကောင်းကျိုးချမ်းသာအတွက် COVID Vaccine ထုတ်လုပ်နိုင်မည့် ဖော်မြူလာကို ရရှိလာသည့်အခါ သက်ဆိုင် ရာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနများ၏ တရား ဝင်ခွင့်ပြုချက်ကိုရရှိအောင် ဆေးဝါးနမူနာများကို သုတေသနမှတ်တမ်း အပြည့်အစုံနှင့်တကွ အစစ်ဆေးခံကြရသည်။

သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ကို ရရှိပြီးသည့်အခါ၌လည်း Mass Production ဟုခေါ်ဆိုသော ပမာဏအများအပြားကို ထုတ်လုပ်ရောင်းချ ပေးနိုင်ရန်အတွက် ဆေးဝါးထုတ်လုပ်ရေးစက်ရုံများက GMP ဟုခေါ်ဆိုသည့် ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practice) နှင့်အညီ စနစ်တကျ လိုက်နာထုတ်လုပ်ပေးကြရသည်။
ထုတ်လုပ်ပြီးသော Vaccine များကို သိုလှောင်သိမ်းဆည်းခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း၊ ဖြန့်ဝေခြင်း၊ ထိုးနှံခြင်း စသောလုပ်ငန်းစဉ်အဆင့် တိုင်းတွင်လည်း ကန့်သတ်ထားသည့် အပူချိန်ပမာဏအတွင်း၌သာ ရှိနေစေရန်အတွက် အထူးပင် ဂရုတစိုက် လုပ်ဆောင်ကြရသည်။
လက်ရှိအားဖြင့် ထုတ်လုပ်အတည်ပြုထားသော အရည်အသွေးမြင့် COVID Vaccine များသည်ပင်လျှင် ၇၅ ရာခိုင်နှုန်းမှ ၉၇ ဒသမ ၅ ရာ ခိုင်နှုန်းအထိသာ ကာကွယ်ပေးနိုင်သည်ကိုလည်း သတိပြုကြရမည်ဖြစ် သည်။ အရည်အသွေးနိမ့်သော COVID Vaccine များကမူ ၇၅ ရာခိုင် နှုန်းအောက်သာ ကာကွယ်ပေးနိုင်ကြသည်။

ယင်းကဲ့သို့ ကာကွယ်ပေးရာတွင်လည်း သတ်မှတ်ချက်နှင့်အညီ အကြိမ်ရေပြည့်အောင် ထိုးနှံရန်လိုအပ်သလို တစ်ကြိမ်နှင့်တစ်ကြိမ်အကြား ခြားရမည့် ရက်အကန့်အသတ်ကို မကျော်လွန်အောင်လည်း ဂရုပြုကြ ရမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးထားသော သူနာပြုတစ်ဦး ကိုဗစ် ကူးစက်ခံရသောဖြစ်ရပ်က ကာကွယ်ဆေးကို အကြိမ်ရေပြည့်အောင် မထိုးရသေးမီကာလအတွင်း ကူးစက်ခံရရန် အခွင့် အလမ်းက ရာနှုန်းပြည့်ရှိနေသေးသည်ကို သက်သေပြခဲ့ပြီးဖြစ်သည်။

သတ်မှတ်ချက်များနှင့်အညီ COVID Vaccine ကို ထိုးနှံပြီးသည့် အခါ၌လည်း တစ်ကိုယ်ရေကာကွယ်မှုများကို ဆက်လက်လုပ်ဆောင်ရဦး မည်ဖြစ်သည်။ အကြောင်းမူကား ဆေးအာနိသင် ထိရောက်မှုအတွက်သာ မကဘဲ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍လည်း တစ်ကမ္ဘာလုံးအတိုင်း အတာအားဖြင့် လေ့လာဆန်းစစ်ထားသည့် မြေပြင်သုတေသနရလဒ်များကိုပါ စောင့်ကြည့်ရန် လိုအပ်နေသေးသောကြောင့်ပင် ဖြစ်ပေသည်။

  ဆောင်းဥတုကဲ့သို့သော အေးမြသည့်ကာလသည် COVID-19 ကူးစက်ရန် အကောင်းဆုံးသော ရာသီဖြစ်နေသည်ကို မမေ့မလျော့ရှိကြရန် လို...

30/01/2021

ဇန်နဝါရီလ နောက်ဆုံးပတ်တွင် 6R/8000 ကျော်ရောက်ရှိနေပြီး 7R လေးလုံးအပူးနံပါတ်များထဲမှ 1111 ၊ 2222 နှင့် 4444 နံပါတ်များ ရောင်းချရန် ကျန်ရှိ

ရိုက်ကူးတင်ဆက်-ရဲထွန်းကျော်
ရုပ်သံတည်းဖြတ်-ကိုဘုန်း

Super Seven Stars မှ Spin & Win Lucky Draw နှင့် KIA Special Live Sale အစီအစဉ်ကို ဇန်နဝါရီ ၃၁ ရက်တွင် ပြောင်းရွေ့ကျင်းပပ...
29/01/2021

Super Seven Stars မှ Spin & Win Lucky Draw နှင့် KIA Special Live Sale အစီအစဉ်ကို ဇန်နဝါရီ ၃၁ ရက်တွင် ပြောင်းရွေ့ကျင်းပပြုလုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉
Super Seven Stars မှ Spin & Win Lucky Draw နှင့် KIA Special Live Sale အစီအစဉ်ကို ဇန်နဝါရီ ၃၁ ရက်၊ ညနေ ၃ နာရီတွင် KIA Myanmar page နှင့် Automobile News Agency page တို့တွင်တိုက်ရိုက် Live လွှင့်ပြီး KIA ကားများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
KIA Special Live Sale တွင် ဝယ်ယူသူများအတွက် သက်သာသော ကနဦးပေးသွင်းငွေနှင့် ဝယ်ယူပိုင်ဆိုင်နိုင်မည့်အခွင့်အရေး၊ ၇ နှစ်အထိ အရစ်ကျဝယ်ယူနိုင်မည့် အခွင့်အရေး၊ Xpel အမှတ်တံဆိပ် (USA made) ကားမှန်စတေကာ Free ကပ်ပေးခြင်း၊ Black box တပ်ဆင်ပေးခြင်း အစရှိသည့် အထူးအခွင့်အရေးများကို ရရှိမည်ဖြစ်သည်။
Date : 31.1.2021
Time : 3:00 PM
Hotline : 09 969997482 , 09 977008888

Chery သည် အရည်အသွေးထိန်းချုပ်မှုအတွက်ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ချိတ်ဆက်နိုင်ရန်ကြိုးပမ်းနေမကြာသေးမှီက ဘင်္ဂလားဒေ့ရှ်တွင် က...
29/01/2021

Chery သည် အရည်အသွေးထိန်းချုပ်မှုအတွက်ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ချိတ်ဆက်နိုင်ရန်ကြိုးပမ်းနေ

မကြာသေးမှီက ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပခဲ့သော ၄၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအရည်အသွေးထိန်းချုပ်မှု ကွန်ဗင်းရှင်း(ICQCC 2020) တွင် Cheryအဖွဲ့ သည် အရည်အသွေးထိန်းချုပ်မှု အကောင်းဆုံးအဖြစ် အပြည်ပြည်ဆိုင်ရာ QC ဆုကို စတုတ္ထအကြိမ်ရရှိခဲ့သည်။ ယင်းမတိုင်မီ က Chery သည် ၄၂ ကြိမ်မြောက် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော ၊ ၄၃ ကြိမ်မြောက် စင်ကာပူတွင် ကျင်းပခဲ့သော နှင့် ဂျပန်နိုင်ငံတွင် ၄၄ကြိမ်မြောက် ကျင်းပခဲ့သောအစည်းအဝေးပွဲများတွင် အမြင့်ဆုံးဆုကို ရရှိခဲ့သည်။ ထိုဆုတံဆိပ်များကြောင့် Chery သည် ICQCC ၏ ရွှေတံဆိပ်အများဆုံးရယူနိုင်သော တရုတ်မော်တော်ယာဉ်ကုမ္ပဏီများအနက်မှ တစ်ခုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသည်။

အမြင့်ဆုံးအရည်အသွေးထိန်းချုပ်မှုဆုကို လေးကြိမ်တိုင်တိုင် ရရှိခဲ့သော Chery ၏ ကမ္ဘာလုံးဆိုင်ရာအရည်အသွေးထိန်းချုပ်မှုစနစ်နှင့် နှစ်ပေါင်းများစွာ “ ထူးခြားသည့် အမှတ် တံဆိပ်ဖန်တီးရန်” နှင့် “ဖောက်သည် ဗဟိုပြု” အတွေးအခေါ်တို့ကြောင့်ဖြစ်သည်။ ထုတ်ကုန်အရည်အသွေးတိုးတက်စေရန်၊ စိတ်ဓာတ်ကို ဖော်ဆောင်နိုင်ရန် နှင့် လုပ်ငန်း ၏အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် ဝန်ထမ်းအားလုံးစိတ်အားထက်သန်စွာ ပါဝင်လာစေသည်။

ကမ္ဘာလုံးဆိုင်ရာအရည်အသွေးထိန်းချုပ်မှုစနစ် ဖြင့် အရည်အသွေးစံနှုန်းကိုသတ်မှတ်သည်

နှစ်ပေါင်းများစွာဖွံ့ဖြိုးတိုးတက်မှုနှင့် မပာာဗျူပာာအသွင်ပြောင်းပြီးနောက် Chery သည် အရည်အသွေးရဲ့ အရေးပါမှုကို ပိုမိုနက်ရှိုင်းစွာနားလည်ခဲ့ပြီးအမှတ်တံဆိပ် အရည်အသွေးကိုတည်ဆောက်ပေးနိုင်သောစနစ်ကို တည်ဆောက်ခဲ့သည်။
စနစ်တစ်ခုတည်ဆောက်ခြင်းသည်“ ပိုက်ကွန်” ကိုရက်လုပ်သည်နှင့်တူ၏။ ကွန်ယက်ပေါ်ရှိ node တိုင်းကို ကြိုတင်ခန့်မှန်းနိုင်သည်။ ဤသည်အရည်အသွေးနှင့်ယုံကြည်စိတ်ချရသေချာစေရန်တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။ ဤအတောအတွင်းစီးပွားရေးဌာနခွဲတစ်ခုစီသည် ပရော်ဖက်ရှင်နယ်နည်းပညာပလက်ဖောင်းများနှင့်ကွဲပြားသောဌာနခွဲများ ထုတ်ကုန်လိုင်းများကို matrix control system နှင့်ပေါင်းစပ်ခြင်းအားဖြင့်စီမံကိန်းများပြီးမြောက်စေရန် အတူတကွလုပ်ဆောင်ခဲ့သည်။
နှစ်ပေါင်းများစွာ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုနှင့်အရည်အသွေးထိန်းချုပ်မှုအတွေ့အကြုံများနှင့်အတူ Chery သည်ကမ္ဘာ့စက်ရုံများကို ကျေနပ်စေမည့်အရည်အသွေးထိန်းချုပ်မှုစနစ်တစ်ခုကိုတည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိစက်ရုံ ၁၀ ခုဖြင့် အသုံးချ၍ တိုးတက်အောင်ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင်ထုတ်ကုန်အစီအစဉ်ရေးဆွဲခြင်း၊ ဒီဇိုင်းပါဝင်သော Chery ၏ကမ္ဘာလုံးဆိုင်ရာအရည်အသွေးထိန်းချုပ်မှုစနစ်ဖြစ်လာသည်။ ကုန်ထုတ်လုပ်မှု၊ ဈေးကွက်ရှာဖွေရေး ၀န်ဆောင်မှုနှင့်အခြား areas များသည်လည်း ကုန်ပစ္စည်းအရည်အသွေးကိုတိုးတက်စေသည်။
Chery သည်အရည်အသွေးမြင့်ထုတ်ကုန်များနှင့်ထူးခြားသော အမှတ်တံဆိပ်တည်ဆောက်ခြင်းအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ချသည့်“ V” ပုံသဏာန်ရှိသော ရှေ့သို့တိုးတက်မှုစနစ်ကိုတည်ထောင်ခဲ့သည်။ ထို့အပြင် Chery သည်ကမ္ဘာအနှံ့ရှိ Chery ၏ထုတ်ကုန်များ၏ အရည်အသွေးကိုပိုမိုသေချာစေသော ထုတ်လုပ်မှုစနစ် (CPS) ကိုတစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စံသတ်မှတ်ထားသောထုတ်လုပ်မှုစီမံခန့်ခွဲမှုစနစ်ကို တည်ထောင်ခဲ့သည်။
အရည်အသွေးမြင့်မားသောထုတ်ကုန်ပစ္စည်းအရည်အသွေးသည် Chery ကို ကမ္ဘာ့ဈေးကွက်တွင်ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကိုရရှိစေပါသည်။ ရုရှား၊ ချီလီနှင့်အခြားနိုင်ငံများတွင် Chery ကို“ လူကြိုက်အများဆုံးတရုတ်နိုင်ငံအမှတ်တံဆိပ်” အဖြစ်အကြိမ်ကြိမ်အသိအမှတ်ပြုခံခဲ့ရသည်။ ထို့အပြင် Chery သည်ငါးကြိမ်ဆက်တိုက်“ ထိပ်တန်းတရုတ်စီးပွားရေးလုပ်ငန်း ၂၀” တွင်စာရင်းဝင်ခဲ့သည်။

ဒီဇိုင်းသည်အမှတ်တံဆိပ်ကိုထင်ရှားစေပြီး ၀န်ထမ်းအားလုံးသည် အရည်အသွေးတိုးတက်မှုတွင် ပါ၀င်ကြသည်

Chery သည် စနစ်တကျစွမ်းဆောင်နိုင်မှုအပြင်အရည်အသွေးတိုးတက်မှုတွင် ဝန်ထမ်းအားလုံးပါ ၀ င်မှုကြောင့် Chery သည်အမြင့်ဆုံးသောနိုင်ငံတကာ QC ဆုကို စဉ်ဆက်မပြတ်ရရှိခဲ့သည်။
Chery Automobile ၏ဥက္ကဋ္ဌဖြစ်သူ Yin Tongyue က အရည်အသွေးထိန်းချုပ်မှုသည် ထိပ်တန်းခေါင်းဆောင်များသာမကသာမက ၀န်ထမ်းများအားလုံးလည်း ပါ၀င်သည့်စနစ်ကျသောစီမံကိန်းတစ်ခုဖြစ်သည်ဟု ယုံကြည်သည်။ Chery အမှတ်တံဆိပ်မျိုးရိုးဗီဇ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် Chery ၏အမှတ်အသားအဖြစ် အရည်အသွေးသည် Chery ၀န်ထမ်းတစ်ဦးစီ၏သွေးထဲတွင်ရှိခဲ့ပြီး၊ Chery အားတရုတ်မော်တော်ကားတံဆိပ်များကြားတွင်ပုံမှန်အမှတ်တံဆိပ်အဖြစ်သတ်မှတ်ခွင့်ပြုခဲ့သည်။
ယနေ့“ ကမ္ဘာလုံးဆိုင်ရာအရည်အသွေးထိန်းချုပ်မှုစနစ်” ၏အတွေးအခေါ်အရ Chery ၀န်ထမ်းများအားလုံးအရည်အသွေးတိုးတက်မှုတွင် ပါ၀င်စေရန် မော်ဒယ်တိုင်းကိုဈေးကွက်ထဲမဝင်ခင်တိတိကျကျစစ်ဆေးပြီးအမြဲတမ်းတိုးတက်အောင်လုပ်ရသည်။ JD Power မှ ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောကနဦးအရည်အသွေးလေ့လာမှု (IQS) ၏နောက်ဆုံးအချက်အလက်များအရChery ၏စွမ်းဆောင်ရည်သည်နိုင်ငံခြားကုန်အမှတ်တံဆိပ်များနှင့်အတူတူပင်ဖြစ်သည်။
တစ်ချိန်တည်းမှာ ပင်ယုံကြည်စိတ်ချရသောကုန်ပစ္စည်းအရည်အသွေးသည်လည်း Chery ၏ရောင်းအားကို တိုးတက်စေခဲ့သည်။ စာရင်းအင်းများအရ Chery Group သည် နိုဝင်ဘာလတွင်ကားအစီးရေ ၁၀၁,၉၀၀ ရောင်းချခဲ့ပြီး တစ်လမှတစ်လ ၁၅.၉% တက်ခဲ့ပြီး တစ်နှစ်မှတစ်နှစ် ၃၆.၄% ရောင်းအားမြင့်တက်လာခဲ့ပြီး သမိုင်းမှတ်တမ်းအသစ်များချမှတ်ခဲ့သည်။
တရုတ်နိုင်ငံသည်“ အမျိုးသားအရည်အသွေးမဟာဗျူဟာ” ကိုပြင်းပြင်းထန်ထန်အကောင်အထည်ဖော်နေသဖြင့် စီးပွားရေးလုပ်ငန်းများစွာသည်သူတို့၏ ကိုယ်ပိုင်အရည်အသွေးထိန်းချုပ်မှုစနစ်များကို စတင်တည်ဆောက်နေကြသည်။ Chery သည်အမြင့်ဆုံး ICQCC ဆုကိုရရှိခဲ့ပြီးအဓိကယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးရုံသာမကအရည်အသွေးတိုးတက်မှုနှင့်ပတ်သက်ပြီး ၀န်ထမ်းအားလုံး၏စိတ်အားထက်သန်မှုကိုလည်း တိုးတက်စေခဲ့သည်။ အနာဂတ်တွင်“ ကမ္ဘာ့အရည်အသွေးထိန်းချုပ်မှုစနစ်” ကိုစဉ်ဆက်မပြတ်အကောင်အထည်ဖော်ခြင်းဖြင့် Cheryသည်နိုင်ငံတကာဆုများပိုမိုရရှိလိမ့်မည်ဟုယုံကြည်ရသည်။

Strip Cartoon
29/01/2021

Strip Cartoon

Auto Sellers
29/01/2021

Auto Sellers

ကိုဗစ်အကြောင်းပြုပြီး မထသတစ်ကျော့ပြန် မဖြစ်စေချင်လို"ကိုဗစ်ကာလမှာ အားလုံးဒုက္ခရောက်ကြရတာပါ၊ ကျွန်တော်တို့ဆိုလည်း ကုမ္ပဏီ...
29/01/2021

ကိုဗစ်အကြောင်းပြုပြီး မထသတစ်ကျော့ပြန် မဖြစ်စေချင်လို

"ကိုဗစ်ကာလမှာ အားလုံးဒုက္ခရောက်ကြရတာပါ၊ ကျွန်တော်တို့ဆိုလည်း ကုမ္ပဏီက လစာအပြည့်မရသေးပါဘူး၊ အဲဒီလို အကုန်လုံးဒုက္ခ ရောက်နေတဲ့အချိန်မှာ YBS လူမရလို့ဆိုပြီး ယာဉ်စီးခပိုတောင်းတယ်၊ ကိုဗစ်စဖြစ်ပြီး ခရီးသည်တော်တော်ရှားတဲ့အချိန်မှာ တောင်းတာ လက်ခံခဲ့ပါတယ်၊ အခုခရီးသည်တွေလည်း အရင်ကထက်ပိုထွက်ပြီး သွားလာနေကြပါပြီ၊ ရုံးဆင်း၊ ရုံးတက်အချိန်ဆို ကားတွေမှာလည်း ခရီးသည်တွေ ပြည့်ကျပ်နေတာပါ၊ အခုထိ စပယ်ယာတွေက ယာဉ်စီးခပိုတောင်းနေတုန်းပါပဲ၊ စပယ်ယာတွေက မချေမငံပြောပြီး သူတို့ တွက်ခြေကိုက်အောင် ယာဉ်စီးခပိုတောင်းတာက မထသစနစ်နဲ့ပုံစံတူပါပဲ၊ ကျွန်တော်စီးတဲ့ လမ်းကြောင်းမှာက ပိုက်ဆံပုံးထဲတည့်ပြီး စီးရတဲ့ ကုမ္ပဏီကားတွေဆို ယာဉ်စီးခပုံသေပဲ စီးရတာစိတ်ချမ်းသာတယ်၊ အလုပ်အမီသွားရတဲ့ အခါတွေရှိတော့ တွေ့ရာစပယ်ယာပါတဲ့ကားတွေလည်း စီးရတာပဲ၊ အဲဒီ ကားတွေကတော့ ဒီကာလမှာ အမြဲယာဉ်စီးခ ပိုတောင်းတယ်၊ ကိုဗစ်စဖြစ်ကတည်းက ဒီရောဂါကို အကြောင်းပြုပြီး တချို့ယာဉ်လိုင်းတွေ မထသလို ပြန်ဖြစ်နေတာတွေကို သက်ဆိုင်ရာဌာနတွေက စိစစ်ပေးစေချင်ပါတယ်"ဟု ဆိုလာသူက နေ့စဉ် ရုံးတက်၊ ရုံးဆင်းဖို့ရာ YBS ယာဉ်လိုင်းကို အသုံးပြုသွားလာနေသူ ကုမ္ပဏီဝန် ထမ်း ကိုရဲခန့်ကျော် ဖြစ်ပါသည်။

လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် YBS ယာဉ်လိုင်းများအပေါ် သက် ဆိုင်ရာဌာနများက အရေးယူမှုများ အားနည်းခဲ့သည်။ ကိုဗစ်ကူးစက်မှု မြင့်တက်နေပြီး ခရီးသွားမရှိသလောက် နည်းပါးနေချိန်တွင် အရေးယူမှုများ ဖြေလျှော့ခဲ့ရာမှ စည်းကမ်းဖောက်ဖျက်မှုများ တစ်စတစ်စ ပိုများပြားလာခဲ့ခြင်းဖြစ်သည်။ ယခုအခါ စည်းကမ်းဖောက်ဖျက်မှုများကို ပြန်လည်အရေးယူခြင်း များ စတင်နေပြီဖြစ်ရာ တိုင်ကြားလာမှုများနှင့် စစ်ဆေး တွေ့ရှိမှုများသည် YRTA စာရင်းများအရ တစ်ဦးပိုင်ယာဉ်များက အများဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။

ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြရသည့် အခြေအနေတွင် အခက်အခဲကြားက စည်းကမ်းလိုက်နာခဲ့သည့် ယာဉ်လိုင်းကုမ္ပဏီများရှိသလို အချို့သောယာဉ်များ၏ စပယ်ယာပြန် လည်တင်ဆောင်လာခြင်း၊ ယာဉ်စီးခပိုတောင်းခံခြင်းများလည်း အများ အပြားရှိလာခဲ့သည်။ ထိုကဲ့သို့ စည်းကမ်းလိုက်နာမှု အားနည်းခြင်းသည် ကုမ္ပဏီစနစ်တစ်ခုတည်းအဖြစ် မထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့အစည်းက ဆိုသည်။ ထိုသို့ စည်းကမ်းဖောက်ဖျက်မှုများ ကို တစ်ပြေးညီ ထိန်းချုပ်နိုင်ရန်အတွက် YBS ယာဉ်အားလုံး ကုမ္ပဏီပိုင်ဖြစ်ရေး အဓိကထားဆောင်ရွက်ရန် လိုနေပြီဖြစ်သော်လည်း တစ်ဦးပိုင် ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုမှုနှင့် အစိုးရဘက်က ဖြည့်ဆည်းပေးနိုင်သည့် အနေအထားခက်ခဲနေဆဲဖြစ်သလို ကိုဗစ်ရောဂါကြောင့် ယင်းအခြေအနေကိုလည်း ရပ်ဆိုင်းထားရဆဲဖြစ်သည်။ သို့သော် ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်နေမှုများသည့် မထသနှင့်အလားသဏ္ဌာန်တူနေ သည့်အတွက် စနစ်တကျ ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး အပြည့်အဝ အကောင်အထည်ဖော်နိုင်မည်လားဆိုသည်ကို စောင့်ကြည် ကြရမည် ဖြစ်သည်။

ယင်းသို့သော အခြေအနေများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က "စည်းကမ်းဖောက်ဖျက်မှုတွေရှိတယ်၊ ဒီကာလမှာ စပယ်ယာတွေပြန်ပြီး ခိုးတင်တာတို့၊ ပုတ်ပြတ်ကြေးအပြည့်ရဖို့အတွက် ယာဉ်စီးခပိုတောင်းတာတွေ ရှိနေတယ်၊ သူတို့ ဘက်ကလည်း ဒီအချိန်မှာယာဉ်ပြေးဆွဲလို့ အဆင်မပြေတာကြောင့် ဒီလို လုပ်ကြတာဆိုပေမဲ့ ဒီအတိုင်းဆို မထသစနစ်နဲ့ ထူးမခြားနား အခြေအနေတွေ ဖြစ်နေတယ်၊ ဒါကိုတော့ ပြန်ပြီးကြပ်ကြပ်မတ်မတ် ဆောင်ရွက်မယ်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ယာဉ်လိုင်းတစ်ခုချင်းစီကို ပြန်စိစစ်တာမျိုးလုပ်မယ်၊ အဓိကကတော့ YBS ကားတွေအားလုံး ကုမ္ပဏီကားဖြစ်ရေးဆောင်ရွက်ပြီး ကုမ္ပဏီစနစ်တစ်ခုတည်းနဲ့ စည်းကမ်း ထိန်းချုပ်နိုင်မှသာ စည်းကမ်းတကျနဲ့ YBS စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာပါ၊ အခုက ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် အဲ့ဒီအပိုင်းတွေက လုပ်လို့အဆင်မပြေသေးပါဘူး ဒီကာလမှာက အားလုံးအခက်အခဲဖြစ်နေတဲ့အတွက် လုပ်ရတာအရမ်းခက်ခဲပါတယ်"ဟု ပြောသည်။

YBS ယာဉ်လိုင်းအချို့တွင် စပယ်ယာများပါရှိလာခြင်း၊ ယာဉ်စီးခပိုမို တောင်းခံခြင်းသည် ယခုကာလတွင် ပိုမိုများပြားလာသလို YBS စနစ်သစ် စတင်သည့် အချိန်ကတည်းကပင် ယင်းသို့သော အခြေအနေများ ဒွန်တွဲ၍ ပါလာခဲ့ခြင်းပင်ဖြစ်သည်။ ယင်းအခြေအနေများကို ပပျောက်စေရန် YBS ယာဉ်လိုင်းအားလုံး ကုမ္ပဏီယာဉ်များဖြစ်ရေးသည်သာ တစ်ခုတည်း သော လိုအပ်ချက်ဖြစ်နေလေသည်။ YBS ယာဉ်လိုင်းထဲတွင် တစ်ဦးပိုင်ယာဉ်အစီးတစ်ထောင်ကျော် ရှိနေဆဲဖြစ်သည်။ ထိုယာဉ်များထဲမှ ၂၀ဝ၃ မိုဒယ်အောက်ယာဉ်များကို အို/ဟောင်းအပ်နှံ၍ လူစီးစလစ်ပေးသည့် စနစ်ဖြင့် အပ်နှံခွင့်ပြုထားသလို ကျန်ယာဉ်များကို ကုမ္ပဏီအမည်ပေါက် ပြောင်းလဲပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း ထိုအခြေအနေမှာ တစ်ဦးပိုင် ယာဉ်များအတွက် နစ်နာမှုများရှိနေသည့်အတွက် ယာဉ်ပိုင်ရှင်အများစုက လက်မခံနိုင်ဖြစ်ခဲ့ကြသည်။

"YBS ယာဉ်လိုင်းအတွင်းပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်တစ်ဦးက ကားကိုအပ်ပြီး စလစ်ထုတ်မယ်ဆိုရင် သိန်းတစ်ရာ ဝန်းကျင်လောက်ပဲရမယ်၊ ကျွန်တော်တို့ကားတွေက ဒီလောက်မကဘူး တန်တယ်လေ၊ နောက်ပြီး ကုမ္ပဏီအမည်ပေါက်ပြောင်းဆိုတာ အမြတ်ဘယ်လိုရမှာလဲ ဆိုတာလည်း မသိရဘူး၊ အခုက ဒီနေ့ကားဆွဲတဲ့ ပိုက်ဆံကို ဒီနေ့မြင်ရတယ်၊ ကုမ္ပဏီအမည်ပေါက်ပြောင်းပြီး ကုမ္ပဏီကပဲ စီမံခန့်ခွဲမယ်ဆိုရင် အစိုးရကဖြစ်ဖြစ်၊ ကုမ္ပဏီကဖြစ်ဖြစ် ရာဖြတ်တန်ဖိုး သတ်မှတ်ပြီးဝယ်လိုက် အဲ့ဒီရတဲ့ငွေကို ကုမ္ပဏီရှယ်ယာအဖြစ် အကုန်ထည့်တာမျိုး၊ တချို့တစ်ဝက်ပြန်ထည့်တာမျိုးဆိုရင် အဆင်ပြေမယ်၊ အဲဒီလိုလုပ်မယ်ဆိုရင် ဒီစနစ် စကတည်းက အစိုးရက ယာဉ်အသစ်တွေ တင်သွင်းမယ့်အစား ဒီကားတွေကို ဈေးဖြတ်ဝယ်ပြီး ပြောင်းလဲခဲ့သင့်တယ်၊ အစိုးရဘက်က ဘာမှလုပ်မပေးဘဲနဲ့ ပြောင်းလဲလို့တော့မရနိုင်ဘူး"ဟု တစ်ဦးချင်းပိုင် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

တစ်ဦးပိုင်ယာဉ်များကို ရာဖြတ်တန်ဖိုးဝယ်ယူရန် လတ်တလော အခြေအနေအထိ အစိုးရဘက်က ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသလို တစ်ဦး ပိုင်ယာဉ်များအနေဖြင့် ကုမ္ပဏီက ထိန်းချုပ်၍ စီမံခန့်ခွဲခြင်းကို လက်မခံနိုင်သလို နေ့စဉ်ဝင်ငွေရရှိရေးကိုသာ အလေးထားဆောင်ရွက်နေကြသည်။ YBS စနစ်သစ်အဖြစ် ပြောင်းလဲခဲ့သည်မှာ လေးနှစ်ကျော်ကာလသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယင်းသို့သော အခြေအနေများကြောင့် စနစ်သစ်ကို အပြည့်အဝအကောင်အထည် မဖော်နိုင်သေးပေ။ ထို့ကြောင့် မည်သို့သော ပြောင်းလဲမှုများဖြင့် မည်သည့်အချိန်တွင် YBS စနစ်သစ်ကို အပြည့်အဝအကောင်အထည် ဖော်နိုင်မည်ဆိုသည်ကို ဆက်၍စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။

အသစ်ထွက်ရှိလာမည့် ကားအမျိုးအစားအသစ်များအပေါ် စောင့်ကြည့်နေခြင်းနှင့် ယာဉ်စစ်လုပ်ငန်းများ ပြန်ဖွင့်ပေးမည့်အချိန်ကို စောင့...
29/01/2021

အသစ်ထွက်ရှိလာမည့် ကားအမျိုးအစားအသစ်များအပေါ် စောင့်ကြည့်နေခြင်းနှင့် ယာဉ်စစ်လုပ်ငန်းများ ပြန်ဖွင့်ပေးမည့်အချိန်ကို စောင့်နေခြင်းတို့ကြောင့် အဝယ်ဆက်ပြီးအေးနေသည့် ကားဈေကွက်

ကားအရောင်းအဝယ်ဈေးကွက်တွင် နံပါတ်ထွက်ပြီးသားကားဟောင်းများ နှင့် ရန်ကုန်လိုင်စင်ဖြင့် နံပါတ်ယူမည့် ကားများမှာ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်စစ်လုပ်ငန်းများနှင့် သက်တမ်းတိုးလုပ်ငန်းများ ဖွင့်လှစ်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းတို့ကြောင့် အဝယ်ဆက်ပြီးအေးနေသည်။ ကားဟောင်းနှင့် ကားသစ်ဈေးကွက် နှိုင်းယှဉ်ရာ တွင် အဝယ်အများစုမှာ ကားသစ်ဈေးကွက်ကို ပိုပြီးစိတ်ဝင်စားလာကြသည်။ ကားသစ်ဈေးကွက်တွင်လည်း Brand New ဘယ်မောင်းကားများ နှင့် Parallel Import CBU ဖြင့် တင်သွင်းသည့် ကားများမှာ အကောက်ခွန်နှင့် ကညနခွန်များ သက်သာခွင့်ရနေ၍ ကားတန်ဖိုးနည်းသွားခြင်းကြောင့် စိတ်ဝင်စားမှုများနေသည်။ ကားသစ်ဈေးကွက် အားကောင်းနေသည်ဆို သော်လည်း SKD ကားများမှာမူ အခွန်သက်သာခွင့် ပေးထားခြင်း၊ ဝန် ထမ်းပါမစ်များထွက်ရှိလာခြင်းတို့ကြောင့် စိတ်ဝင်စားမှုနည်းသွားသည်ကို တွေ့ရသည်။

"လက်ရှိကားအရောင်းအဝယ် ဈေးကွက်မှာ ကားသစ်နဲ့ကားဟောင်း ဆိုရင် ကားသစ်ဈေးကွက်က ပိုပြီး အားသာနေပါတယ်၊ ကားဟောင်းဈေး ကွက်ကတော့ ကညနရုံးတွေ ပိတ်ထားလို့ ယာဉ်စစ်ဆေးလို့မရတဲ့အတွက် အဝယ်အေးနေတယ်၊ လိုအပ်တဲ့သူတွေကျတော့လည်း ရင်းနှီးတဲ့သူ၊ အာမခံရဲတဲ့သူဆီကပဲ ဝယ်ရဲကြတာ တွေ့ရပါတယ်၊ အခွန်တွေ လျှော့ပေး ထားတာနဲ့ ဝန်ထမ်းပါမစ်တွေ ထွက်လာတာကြောင့် SKD ကားတွေကတော့ ဈေးကွက်မှာ အခက်အခဲကြုံနေရပါတယ်၊ COVID-19 ကြောင့် ပြီးခဲ့တဲ့နှစ်က ၄၊၅၊၆ လလောက်လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတယ်၊ ပြန်ဖွင့်တော့လည်း လက်ရှိမှာ Stock ကုန်နေတာတွေ၊ Parallel Import နဲ့ သွင်းတဲ့ကားတွေရဲ့ ဈေးတွေက သက်သာလာတာတွေကြောင့် SKD ကားတွေကို စိတ်ဝင်စားမှုနည်းလာလို့ SKD ဈေးကွက်က အဝယ်အေး လာပါတယ်}}ဟု MAMDA အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

Brand New ကားဈေးကွက်တွင် ဈေးနှုန်းသက်သာခြင်းကြောင့် China Brand ကားများမှာ ဈေးကွက်ဝေစု တဖြည်းဖြည်းရလာပြီး SUV အမျိုးအစားဖြင့် အသစ်ထပ်မံဝင်ရောက်လာမည့် Car Brand များလည်း ရှိနေသည်။ အိမ်စီးကားဈေးကွက်အပြင် လုပ်ငန်းသုံးကားဈေးကွက်တွင် လည်း ကားသစ်များ ဝင်ရောက်လာသလို ထပ်မံ ဝင်ရောက်လာမည့် ကားများလည်း ရှိနေသည်။ ထို့ကြောင့် အဝယ်များမှာ စိတ်ဝင်တစားဖြင့် စောင့်ကြည့်မှုများ ရှိနေသောကြောင့် အိမ်စီးကားဈေးကွက်နှင့် လုပ်ငန်း သုံးကားဈေးကွက်ပါ အဝယ်ဆက်ပြီးအေးနေသည်။

"ဒီရက်ပိုင်းကားဈေးကွက်ကတော့ ပုံမှန်အတိုင်း ပြန်လှုပ်လာတယ် ဆိုပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ နှစ်တွေလိုတော့ အရောင်းအဝယ်မဖြစ် ဘူး၊ ပြီးခဲ့တဲ့နှစ်ကလည်း COVID-19 ရောဂါနဲ့ ဝန်ထမ်းပါမစ် စောင့်ကြည့်မှုတွေကြောင့် အဝယ်အတော်လေး အေးခဲ့တယ်၊ ဒါပေမဲ့ ဒီနှစ်မှာ တော့ ဝန်ထမ်းပါမစ်ကလည်း ခွင့်ပြုနေပြီ၊ အခွန်လျှော့ပေးတာကလည်း ဆက်ပြီးရနေတော့ Parallel Import နဲ့သွင်းတဲ့ အသစ်ဈေးကွက်က တော့ တော်တော်လေးကို အားကောင်းပါတယ်၊ USA ၊ Dubai က သွင်းတဲ့ မိုဒယ်မြင့်ကားတွေထဲက Ford ၊ BMW ၊ Mercedes ၊ Land Rover ကားတွေထဲက လူကြိုက်များတဲ့အမျိုးအစားတွေမှာ အရင်သိန်း ၇၅၀ ကနေ ၂,၄၀ဝ ကြားရှိတဲ့ကားတွေက အခုဆိုရင် ၅၅၀ ကနေ ၁,၈၀ဝ ဝန်းကျင်လောက်အထိ တော်တော်လေးကို မေးကြဝယ်ကြတယ်၊ ဒီလို Parallel Import တွေက လျော့သွားတဲ့အခွန်တွေကြောင့် ဈေးသက်သာသွားတဲ့အတွက် စိတ်ဝင်စားနေတာကို သိကြတော့ Brand New Showroom တွေကလည်း Brand အလိုက် Promotion တွေ ပေးကြသလို လျော့သွားတဲ့အခွန်တွေအတွက် ကားရောင်းဈေးတွေကို ချပေးတဲ့အတွက် Brand New ဈေးကွက်ကလည်း သူ့ Demand နဲ့သူ ဖြစ်နေတာတွေ့ရပါတယ်"ဟု Perfect AutoBiz Myanmar မှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာပြည့်စုံဝင်းသိန်းက ပြောသည်။

ဈေးကွက်အကြိုက် ညာမောင်းကားဈေးကွက်တွင် အမြင့်ကားများမှာ အဝယ်ဆက်လက်အေးနေပြီး ကျပ်သိန်းနှစ်ရာအောက် ကားများမှာ Condition ကောင်းသည့်ကားများ နည်းလာခြင်းကြောင့် ညာမောင်းကားဈေး ကွက်တွင် မျှော်မှန်းသလောက် အရောင်းအဝယ် မရှိဘဲ ဖြစ်နေသည်။ ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် အရောင်းအဝယ်ဖြစ်သည့် ကားအများ စုမှာ အဝယ်တိုက်ရိုက်လာခြင်းထက် ဝယ်/ရောင်းအချင်းချင်း ပြန်ကောက် ခြင်းက ပိုများနေကြောင်း သိရသည်။

"COVID-19 ရောဂါဂယက်ကြောင့် စီးပွားရေးအခြေအနေက အားလုံးကျပ်တည်းနေလို့ ကားအရောင်းအဝယ်ဈေးကွက်က အဝယ်မရှိတဲ့အတွက် ဆက်ပြီးအေးနေတယ်၊ အခွန်သက်သာခွင့်ကို Custom နဲ့ ကညနကလည်း ဆက်ပြီးပေးထားတော့ ညာမောင်းကားဈေးတွေက ၂၀ ရာခိုင်နှုန်းလောက် ပြန်ကျသွားပါတယ်၊ တချို့အဝယ်ကျတော့လည်း ဈေးသက်သာနေတဲ့အချိန်ဆိုပြီး ဝယ်ပေမဲ့ နည်းပါတယ်၊ ဈေးသင့်တယ်၊ ဝယ်/ရောင်းဈေးနဲ့ ရတယ်ဆိုရင်တော့ ဝယ်/ရောင်းတွေက ကောက်သွား တာများပါတယ်"ဟု ကားဝယ်/ရောင်းကိုသီဟက ပြောသည်။

Address

Aung Myae Thar Si Housing
Kamayut

Alerts

Be the first to know and let us send you an email when Automobile News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category