𝐇&𝐇 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭

𝐇&𝐇 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 𝐇&𝐇 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭

အသက် ၁၅ နှစ်လောက်က ထင်ခဲ့တာ.....အသက် ၂၀ ကျော်သွားရင် လူတွေက အလုပ်ကောင်းကောင်းတစ်ခုနဲ့ ဘဝမှာအထိုင်ကျပြီး၊ကိုယ်ဘာလုပ်နေလဲဆ...
10/08/2024

အသက် ၁၅ နှစ်လောက်က ထင်ခဲ့တာ.....

အသက် ၂၀ ကျော်သွားရင် လူတွေက
အလုပ်ကောင်းကောင်းတစ်ခုနဲ့
ဘဝမှာအထိုင်ကျပြီး၊

ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သေချာသိပြီး၊ ကိုယ့်အလုပ်ကိုယ် ကျွမ်းကျွမ်းကျင်ကျင်နဲ့ တစ်ဘဝလုံး အေးဆေး တစ်ဖြောင့်တည်းတည်တည်ငြိမ်ငြိမ်ဖြတ်သန်းသွားကြမှာပဲလို့ ..

အခု ကိုယ့်ဘာသာ ၂၅ ကျော်လာမှသိတယ်
ဘာမှလည်းဖြစ်မလာဘူး၊ ဘာလုပ်နေမှန်းလည်းမသိဘူး၊
ဘာဆက်ဖြစ်မယ်မှန်းလည်း မသိဘူး၊
ဘာမှလည်း မသေချာသေးဘူး ..

🤍 10.8.2024

My Fri ; သားရီး ... ဒီနေ့ စနေနေ့ ... မအားရင် ကလေးပါခေါ်ခဲ့ ... 🍻Me ; :(
03/08/2024

My Fri ; သားရီး ... ဒီနေ့ စနေနေ့ ... မအားရင် ကလေးပါခေါ်ခဲ့ ... 🍻
Me ; :(

02/08/2024

လက်ရှိဓာတ်ဆီများတန်းစီနေတဲ့မြင်ကွင်း😪

#ရွေဘိုမြို့မြင်ကွင်းဖြစ်သည်
゚ ゚viralシ
#ဓာတ်ဆီ #ရွေဘို

ဒီကောင်တွေကွာ 🤢
02/08/2024

ဒီကောင်တွေကွာ 🤢

ဝယ်ထားသင့်ပြီ 😎😎
02/08/2024

ဝယ်ထားသင့်ပြီ 😎😎


🙄🤣🙄
01/08/2024

🙄🤣🙄

01/08/2024

မျက်ဝန်းမှာ သိမ်ငယ်စိတ်တွေ တွေ့နေရတယ်‌ဗျာ 😥😥

&hentertainment


စည်းစိမ် ချမ်းသာမှုတွေ မရှိပေမဲ့ အိမ် ဆိုတဲ့နေရာလေး သမီးအရမ်းလွမ်းတယ် မေမေ💔
01/08/2024

စည်းစိမ် ချမ်းသာမှုတွေ
မရှိပေမဲ့ အိမ် ဆိုတဲ့နေရာလေး သမီးအရမ်းလွမ်းတယ် မေမေ💔

ငယ်တုန်းကပိုက်ဆံမရှိတော့ဘူးလို့မိဘကိုအမြဲညာတတ်တယ်။ကြီးလာတော့ပိုက်ဆံရှိသေးတယ်ဆိုပြီးမိဘကိုအမြဲညာပြန်တယ်။ငယ်တုန်းကမိဘပိုက်...
01/08/2024

ငယ်တုန်းက
ပိုက်ဆံမရှိတော့ဘူးလို့
မိဘကိုအမြဲညာတတ်တယ်။

ကြီးလာတော့
ပိုက်ဆံရှိသေးတယ်ဆိုပြီး
မိဘကိုအမြဲညာပြန်တယ်။

ငယ်တုန်းက
မိဘပိုက်ဆံနဲ့ မိဘက
ပစ္စည်းဝယ်ခိုင်းရင်
ဈေးအမြဲ ပိုပြောတတ်တယ်။

ကြီးလာတော့
ကိုယ့်ပိုက်ဆံနဲ့ မိဘကို
ပစ္စည်းဝယ်ပေးတတ်လာတော့
ဈေးအမြဲ လျော့ပြောပြန်တယ်။

ငယ်တုန်းက
အခက်အခဲနည်းနည်းမရှိလိုက်နဲ့
ရှိတာနဲ့အိမ်ပြန်ရောက်တာနဲ့ ငိုယိုပြီး
မိဘကိုတိုင်တန်းတတ်တယ်။

ကြီးလာတော့
အပြင်မှာအဆင်မပြေလေ
အိမ်ရောက်ရင်ပြုံးလေပဲ

ကိုယ်ကတဖြည်းဖြည်းနဲ့
ရင့်ကျက်လာသော်လည်း
မိဘတွေကျတော့အိုးမင်းရင့်ရော်သွားပြီ
မေမေ အသက်ရှည် ကျန်းမာပါစေ🙏🙏🙏




အရင်လိုသူများကို အားကိုးစရာမလိုတော့ဘဲ ကိုယ်ပိုင် brand ပစ္စည်းထုတ်ကာ မောင်နှမ မိသားစုအတွက် ရိုးသားစွာကြိုးစားနေတဲ့ ဂျမ်း...
31/07/2024

အရင်လိုသူများကို အားကိုးစရာမလိုတော့ဘဲ ကိုယ်ပိုင် brand ပစ္စည်းထုတ်ကာ မောင်နှမ မိသားစုအတွက် ရိုးသားစွာကြိုးစားနေတဲ့ ဂျမ်းတောလေး


#ဂျမ်းတော

#ကိုကျော်စွာ

ပြင်ပ ဒေါ်လာတန်ဖိုး မြင့်တက်ချိန် စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရန် လိုအပ်သော ဒေါ်လာများ ရောင်းမပေး သည့်အပြင် ဆီစ...
31/07/2024

ပြင်ပ ဒေါ်လာတန်ဖိုး မြင့်တက်ချိန် စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရန် လိုအပ်သော ဒေါ်လာများ ရောင်းမပေး သည့်အပြင် ဆီစျေးနှုန်းကို အနိမ့်စျေးဖြင့် ဆက်ရောင်းခိုင်းနေ၍ ဆီပြတ်လပ်မှု ပြန်ဖြစ်နိုင်ဟု ဆီကုန်သည်များပြော

ရန်ကုန်၊ ဇူလိုင် ၃၀

စစ်ကောင်စီက ဝန်ထမ်းအားလုံး လစာတိုးမြှင့်လိုက်မှု၏ နောက်ဆက်တွဲ ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးများ မြင့်တက်လာချိန် ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာများ ရောင်းချမပေးသည့်အပြင် ဆီစျေးနှုန်းကိုပါ အနိမ့်စျေးဖြင့် ဆက်လက်ရောင်းချခိုင်းနေ၍ ဆီကုန်သည်များ အခက်တွေ့နေရကြောင်း စက်သုံးဆီတင်သွင်းသူ အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၂၃၀ အထိမြင့်တက်လာချိန် စစ်ကောင်စီက စက်သုံးဆီ တင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာများကို အပြည့်အ၀ ရောင်းချပေးခြင်းမရှိတော့ကြောင်း၊ ထို့ပြင် စက်သုံးဆီစျေးနှုန်းများကိုလည်း မြင့်တက်လာသော အမေရိကန်ဒေါ်လာတန်ဖိုးနှင့်အညီ လိုက်လံ တက်ပေးခြင်းမရှိဘဲ စစ်ကောင်စီသတ်မှတ် ဒေါ်လာငွေလဲနှုန်းဖြင့်သာ တွက် ချက် ရောင်းချမှုများ လုပ်ဆောင်နေသဖြင့် စက်သုံးဆီတင်သွင်းသူများ အခက်တွေ့နေရကြောင်း၊ လက်ရှိ သီလဝါတွင် စက်သုံးဆီ တင်သွင်းရန် အခက်အခဲ ဖြစ် ပေါ်နေပြီး ဆီမထုတ်ပေးနိုင်မှုများရှိနေကြောင်း သိရှိရသည်။

"အခု ဗဟိုဘဏ်က ဆီတင်သွင်းဖို့ ဒေါ်လာ ရောင်းမပေးနိုင်တော့ပြန်ဘူး။ ပြီးတော့ စက်သုံးဆီတွေကို ပြင်ပက ဒေါ်လာဝယ်ပြီး သွင်းလာတာကိုလည်း ဗဟိုဘဏ်သတ်မှတ် ဒေါ်လာစျေးနဲ့ ဆီစျေးနှုန်း သတ်မှတ်နေတာကိုလည်း မပြင်ပေးဘူး။ အပြင်မှာက ဒေါ်လာက တအားကို တက်နေတာ။ မုန့်လုံးကို စက္ကူကပ် ဒီပြဿနာပဲ ခဏခဏ ပြန်ပြန် ကျော့ပြီးဖြစ်နေတယ်။ ဒေါ်လာလည်း ရောင်းမပေးဘူး။ ရောင်းမပေးလို့ ပြင်ပပေါက်စျေးနဲ့ ဆီသွင်းတော့လည်း ဆီစျေးနှုန်းကို အနိမ့်စျေး သတ်မှတ်ထားတယ်။ အခု ဆီတွေ ထပ်ပြတ်လပ်နိုင်တယ်။ အခု သီလဝါမှာ စက်သုံးဆီတွေ လုံလုံလောက်လောက် ထုတ်မပေးနိုင်ပြန်ဘူး" ဟု စက်သုံးဆီတင်သွင်းသူတစ်ဦးက ပြောဆိုသည်။

လတ်တလော စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာ ၂၆၃၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၇၅၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားပြီး ယင်းစျေးနှုန်းဖြင့် ဆက်လက်ရောင်းချနေရသည့်အတွက် စက်သုံးဆီတင်သွင်းသူ များ အရှုံးပေါ်နေကြောင်း သိရှိရသည်။

လက်ရှိ စက်သုံးဆီဆိုင်တချို့တွင် 92နှင့် 95 ဓာတ်ဆီများ ပြတ်လပ်ခြင်း၊ စျေးနှုန်း အကန့် အသတ်ဖြင့် ဆီရောင်းချခြင်းများဖြစ်ပေါ်နေပြီး တချို့ ဆီဆိုင်များတွင် ကားများ တန်းစီ၍ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ပြန်လည်ဝယ်ယူနေရမှုများရှိနေကြောင်း သိရှိရသည်။

"မနေ့ညနေနဲ့ ညပိုင်း ဆီလိုက်ဖြည့်ရတာ တော်တော်ခက်သွားတယ်။ အခုမနက်တော့ အရမ်းတော့ မကျပ်သေးဘူး။ ကျနော်ဖြည့်လာတာ ရှေ့မှာ ကား အစီး ၂၀ လောက်တော့ တန်းစီလိုက်ရတယ်။ 92 ဓာတ်ဆီကို သုံးသောင်းဖိုးပဲ ရောင်း ပေးတယ်" ဟု ယခုနံနက်ပိုင်း လှိုင်မြို့နယ်၊ ရွာမကွေ့ရှိ မြတ်မေတ္တာမွန် (MMTM) စက်သုံးဆီ အရောင်းဆိုင်တွင် ဆီထည့်ခဲ့သည့် အငှားယာဉ်မောင်း တစ်ဦးက ပြောဆိုချက်အရ သိရှိရပါသည်။

ဓာတ်ပုံ- ရန်ကုန်၊ မြေနီကုန်းရှိ SPC စက်သုံးဆီအရောင်းဆိုင်ကို ယနေ့ နံနက်ပိုင်း မြင်တွေ့ရစဉ်။


30/07/2024

Kpay တွေ Note ထည့်ရေးမှ
လွှဲလို့ရပါတော့တယ်

Note ရေးတဲ့အခါ လွှဲတဲ့သူရဲ့ Name ကို
ရေးထည့်ပီး လွှဲခိုင်းကြပါ

ဒါမှ Kpay အပိတ်ခံရတာမျိုးကြုံလာရင်
ဖြေရှင်းရလွယ်ကူပါလိမ့်မယ်။

ရေးတဲ့ အခါမှာ ဘာမှမရေးတတ်ရင် shopping တို့ Buy တို့ အဲ့လို အလွယ်လေးရေးလည်းရပါတယ်

စသလိုနောက်သလိုနဲ့ ပေါက်ကရတွေရေးရင် မသင်္ကါရင် acc ပိတ်ခံရနိုင်ပါတယ်

အဲ့ကျရင် ဘဏ်သွားဘာညာအလုပ်ရူပ်လို့ Note ရေးရင်ဂရုစိုက်ပါ သူငယ်ချင်းတို့

အချင်းချင်းစနောက်ရေးသားတာတွေဆင်ခြင်ကြပါနော်



Address

Kyaukme

Telephone

+959797797580

Website

Alerts

Be the first to know and let us send you an email when 𝐇&𝐇 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share