Kawhmu News Agency TV

Kawhmu News Agency TV Kawhmu News Agency ရဲ့
ရုပ်သံChannelပဲဖြစ်ပါတယ်။ Kawhmu News Agencyသတင်းဌာနရဲ့ ရုပ်သံ Channel စာမျက်နှာပဲ ဖြစ်ပါတယ်။

01/12/2023

လွိုင်ကော်မြို့ ခလရ - ၅၄ တပ်တွင်းက လက်နက်ခဲယမ်းတိုက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးပြီး အကြမ်းဖက်စစ်စခန်းတွေကို တိုက်ခိုက်(ရုပ်/သံ)
----------------------------
KNA| December 1,2023./နွေ‌ဦးရောင်နီ

1111 Operation ၂၁ ရက်မြောက်နေ့မှာ ကရင်နီပြည်နယ် လွိုင်ကော်မြို့က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို ဒရု_န်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့ပြီး ခလရ - ၅၄ တပ်တွင်းရှိ လက်နက်ခဲယမ်းတိုက်ကိုပါ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ Loikaw PDFက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုဟာ တပ်တွင်း ဖရဲသီး ရဲ့သတင်းပေးချက်အရ ခလရ ၅၄ တပ်တွင်းကလက်နက်တိုက်ကို ဒရု_န်းနဲ့ မီးလောင်တိုက်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို Loikaw PDF နဲ့ Falcon Wingsတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး Loikaw PDFအနေနဲ့ 1111 Operartion စတင်ချိန်ကစပြီး ဒီကနေ့ထိ မဟာမိတ်တပ်ပေါင်းစုနဲ့အတူ ကရင်နီပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်တောက်ရေးကို မြေပြင် ဝေဟင် အဆက်မပြတ် ဆင်နွှဲလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေဟာ အရပ်သားပြည်သူတွေကို ထိခိုက်လျက်ရှိပြီး မိဘပြည်သူတွေအနေနဲ့ လွိုင်ကော်မြို့ကို ပြန်လည်ဝင်ရောက်ခြင်း မပြုကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

[KNAရဲ့ သတင်းရုပ်သံတွေကို Telegram Channel နဲ့ You Tube Channel ကနေ ဖတ်ရှုနားဆင်နိုင်ဖို့ Channelလေးတွေ ကို Subscribed လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Telegram
https://t.me/kawhmunewsagencyMM

YouTube Channel
https://youtube.com/]


27/11/2023

ရွှေဘိုမြို့နယ်က ပျူစောထီးကျေးရွာများကို PDF ပူးပေါင်းအဖွဲ့က တပြိုင်တည်းဝင်ရောက်တိုက်ခိုက်၊ ရန်သူတပ်သား ၂၀ ခန့်သေဆုံး(ရုပ်/သံ)
---------------------------
KNA| November 27,2023./

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးများ အခြေချနေထိုင်တဲ့ ကျေးရွာ ၃ ရွာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျား တပ်ဖွဲ့ထံမှ သိရှိရပါတယ်။

မြေပြန့်လှိုင်း ပထမ စစ်ဆင်‌ရေးအဖြစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဆီးဖြူကုန်း၊ညောင်ကိုင်း၊တည်သီးတော ကျေးရွာတို့မှာ အထိုင် ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ် ၊ပျူစောထီး ပူးပေါင်း အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျား ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ - မြင်းခြံမှ နိုဝင်ဘာ ၂၆ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မှ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီစစ်ဆင်‌ရေးကို Zero ပြောက်ကျားတပ်ဖွဲ့၊မြင်းခြံခရိုင် တပ်ရင်း(၇)၊ ရတနာသိခ်စစ်ကြောင်း၊ဝိမောက္ခစစ်ကြောင်း၊မိထ္ထိလာ ဒရုန်းတပ်ဖွဲ့၊ ဒီပဲယင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့ များမှ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။


18/11/2023

မြင်းခြံမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ အထိုင်စခန်းကို PDF တွေက တိုက်ခိုက်သိမ်းပိုက်(ရုပ်/သံ)
------------------------
KNA| November 18,2023./ရောင်နီဦး

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်၊ကိုင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ စခန်းအား ပုဂံပြည်ဘီလူးတပ်နဲ့ ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ရင်း၊တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး၊ရန်သူ့ တပ်ဖွဲ့ဘန်ကာနဲ့ အဆောက်အအုံအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုဂံပြည်ဘီလူးတပ်မှ သိရှိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုင်းရွာစခန်းကို နိုဝင်ဘာလ ၁၆ရက် ၊ မနက် ၅ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်‌ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ၊ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးများ ထိခိုက်ဒဏ်ရာများစွာရရှိခဲ့ပြီး၊ စခန်းစွန့်ခွာထွက် ပြေးသွားတယ်လို့ ညောင်ဦး (ပကဖ) Bagan Ogre Force ပုဂံပြည် ဘီလူးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအပြီး၊ရန်သူစခန်းထံမှ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကပဖ ထုတ် (၅.၅၆) ကျည် ၇၀၄ တောင့်၊ စစ်သုံးပစ္စည်း အမျိုးအစား အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိပြီး အမျိုးသမီး စစ်သုံပန်း ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊စစ်သုံပန်း ဥပဒေ နဲ့ အညီကောင်းမွန်စွာ ထားရှိပြီး ၊လိုအပ်တဲ့ဆေးဝါးကုသမှုပေးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိတယ်လို့ ပုဂံပြည်ဘီလူးတပ်မှအသိပေး ဖော်ပြထား ပါတယ်။

[KNAရဲ့ သတင်းရုပ်သံတွေကို Telegram Channel နဲ့ You Tube Channel ကနေ ဖတ်ရှုနားဆင်နိုင်ဖို့ Channelလေးတွေ ကို Subscribed လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Telegram
https://t.me/kawhmunewsagencyMM

YouTube Channel
https://youtube.com/]

15/11/2023

လွိုင်ကော်မှာ လက်နက်ချ အညံခံလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရုပ်သံဖိုင်KNDFပြသ
-----------------------
KNA| November 15,2023./

ကရင်နီပြည် ၊ လွိုင်ကော်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းရဲ့ အကြမ်းဖက် စစ်သား ၃၂ ဦးက လက်နက်ချ အညံခံလာတဲ့ ရုပ်သံဖိုင်ကို KNDF က ထုတ်ပြန်ခဲ့ပါတယ်။

ရုပ်သံဖိုင်ထဲမှာ KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်သူ မာဝီက လက်နက်ချအညံခံသူတွေကိ အသက်အန္တရာယ် မထိခိုက်စေရဘူးလို့ ပြောကြားနေတာ တွေ့ရပါတယ်။

KNDF က အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၂၅) နဲ့ ခမရ (၆) တပ်ရင်းတွေကို အပြီးသတ်ချေမှုန်းနေစဉ်မှာပဲ အခုလို လက်နက်ချ အညံခံလာတာဖြစ်ပါတယ်။

KNDF ရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၄၂၅) မှာ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူး အပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၆) ရဲ့ အင်အားတဝက်နီးပါးကို ချေမှုန်း နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

[KNAရဲ့ သတင်းရုပ်သံတွေကို Telegram Channel နဲ့ You Tube Channel ကနေ ဖတ်ရှုနားဆင်နိုင်ဖို့ Channelလေးတွေ ကို Subscribed လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Telegram
https://t.me/kawhmunewsagencyMM

YouTube Channel
https://youtube.com/]


09/11/2023
07/11/2023

(၇) နှစ်တိုင်တိုင်ကျော်ဖြတ်ခဲ့ပြီးနောက် မုံးကိုးနယ်စပ်ဂိတ်မှာ MNDAAရဲ့ အလံကိုနောက်တစ်ကြိမ် ထပ်မံထူထောင်နိုင်ခဲ့တယ်လို့ The Kokangက သတင်းထုတ်ပြန်လိုက်ပါတယ်။

Kawhmu News Agency

07/11/2023

ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး ပြည်သူ့တော်လှန်ရေး အလံတော်လွှင့်ထူခြင်းအခမ်းအနားပြုလုပ်

Video -NUG MOD

Kawhmu News Agency

Address

Padauk
Kawhmu
123321

Alerts

Be the first to know and let us send you an email when Kawhmu News Agency TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share