Htang Mai Lasham

Htang Mai Lasham ပျော်‌ပျော်ဘဲ နေတတ်တယ်

Permanently closed.
အရာရာတိုင်းဟာ  ကိုယ်ဖြစ်ချင်သလို ဖြစ်နေရင်ကိုယ်လိုချင်တဲ့ အရာ အားလုံးရနေရင် ကိုယ့်ရဲ့ နေ့ရက်တိုင်းက ပျင်းစရာ ကောင်းနေရင်...
04/02/2025

အရာရာတိုင်းဟာ ကိုယ်ဖြစ်ချင်သလို ဖြစ်နေရင်
ကိုယ်လိုချင်တဲ့ အရာ အားလုံးရနေရင်
ကိုယ့်ရဲ့ နေ့ရက်တိုင်းက ပျင်းစရာ ကောင်းနေရင်
ကိုယ့်ရဲ့ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝ က စိန်ခေါ်မှုတွေ မရှိနေခဲ့ဘူးဆိုရင်

အဲ့တာက ကိုယ်လိုချင်တဲ့ ဘဝ မဟုတ်တော့ပါဘူး

ဘာဖြစ်လို့လဲဆိုရင် ကိုယ်နားလည်တာကဘဝ ဆိုတာ ‌စိန်ခေါ်မှုတွေ ပြည့်နှက်နေပြီးတော့ နေ့စဉ်နှင့်အမျှ မတူညီတဲ့ အတွေ့အကြုံတွေနဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ တည်ဆောက်ထားတဲ့ တိုက်ပွဲ တစ်ခုဘဲလေ

နေ့စဉ် ကြုံတွေ့နေ့တဲ့ မတူညီတဲ့ လူတွေ
ကိုယ်နဲ့ အဆင်ပြေတဲ့လူဖြစ်စေ ၊ မပြေတဲ့လူဖြစ်စေ
ကိုယ်ကြုံတဲ့ အခက်အခဲ ပြသာနာ တွေလည်း ကိုယ့်ကို ဘဝ ပညာ တွေ အဆက်‌မပြတ်ပေးနေတဲ့ သူတွေပါဘဲ

လက်ရှိ ကြုံနေရတဲ့ အရာအားလုံးက နောင်တစ်ချိန် ကိုယ့်ကို ပြန်ပြီး နောင်တ မရဖို့ဘဲ အရေးကြီးတာ

ဖြစ်နေသမျှ အရာအားလုံးကို စိတ်ထဲ အရမ်းမထည့်ထားဘဲ ကိုယ့်ရဲ့ လက်ရှိ စိတ်ကို သေချာနားထောင်ပြီး သူ‌ဖြစ်စေချင်တဲ့ အရာအားလုံးကို
တတ်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေးဖို့က ကိုယ့်ရဲ့ တာဝန်ဘဲ

ဒါ့‌ကြောင့် ကိုယ့်ရဲ့ စိတ်ကို ဒီထက် နားလည်ဖို့ ပို ကြိုးစားရအုံးမယ် 🤍🤍🍀

4.1.2025 🤍🤍🍀

08/01/2025

Peace of mind 🤍🤍🍀

နေ့ရက်တိုင်းကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်လို့ အပျော်ဆုံး ဖြစ်‌အောင်နေတယ်ကိုယ့်အတွက် Toxic ဖြစ်တဲ့သူတွေနဲ့ ဝေးဝေးနေပြီး...
06/01/2025

နေ့ရက်တိုင်းကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်လို့

အပျော်ဆုံး ဖြစ်‌အောင်နေတယ်

ကိုယ့်အတွက် Toxic ဖြစ်တဲ့သူတွေနဲ့ ဝေးဝေးနေပြီးတော့ ကိုယ် သက်သောင့်သက်သာ အဖြစ်ဆုံး ပုံစံနဲ့ နေထိုင်တတ်လာတယ်

အဲ့ဒါတွေ အားလုံးက ကိုယ့်အတွက်ဘဲ

6.1.2025 🤍🤍

04/01/2025

Noodles Vlog လေးပါ 😬

နေ့ရက်တိုင်းက အကောင်း‌ဆုံးနေ့ ဖြစ်သလို ‌ကိုယ်ဖြတ်သန်း‌ နေတာကိုလည်း အမှတ်တရအဖြစ် ကျန်ရစ်အောင် Vlog လေး ရိုက်ထားခြင်း ဖြစ်ပါတယ် 😍

Everyday is perfect with God 🤍🤍

4.1.2025 ☺️☺️

06/12/2024

ရိုက်ဖို့ အစီအစဉ် မရှိဘဲနဲ့ ရိုက်ဖြစ်သွားတာလေး 🫢

နေ့ရက်တိုင်းက Blessing Day ပါဘဲ 😍🩶

29/11/2024

ကိုယ်နေ့စဉ် ဖြတ်‌သန်းနေတဲ့ အချိန်တိုင်း ၊ နေရာတိုင်းမှာ အမှတ်တရဆိုတာ ရှိကို ရှိသင့်တယ်လေ

ကိုယ်နေလို့ သက်တောင့်သက်သာဖြစ်တဲ့ နေရာလေးမှာ နေပြီး အမှတ်တရလေးကို ဖန်တီးရတာ ပို ကြိုက်လာတယ်

ဖြစ်နေတဲ့ မိနစ်တိုင်း စက္ကန့်တိုင်း နာရီတိုင်းကို တန်ဖိုးထားတတ်လာတယ်

စိတ်လည်း ကြည်လာပြီး နေရတာ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတယ်

ကိုယ့်ရဲ့ ဆက်ဆံရေးက ကိုယ့်‌အပေါ်ကောင်းတဲ့လူကို ပိုကောင်းအောင် ဘယ်လိုဆက်ဆံရမလဲဆိုတာ စဉ်းစားပြီးတော့ မကောင်းတဲ့သူတွေကိုလည်း လျစ်လျူရှုတတ်အောင် ပိုကြိုးစားရမယ် / ရိုးရိုးရှင်းရှင်းလေးပါ

နေ့ရက်တိုင်းကို အလှဆုံးဖြစ်အောင် အသက်ရှင်နေမှာ 🤍🤍

အမရဲ့ Birthday moment မှာပေါ့ ❤️
24.11.2024

29.11.2024 ❤️❤️

26/11/2024

HOME MADE ကောက်ညှင်းလေး 😄

18/11/2024

Trend ဖြစ်နေတဲ့ ယာကွန်ဥ ( ခ ) ‌‌ ရေကန်စွန်းဥ တကယ်ရော စားကောင်းလား 🫠

Video ရိုက်ရင်းနဲ့ ခွီးနေရ 😜😄

16/11/2024

တစ်နေ့တစ်နေ့

ပေါ့ပေါ့ပါးပါး နေတတ်အောင်
သင်ယူနေတဲ့ ကောင်မလေး ပေါ့ ❤️❤️

16.11.2024 🤍

ဘဝလမ်းခရီး လျှောက်ရင်း ၊အခက်ခဲပေါင်းစုံ ၊ ရွေးချယ်မှုအများကြီးထဲ အားတင်းပြီးလျှောက်လှမ်းနေခဲ့‌တာတောင်မှ ၊လမ်းတစ်ဝက်မှာ ၊...
14/11/2024

ဘဝလမ်းခရီး လျှောက်ရင်း ၊
အခက်ခဲပေါင်းစုံ ၊
ရွေးချယ်မှုအများကြီးထဲ
အားတင်းပြီးလျှောက်လှမ်းနေခဲ့‌တာတောင်မှ ၊

လမ်းတစ်ဝက်မှာ ၊
ကိုယ့်လျှောက်တဲ့လမ်းက ၊
မထင်မှတ်ဘဲ အရမ်း ခက်ခဲလာတဲ့ချိန် ၊
ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းက မှားများမှားနေခဲ့တာလား ဆိုပြီး ၊
ကိုယ့်ကိုယ်ကိုယ် သံသယ စိတ်နဲ့ ရှင်သန်နေရင်း ၊

' ငါ ' သိပ်ချစ်ရတဲ့ ' ငါ့ ' မိသားစု အတွက်ဆိုပြီး ၊
ကြိုးစားရုန်ကန်နေမှာဘဲ ဆိုပြီး ၊
သန်မာချင်ယောင်ဆောင်ကြတဲ့ လူငယ်လေးတွေရဲ့ ' ငါ ' ဆိုတဲ့ မာနလေးပေါ့ .........

14.11.2024
HTANG HTANG

02/11/2024

Simple Life 🧬⭐😻

Address

Kutkai

Telephone

+959772035357

Website

Alerts

Be the first to know and let us send you an email when Htang Mai Lasham posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share