Teacher Pwint :Healthy together

Teacher Pwint :Healthy together you can trust and use our health and beauty products. Welcome to join us.�� ကြိုးစားပါ
ရိုးသားပါ
ကူညီပေးပါ
ပေးကမ်းနိုင်သော လက်တစ်စုံဖြစ်ပါစေ

27/01/2025
ကိုယ့်အရွယ်ကို မမေ့နဲ့အသက်အရွယ်လေး ရလာပြီဆိုရင် တစ်ဦး တစ်ယောက် အတွက်အချိန်တိုင်း လွမ်းဆွတ်တမ်းတနေရမဲ့ အရွယ်မဟုတ်တော့ဘူး ...
26/01/2025

ကိုယ့်အရွယ်ကို မမေ့နဲ့

အသက်အရွယ်လေး ရလာပြီဆိုရင်
တစ်ဦး တစ်ယောက် အတွက်
အချိန်တိုင်း လွမ်းဆွတ်တမ်းတနေရမဲ့ အရွယ်
မဟုတ်တော့ဘူး ။

ပြန်မရနိုင်တော့တဲ့အရာတွေ
တမ်းတရင်း ဝမ်းနည်းနေရမယ့် အရွယ်
မဟုတ်တော့ဘူး ။

တစ်စုံတစ်ယောက်ကို နာကျည်းပြီး
မုန်းတီးနေရမဲ့ အရွယ် မဟုတ်တော့ဘူး ။

အရွယ်လေး ရလာတော့
တွေးတွေးဆဆနဲ့ပေါ့
ချစ်တာတွေ မုန်းတာတွေ ဘေးဖယ်
အလိုက်သင့်နေရမဲ့ အရွယ် ဖြစ်နေပြီ ။

အဆင်ပြေတာ မပြေတာ အပထား
ရင်ဘတ်ကြီးနဲ့ လိုက်မခံစားပဲ
ဘ၀ကို ပေါ့ပေါ့ ပါးပါး
ဖြတ်သန်းရမဲ့ အရွယ်
ဒီလူက ကိုယ့်ကို မချစ်ဘူး
မခင်တွယ်ဘူးမဟုတ်လား
ထားခဲ့လိုက်တော့ ။

ဒီလူက ကိုယ့်ကို
သံယောဇဉ်မရှိဘူး မဟုတ်လား
သူ့အတွက် အချိန်တွေ အကုန်ခံမနေပါနဲ့ ။

ကိုယ့်အပေါ်မှာ
နားမလည်နိုင်တဲ့လူ
ကိုယ်ချင်းစာ မပေးနိုင်တဲ့လူ
မခင်တွယ်နိုင်တဲ့သူ
မကြင်နာနိုင်တဲ့သူ
သတိမရတဲ့သူ
သူ့အကြောင်းတွေ မတွေးနဲ့တော့
လွှတ်ချထားခဲ့လိုက်ပါ

ဘာလို့လည်း သိလား
အချိန်တွေ သိပ်မရှိတော့ဘူး
အရွယ်တွေ ရလာပြီ
ကုသိုလ်တွေ လုပ်ရဦးမယ်လေ.......။

အရည်မရ အဖတ်မရနဲ့
အလကားနေရင်း တခြားလူကို
တဘက်သတ်တွေ လိုက်ပြီး အမုန်းပွားနေရသေးရင် အရွယ်မြန်မြန်ကျတာဘဲအဖတ်တင်မယ်.... အကုသိုလ်တွေဖြစ်မယ်.....။

ဒီ အသက်အရွယ်ထိ
အသိ သတိမရှိဘူးဆိုရင်
နောင်တတွေရစရာဖြစ်နေလေအုန်းမယ်။

ဘာလို့လဲဆိုတော့ အသက် ၈၀ ကျော်ထိနေရရင်တောင်မှ ရက်ပေါင်း ၃ သောင်းမပြည့်ဘူးရယ် ဒါတောင်ကျန်းမာနေမှပါ....အသက်ရှည်ပြီး ကုတင်ပေါ်လဲနေရသူတွေက အများသား။

ကိုယ်ကို ချစ်တဲ့သူ မုန်းတဲ့သူ
လိုလားတဲ့သူ မလိုလားတဲ့သူတွေဆိုတာ
သူ့သဘာဝနဲ့သူ ရှိနေကြတာပါ......

အထီးကျန်နေတဲ့အခါ
ချစ်တဲ့သူတွေ ခင်တဲ့သူတွေ
ပျောက်သွားရင်တော့
လိုက်မရှာနဲ့တော့

ဒီအရွယ်က
အချစ်ပျောက်ကို
လိုက်ရှာရမဲ့အရွယ် မဟုတ်တော့ဘူး
အထီးကျန်တိုင်း အဖော်မက်ရမဲ့ အရွယ်
မဟုတ်တော့ဘူး ။

အရွယ် မကျအောင်
စိတ်ဓာတ် မကျအောင်
စိတ်ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုနဲ့
ထိန်းရမဲ့အရွယ်။

ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ငြိမ်းချမ်းရမယ့်အရွယ် ဖြစ်နေပြီလေ..........
ငယ်ငယ်တုန်းကလို ငယ်ဂုဏ်နဲ့
ပစ်စလက်ခတ်နေလို့ မရတော့ဘူး

လှလှပပ သပ်သပ်ရပ်ရပ်နဲ့
ကျော့ကျော့ ရှင်းရှင်း ၀တစြားဆငယြငမြှ
အမြင်တင့်တယ်တဲ့ အရွယ် ။

ရောက်လာတဲ့ အကြောင်းတရားတွေကို အကောင်းမြင်စိတ်နဲ့
ကြိုဆိုရမဲ့ အရွယ်လေ
ခံစားချက်တွေ ဘေးဖယ်
ပျော်အောင်နေတတ်ရမဲ့ အရွယ် ။

ကိုယ့်အပေါ်
ချစ်သော ခင်သောသူများနဲ့
ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှ
စိတ်ကျန်းမာမဲ့ အရွယ်
စိတ်ကျန်းမာရေးကို ဂရုစိုက်ရမဲ့ အရွယ် ။

ဖြတ်သန်းရတဲ့ဘ၀က ကြမ်းရတဲ့အထဲ
လုပ်ကိုင် ရှာဖွေ စားဝတ်နေရေး ခက်ခဲရတဲ့အထဲ အဆင်မပြေရတဲ့ကြားထဲ
ကိုယ့်အပေါ်
မချစ်မနှစ်သက်တဲ့သူတွေအကြောင်း
ရင်ဘတ်ထဲသိမ်းထားပြီး
ခေါင်းထဲပြန်ထည့်
သွားလေရာ သယ်ဆောင်သွားရမဲ့အရွယ်
မဟုတ်တော့ဘူး ။

အသက်တွေ ကြီးလာပြီမို့
အချိန်တွေ မဖြုန်းနဲ့တော့
ငိုဖို့ထက် ရယ်နိုင်အောင်ကြိုးစား

အချိန်တွေက ငယ်ရွယ်သူတွေလို
မပိုလျှံတော့ဘူးမို့
သက်တမ်းအရ
ကိုယ်က အရင် သွားကြရမှာမို့
တစ်ပါးသူကို ချစ်ဖို့ထက်
ကိုယ့်ကိုယ်ကို ချစ်ရမဲ့အရွယ်ပါလို့
ပြောပြချင်တာပါ ။

ကိုယ်အရွယ်က ရှေးသို့ တရွေ့ရွေ့ သွားနေဆဲ ။

မူးရင်းစာ ရေးသူအား လေးစားစွာဖြင့်

Good Morningအားလုံးဘဲ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်
04/02/2024

Good Morning
အားလုံးဘဲ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်

အညာမြေ Founder မသီတာဇင်တို့ရဲ့ customer မဗိုက်များအတွက် ကျေးဇူးတုန့်ပြန်ခြင်း✅✅✅အညာမြေ စားပြီး ကလေးရသွားတဲ့မေမေတို့🍀🍀🍀🍀🍀...
17/01/2024

အညာမြေ Founder မသီတာဇင်တို့ရဲ့

customer မဗိုက်များအတွက်

ကျေးဇူးတုန့်ပြန်ခြင်း✅✅✅

အညာမြေ စားပြီး ကလေးရသွားတဲ့မေမေတို့
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ကိုယ်ဝန်ဆောင်မေမေဗိုက်တို့အတွက်

သတင်းကောင်းပါ🎊🎉🎈

အညာမြေ 🤎 ချက်ဆေးစားပြီး

ကိုယ်ဝန်လွယ်နိုင်သွားတဲ့ မေမေတိုင်း
ကိုယ်ဝန် ၆ လ ပြည့်ပြီးတာနဲ့

မီးဖွားစရိတ် အနေနဲ့

၅ သောင်းကျပ်တိတိ ကျေးဇူးတုံ့ပြန်ထောက်ပံ့ပေးသွားမှာပါ✅✅

‼️ပထမ ဆုံး အယောက် ၂၀ ကိုသာ
ပေးအပ်မှာ ဖြစ်လို့

မိမိမှာ ရင်သွေးလေး ရှိနေပြီဆိုရင်တော့

မိမိဝယ်ယူခဲ့တဲ့ အရောင်းကိုယ်စားလှယ်ထံ
အမြန်ဆုံး ချိတ်ဆက်လိုက်ပါရှင် ✅✅

#စိန်ပွင့်ဆေးဆိုင်၀၉၄၀၃၇၃၅၃၄၇
#လားရှိုး
#အညာမြေLeaderပင်ရင်းတိုက်ရိုက်လက်လီလက်ကား
#အုန်းတစ်လုံးဆေး
#လျှားစောင်းလက်ပတ်ချက်ဆေး
#အညာမြေရှားစောင်းလက်ပတ်ချက်ဆေး
#အညာမြေလျှားစောင်းလက်ပတ်ချက်ဆေး
#အညာမြေပင်ရင်းတိုက်ရိုက်

14/01/2024

အေးချမ်းပါစေ

19/12/2023

သင်ကိုယ်တိုင် အရှုံးမပေးသရွေ့ မရှုံးသေးဘူးဆိုတာ သိထားပါ

ခုခေတ်မှာ IQ တွေ မြင့်လာသလောက် EQ တွေလည်း တိုးတက်စေချင်တယ် ✅
18/12/2023

ခုခေတ်မှာ IQ တွေ မြင့်လာသလောက်
EQ တွေလည်း တိုးတက်စေချင်တယ် ✅

ဒီလိုဖြစ်နေကြပြီလား အမျိုးတို့ရေ👇👇👇သဘာဝ အူရှင်းကြနော်☺️☺️☺️
03/12/2023

ဒီလိုဖြစ်နေကြပြီလား အမျိုးတို့ရေ👇👇👇

သဘာဝ အူရှင်းကြနော်☺️☺️☺️

ယခုနှစ် ဆေးပေါင်းခချိန် (၂)ကြိမ်ဖြစ်ထွန်းမည်  တစ်ကြိမ်ကို ၁၀မိနစ် ဆေးပေါင်းခပါမည် တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၁၁နာရီ ၃၅...
27/11/2023

ယခုနှစ်
ဆေးပေါင်းခချိန် (၂)ကြိမ်ဖြစ်ထွန်းမည်
တစ်ကြိမ်ကို ၁၀မိနစ် ဆေးပေါင်းခပါမည်

တန်ဆောင်မုန်းလပြည့်နေ့
နံနက် ၁၁နာရီ ၃၅ မိနစ်မှ ၁၁နာရီ ၄၅ မိနစ်အတွင်း ဆေးပေါင်းခမည်ဖြစ်ပြီး

စီးပွားရေး လာဘ်လာဘ ရာထူးနှင့်အသိုင်းအဝိုင်းကောင်းများ ရရှိလိုပါက နက္ခတ်စုံညီချိန်သည် အကောင်းဆုံးဖြစ်သောကြောင့် မယ်ဇလီဖူးသုပ် စားမည့်သူများအတွက်အကောင်းဆုံးသောအခါဖြစ်သည် ။

ဒုတိယ ဆေးပေါင်းခချိန်မှာ ညနေ ၆နာရီ ၅မိနစ်မှစပြီး ၆နာရီ ၁၅မိနစ်အတွင်းဖြစ်သည် ပြောသမျှဆိုသမျှအောင်မြင်ပြီး ကြံတိုင်းအောင်နိုင်သောနက္ခတ်အချိန်ဖြစ်သည်

ထို (၂)ကြိမ်လုံးသည် ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်သော နက္ခတ်စုံညီချိန်ပင်ဖြစ်ပါတော့သည် ။

Address

Lashio

Telephone

+959403735347

Website

Alerts

Be the first to know and let us send you an email when Teacher Pwint :Healthy together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share