𝐀𝐮𝐧𝐠𝐍𝐚𝐢𝐧𝐠𝐎𝐨

  • Home
  • Myanmar
  • Kawkareik
  • 𝐀𝐮𝐧𝐠𝐍𝐚𝐢𝐧𝐠𝐎𝐨

𝐀𝐮𝐧𝐠𝐍𝐚𝐢𝐧𝐠𝐎𝐨 ကရင်ပြည်နယ်္ ၊ ဧည့်သည်
𝐀𝐮𝐧𝐠𝐍𝐚𝐢𝐧𝐠𝐎𝐨

03/12/2024
05/07/2024

မြင်ပါများလို့ ရိုးသွားတဲ့ထဲမှာ
မင်းမျက်နှာလေး မပါခဲ့ဘူး🖤🍁 ‎

03/07/2024

မဖြစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်မချစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်ရေစက်ကုန်လို့ ဝေးကြရတဲ့အခါဘယ်သူ့အပေါ်မှ အပြစ်မမြ...
20/06/2024

မဖြစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်
မချစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်
ရေစက်ကုန်လို့ ဝေးကြရတဲ့အခါ
ဘယ်သူ့အပေါ်မှ အပြစ်မမြင်ပါဘူး
ကိုယ်လဲ တစ်ချိန်က သူ့ကြောင့်
ပျော်ရွှင်ခဲ့ဘူးတယ်
သူလဲ တစ်ချိန်က ကိုယ့်ကြောင့်
ပျော်ရွှင်ခဲ့ဘူးမှာပါ...

အဆင်ပြေနေချိန်တုန်းလေးမှာ
ကိုယ်ဟာ သူ့အတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
သူဟာ ကိုယ့်အတွက်
အကောင်းဆုံး အဖော်မွန်လေး...

ကံကြမ္မာ မျက်နှာသာ မပေးလို
ကိုယ်တို့ ဝေးခဲ့ကြတယ် ဆိုရင်တောင်
မင်းရဲ့ နောက်ကွယ်မှာ မကောင်းသတင်းတွေပြောပြီး
မင်းနောက်ကြောကို ဓာနဲ့ထိုးမယ့်သူမျိုးထဲမှာ
ကိုယ် မပါဘူး ဆိုတာ မင်း ယုံကြည်ပါ...

ရေစက်ရှိသလောက် ဆုံခဲ့ပြီးပြီလေ...
ရေစက်ကုန်ရင် ဝေးကြရတယ်ပဲ သဘောထားရင်းနဲ့
တစ်ခါတစ်ရံ တိုက်ဆိုင်မှုလေးတွေ ရှိလာခဲ့ရင်
ကိုယ်နဲ့ ဝေးသောအရပ်မှာ
မင်း တစ်ယောက် အဆင်ပြေပါစေ ပေါ့...

ဒါပါပဲ...
တွေ့ဆုံခြင်း တွေမှာ ရိုးရှင်းစွာ ချစ်ခဲ့ကြတယ်
ဝေးကွာခြင်းတွေမှာ ရိုးသားစွာ လမ်းခွဲခဲ့ကြတယ်...

ကိုယ်တို့ ချစ်ခဲ့ကြသည်....
ထို့နောက်...
ကိုယ်တို့ ဝေးခဲ့ကြသည်...ပေါ့...။

နေခြည် (ဧရာမြေ)
15.May.2023

အိမ်ကိုလွမ်းတဲ့ညတွေလဲရှိတတ်တယ်။အဆင်မပြေတာတွေရှိရင် အိမ်ကိုပဲပြန်ချင်တယ်။အရိပ်သေးသေးလေးတစ်ခုရှိတယ်။နေရာတစ်နေရာစာ ကိုယ့်အတ...
19/06/2024

အိမ်ကိုလွမ်းတဲ့ညတွေလဲရှိတတ်တယ်။
အဆင်မပြေတာတွေရှိရင် အိမ်ကိုပဲပြန်ချင်တယ်။
အရိပ်သေးသေးလေးတစ်ခုရှိတယ်။
နေရာတစ်နေရာစာ ကိုယ့်အတွက်ရှိတယ်။
အမေချက်တဲ့ဟင်းတွေရှိမယ်။
မခမ်းနားပေမယ့်
ဒီလောက်ဆို ကိုယ့်အတွက်လုံလောက်ပြီမလား။
တချို့ညတွေမှာ အိမ်ပြန်ချင်တယ်။

19.6.2024

ထားခဲ့သူဟာလွမ်းရကြောင်းတွေ ပြောသံကြားတော့ကျွန်တော့်မှာ လူဆိုးကြီး ဖြစ်သွားရပြန်တယ်နားလည်ရ ခက်တယ် ကိုလှဖေ..အရှုံးပေးထားသူ...
18/06/2024

ထားခဲ့သူဟာ
လွမ်းရကြောင်းတွေ ပြောသံကြားတော့
ကျွန်တော့်မှာ လူဆိုးကြီး ဖြစ်သွားရပြန်တယ်

နားလည်ရ ခက်တယ် ကိုလှဖေ..

အရှုံးပေးထားသူကိုမှ
သူက
အနိုင်ယူချင်သေးတာ ။

2024

အရူး နှင့် စကားပြောခြင်း____~~~~~~~~~~~_____မနေ့က ညနေက မိုးကလည်းရွာ၊ အရေးထဲမှာ ဆိုင်ကယ်ကဘီးပေါက်လိုက်သေးတယ်။မီးပွိုင့်နာ...
27/05/2024

အရူး နှင့် စကားပြောခြင်း
____~~~~~~~~~~~_____
မနေ့က ညနေက မိုးကလည်းရွာ၊
အရေးထဲမှာ ဆိုင်ကယ်က
ဘီးပေါက်လိုက်သေးတယ်။

မီးပွိုင့်နားမရောက်ခင် အရှေ့မှာ
ပန်းကန်ပြားတချပ်ကို အမြဲတီးနေတဲ့
အရူးတယောက်ရှိတယ်။

သူဟာ အမြဲတမ်းပဲကြေးပန်းကန်ပြားကို
တုတ်တချောင်းနဲ့ တီးနေတတ်တယ်။

အလုပ် အသွား အပြန်နေ့တိုင်း
မြင်နေရတယ်။ ညစ်ပေနေတဲ့
ပဝါနီကို အမြဲခြုံထားတတ်တယ်။
သူ့အနားကို ကျမရောက်သွားတယ်။

" ငါ ကူပြီး တွန်းပေးမယ် "

" မလိုပါဘူး ရပါတယ် "

" ငါ ကူညီချင်လို့ပါကွ "

ဒီလိုနဲ့ ပန်းကန်ပြားတီးတဲ့အရူးက
ကျမဆိုင်ကယ်ကို လေထိုးကျွတ်ဖာဆိုင်ရောက်သည်အထိ တွန်းပေးပါတော့တယ်။

လေထိုးဆိုင်လည်း ရောက်ရော
သူကမပြန်သေးဘဲကို ပန်းကန်ပြား
ကို ဆက်ပြီးတီးနေပါတယ်။

ကျမက သူ့ကို ပိုက်ဆံ (၁၀၀၀)ကျပ်
ထုတ်ပေးလိုက်တယ်။ ဒီနေရာမှာ
သူနဲ့ကျမ စကားတွေများခဲ့ကြတယ်။

စကားတွေပြောဖြစ်ခဲ့တယ်။
သူပြောတဲ့ စကားတွေက
စိတ်ဝင်စားစရာကောင်းတယ်။

" ဦးလေးကို ကျမမုန့်ဖိုးပေးတာ ယူပါ "

" မင်းက ငါ့ကို ပိုက်ဆံနဲ့ဖျက်ဆီးတာလား။
လူတွေက တော်တော်ခက်တယ်၊ ဒီပိုက်ဆံကြောင့်
လင်မယားတွေကွဲကြတယ်။ မိသားစုတွေ မုန်းကြတယ်။ ဒီပိုက်ဆံကြောင့် လူတွေပျက်စီးကြတယ်။
ဒီပိုက်ဆံကြောင့် စာရိတ္တတွေပျက်တယ်။
ဂုဏ်သိက္ခာတွေကျတယ်။ "

ကျမ အံသြသွားတယ်။
သူပြောတဲ့ စကားဟာ အဓိပ္ပါယ်
တွေပါတယ်။ သူဆက်ပြောတယ်။

" လူတွေကတော်တော်ခက်တယ်
ပိုက်ဆံလိုချင်လို့ အလုပ်လုပ်ကြတယ်။
အလုပ်လိုချင်လို့ လုပ်နေကြတာမဟုတ်ဘူး။
ပိုက်ဆံလိုချင်လို့ လုပ်နေကြတာ။
ဒါကြောင့် လောကကြီးပျက်စီးနေတာ။
ပိုက်ဆံဆိုတာ ဒုက္ခ ရဲ့
နောက်ထပ် အဓိပ္ပါယ် တမျိူးကွ "

သူက ကျမကို ပြောနေတာမဟုတ်ဘူး။
အရူးသဘာဝအတိုင်း ပြောချင်ရာပြောနေတာ၊
ကျမက သူ့ကိုပိုက်ဆံ၂၀၀၀
ထပ်ထုတ်ပေးလိုက်တယ်။

"ကဲပါ..ဒါဆို၂၀၀၀ ယူ၊
ဦးလေးက ကျမကို ကူညီတာဆိုတော့
ကျေးဇူးတင်လို့ပါ။"

"အဲ့ဒါဘဲ ...
ဒါတွေကြောင့် ခက်တယ်ပြောတာ။
စေတနာကို ပိုက်ဆံနဲ့တန်ဖိုးဖြတ်
လို့မရဘူး။ မင်း ငါ့ကိုမဖျက်ဆီးနဲ့။
ငါ့စေတနာကိုမင်းတန်ဖိုးမဖျက်နဲ့။
ငါက ဗိုက်ဆာနေတာ၊"

ကျမလည်း လေးထိုးကျွတ်ဖာဆိုင်အနီးက လက်ဖက်ရည်ဆိုင်ကို သွားလိုက်တယ်။

စားစရာလည်းထူးထူးခြားခြား
ဘာမှမတွေ့ဘူး။ ဒီလိုနဲ့ အဆင်သင့်ရှိတဲ့
ပေါက်စီသုံးလုံးဝယ်လာလိုက်တယ်။

" ကဲ....ဦးလေး ဗိုက်စာရင်စား ....ရော့ "

သူက လိုလိုလားလားဘဲ
ပေါက်စီထုပ်ကို လှမ်းယူလိုက်တယ်။

ပေါက်စီကိုမစားသေးဘဲ
သူ့ခေါင်းပေါ်မှာ လက်နှစ်ဖက်ကို
တင်ပြီး တစ်ခုခုကို ရွတ်ဖတ်နေတယ်။

"ဘာလုပ်နေတာလဲဗျ "

" သေသွားတဲ့ အဖေနဲ့အမေကို
ကျွေးနေတာ "

သူ့စကားတွေက တမျိူးဘဲ။
ဟုတ်တာပေါ့။ သူကအရူးကိုး။
သူကစိတ်ဖောက်နေတာကိုး။
သူဟာ ပေါက်စီကိုအားရပါးရ
စားနေပါတော့တယ်။

"ဦးလေးကို ကျမနေ့တိုင်းတွေ့တယ်၊
ပန်းကန်ပြားကို အမြဲတီးတီးနေတာ
ကျမသတိထားမိတယ်။
ဦးလေးဘယ်မှာနေတာလဲ။"

" အဲ့ဒါဘဲ..ပေါက်စီကျွေးပြီး
လူကိုစပ်စုပြီ။ သူများအကြောင်း
သိဖို့ မကြိုးစားနဲ့။ ကိုယ့်အကြောင်းကို သိဖို့ကြိုးစား။လူမိုက်တွေဟာ
သူများအကြောင်းကို စိတ်ဝင်စားတယ်၊
လူလိမ္မာ တွေက ကိုယ့်အကြောင်းကို
ကိုယ်စိတ်ဝင်စားတယ်။
ကိုယ့်အမှားကိုယ်သိတယ်။
ကိုယ့်အမှားကိုယ်ပြုပြင်တယ်။"

သူ့စကားက ကျမရင်ဘတ်ကို လာပြီး
မှန်ပါတယ်။ ကျမ ရေရေလည်လည်
ခံလိုက်ရပါတယ်။
သူပြောတဲ့ စကားတွေက မှန်နေတာကိုး။

သူ့ကို စကားဆက်ပြောရင်
စပ်စုတယ်လို့ ထင်ဦးမယ်။
ဒါကြောင့် ဘာမှမပြောဘဲ
သူပေါက်စီစားနေတာကို
ကျမ စိုက်ကြည့်နေမိတယ်။

" ကျေးဇူးတင်တယ်လို့ မပြောတော့ဘူး။
ကျေးဇူးဆပ်နေရမှာစိုးလို့။ မင်းကငါ့ကို
မုန့်ကြွေးတယ်။ ငါက မင်းကျွေးတာကို စားတယ်။
မင်းကို ငါက ပြန်ကျွေးချင်မှ ကျွေးနိုင်မယ်။
ငါကမင်းကို ပြန်မကျွေးနိုင်ရင်လည်း
မင်းက စိတ်မဆိုးနဲ့။ လူတွေကမျှော်ကိုးပြီး
ကူညီယောင်ဆောင်တာကွ "

သူပြောသမျှစကားတွေက ကျမနားထဲမှာ အဆန်းတကြယ် ဖြစ်နေပါတယ်။

ဟုတ်တော့ဟုတ်တယ်။ ကျမတို့ လူတွေကို
ကူညီတယ်။ ပြီးတော့ တခုခုပြန်တောင်းတယ်။
ရရင်ပျော်တယ်။ မရရင် မကျေနပ်ဘူး။

" စပ်စုတယ်..မထင်ပါနဲ့နော်၊
ဦးလေးက တကယ်အရူးလား "

ကျမစကားကိုလည်းကြားရော....
တဟားဟားနဲ့ ရယ်ပါတော့တယ်၊
အကြာကြီးကို ရယ်မောနေတာ။

" ငါ့ကိုများ အရူးလားတဲ့ ၊
လူတိုင်း အရူးတွေဘဲ ဥစ္စာ "

ကျမစကားနဲ့ ကျမပြန်ခံလိုက်ရပြန်ပြီ။
သူက ကျမကို မျက်ထောက်နီကြီးနဲ့
ပြန်ပြီးစိုက်ကြည့်နေတယ်။

ကျမစိတ်ထဲမှာလည်း
သူ့ကို စကားဆက်ပြီးပြောချင်နေတယ်။
သူဘာတွေ ပြောမလဲဆိုတာကို
စိတ်ဝင်စားနေမိတယ်။

" ဦးလေးက ...
ဒီမီးပွိုင့် ရှေ့မှာ ပန်းကန်ပြားကြီးကို
တီး...တီးပြီး ဘာလုပ်နေတာတုန်း "

" အချက်ပြနေတာဟေ့ အချက်ပြနေတာ "

" ဒီလမ်းက လူတိုင်းသွားရမဲ့လမ်း "
သူ့စကားကို ကျမနားမလည်ဘူး။
သူက ဆက်ပြောတယ်။

" ငါ....မော်တော်ကားတွေကို
ရေတွတ်နေတာ "

" ဒီလောက်များတဲ့ ကားတွေကို
ဦးလေးရေတွတ်နိုင်လို့လား "

" ငါက...အသုဘကားတွေကိုမှ
ရွေးပြီးရေတွတ်တာကွ ။
နေ့တိုင်း အစီး၅၀လောက် ရှိတယ်။ "

Credit

တခါတလေ ကိုယ်နေတတ်သလို နေတာကလည်းအများအမြင်မှာ ဖင်ခေါင်းကျယ်သလို ဖြစ်နေတတ်ပါတယ်''))Crd
17/05/2024

တခါတလေ ကိုယ်နေတတ်သလို နေတာကလည်း
အများအမြင်မှာ ဖင်ခေါင်းကျယ်သလို ဖြစ်နေတတ်ပါတယ်''))

Crd

17/05/2024

ရေချောင်းသွား

Address

Kawkareik

Website

Alerts

Be the first to know and let us send you an email when 𝐀𝐮𝐧𝐠𝐍𝐚𝐢𝐧𝐠𝐎𝐨 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share