kawn pa reug

kawn pa reug ဝ လူမျိုးပါ
ဝ လုမျိုဖစ်ရတာကျင်နပ်တယ်း🤍🇦🇿

အားလုံးကိုခင်တတ်ပါတယ်။ မာနမကြီးပါ🥰🥰

ဘယ်တော့မှ အားမငယ်ပါနဲ့။အားငယ်စိတ်ဟာ လူတွေကိုကျရှုံးစေတယ်။အခက်အခဲ လူတိုင်းမှာရှိတယ်။အားမငယ်ပါနဲ့ စိတ်ဓာတ်မကျပါနဲ့။ပြီးပြည...
31/03/2025

ဘယ်တော့မှ အားမငယ်ပါနဲ့။
အားငယ်စိတ်ဟာ လူတွေကို
ကျရှုံးစေတယ်။

အခက်အခဲ လူတိုင်းမှာရှိတယ်။
အားမငယ်ပါနဲ့ စိတ်ဓာတ်မကျပါနဲ့။

ပြီးပြည့်စုံတဲ့ ဘဝဆိုတာမရှိပါဘူး။
အဆင်မပြေမှုတွေကြားမှာ
အဆင်ပြေအောင် နေကြရမှာပါ။
ဘာမှ အားမငယ်ပါနဲ့။
နေ့တိုင်း ကြိုးစားခွင့်တွေ
ရှိနေပါသေးတယ်။

အရာရာ အားမငယ်ပါနဲ့။
သတ္တိမွေးပါ။ဇွဲရှိပါ။
တစ်နေ့ အောင်မြင်လာပါလိမ့်မယ်။
#မူရင်ရေးသားသူကိုလေးစာလျှက်
#ခွန်အားရှိသောစာတ်ိုများ
#စာတို

ဒီနေ့ နေထွက်ချိန်မှာ အတူနိုးထခဲ့ကြပေမယ့်နေဝင်ချိန်မှာ တချို့ မိသားစုဝင်တွေအတူမရှိကြတော့ဘူး..💔-S*T28.3.2025ဘေးဒုက္ခကင်းပါ...
29/03/2025

ဒီနေ့ နေထွက်ချိန်မှာ အတူနိုးထခဲ့ကြပေမယ့်
နေဝင်ချိန်မှာ တချို့ မိသားစုဝင်တွေ
အတူမရှိကြတော့ဘူး..💔
-S*T

28.3.2025
ဘေးဒုက္ခကင်းပါစေ။မြန်မာပြည်ကြီး။🙏🙏

Credit

အစဆိုတာ အမြဲခက်ခဲလေ့ရှိတယ်စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိ...
29/03/2025

အစဆိုတာ အမြဲခက်ခဲလေ့ရှိတယ်

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။

ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။ ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာကောင်းသလို ကြောင်တောင်တောင်လည်းနိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။

ဒါ့ကြောင့်

အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့ သတ္တိတွေက ထွက်ပေါ်လာပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလည်း လုပ်ရတတ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။

“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”


နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။

အနည်းဆုံးတော့ အတွေ့အကြုံ ရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။

ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

28/03/2025

စိဝ်မကောင်းဘူး😌
ဂရုစိုက်ကြပါ။

လူတစ်ယောက်ကကိုယ့်ကို ထိပါးစေမယ့်စကားနဲ့တိုက်ခိုက်တယ်ဆိုတာကိုယ်က သူ့ကိုစော်ကားခွင့်ပေးထားလို့ပါ။ပြန်မပြောချင်ဘူးအားနာလို့...
28/03/2025

လူတစ်ယောက်က
ကိုယ့်ကို ထိပါးစေမယ့်စကားနဲ့
တိုက်ခိုက်တယ်ဆိုတာ
ကိုယ်က သူ့ကိုစော်ကားခွင့်ပေးထားလို့ပါ။

ပြန်မပြောချင်ဘူး
အားနာလို့ဆိုတဲ့
အကြောင်းပြချက် တစ်ခုတည်းနဲ့
လူတိုင်းရဲ့ အလိုကိုမလိုက်ပါနဲ့
ကိုယ့်စိတ်နဲ့ကိုယ်ဆုံးဖြတ်ပါ
ပြတ်သားပါ။

ဒီလိုမှမဟုတ်ရင်
ဒီလူက ငါပြောသမျှရတယ်ဆိုတဲ့
အတွေးနဲ့ အရာရာကို
အနိူင်ယူပါလိမ့်မယ်။

ဒါကြောင့် လူတိုင်းအပေါ်မှာ
အမြဲတမ်း "ရိုးအ"နေလို့လဲ
အဆင်မပြေဘူး
အမြဲတမ်း" အားနာ"နေလို့လဲ
မကောင်းတဲ့အတွက်
တစ်ခါတစ်လေ ခပ်ချေချေလေးနေကြည့်ပါ
ဘယ်သူက ဘယ်လိုဆိုတာ
သူ့အလိုလို အပေါ်ယံမျက်နှာဖုံးတွေကွာကျလာလိမ့်မယ်။

လေးစားစွာဖြင့် 🍀🍀🍀

❝ အလုပ်ကောင်းတစ်ခု ဖြစ်ဖို့ဆိုရင် ❞ဘယ်သူမဆို မွေးကတည်းက ဘာမှ မတတ်ပါဘူး။ ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိစ္စတွေကိုတောင...
28/03/2025

❝ အလုပ်ကောင်းတစ်ခု ဖြစ်ဖို့ဆိုရင် ❞

ဘယ်သူမဆို မွေးကတည်းက ဘာမှ မတတ်ပါဘူး။ ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိစ္စတွေကိုတောင် မိဘတွေက တာဝန်ယူပေးကြရတာ မဟုတ်လား။
ဒီလိုနဲ့ အသက်တွေကြီးလာလို့ ရှိရင် ဘဝထဲကနေ သင်ယူလိုက်ရတဲ့ အတွေ့အကြုံတွေ ရလာတယ်။ ဆယ်ကျော်သက်အရွယ်မှာဆို ဆယ်ကျောက်သက် အတွေ့အကြုံ၊ နှစ်ဆယ်အရွယ်မှာဆို နှစ်ဆယ်ကျော်အတွေ့အကြုံ စသဖြင့် ကိုယ့်အသက်နဲ့ ကိုက်ညီတဲ့ အတွေ့အကြုံတွေ ရကြတယ်။
အဲ့ဒီနောက် ဘဝအတွက် အသက်မွေးဝမ်းကြောင်း ရွေးကြတဲ့အခါမှာလည်း ကိုယ့်နဲ့ ကိုက်ညီတဲ့ အလုပ်တွေကို ရွေးကြတယ်။ အဲ့ထဲမှာ တချို့က ကိုယ်လုပ်နေတဲ့ အလုပ်မှာ တော်ကြတယ်။ ကျွမ်းကျင်ကြတယ်။ ဝင်ငွေ ကောင်းကြတယ်။
တချို့ကျပြန်တော့ အလုပ်တောင် မလုပ်ရသေးဘူး။ ဆုံးရှုံးမှာ ကြောက်ကြတယ်။ လမ်းပျောက်ကြတယ်။ အလုပ်ကို လုပ်နေရင်း တန်းလန်းနဲ့ လှည့်ပြန်သွားကြတယ်။ ဆိုတော့ အလုပ်ကောင်း ဖြစ်ဖို့ဆိုရင် ဘယ်အဆင့်တွေ ကျော်ဖြတ်ရသလဲဆိုတာကို လိုရင်းတိုရှင်း ပြောပြသွားပါမယ်။
(၁) မလုပ်ချင်ဘူး။
(၂) မလုပ်နိုင်လောက်ဘူး။
(၃) လုပ်တော့ လုပ်ချင်တယ်။ သို့သော် သတ္တိမရှိသေး။
(၄) ဘယ်လိုလုပ်ရမလဲ။ လုပ်ဖို့သတ္တိတွေ ရှိလာပြီ။
(၅) သတ္တိ လုံးဝ ရှိလာပြီ။ ကြိုးစားကြည့်လိုက်မယ်။
(၆) လုပ်နိုင်ပြီ။ ဒါပေမဲ့ မကျွမ်းကျင်သေးဘူး။
(၇) နောက်အဆင့်ကျတော့ လုပ်နိုင်တယ်သွားတယ်။
ဒီလိုမျိုး အဆင့်ဆင့်ကို ဖြတ်ကျော်ကြရပါတယ်။ ဒါကြောင့် အလုပ်တစ်ခု လုပ်လို့ရှိရင် စိတ်ဓာတ်မကျနဲ့။ မကြောက်နဲ့။ အလုပ်ကောင်းတစ်ခု ရဖို့ဆိုရင် အပေါ်က အဆင့် (၈) ဆင့်ကို ဖြတ်ကျော်ကြရပါတယ်။ ကိုယ့်အလုပ်ကို ဘယ်တော့မှ စိတ်မပျက်နဲ့။

အောက်တန်းစားစိတ်ဓာတ်------------------------------သူတစ်ပါး၏ ကိုယ်ကျင့်သိက္ခာကိုအပုပ်ချလိုသည့် သဘောဖြင့်မမှန်စွပ်စွဲ ကဲ့ရ...
26/03/2025

အောက်တန်းစားစိတ်ဓာတ်
------------------------------

သူတစ်ပါး၏ ကိုယ်ကျင့်သိက္ခာကို
အပုပ်ချလိုသည့် သဘောဖြင့်
မမှန်စွပ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော
စိတ်ဓာတ်။

သူတစ်ပါး မကောင်းကြောင်းကို
အဆမတန် ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ
ထပ်တလဲလဲ ပြောဆိုတတ်သော
စိတ်ဓာတ်။

နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်ပြန်ပြီး
အကျိုးထူး ခံစားခွင့်
ရချင် လိုချင်သော စိတ်ဓာတ်။

ကိုယ့်ထက်သာသူကို
မနာလို ဝန်တိုမှုအပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်။

ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်။

တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းလေးမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာ ပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်။

ရှေ့လျှင်တစ်မျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲ ပြောကာ
ချွန်တုံးလုပ်တတ်
ကုန်းတိုက်တတ်သော စိတ်ဓာတ်။

မောက်မာရိုင်းစိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက်
ကင်းမဲ့နေတတ်သော စိတ်ဓာတ်။

အားနည်းသူအား ထုထောင်း၍
အားကြီးသူအား
ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ်
ဂွင်ရိုက်တတ်သော စိတ်ဓာတ်။

အခွင့်အရေးဆို
လိုတာထက်ပိုပြီး ယူတတ်သလောက်
အနစ်နာခံဖို့ကြ
တွန့်ဆုတ် တွေဝေတတ်သော စိတ်ဓာတ်။

ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင်
အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်။

နှင်းဆီ စာပေ

ဖေဖေ့ကိုလည်း  ချစ်ကြပါ==================ဝမ်းနဲ့မလွယ်ခဲ့ရပေမယ့်  ဝမ်းရေးအတွက်နေပူကျဲကျဲမှာ ရုန်းကန်ခဲ့ရသူပါ …နို့ချိုမတို...
26/03/2025

ဖေဖေ့ကိုလည်း ချစ်ကြပါ
==================
ဝမ်းနဲ့မလွယ်ခဲ့ရပေမယ့် ဝမ်းရေးအတွက်

နေပူကျဲကျဲမှာ ရုန်းကန်ခဲ့ရသူပါ …

နို့ချိုမတိုက်ခဲ့ရပေမယ့် ထမင်းစေ့လေးတွေ

ဖန်တီးပေးခဲ့သူပါ …

မေမေ့ပါးကို နမ်းတဲ့အချိန်

ဖေဖေ့ပါးကြမ်းကြမ်းမှာ အနမ်းဝေးနေဆဲပါ …

မေမေ့လို ပုံပြင်မပြောပေမယ့်

ဘဝပုံပြင်တွေကို လက်တွေ့ချပြသူပါ …

မေမေ သီချင်းသံတွေကြားမှာ

ဖေဖေ့အတွက် သီချင်းတစ်ပုဒ်စပ်ပေးသူမရှိ …

ရေချိုးပေးတဲ့ မေမေ့ကိုချစ်သလို

ရေခပ်ပေးတဲ့ ဖေဖေ့ကိုမမေ့ပါနဲ့ …

မေမေ့မေတ္တာ ကြီးမားသလို

ဖေဖေ့မေတ္တာလည်း နက်ရှိုင်းလှပါတယ် …

မေမေ့ကို ချစ်သလိုမျိုး

ဖေဖေ့ကိုလည်း ချစ်ပေးပါကွယ် …

သားနဲ့သမီးအတွက်ဆို မေမေက

မိုးကောင်းကင်ကြီးဖြစ်သလို …

ဖေဖေကလည်း သားနဲ့သမီးရဲ့ဘဝအတွက်

ကမ္ဘာမြေကြီးတစ်ခုပါကွယ် …

မေမေ့နို့ဖိုးဟာ ဆပ်မကုန်သလို

ဖေဖေ့ချွှေးဖိုးဟာလည်း ဆပ်မကုန်ပါဘူး

ဖေဖေ့က်ိုလည်း ချစ်ပေးကြပါ …

ဆန္ဒ နဲ့ သိက္ခာကို မလဲနိုင်လို့မပြောဖြစ်အောင် ထိန်းထားတဲ့စကားလုံးတွေအများကြီးရှိခဲ့ဖူးတယ်မာနနဲ့ သစ္စာတရားကိုမလဲနိုင်လို့...
26/03/2025

ဆန္ဒ နဲ့ သိက္ခာကို မလဲနိုင်လို့
မပြောဖြစ်အောင် ထိန်းထားတဲ့
စကားလုံးတွေအများကြီးရှိခဲ့ဖူးတယ်

မာနနဲ့ သစ္စာတရားကိုမလဲနိုင်လို့
အပေါ်ယံ လူတစ်ချို့‌တွေကို
အသ-က်မပါတဲ့ အပြုံးတွေနဲ့
ပြုံးပြနေခဲ့ဖူးတယ်။

အမုန်းနဲ့အပြုံးကို မလဲနိုင်လို့
မကင်းနိူင်သေးတဲ့ လူတစ်ချို့အပေါ်
အကောင်းဆုံး နေပေးလိုက်တယ်။

ဒါပေမယ့်
လူတစ်ချို့ကို ဥပေက္ခာပြုထားပြီး
လူတစ်တစ်ချို့ကို အရင်ကထက်
ပိုအလေးအနက်ထားလိုက်တော့တယ်

တစ်ကယ်တမ်းတော့
လောကဓံ နဲ့ကြုံတဲ့အခါ
ကိုယ့်ဘေးနားမှာရှိနေပေးတဲ့သူကသာ
ကိုယ့်အတွက် အရေးပါတဲ့ သူတွေ
ဆိုတာတော့ ပိုသိခွင့်ရလိုက်ပါတယ်။

🍒 ယုံကြည်မှုကို တန်ဖိုးထားပါ 🍒 တစ်ဖတ်ထဲ လှရုံနဲ့ မရဘူး ဖိနပ်က နှစ်ဖတ်ရှိမှ ခရီးရောက်တာ ယုံကြည်မှုဆိုတာလဲ အဲ့လိုဘဲ တစ်ယော...
26/03/2025

🍒 ယုံကြည်မှုကို တန်ဖိုးထားပါ 🍒
တစ်ဖတ်ထဲ လှရုံနဲ့ မရဘူး
ဖိနပ်က နှစ်ဖတ်ရှိမှ ခရီးရောက်တာ
ယုံကြည်မှုဆိုတာလဲ အဲ့လိုဘဲ
တစ်ယောက်တည်း ရှိယုံနဲ့မရဘူး
သူ့ဘက် ကိုယ့်ဘက်ရှိမှ
အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
ယုံကြည်မှုဆိုတာ
ပျတ်စီးသွားပြီဆိုတဲ့အခါ
ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး
ဒါကြောင့်
ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
ကွယ်ရာမှာ အတင်းပြန်မပြောရဘူး
ယုံကြည်လို့
ချေးငှားလိုက်တဲ့ ပိုတ်ဆံကို
မတောင်းခင်ကတည်းက
အလိုက်တသိ ပြန်ပေးရတယ်
ယုံကြည်လို့
ကူညီပေးလိုက်တာကို
ဘယ်တော့မှ ကျေးဇူးမကန်းရဘူး
ယုံကြည်လို့
ပေးထားတဲ့ မေတ္တာကို
တန်ဖိုးမထား မလေးမစားမလုပ်ရဘူး
ယုံကြည်လို့
တွဲထားတဲ့ လက်တွေကို
နာကျင်ဒဏ်ရာတွေ မပေးရဘူး
ယုံကြည်လို့ပေးထားတဲ့
အခွင့်အရေးကို
ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး
အဲ့ဒီယုံကြည်မှုထဲမှာ
ချစ်ခြင်းမေတ္တာတွေပါတယ်
ကိုယ်ချင်းစာတရားတွေပါတယ်
သံယောဇဉ်တွေပါတယ်
ဒါကြောင့် ယုံကြည်မှုကို
လွယ်လွယ်နဲ့ မဖျတ်စီးသင့်ဘူး
တကယ်လို့
ယုံကြည်မှုကို ဖျတ်စီးလိုက်တဲ့အခါ
တကယ်နစ်နာဆုံးရှုံးသွားတာက
ကိုယ်ဖြစ်နေတတ်တယ်
ဒီလိုဘဲ
ဘဝမှာ
ကိုယ့်ရဲ့ယုံကြည်မူ့ကို
အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှ်ိတယ်
ဒါပေမယ့်
တကယ် ဝမ်းမနည်းပါဘူး
စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်
အဲ့ဒါက ဘာလဲဆိုတော့
အရင်လို စေတနာတွေ အကူအညီတွေ
ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ
ယုံကြည်မှုကို တန်ဖိုးထားပါ
တစ်ချို့အရာတွေက
ပြန်လိုချင်ရင်တောင်မှ
ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ ::::::::::

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"---------------------"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲရှိတာပေါ့ ရှိပေမယ့်လည်း...ဒီဒေါသကို ထုတ်မပြနိ...
25/03/2025

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''

"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယၡံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''

Credit
#စာပေကြိုက်သူများ

လူအတော်များများ တွေ့ဖူးတယ်တွေ့ကာစအချိန်နဲ့ ခင်မင်ရင်းနှီးပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့စိတ်ဓာတ်တွေက အရမ်းသိသာတယ် တစ်ချ...
25/03/2025

လူအတော်များများ တွေ့ဖူးတယ်
တွေ့ကာစအချိန်နဲ့
ခင်မင်ရင်းနှီးပြီးနောက်ပိုင်း
ပြောင်းလဲသွားတဲ့စိတ်ဓာတ်တွေက
အရမ်းသိသာတယ်

တစ်ချို့တွေက အပြုံးတွေအောက်မှာ
အမုန်းတွေကို ဖွက်ထားတတ်ကြပြီး
သိပ်ဟန်ဆောင်ကောင်းကြတယ်

တစ်ချို့တွေက မသိချင်သလိုနဲ့
ကိုယ့်အကြောင်းကို နားစွင့်
နေကြတာမျိုး
ကူညီသလိုနဲ့ ဒုက္ခတွေကိုပိုဝန်ပိစေခဲ့တာမျိုး
စိတ်မကောင်းဟန်နဲ့
ကြိတ်ဝမ်းသာနေတတ်တာမျိုး

တစ်ချို့တွေက ကော်ဖီနဲ့တူတယ်
လိုတာထက်ပိုရောမိရင်
ခါးလာပြီး လူကိုဒုက္ခရောက်စေတယ်

တစ်ချို့တွေက
ဆားနဲ့အလားသဏ္ဍာန်တူတယ်
လိုတာထက်ပိုရောမိရင် ငန်ပြီး စားလို့မရတဲ့အဆုံး သွန်ပစ်လိုက်ရတာမျိုးပေါ့

ကိုယ်ကိုတိုင်လည်း
အဲ့ဒီလိုလူတွေထဲ ကိုယ်မပါအောင်
ဆင်ချင်လိုက်ရတဲ့ အခိုက်အတန့်တွေမှာ
လူတွေကပေးတဲ့ သင်ခန်းစာတွေကြောင့် ပိုပြီးရင့်ကျက်လာခဲ့တယ်။

Address

Lashio

Alerts

Be the first to know and let us send you an email when kawn pa reug posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share