
23/03/2024
အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားရေ မိုင်းကို နင်းမိလို့ ကျောက်ဖြူဒေသခံ တယောက်သီဆုံး၊ တယောက်ဒဏ်ရာရ
APM၊ မာ့ချ် ၂၃/၂၀၂၄
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်မာ မာ့ချ် ၂၂ ရက်နိ၊နိခင်း ၁၂ နာရီအချိန်လောက်က အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားရေ မိုင်းကို နင်းမိလို့ အာရက္ခပြည်သူတယောက်သီဆုံးလားပြီးကေ၊ တယောက်ပြင်းထန်ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားခလူမာ ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊ အုန်းတောရွာ၊ ဝတ်ဆံထောင့်က ဦးဇော်ဇော်(၄၅ နှစ်)နန့် ဒဏ်ရာရလားလူကတော့ တရွာတည်းနီ ဦးဝင်းနိုင်စိုး (၃၅ နှစ်)ရို့ဖြစ်ကတ်ပါရေ။
မာ့ချ် ၂၂ ရက်နိ၊ နိခင်း ၁၂ နာရီလောက်က ဦးဝင်းနိုင်စိုးစွာ အုန်းတောရွာနန့် ပြိုင်းစေ့ကေရွာကြား ဂြင်းတက်တောင်မာ ဟင်းရှာလားချိန်၊အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားရေ မိုင်းကို နင်းမိခစွာလို့ ရွာသားတိက ပြောပါရေ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦးဝင်းနိုင်စိုး၏ ညာဖက်ခြီထောက် ပြတ်ထွက်လားခရေလို့ဆိုပါရေ။
ယင်းညာခြီထောက်ပြတ်ထွက်လားရေ ဦးဝင်းနိုင်စိုးကို နိခင်း ၂ နာရီ၊ မိနစ် ၄၀ အချိန်မာ ဦးဇော်ဇာ်က လားယူရာ ဦးဇော်ဇော်လည်း နောက်ထပ်မိုင်းတလုံးကို နင်းမိပနာ ယင်းနီရာမာပင် ဂွင်ချင်း သီဆုံးလားစွာဖြစ်ပါရေ။
လက်ဟိမာ ညာခြီထောက်ပြတ်ထွက်လားရေ ဦးဝင်းနိုင်စိုးကတော့ ကျောက်ဖြူခရိုင်ပြည်သူ့ဆီးရုံမာ ဆီးကုသမှု ခံယူလျက် ဟိကြောင်းသိရပါရေ။
Website Link»
https://arakanprincess.media/?p=25046