Daily Report

Daily Report Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daily Report, Media/News Company, No. 320(B), Uwisara Street, Kamayut.

20/09/2025

ကျွန်တော်တို့နှစ်ယောက်က ဒီဇာတ်ကားလေးရိုက်ချင်တယ်ဆိုပြီး ဒီအတိုင်းလေးပဲ ဖန်တီးခဲ့ကြတာ။သတ္တိရှိတာတွေ မရှိတာတွေနဲ့မဆိုင်ဘူး။လက်ဝှေ့ကားဖြစ်တယ့်အတွက် ထိုးတာ ကြိတ်တာတွေက စိန်ခေါ်မှုတစ်ခုလို့ ပြောလို့ရတယ်။ပရိသတ်တွေ ဒီလိုကားမျိုး အားပေးမယ်ဆိုရင် Producterတွေက အများကြီးရိုက်လာမယ်။ကျွန်တော်တို့ကလည်း အများကြီး ရိုက်ဖြစ်မှာပါ........ #တေဇလင်းရောင်၊ရွန်း၊ရဲလှိုင်





#နှောင်ကြိုးဝိုင်းကလက်ဝှေ့သမားတွေအတွက်Challengeဖြစ်စေတယ်

20/09/2025

အခုနှစ်ပိုင်းမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပေါ့ပေါ့တန်တန်မနေဖြစ်တော့ဘူး။လွန်ခဲ့တဲ့၁နှစ်ကဆိုရင် လူက အရမ်း ဝတယ်။လွန်ခဲ့တဲ့တစ်နှစ်နဲ့အခု ဝိတ်ပြန်ယှဥ်ကြည့်မယ်ဆို ပေါင်၂၅လောက် ကျသွားတယ်။ကျန်းမာတဲ့အခါကျတော့ သူ့အလိုလို နုပျိုတယ်ဗျ။ဒီနောက်ပိုင်းဆိုရင် အစားအသောက်နဲ့ပတ်သက်ပြီး တော်တော်ရှောင်လိုက်ရတယ်။Drinkထဲမှာဆို ကျွန်တော်အကြိုက်ဆုံးက Beerပေါ့။Beerဆို အခုကျွန်တော် မသောက်တာ ၃လလောက်ရှိပြီ။နည်းနည်းလေး အစားမှားလိုက်တာနဲ့ 6သွးတိုးကလည်း ရှိတယ်....... #မိုးမိုး



#မိုးမိုး


#6သွးတိုးရှိလို့Alcholဖြတ်ထားတာ၃လရှိပြီ

20/09/2025

ဆဌမအကြိမ်မြောက်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ပြည်ကြီးချမ်းသာမဟာစေတီမြို့ဦးစေတီတော်မြတ်ကြီးရဲ့ရွှေသက်န်းကပ်လှူပူဇော်ဖို့အတွက်ငြမ်းထိုးမဂ်လာအခမ်းအနားဖြစ်ပါတယ်။ဒီလမှာရွှေသက်န်းကပ်လှူပြီးရင်ပတ်လမ်းတွေရယ်မုခ်ဦးတွေနဲ့ဘုရားဖူးတွေလာရင်ရင်ပြင်တော်သာယာဖိူ့ရယ်ကိုဆောင်ရွက်ထားပါတယ်>>> #ဦးသန်းဝင်း(အထွေထွေအုပ်ချုပ်ရေးမှူး၊မ/ဒဂုံထွေအုပ်)၊ဦးဖြိုးမင်းအေး(ဥက္ကဌမြို့ဦးစေတီဂေါပကအဖွဲ့၊ဦးသောင်းစိန်(နာယက)၊ဦးစောလွင်ဦး(ဒု/ဥက္ကဌ)



19/09/2025

သမီးလေးက ချစ်စရာကောင်းတယ်၊၊အမေနဲ့တူတယ့်အခါကျတော့ သမီးလေးရဲ့ ကံလို့ပြောရမယ်။အရင်ဘ၀မှာ ကောင်းမှုကုသိုလ်တွေနဲ့ တိုက်ဆိုင်သွားတယ့်အခါကျတော့ ဒီဘဝမှာ ပရိသတ်ချစ်တယ့် မျက်ဝန်းလေးတစ်စုံကို သူပိုင်ထားတာပေါ့။သမီးလေးက ကျွန်တော့်အတွက် ခွန်အားဖြစ်ပြီး မိန်းမကတော့ ကျွန်တော့်ရဲ့အရာရာပေါ့။သမီးလေး သူ့အမေ ဗိုက်ထဲက ထွက်လာကတည်းက ကျွန်တော် ဖခင်ဖြစ်သွားပြီ....... #အောင်မင်းခန့်



#အောင်မင်းခန့်

#သမီးလေးကကျွန်တော့်ခွန်အားဖြစ်ပြီးမိန်းမကအရာရာပေါ့

19/09/2025

မကြူကိုဓ ါးကားရိုက်လို့မရဘူး။ဓ ါးမြှောက်လိုက်တာနဲ့တရုံလုံးဝေါကနဲရီကြမှာတဲ့။အဲဒီကားကြီးကသူ့ကျွန်မခံပြီရုပ်ရှင်ကားကြီးပါ။သူတို့ကအတည်ရိုက်ချင်ပေမယ့်ရိုက်လို့မရဘူးဖြစ်သွားတယ်။ပရိသတ်တွေကမြင်တာနဲ့ရယ်နေကြတာ။မကြူကိုဒေါ်ဂွတ်ထော်မွေးခဲ့တာ အပြင်လူတွေမပြောနဲ့ရုပ်ရှင်သမားတွေကတောင်မယုံကြဘူး။ဒေါ်ဂွတ်ထော်ကဒါကြီးကိုဘယ်လိုမွေးခဲ့တာလဲပေါ့>>> #ကြူကြူသင်း




CANAL+မှ ထုတ်လွှင့်ပြသမည့် “အရှုံးမဲ့အနိုင်” Premiere Show “အရှုံးမဲ့အနိုင်”Premiere Showအခမ်းအနားသို့ တက်ရောက်လာသော အနု...
18/09/2025

CANAL+မှ ထုတ်လွှင့်ပြသမည့် “အရှုံးမဲ့အနိုင်” Premiere Show

“အရှုံးမဲ့အနိုင်”Premiere Showအခမ်းအနားသို့ တက်ရောက်လာသော အနုပညာရှင်များစွာ၏ ပုံရ်ိပ်များကို တင်ဆက်ပေးလိုက်ရပါသည်……



#အရှုံးမဲ့အနိုင်PremiereShow

18/09/2025

ဘာသာတရားအရ ကြည့်မယ်ဆ်ိုရင် ကိုယ်တိုင်က ဗုဒ္ဓဘာသာဖြစ်တယ့်အတွက် ခေတ်စနစ်ဆိုပေမယ့် ကာလံဒေသပေါ်မှာ လုပ်သင့် မလုပ်သင့်ဖို့ စဥ်းစားစေချင်တယ်။ကျွန်တော် လူတစ်ဖက်သားကို အပြစ်ပြောတာ မဟုတ်ဘူး။ကိုယ်သည် ဗုဒ္ဓဘာသာဖြစ်ရဲ့သားနဲ့ ဗုဒ္ဓဘာသာရဲ့အထိန်းကွပ်လေးတွေပေါ့။ကျွန်တော်လည်း အရင်တုန်းက မထော်မနန်းတွေ ဝတ်ခဲ့လို့ တောင်းပန်ခဲ့ရတာ ရှင်းခဲ့ရတာတွေလည်း ရှိတယ်။မမှားချင်ပဲ မှားခဲ့ရတဲ့ အမှားတွေပေါ့....... #ကျော်ကျော်နန္ဒ




#ကျော်ကျော်နန္ဒ
#ကာလံဒေသကိုကြည့်ပြီးလုပ်သင့်မလုပ်သင့်ဖို့ကိုစဥ်းစားစေချင်တယ်

18/09/2025

Onlineပေါ်မှာတွေ့တယ့် အလှမယ်မျိုးတွေဆိုရင် ကျွန်တော်အားပေးလိုက်တာပဲ။ကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးက ကိုယ့်နိုင်ငံကို အစွဲရှိကြတယ်။သူများနိုင်ငံမှာ သွားပြိုင်ပြီဆိုတာနဲ့ အကုန်လုံးက စည်းရုံးပြီး "မြန်မာ၊မြန်မာ"ဆိုပြီး ဝိုင်းပြီး အနောက်ကနေ အားပေးကြတယ့်အထဲမှာ ကျွန်တော်လည်းပါတယ်။အလှမယ်တွေအကုန်လုံးက လှကြတယ်။အဓိကက မိတ်ကပ်မလိမ်းပဲ လှတယ့် အလှမယ်ကို ပိုသဘောကျတယ်........ #ဇွဲပြည့်



#ဇွဲပြည့်
#အဆိုတော်
#မိတ်ကပ်မလိမ်းပဲလှတယ့်အလှမယ်ဆိုပိုကြိုက်တယ်

17/09/2025

6သွးအေးအေးနဲ့ရက်စက်တယ့် characterမျိုးကို ရိုက်ချင်နေတာ ကြာပြီ။သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကောင်းကောင်းဆိုးဆိုး ဘာactingပဲ လုပ်ရလုပ်ရ သဘောကျတယ်။တစ်ခုပဲရှိတယ် ပရိသတ်တွေကို ကိုယ်ဆိုးတာတွေ အပြစ်မမြင်စေချင်ဘူး..... #ဇော်ဦး



#ဇော်ဦး

#ဒီဘက်ခေတ်ကလေးတွေကငယ်ပေမယ့်အဆိပ်ပြင်းတယ်

17/09/2025

သူကအရင်တုန်းကအတိုင်းပါပဲ။အရင်ကလည်းချစ်သလိုအခုထိလဲချစ်နေတုန်းပါပဲ။သူကအရမ်းကြီးအလျော့ပေးပါတယ်။နှစ်ယောက်ဒီအချိန်ထိလက်တွဲလာတာသူ့ကြောင့်အများကြီးပါပါတယ်။ကျွန်တော်ကသိပ်စိတ်မရှည်ဘူး။သူကစိတ်ရှည်တယ်။အများကြီးသည်းခံပါတယ်>>> #ချမ်းမြေ့ဦး
# သူ့ဆီကသင်ယူရတာတွေရှိပါတယ်။သူကကိုယ့်ထက်ငယ်ပြအသက်ကွာပေမယ့်သူ့ဆီမှာလူငယ်အတွေးအခေါ်အသစ်လေးတွေရှိတယ်။အဓိကချစ်တာအပြင်နားလည်မှုလဲလိုပါတယ်။အတင်းအကျပ်လုပ်နေမယ့်အစားသူကြိုက်တာကိုယ်လျော့ပေးကိုယ်ကြိုက်တာသူလျော့‌ပေးပါပဲ>>> #ယုကို


16/09/2025

Inspireပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဓိကက Asiaမှာ ကျော်တာလောက်ကို ကိုယ်က မလိုချင်ဘူး။Worldwideကို ကျော်စေချင်တာ။ဒါဆိုရင် "Shah Rukh Khan"သားကိုပဲ ယူတော့မယ်။"Shah Rukh Khan"ကို အစဥ်ဆက် ကလေးတည်းက ကြိုက်ခဲ့တာ။"ရှရွတ်ခမ်း"ကို ကြိုက်ပြီးတဲ့အချိန်မှာ သူ့ရှိသမျှ သားသမီးတွေကို အကုန်လုံးကြိုက်တယ်...... #ချယ်ရီသင်းနှင့်မိတ်ကပ်ကြယ်စင်







#ရှရွတ်ခမ်းရဲ့သားကိုရရင်လိုချင်တယ့်ချယ်ရီသင်း

15/09/2025

"The Model Academy"မပြိုင်ကတည်းက "ကိုချာလီ"နဲ့ ချစ်သူဖြစ်နေတာဆိုတော့ အဲ့မျက်နှာကို ကိုချာလီက မြင်ဖူးတယ်။အဲ့အချိန်တုန်းက အကောင်းဆုံးလည်း လုပ်ပေးခဲ့တယ်။ ကိုယ့်ကိုကိုယ် လှတယ်လို့ပဲ ထင်ခဲ့တာ။အခုအချိန်ကျတော့ အသက်အရွယ်ရလာတာလည်းပါတယ်။ကိုယ့်ကိုကိုယ် ဂရုစိုက်တာလည်းပါတယ်။အတွေ့ကြုံ Experienceတွေက "Dee"ကို သင်ပေးသွားတယ်လ်ို့ ထင်တယ်။အဲ့အချိန်တုန်းက"ကိုဇင်အောင်"ဆူရင် ဒီး ငိုလိုက်တယ်။စင်နောက်ကွယ်မှာကျရင် ဒီးနဲ့ကိုဇင်အောင်နဲ့ တည့်တယ်.......



#ဒီး

ှာကိုဇင်အောင်ဆူတဲ့စကားတွေအခုချိိန်အသုံးဝင်လာတယ်

Address

No. 320(B), Uwisara Street
Kamayut

Website

Alerts

Be the first to know and let us send you an email when Daily Report posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share