SOE's memo

SOE's memo Don't try to Know why💪

ေမာနေတဲ့ကြားက ပြေးနေတဲ့စိတ်မြို့ပြကြီးကမွမ်းကျပ် ၊တောနေတွေပါထူထပ်နေတဲ့ ကာလလူတွေအကြောင်းနားလည်လာသလောက်လူတွေနဲ့ဝေး သထက်ဝေး...
27/02/2026

ေမာနေတဲ့ကြားက ပြေးနေတဲ့စိတ်

မြို့ပြကြီးကမွမ်းကျပ် ၊တောနေတွေပါထူထပ်နေတဲ့ ကာလ
လူတွေအကြောင်းနားလည်လာသလောက်လူတွေနဲ့ဝေး သထက်ဝေး လာတယ် ........လေ. ။

သံသယ တွေနဲ့ လုံးထွေး....နေတော့
ပြေးစရာမြေမရှိတော့သလို
ရှူစရာလေမရှိတော့သလို
ခိုဝင်စရာအရိပ်က ပျောက်သွားသလို
လူတွေထဲက လူတွေဟာပဲ သိပ်.....ကြောက်စရာ.....။

ထိခိုက်အနာရနေတဲ့ စိတ်အတွက်
ဘယ်လို ကုစားရမလဲနဲ့ မှားယွင်းတဲ့ ထွက်ပေါက် ဟာလည်း ရှိခဲ့​ပြန်တယ်..... ။

ပိုဆိုးတာက လှဲကျပီး ပြန်မထနိင်မှာ စိုးတာ
အမှား ကို ပြန်သုံးသပ် အမှားမှန်း သိသွားတာ
မှားယွင်းပီး ပေါင်းသင်းမိတတ်တာ
ရှာနေရင်းနဲ့မှကိုယ့်ပုံစံ ပါ ဆိုပီး ပုံစံ ပျက်သွားတာ.....

ဖြစ်ချင်တာထက်ဖြစ်သင့်တာဦးစားပေးရမယ်တဲ့ လား....။

ဖြစ်သင့်တာပါဖြစ်မလာတဲ့ အခါ ကျ စက္ကန့်တိုင်းမှာ

စိတ်တွေလေးလံနေတယ်
အသက်ရှူရကျပ်နေတယ်
မျက်နှာဟာရှုံ့ မဲ့ နေတယ်
နေ့တစ်နေ့ ညတာဟာ ပုံမှန် ထက် ပိုရှည်နေတယ်
ရင်ဘက်ထဲက ကာလတာရှည်အောင့်နေတတ်တာရယ်.....။ သက်ပြင်းအရေအတွက် ပို..ပို တိုး လာခဲ့တယ်။🙁
's

Strong women, Independence women ရို့ကို လေ့လာကြည့်သလောက်Strong ဖြစ် တေဆိုစော်စိတ်ရှည်စော် လို့ ပြောစော် အတိုချေ နဲ့ ပြေ...
08/02/2026

Strong women, Independence women ရို့ကို လေ့လာကြည့်သလောက်

Strong ဖြစ် တေဆိုစော်
စိတ်ရှည်စော် လို့ ပြောစော် အတိုချေ နဲ့ ပြောလို့ရပါရေ
ဇာပြသနာပင်ဖြစ် ဇာအခြေနေ ပင် ဖြစ် အဆိုးဝါးဆုံကြုံတွိ့နီရဂေတောင်
ပြာယာမခပ်ပဲ ငြိမ်ငြိမ်ချေနဲ့ အလုပ်ပြီးမြောက်လားစော် ခေါင်းအီးအီးနဲ့ ကျော်ဖြတ်နိင်စော်ကို ခေါ်စော် ပါလတ်

အစအန မရှာတတ်စော်မျိုးမဟုတ် ပြသနာ တိထဲက ထွက်ပြီးရေ မျိုးတိမလုပ် မိပဲ ကိုယ်ပုံစံက introvert extrovert နဲ့လည်း မဆိုင်ပါပဲနဲ့ ပြသနာ အခက်အခဲ တိကို ရင်ဆိုင်နိင်လိုက်တေ အေးဆေးတည်ငြိမ်မှု မျိုးပါ လတ်

Strong လို့ အော်နီပနါ ငိုယိုစော်၊ ဝမ်းနည်းစော်၊ ကြောက်စော်မျိုးတိ မရှိရ မျိုးမဟုတ်ပါ လတ်..... ငိုမိဖို့၊ ဝမ်းနည်းကြေ ကွဲ ရဖို့ ၊ ကြောက်တတ်တေ ဆိုစော်မျိုးတိ ရှိရပါရေ လတ်
ယေလဲ့ လုံးဝ ပုံစံ မပျက်ပဲ အလုပ် ဖြစ်မြောက်လားစော်ကို Strong လို့ခေါ်စော် ပါ လတ်.....

Independence Women တိမှာ အမှီအခိုကင်း ရေ ဆိုလို့
အကူညီ တိ ၊ဆွဲခေါ်ရေလူတိ Background တိ ပါ လား မပါ လား ဆိုခါ ?
အမှီခိုကင်းရေ လို့ ဆိုဂေလဲ့

တချို့ ဆွဲခေါ်ရေ လက်တိ ရှိလို့ သူများနဲ့ မတူပဲ ရှိကိုပိုရောက်လားစော်
ခိုင်မာရေ နောက်ခံ Background ဖြစ်ပီးနိင်လို့ တက်လမ်းဖြောင့်နီစော် လေ့တွိ့ရပါရေ
(မိဘ၊ မိသားစုဝင်တိ ၊ မိတ်ဆွေရင်းရှာ ၊ ချစ်ရရေလူ ၊ လင်ယောကျ်ား၊ အဖွဲ့အစည်းတစ်ခု၊ ) ရို့ထဲက ။ တစ်ခု မဟုတ် တစ်ခုကတော့ ရှိစမြဲ ဆိုစော်မျိုး တွိ့နီရပါရေ....

ယင်းမှာ 0 Zero က စပနာ တစ်ခုအကာအကွယ်လဲ့မရှိ Independence ဖြစ်ချင်ရေ ၊ Strong ဖြစ်ချင်ရေ ဆိုဂေ ကြိုးစားလို့ မရဗျာလ် လား လို့ ပြောရဂေ
1. စိတ်ဓာတ် ကြံ့ခိုင်မှု အပြည့်နဲ့
2. logic တိကို လေ့လာနိင် မှ
3. ကြိုးစားအားထုတ်မှု သူများထက် အဆများနီမှ လို့ ထင်မိပါရေ.... ။
ကိုယ်တိုင် ကြိုးစားနီတုန်း ဖြစ်လို့ လေ့လာမိသလောက် မျှဝီကြည့်စော်ပါ
အားလုံး မလျှော့သောဇွဲနဲ့ လိုအင်တိ ဖြည့်စွက်နိင်ဂတ်စီ 🙏

's
#ရခိုင်
#အမျိုးသမီး

17 January ,my Birthday တစ်နစ်လုံးခေါင်းကိုက်ခရရေ အေနစ်မွိးနိ့အတွက် Recommed, Affirmation &Birthday wishes လုပ်လိုက်တေ  ...
16/01/2026

17 January ,my Birthday
တစ်နစ်လုံးခေါင်းကိုက်ခရရေ
အေနစ်မွိးနိ့အတွက်
Recommed, Affirmation &Birthday wishes လုပ်လိုက်တေ
Recommed တစ်ဖြတ်
Happy Birthday စိုးဝေမိုး.......
ဂု အသက် ဂု စာမျက်နာ အထိ ကို ဂုဏ်ယူပါရေကောင်မချေ.......

နီလာယင်းနဲ့မှ အပြောင်းအလဲ တိုင်း ကို သင်ယူခွင့်ရလိုက် လို့ ကျေးဇူးတင်ရေ နန်း......

နောက်လှည့်ကြည့်ဂေ မေးခွန်းထုတ်စရာမလိုရေ မာနနဲ့ သိက္ခာ ( Boundries)တိ ကိုလဲ့ ချစ်တေ........

ဂုပုံစံ (type)က အစစ်အမှန် ဖြစ်လို့လဲ့ ကြိုက်တေ

ကိုယ်တိုင် ဖန်တီး တည်ဆောက် လို့ရခရေ ဆက်ဆံရေး တိုင်းကိုလဲ့ ကျေနပ်တေ...... ...

ဖြတ်လျှောက် ကျော်ဖြတ်ခရေ လောကဓံ
တစ်ခုစီ တိုင်းမှာ တော်ခရေ နန်း .........

ကိုယ့်ဘာကိုယ် တချို့ အမှားချေတိ နဲ့ တချို့ဆက်ဆံရေးတိထဲက ရုန်းထွက်လာနိင်စော်ကို သင့် ကျေးဇူးပါ.....

ဆုံးဖြတ်ချက် တိကို တစ်ယောက်တဲ့ ချရဲရေ သတ္တိ ကို လေးစားပါရေ .....

ကောင်းဖို့ ကြိုးစားလာရရေ တစ်လျှောက်လုံး ပင်ပန်းဂေလဲ့ မမူလို့
အားပီးပါရေ........နန်း


Affirmation တစ်ဖြတ်

အပူတပြင်းတိ ကြားထဲ အီးချမ်းဖို့ အစစ်အမှန် တိကို ကောင်မချေ မှာ ရှိနီစော် သိရေနန်း

ကိုယ့် မှု ကိုယ့်စည်း အတိုင်း လွတ်လပ်စွာ ဖြတ်သန်း နီ ထိုင် နိန် ရေ .........

တစ်သတ်မှတ်တည်း လားနီရေ လမ်းမဟုတ်သိ့ဂေလဲ့ ဦးစားပီး တိ ရှိရေ အတွက် ဖြောင့်အောင် လျှောက် နိင်ဖို့ လို့ ယုံကြည်ထားရေ.......
အဆိုးတိထဲကနီ အကောင်း ကို လေ့ ရှာတွိ့ တတ်တေ
ကိုယ့်ဘာကိုယ် အမြဲတမ်းRemind လုပ်လာလို့ ပုံစံ က Cool ဖြစ်လာရေ.........

(overthinking ) အတွေးများတတ်စော်က ကောင်းရေ အရာတိ ယူလာပီးရေလို့ စွဲစွဲ မြဲမြဲ လက်ကိုင်ထားရေ

ကိုယ့်ကိုယ်ကို အချိန်ပီး ဖြစ်တေ တစ်လျှောက် ကိုယ်စော် ဇာလဲ့ ပိုလို့ သိလာရေ ( Self Esteem မြင့်လာရေ)

စိတ်ထွက်ပေါက် အတွက် သဘာဝကျရေအရာတိက အထောက်အကူအပြုနိင်ဆုံး ဖြစ်တေ

အားနည်းချက် အားသာချက် သိနီရေတှကျ (Comfidence) ယုံကြည်မှု တည်ဆောက် နိင်ရေ

မိသားစုဝင်တိ ပါးက ရရေ ခွန်အားနဲ့ ရှိဆက်တိုးနိင်ခရေ.........ဆက်လို့ တိုး နိင်ဖို့ လို့ ယုံကြည်ပါရေ နန်း

Birthday wishes တစ်ဖြတ်
အေမွီးနိ့ ကစလို့ ကျန်နီသိ့ရေ ခရီး တစ်လျှောက်
ကောင်မချေ မှာ . ပျော်ရွှင် ရဖို့ အကြောင်းတိ နဲ့ ဝိုင်းရံ ဇီ ၊.......... ဖြစ်သမျှ ပြုသမျှ က ကောင်းရေ အရာတိ ဘက် ကို ဦးတည်ဇီ....ကိုယ့်ဘက်က ပီးရေ အရာတိ စစ်မှန်တိုင်း ပြန်ရ ဂေ လဲ့ စစ်မှန်ဇီ...............မလျှော့ တမ်းဇွဲနဲ့ ခရီးဆက်နိင် ဇီ............မှု မှန်ဇီ............ရှင်သန် ရဖို့ က ကောင်းရေ ရပ်ဝန်းဖြစ်ဇီ.......... ရည်ရွယ်သမျှ အကောင်အထည် ပေါ် ဇီ............. ခွန်အားနဲ့ ရှိဆက်နိင်ဇီ.............မေတ္တာ ဓာတ်ခံ နဲ့ အကြည်ဓာတ် တိုးဇီ....

ယလောက်ရာ🤪

ဒီနစ်ကုန်မယ်ဆိုတော့ ..........   ကိုယ့်ရဲ့ ​ကြိုးစားမယ် ဆိုတဲ့ နောက် မှာ ဆုံးဖြတ်ချက် တစ်ခုလေးကြောင့် နစ်တစ်ဝှက်လောက်ကို...
15/01/2026

ဒီနစ်ကုန်မယ်ဆိုတော့ ..........

ကိုယ့်ရဲ့ ​ကြိုးစားမယ် ဆိုတဲ့ နောက် မှာ
ဆုံးဖြတ်ချက် တစ်ခုလေးကြောင့်
နစ်တစ်ဝှက်လောက်ကို အာရုံတွေထွေပြားစေခဲ့တယ်
အမေနဲ့ အဖေ ကို သောကတွေရောက်စေခဲ့တယ်
ငွေရေး ကြေးရေး ထိခိုက် ခက်ခဲ ခဲ့တယ်
ဆက်ဆံရေး တွေ မလိုပဲ ရပ်ပစ်ခဲ့ရတယ်
အဖေက ကျန်းမာရေး ထိခိုက်လာ တယ်
လုပ်နိင်မယ်ထင်ပီး မလုပ်နိင် ပြန်တဲ့ အရာတွေနဲ့ လုံးချာနေတော့ လက်လျှော့ခါနီး ဖြစ်နေခဲ့တယ်
အဲ့မှာ ....."ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရ နေကြရင် ဗုဒ္ဒ က ဒုက္ခ ကို ဘယ်ဟောခဲ့မလဲ '' ... ..လို့ ပြောကြတယ်လေ

ဘဝရဲ့ ရှေ့ရှောက် နောက်မှာ ဘလို ဒုက္ခ မျိုးက ဆီးကြိုနေလဲတော့မသိ ပါ ဘူး ။ ဒါပေမယ့် ဒီ 2025 ဟာ ရုန်းရင်းဆန်ခတ်နဲ့ ပြိုလှဲခဲ့ရတယ် ။

ဒီလိုခက်ခဲတဲ့ အချိန်မှာပဲ... ကိုယ်လုပ်စရာရှိတာ လုပ်နေခဲ့တယ် ပဲ ပြောရမလား.....

ဘယ်သူ့ဆီကမှ မျှော်လင့် တာမျိုးမလုပ်ဖူး
ဘယ်သူ့ကိုမှ ဘာအတွက်ကြောင့်မှ အပြစ်မတင်ဘူး
ရှိတဲ့ ခွန်အားနဲ့ ရှေ့ဆက်နိင်မဲ့ လမ်းတွေ ရှာဖွေတယ်
ပေးကမ်းနိင်တဲ့ အရာတွေ အတွက် ဲလက်မနှဲ ဘူး
ဘာကြောင့် ဆိုတာ ထက် ကိုယ့်ဘာကိုယ် ပဲ အမှားရှာရင်း
ဘာတွေပဲ ကြုံရကြုံရ ကိုယ့်ရဲ့ ကိစ္စ က သူများ ကိစ္စ ဖြစ်မသွားတတ်ဘူးလေ ..တိတ်ဆိတ်စွာပဲ အဖြေရှာ ခဲ့တယ်
အဲ့တော့. ကိုယ်ပါပဲ
it's ok
Goona be fine .....

လူတွေက ပြောကြလေ့ရှိတယ်.......အရာရာတိုင်းမှာ Timing ဆိုတာ ရှိတယ် တဲ့...။ကြိုးစား တိုင်း ဖြစ်ချင်တာ ဖြစ်မလာတဲ့အခါလှဲကျပီး ...
21/12/2025

လူတွေက ပြောကြလေ့ရှိတယ်.......
အရာရာတိုင်းမှာ Timing ဆိုတာ ရှိတယ် တဲ့...။

ကြိုးစား တိုင်း ဖြစ်ချင်တာ ဖြစ်မလာတဲ့အခါ
လှဲကျပီး ဘာမှ မသေချာတော့တဲ့အခါ
ချစ်တဲ့သူ​တွေဆီက ဝေးကြရတဲ့အခါ
ဝင်ငွေတွေ မမြဲပဲ ရုန်းကန်ကြရတဲ့အခါ

အဲ့တာ Timing မကိုက်သေးလို့ ပေါ့..... ကိုယ်ရဲ့ အချိန်ဆိုတာ မဟုတ် သေးလို့ ကောင်းတဲ့အရာတွေ ​ကိုယ့်ဆီ မရောက်သေးတာ ပါ တဲ့.......

အဲ့လို Timing ( ကိုယ့်အတွက်ဆိုတာတွေ)က
ကျွန်မတို့ ကိုယ်ဘယ်အရာတွေ ကို တစ်စိုက်မတ်မတ် invest လုပ်လာလည်း ဆိုတာ အဓိက မေးခွန်းထုတ်စရာပါ...။
ကိုယ့်အတွက် Timing ဆိုတာ ဟာ ဒီအတိုင်း Comfort Zone ထဲ နေနေရုံနဲ့ အလွယ်တကူရလာမယ့် အရာမျိုးတွေ မဟုတ် ဘူး လို့ ထင်ပါတယ် ။
အဲ့ဒါ ကြောင့်
တစိုက်မတ်မတ်(invest) အားထုတ်လာတဲ့ အရာတွေ ရှိမယ် သာ ဆိုရင်
ကိုယ့်အတွက် Timing ဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်လာမှာ ပါ.......။
ကိုယ်ဘာကိုလိုချင်လဲ့ သိပီးတော့
investment လုပ်ပီး ကြိုးစားနိင်ကြပါစေ....။
SOE's
's

ဒါဏ်ရာတဲ့....      အနာမှန်းမသိပါပဲ လည်း.......         မသိစိတ်ထဲ အလိုလိုဖိသပ်.......           နာကျင်မှုနဲ့ အသားကျချင်တာ...
04/12/2025

ဒါဏ်ရာတဲ့....
အနာမှန်းမသိပါပဲ လည်း.......
မသိစိတ်ထဲ အလိုလိုဖိသပ်.......
နာကျင်မှုနဲ့ အသားကျချင်တာ ထင်ပါရဲ့........
SOE
's

နုတ်ထွက်စကား ၃ ခွန်း 1.ကောင်းဖို့ အတွက် ဖြစ်လာတယ် 2.အချိန်တစ်ခု ပါပဲ3.ဘဝ တစ်ခုလုံး မှမဟုတ်တာ အံ့မယ်.......ခလုတ်တိုက် ချေ...
29/11/2025

နုတ်ထွက်စကား ၃ ခွန်း

1.ကောင်းဖို့ အတွက် ဖြစ်လာတယ်
2.အချိန်တစ်ခု ပါပဲ
3.ဘဝ တစ်ခုလုံး မှမဟုတ်တာ

အံ့မယ်.......ခလုတ်တိုက် ချော်လဲ ရင်တောင် အဲ့ ၃ခွန်း ထွက်လာသေး🤫
SOE's

ခြေလှမ်းတွေ မပျက် အပြုံးလေးနဲ့ ရှေ့ဆက်နိင်တယ် ဆိုတာ  ......ကိုယ်က ဒီလိုလေးတွေ လုပ်လေ့ရှိတယ် 1.သင်ယူလိုစိတ်ရှိ ပီး (lesso...
26/11/2025

ခြေလှမ်းတွေ မပျက် အပြုံးလေးနဲ့ ရှေ့ဆက်နိင်တယ် ဆိုတာ ......ကိုယ်က ဒီလိုလေးတွေ လုပ်လေ့ရှိတယ်
1.သင်ယူလိုစိတ်ရှိ ပီး (lessons learn)လုပ်မယ်
2. နှစ်ခါပြန် မမှား ဘူး
3. ပြန်လည်သုံးသပ် တတ်ရမယ်(self reflextion)
4.တာဝန်ယူတတ်ရမယ် ( Self responsibility)
5. ထိန်းချုပ်တတ်ရမယ် (Self Control)

1. လူတိုင်း ဘဝမှာ တစ်ကြိမ် တစ်ခါလောက်ကို မှားတတ်ကြတာပဲတဲ့ ဖြစ်ရပ်တိုင်းမှာ သင်ယူ မယ်နော်
တစ်ခုဖြစ်ပီးသွားတိုင်း သင်ယူလိုစိတ်သာရှိ ........
ဆုံးရှုံး သွားတာမျိုး၊ ပြန်မရတော့ပါဘူး ဆိုတဲ့ အတွေးမျိုး တွေ အစား ဘာတွေက သင်ယူလိုက်တာ ၊ဘာတွေကတော့ သင်ခန်းစာ ဆိုပီး ကိုယ့်ဘဝ အတွက် တန်ဖိုးတွေ ကျန်နေခဲ့မှာ ပါ.......

2. မှားတယ် ၊ ကြီးကြီးမားမား လည်းရှိမယ် အသေးအမွား လည်း မှားကြမယ်...... မှားသွားပါစေ .......ဒါပေမယ့် နောက်တစ်ခါ ပုံစံတူ မမှားဘူး ဆိုတဲ့ မာနနဲ့ သိက္ခာ မျိုး သာရှိ.... အဲ့မှာ ဘဝက ရှေ့လျှောက် အမှားနည်းပီး ပျော်ရွှင် ရမှာပါ.......

3. ဖြစ်ရပ်တစ်ခု လုပ်ပြီးသွားတိုင်း ဒေါသထွက်ရတယ်ပဲ ဖြစ် ၊ ဝမ်းနည်းရတယ်ပဲဖြစ် ၊ bad habbits အကျင့်ဆိုးတွေပဲ ဖြစ် ............ကိုယ်လုပ်ရမှာသည် ကိုယ့်ကိုယ်ကို ပြန်ပီး သုံးသပ် ၊မေးခွန်းလေးတွေ မေး
တစ်ဘက်လူတို့ ဘာတို့ အဲ့လို တစ်ဘက်​ေသာတွေအတွက် အမှားမရှာနဲ့ အပြစ်မဖိူ့နဲ့ အချိန်ကုန်မခံနဲ့ကွယ်....
အဓိက က ကိုယ်တိုင် ကို သုံးသပ်နေဖို့ပဲ....အဲ့ဆို တိုးတက်လာနေတဲ့ ဘဝကို ရမယ်လေ.....

4..တာဝန်ယူတတ်ရမယ် ဆိုတာဟာ
ဘယ်သူ့ အတွက်မှ မဟုတ်ဘူး
အမှား တွေ ပဲ လုပ်မိနေပါစေ မှား မှန်းသိလို့ရှိရင် ကိုယ်တိုင် ဝန်ခံဖို့ နဲ့ မှားတဲ့အခါ တာဝန်ယူတတ်ဖို့ရယ်
ကိုယ့်ကိုယ်ပိုင် ဘဝ မှာ ကိုယ်တိုင် ပြုပြင်မှ ရမယ်...... အသေးအမွားလည်း မှားရင် တာဝန်ယူပီး ပြုပြင်မှ ....ဘဝဟာ ပြီးပြည့်စုံတဲ့ ဘက် သွားလို့ရမှာ

5.အပေါ် ကပြောထားတဲ့
သင်ယူလိုစိတ်ရှိ တယ်....
ပြန်သုံးသပ် တတ်တယ်.....
တာဝန်ယူတတ်တယ် .. တို့
နှစ်ခါပြန် အမှားမခံတာ ....တို့အတွက် က Self control က ရှိကို ရှိထားသင့်တဲ့အရာပါ ..... မှားတဲ့အခါ အတွက်ချဉ်းမဟုတ်ပါဘူးနော် ဘဝရဲ့ ဘယ်လိုထောင့်ချိုးမျိုးမှာမဆို ကိုယ့်ကိုယ်ကို သိပြီး ကိုယ့်စိတ်ကိုထိန်းချုပ်တတ်တာဟာ အောင်မြင်ပျော်ရွင်တဲ့ ဘဝကို ဖန်တီး နိင်ဖို့ လိုအပ်ဆုံး မို့ပါ ..........

ခုလို​ရေးသားထားတဲ့
SOE ဟာလည်း အောင်မြင် ပျော်ရွှင် တဲ့ဘဝတစ်ခု ပိုင်ဆိုင်ထားတာမဟုတ်သေးပေမယ့်
အဆိုးလောကဓံနဲ့​.ကြုံတဲ့အခါ ၊ အမှားတွေပဲ လုပ်မိ ဆုံးဖြတ်မိ တဲ့အခါ အပေါ် က အချက် 5ချက် ကြောင့်
ခြေလှမ်းတွေ မပျက် အပြုံးလေးနဲ့ ရှေ့ဆက်နေနိင် တယ် ဆိုတာ Share ချင်လို့ ပါ......

အမှားပါရင် လည်း 🙏🙏🙏
SOE's

゚viralシfypシ゚viralシ

အလွယ် မလိုက်ဘူးအလို မလိုက်ဘူးကိုယ့်ထက်ပိုပြီး ဘယ်သူ့မှ မကြိုက်ဘူး ...ပေါ့ပေါ့ပါးပါး နေဖို့ကိုလေးလေးနက်နက် တွေးခေါ်ခဲ့ရပါ...
19/11/2025

အလွယ် မလိုက်ဘူး
အလို မလိုက်ဘူး
ကိုယ့်ထက်ပိုပြီး ဘယ်သူ့မှ မကြိုက်ဘူး ...

ပေါ့ပေါ့ပါးပါး နေဖို့ကို
လေးလေးနက်နက် တွေးခေါ်ခဲ့ရပါတယ် ...။

ဆရာ ခက်သီ
#ခက်သီ


゚viralシfypシ゚viralシal

လူတိက တခြားလူတိကို ဆုံးမနိင်ရေ၊ ဆုံးမတတ်ဖို့လဲ့ လွယ်ပနာကိုယ့်ဘာကိုယ် ဆုံးမဖို့ကျ ခက်ခဲကတ်တေ မိ့နီကတ်တေ    လတ်ဖတ်ဖူး မှတ်...
15/11/2025

လူတိက တခြားလူတိကို ဆုံးမနိင်ရေ၊ ဆုံးမတတ်ဖို့လဲ့ လွယ်ပနာ
ကိုယ့်ဘာကိုယ် ဆုံးမဖို့ကျ ခက်ခဲကတ်တေ မိ့နီကတ်တေ လတ်
ဖတ်ဖူး မှတ်ဖူး ပါရေ...........
အဂယင့်မှာ လဲ့သော့
ကိုယ်တိုင် က တဖက်သား၏ မှားရေ၊ မှန်ရေ။ ဆိုးခြင်း၊ ကောင်းခြင်း.. ရို့တိကို ကွင်းကွင်း ကွက်ကွက်နဲ့ မြင်နိင်ကတ်တေခါ ၊ဆုံးဖြတ်ပီးနိင်ကတ်တေခါ
တဖက်လူတိကို ဆုံးမဖို့ နဲ့ မှားရေလို့ထှောက်ပြဖို့ ၊လမ်းညွန်ဖို့တိအထိ လုပ်နိင်ကတ်ပါရေ.......လုပ်နိင်ဖို့ လဲ့ လွယ်ပါရေ
လူတိုင်းကအမှားနဲ့ မကင်း ဆိုရေ အစဉ်အလာ စကားအတိုင်း
ယင်း...ကိုယ်တိုင် ကပင်
ကိုယ့်ကိုယ်ကို ဆုံးမနိင်ဖို့ သွန်သွင်နိင်ဖို့ လမ်းညွန်ပီးနိင်ဖို့ အတွက် က ကျဂေ
၁ ကိုယ့်အမှား ကို အမှားလို့ သိဖို့ လိုပါရေ
၂ အမှား လုပ်မိရေ အခါတိမှာ ကိုယ့်ကိုယ်ကို
ဝန်ခံ တတ်ဖို့ လဲ့ လိုပါရေ
၃ အသေးအမွား ဖြစ်ဖြစ် မှားနီကေ လက်ခံပီး ဖို့
လဲ့ လိုပါရေ
ယင်း အရာတိ အတွက် အဓိက က ကိုယ့်ကိုယ်ကို ပြန်သုံးသပ် နီဖို့ လဲ့ လိုအပ်တေ လို့လဲ့ အကျွန်က မြင်မိပါရေ........
တချို့ လူတစ်စုက ကျကေ သူများလုပ်တေခါ မှားရေ လို့ ပြောနိင်ပနာ ယင်းလုပ်ရပ်ကို ကိုယ်လုပ်မိဂေ အမှားမဟုတ်ဘဲ စကားသွပ်တိ သုံးပနာ အလှဆင်တတ်တေ လုပ်ရပ်မျိုးတိ ရှိကတ်ပါရေ.....

အလွယ်ဆုံး ဥပမာ နဲ့ ပြောရဂေ
သူများလက်က လွတ်ကျလို့ ခွက်ကွဲရေ ခါ နုမော်နမေ့နဲ့ ၊ သတိမရှိ၊ မသိမ်မွေ့ ၊ ရှပ်ပြာပြာ နဲ့ပြောလို့ရဂေ လဲ့
ကိုယ့်လက်က လွတ်ကျလို့ ကွဲဂေ ကျ......
မတော်လို့ယေ၊ လက်လျှော်ခလို့ရာ ဆိုစော် မျိုးတိ ပါ နန်း
အမှားနဲ့မကင်း ဆို ရေ အတိုင်း
အကျွန်ရို့ တစ်ယောက်ချင်း စီစာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် နိင်ပနာ အမှားတိထဲက ရုန်းထွက်နိင်ဗျာလ် အမှားတိ နည်းသထက်နည်းနိင်ကတ်ဖို့ ရည်ရွယ်ယင်းပါ............
ဂုလဲ့ အမှား ပါဂေ ခွင့်လွတ် ပါနန်း .......
SOE's

゚viralシfypシ゚viralシ

လူတွေက  တစ်နည်းမဟုတ်တစ်နည်းနဲ့  ပုံစံ အမှန်တွေ ပျောက်နေတာ တွေ့ရတတ်တယ်အဲ့ဒါ တွေ.....က ရင့်ကျက်ပါတယ်ဆိုတဲ့ တချို့လူတွေတောင...
14/11/2025

လူတွေက တစ်နည်းမဟုတ်တစ်နည်းနဲ့
ပုံစံ အမှန်တွေ ပျောက်နေတာ တွေ့ရတတ်တယ်

အဲ့ဒါ တွေ.....က ရင့်ကျက်ပါတယ်ဆိုတဲ့ တချို့လူတွေတောင် ဖြစ်သွားလေ့ ရှိတဲ့
မသိစိတ်ထဲက ဘဲ ဖြစ်ဖြစ် လူတွေရဲ့အာရုံစိုက်မှု လိုချင်တဲ့အခါ

အများနဲ့ နှိုင်းယှဉ် မိပြီးတော့ အများထက် နည်းနည်း ဖြစ် သာနေချင်တာ
ဝိုင်းဖွဲ့ ပြောကြမယ် ဆိုလဲ့ သူ့အကြောင်းကို ပထမ နေရာယူစေချင်တာ မလိုအပ်ပဲ ကိုယ်ရေးသွေးချင်တာ
အလုပ်ထဲ ဒါမှမဟုတ် အပေါင်းအသင်း တွေထဲ ဦးစားပေး လေး ဖြစ်ချင်တာ
ပုံစံ စတိုင်(Style) ကိုပါ အများထက် မြင်သာထင်သာ ဖြစ်နေချင်တာ

မရင့်ကျက်းသေးခင်
ကျောင်းသားဆိုလည်း အတန်းထဲမှာ တော်၊ မတော် ဆိုတာတွေထက် သူ့ပိုပဲ မြင်နေစေချင်တာ
မိသားစု မောင်နှမ တွေထဲ လည်း အချစ်ခံချင်တာ အလိမ္မာနေရာ ယူချင်တာ
ဒါမျိုးက
လိုတာထက် ပိုပီး လုပ်မိသွားရင်
ကိုယ့်ရဲ့ ပုံစံ အမှန် က ဘာမှန်းမသိ ပျောက်သွားတတ်ပါတယ်.....
လူတွေ အများစု လုပ်လ့ရှိတာက ပုံစံအမှန် ကို လက်မခံ တတ်ကြခြင်းပါပဲ....... တချို့က ပိုပီးပြည့်စုံချင်တာကြောင့် ၊ တချို့ကြတော့ ကိုယ့်ပုံစံ မသိတာ Self awareness မရှိတာ ကြောင့် ပေါ့နော်.....

ကျွန်မက ဒီလိုခံယူထားတယ်
ကိုယ့်ရဲ့ပုံစံ က ပတ်ဝန်းကျင် အကျိုးမပြုသည့်တိုင် ထိခိုက်မနေ ဘူး ၊ တစ်စုံတစ်ယောက်သောမှကိုယ့်ပုံစံကြောင့်ပါ ဆိုပီး မနစ်နာနေဘူး ဆိုရင်
ကိုယ့်ပုံစံ အတိုင်း ကိုယ့်ကိုယ်ကို လက်ခံပီး
လွတ်လပ်စွာ နေမယ်
လွတ်လပ်စွာ ဝတ်စားမယ်
လွတ်လပ်စွာ တွေးခေါ်မယ်
လွတ်လပ်စွာ ပဲ ပြောဆိုဆက်ဆံမယ်

ကိုယ်က ဘာ ပုံစံ ပါ ဆိုတဲ့ Self awareness လေးပဲ ရှိဖို့လိုတယ် လို့ထင်တယ်........
SOE's

's
゚viralシfypシ゚viralシ

မိန်းမတစ်ဦးရဲ့ ပုံစံ ကြောင့် ပါ တဲ့......သူတို့ လိုချင်တာဘာလဲ လို့ သိတယ် ........ကိုယ် ကသိနေတယ် ကွယ်တချို့ ​သော ပါပဲ......
10/11/2025

မိန်းမတစ်ဦးရဲ့ ပုံစံ ကြောင့် ပါ တဲ့......

သူတို့ လိုချင်တာဘာလဲ လို့ သိတယ် ........ကိုယ် ကသိနေတယ် ကွယ်

တချို့ ​သော ပါပဲ....
ရည်းစားတော့ ထားမယ် အိမ်ထောင် ဘက်အထိ မဟုတ် ဘူး ဆိုတဲ့ သူတွေ.......
ရည်းစားမရှိ ရင် မနေတတ်တဲ့ မိန်းမနှောကျေချင်တဲ့သူတွေ
ကိုယ့်ပုံစံ ကို လွယ်တယ်ထင်ရပီး အခွင့်ကောင်း ယူချင်တဲ့ ပုရိသ အစစ်တွေ
တချို့ဆို ရည်းစား ရီး တန်းလန်းနဲ့ လဲ့ လာ ပြော တတ်တဲ့ စော်ကျီ ဘဲ တွေ
မာနကြီးတယ် ထင်ပီး မာနလေးကိုမှထိပါးချင်လို့ လာ လာပြောကြတဲ့ လူတော်ကောင်းတွေ

ရှိသေးတယ်
အိမ်ထောင် ရှင်တွေလေ..... .... သူတို့ကြည့်တဲ့ အကြည့် ပြောတဲ့ လေသံ လေးကအစ ရရင် ရသလို ဆိုတဲ့ အထာလေးတွေပါ လေတော့ .......ဆိုးဝါးလွန်း😳
.....ညဏ်မမှီ​တဲ့ .....အဲ့ဒီ တချို့သောတွေက တော့ ဘာနေနေ မိန်းမ တစ်ဦးရဲ့ ပုံစံလေးကြောင့်ပါ ပဲ ...... ပေါ့ ...... .....
အဲ့လို အဝိုင်းအဝန်းထဲက ပုရိသ တွေကို တော့ ကိုယ်က ဉာဏ်မမှီ ဘူး လို့ပဲ မြင်မိတာ ရယ် .... 😏


SOE's

゚viralシfypシ゚viralシal

Address

Kyauktaw

Website

Alerts

Be the first to know and let us send you an email when SOE's memo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share