24/01/2021
ကိုဗစ်ကာကွယ်ဆေးအစီစဉ်
covid-19 (covidshield)ကို ပထမအကြိမ်အဖြစ် ၂၇-၁-၂၀၂၁ မှ စတင်၍ ဇန္နဝါရီလတွင် ကျန်းမာရေးဝန်ထမ်းများ နှင့် volunteer များကို ထိုးနှံပေးပြီး ဖေဖေါ်ဝါရီလ. ၅ရက်မှ ၂၀ရက်နေ့အထိ ကို VIP များ,အစိုးရအဖွဲ့များနှင့် ၆၅နှင့်အထက်များကိုထိုးနှံပေးသွားမည်....ကာကွယ်ဆေးကို ၂ကြိမ်ထိုးနှံရမှာဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို ၂၈ ရက်ခြား၍ထိုးနှံပေးမည်ဖြစ်သည်....covidshield သည် liquid type ဖြစ်ပြီး ဆေးတစ်လုံးလျင် လူ ၁၀ယောက်ထိုးနိုင်သော်လည်း ဆေးလေလွင့်မှုကို 10% ထည့်စဉ်းစားကာ လူ၁၀၀ကို ဆေး၁၁လုံး နှုန်းနှင့် ထိုးနှံပေးသွားမည်ဖြစ်သည်.....မြို့နယ်တစ်မြို့နယ်တွင် ကာကွယ်ဆေးထိုးစုရပ် အနည်းဆုံး ၅ခုထားရှိပြီး စုရပ်တစ်ခုတွင် ဆေးထိုးဌာန ၅ခု ဖြစ်ကာ တစ်မြို့နယ်လျင်ဆေးထိုးဌာန ၂၅ခုထားရှိသွားမည်....ကိုယ်ဝန်ဆောင်မိခင်များ,နို့တိုက်မိခင်များနှင် နှလုံးရောဂါသည်များ ,ယခင် ကာကွယ်ဆေးထိုးစဉ် ဓာတ်မတည့်သူများမထိုးနှံရပါ.....Heparin,waffrin ဆေးသောက်သုံးနေသူများ,HIV ဆေးသောက်သုံးနေသူများ,ကင်ဆာဆေးသွင်း နေသူများသတိထား၍ထိုးနှံပေးသွားမည်....ဆေးကို ဖွင့်ပြီးချိန်မှစ၍ ၆နာရီအတွင်းထိုးနှံရမည်ဖြစ်ကာ ၆နာရီကျော်ပါက စနစ်တကျစွန့်ပစ်ရပါမည်....covid ရောဂါဖြစ်ပြီးသူများ ရောဂါလက္ခဏာပျောက်ပြီး ၁၄ရက်ကြာမှသာ ထိုးနှံ၍ရပါမည်
Credit. Dr. SuSuTun