Lashio, Northern ShanState, Myanmar

Lashio,   Northern ShanState,   Myanmar Maingalarpar

မိဘပြည်သူများ ခင်ဗျာ... ။စက်သုံးဆီ ပုံမှန်ရောင်းချပေးတာမရှိတဲ့ဆိုင်တွေရှိခဲ့ရင် အောက်ဖော်ပြပါဖုန်းနံပတ်တွေကို ဆက်သွယ်တို...
06/03/2026

မိဘပြည်သူများ ခင်ဗျာ... ။

စက်သုံးဆီ ပုံမှန်ရောင်းချပေးတာ
မရှိတဲ့ဆိုင်တွေရှိခဲ့ရင် အောက်ဖော်ပြပါ
ဖုန်းနံပတ်တွေကို ဆက်သွယ်တိုင်ကြားရန်အတွက် စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေငြာထားပါသည်။

05/03/2026

"စက်သုံးဆီနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ပြည်သူသို့ အသိပေးကြေညာချက်"

"နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ် နိုင်ကြောင်းနှင့် စိုးရိမ်ကြောင့် ကြမှု မဖြစ်ပေါ်စေရေး အသိပေးထုတ်ပြန်ချက်နိ...
05/03/2026

"နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ် နိုင်ကြောင်းနှင့် စိုးရိမ်ကြောင့် ကြမှု မဖြစ်ပေါ်စေရေး အသိပေးထုတ်ပြန်ချက်နိုင်ငံအတွင်း စက်သုံးဆီပြတ် လပ်မှု မဖြစ်ပေါ် နိုင်ကြောင်းနှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေး အသိ ပေးထုတ်ပြန်ချက်"

၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်

အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခအခြေ အနေများကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်းတွင် အကျပ်အတည်းဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအသီး သီးကို ရိုက်ခတ်လျက်ရှိပြီး အထူးသ ဖြင့် ယင်းဒေသမှ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို အားပြုတင်သွင်းနေရသည့် အရှေ့တောင်အာရှနိုင်ငံများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းအခက်အခဲ အကျပ်အ တည်းများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့် နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံမှ တင်သွင်းနေသော စက်သုံးဆီများသည် ထိုင်းနိုင်ငံမှ တင်သွင်းနေခြင်းမဟုတ်ကြောင်းနှင့် စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းနေပြီး စက်သုံးဆီဖြည့်ဆည်းမှု ကွင်းဆက် Supply Chain တစ်လျှောက်တွင် အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီ ဖူလုံမှုရှိစေရေး အစီအမံဖြင့် ဆောင်ရွက်ထားရှိ သည့်အတွက် ရက် (၄၀) ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့် တင်းဖြန့်ဖြူးပေးလျက်ရှိပါသည်။

ဆက်လက်၍ ကြိုတင်စီမံထားသည့်အစီအစဉ်အတိုင်း သီလဝါဆိပ်ကမ်းတွင် သင်္ဘောနှစ်စင်း၊ လမ်းခရီးတွင် သင်္ဘောခြောက်စင်း၊ ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘောရှစ်စင်းဖြင့် ထပ်မံဖြည့်တင်းသွားမည် ဖြစ်ပါသည်။ ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ညှိ နှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် အရေးပေါ်အခြေအနေဖြစ်ပေါ် လာပါက ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေချိတ် ဆက် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါ သည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ဖြစ်ပေါ်လာနိုင်သည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကြောင့် ကြမှု မဖြစ်ကြရန်နှင့် သက်ဆိုင် ရာဌာန
မှ တရားဝင်ထုတ်ပြန်ပေးလျက်ရှိသည့်
သတင်းများကိုသာ ယုံကြည်ကြရန်
လိုအပ်ပါကြောင်း၊ တရားမဝင် ကော
လာဟလသတင်းများကို မယုံကြည်
ကြရန်နှင့် စိုးရိမ်စိတ်လွန်ကဲ၍ စက်သုံး
ဆီကို မလိုအပ်ဘဲ ဝယ်ယူသိုလှောင်
ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြ
ပါရန် စွမ်းအင်ဝန်ကြီးဌာနမှ မိဘပြည်
သူများသို့ မေတ္တာရပ်ခံအပ်ပါကြောင်း
အသိပေးထုတ်ပြန် အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန

"စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင် ယာဉ်များ လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက...
04/03/2026

"စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင် ယာဉ်များ လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဥ်များ မောင်းနှင်အသုံးပြုရန် ထုတ်ပြန်"

မြို့တော် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတွင်း မြို့တော်ကြီးများ၊ နယ်မြို့များအားလုံးတွင် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင် ၍ ပုဂ္ဂလိက ပိုင်ယာဉ်များ လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဥ်များ မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၃ ရက်၌ ပြည်သူများသို့ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အသိပေးကြေညာချက်မှာ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အ ဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်ပါကြောင်း၊စည်းကမ်းသတ်မှတ်ချက်များမှာ လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/---- 4A/---စသည်ဖြင့်)၊ မ ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များအားလုံး လိုက်နာမောင်းနှင်အသုံးပြုရန် ဖြစ် ကြောင်း ပြည်သူများသို့ အသိပေးကြေညာခဲ့သည်။

ယင်းသို့ကန့်သတ်ချက်တွင် EV မော်တော် ယာဉ်/EV မော်တော်ဆိုင် ကယ်များမပါဘဲ EV မော်တော် ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ် ပုံမှန် မောင်းနှင်နိုင်ပါကြောင်း၊သို့သော် နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင် ယာဉ် / နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များမှာတော့ ပုံမှန်အတိုင်း အသုံးပြုမောင်းနှင်သွားလာ
နိုင်ပါကြောင်း ဖော်ပြထားပါသည်။

စက်သုံးဆီလုပ်ငန်းရှင်များအားလုံးနှင့် အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေး နှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ကြောင်းနှင့် အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် ​ဖော်ပြပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေး
ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က
ထုတ်ပြန်ထားသည်။

"လားရှိုးမြို့အဝင်ကရန်တိုင်းအောင်မြို့ဦးစေတီတော်မြတ်ကြီးတပေါင်းပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်"လားရှိုး-ဖေဖေါ်ဝါရီ...
20/02/2026

"လားရှိုးမြို့အဝင်ကရန်တိုင်းအောင်မြို့ဦးစေတီတော်မြတ်ကြီးတပေါင်းပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်"

လားရှိုး-ဖေဖေါ်ဝါရီ(၁၄)ရက်။

မမ(လားရှိုး)

လားရှိုးမြို့အဝင်ကရန်တိုင်းအောင်မြို့ဦးစေတီတော်မြတ်ကြီးတပေါင်းပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟုသိရပါသည်။

မြန်မာသကရာဇ် ၁၃၇၈ခုနှစ်၊တပေါင်း
လပြည့်နေ့မတ်လ ၂ ရက်နေ့ မှာလားရှိုးမြို့အဝင်ကရန်တိုင်းအောင် စေတီတော်
မြတ်ကြီးမှာတပေါင်းပွဲတော်ကို စည်စည် ကားကားကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လပြည့်နေ့မနက်ပိုင်းမှာစေတီတော်
မြတ်ကြီးနေကဇာတင်ကပ်လှုပါမယ်
မွန်းလွဲပိုင်းမှာမြို့ပေါ်ရှိဘုန်းတော်ကြီး
ကျောင်း ၅၄ ကျောင်းက ဆရာတော်
သံဃာတော်အပါး ၁၅၀ နဲ့ သီလရှင်
ကျောင်းတိုက် ၁၀ တိုက် ကတိုက်အုပ်
သီလရှင်ဆရာကြီး‌ေတွနဲ့သီလရှင်
ဆရာ‌လေးအပါး ၃၀ ကိုဆွမ်းဆန်စိမ်း
လောင်းလှုမှာပါဟုရန်တိုင်းအောင်စေတီတော်မြတ်ကြီး၏ ဂေါပက
ဦးစိန်ထွန်းကပြောသည်။

စေတနာရှင်ပြည်သူများအ‌နေဖြင့်
ဆွမ်းဆန်စိမ်းလောင်းလှုပွဲတွင်ပါဝင်
လှုဒါန်းနိင်ရန်ဖိတ်ခေါ်ပါကြောင်း
ကိုယ် တိုင် လာရောက်လှုဒါန်းနိုင်
သလို အလှု‌ ငွေများပါဝင်လှုဒါန်း
လိုပါကလည်းအလှုခံမဏ္ဍပ်များ
တွင်လှူဒါန်နိုင်သည်ဟုသိရ
ပါသည်။

ရန်တိုင်းအောင်စေတီတော်မြတ်ကြီး
၏တပေါင်းပွဲတော်ဆွမ်းဆန်စိမ်း
လောင်းလှုပွဲတွင်‌မြို့ပေါ်ရှိဌာနဆိုင်ရာ
များ၊ဝတ်အသင်းများ၊ပရဟိတအသင်း
အဖွဲ့များက ဒေသခံစေတနာရှင်ပြည်
သူများနှင့်အတူပါဝင်ကုသိုလ်ယူလှုဒါန်း
ကြမှာဖြစ်သည်ဟုသိရပါသည်။

မမ(လားရှိုး)

28/12/2025

Lashio MediaGroup ၏ သတင်းများကို ဖော်ပြပါ အက်ပလီကေးရှင်းမှလည်း ကြည့်ရှုနိုင်ပါကြောင်း ချစ်စွာသော တိုင်းရင်းသား မိဘပြည်သူ ညီအကိုမောင်နှမအပေါင်းတို့ကို လေးစားစွာ ဖော်ပြလိုက်ရပါသည်။

https://files.appsgeyser.com/Lashio%20MediaGroup_16910434.apk?src=page

ဖော်ပြပါ လင့် ကို မိမိတို့ရဲ့ Mobile Phone
Android အမျိုးအစား ဖုန်းတွေတိုင်းမှာ ဒေါင်းပြီး အင်ဆထောပြုလုပ်ကာ အင်တာနက်ချိတ်ဆက်လို့ ကြည့်ရှုနိုင်ပါပြီ....။

27/12/2025

EVM စက်နဲ့ မဲပေးကြပါစို့....

27/12/2025

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့သည်
ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နေ့ရက်ဖြစ်ပါသည်။

11/09/2023

"TW ဆိုလာပြားများကို 550W ၊
ကျပ်- ၅၁၀၀၀ဝိ/ ဖြင့် လက်လီလက်ကား
မှာယူဆက်သွယ်နိုင်ကြောင်းအသိပေးဖော်ပြ"

ဈေးနှုန်း ... 550 W တစ်ပြားနှုန်း .

510000/

(ငါးသိန်းတစ်သောင်း - ကျပ်ငွေ)

ဆက်သွယ်ရန်. ..... .. .....

09 445107265

09778627217

Address

Lashio

Telephone

+959664944066

Website

Alerts

Be the first to know and let us send you an email when Lashio, Northern ShanState, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share