Lashio News Desk

Lashio News Desk Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lashio News Desk, Media/News Company, Shwe Li Yadanar , Quarter 1 , Block 9, Lashio.

"မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဘာကြောင့် နှစ်ပေါင်းများစွာကြာအောင်အပြီးသတ် မအောင်မြင်သေးတာလဲ..သမိုင်း၊စီးပွား ရေး၊ နိုင်ငံရေးန...
15/07/2026

"မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဘာကြောင့် နှစ်ပေါင်းများစွာကြာအောင်အပြီးသတ်
မအောင်မြင်သေးတာလဲ..သမိုင်း၊စီးပွား ရေး၊ နိုင်ငံရေးနှင့်လုံခြုံရေးရှုထောင့်
များမှသုံးသပ်ချက်"

လင်းလင်း (လားရှိုး)

မူးယစ်ဆေးဝါးပြဿနာသည် ယနေ့
ခေတ်မှစတင်ပေါ်ပေါက်လာသည့် ပြ
ဿနာမဟုတ်ပါ။ လူသားသမိုင်း တစ်
လျှောက်နှစ်ပေါင်းရာနှင့်ချီ၍ ရှိလာခဲ့
သည့် လူမှုရေးပြဿနာတစ်ရပ်ဖြစ်ပြီး
ယနေ့အချိန်အထိ နိုင်ငံတကာအသိုင်း
အဝိုင်းအနေဖြင့် နည်းလမ်းမျိုးစုံဖြင့်
တားဆီးနှိမ်နင်းနေကြသော်လည်း
လုံးဝပျောက်ကွယ်သွားခြင်း မရှိ
သေးပေ။

ဘိန်း၊ဘိန်းဖြူ၊ကိုကင်း၊အမ်ဖက်တမင်း၊
ICE (မက်သမ်ဖက်တမင်း) စသည့် မူး
ယစ်ဆေးဝါးအမျိုးအစားများသည်ပုံစံ
များပြောင်းလဲလာသော်လည်း လူမှု အ
သိုင်းအဝိုင်းအပေါ် သက်ရောက်မှုက
တော့ ဆက်လက်ကြီးမားနေဆဲဖြစ်
သည်။

သမိုင်းကြောင်းအရ ကြည့်လျှင် မူးယစ်
ဆေးဝါးတိုက်ဖျက်ရေးသည် အချိန်တို
အတွင်း ဖြေရှင်းနိုင်သည့် ပြဿနာ
မဟုတ်ပါ။

သမိုင်းတစ်လျှောက်တွင် မူးယစ်ဆေး
ဝါးများသည် ကုန်သွယ်ရေး၊ နိုင်ငံရေး
နှင့် စစ်ရေးတို့နှင့်ပင် ဆက်နွယ်
ခဲ့သည်။

အချို့ဒေသများတွင် ဘိန်းစိုက်ပျိုးမှု
သည် ဒေသခံများ၏အသက်မွေးဝမ်း
ကျောင်းနှင့် ဆက်နွယ်နေခဲ့ပြီးတား
ဆီးရန်မှာရာဇဝတ်မှုနှိမ်နင်းရေးတစ်ခု
တည်းဖြင့် မဖြေရှင်းနိုင်သည့်အခြေ
အနေများ ရှိခဲ့သည်။

အတိတ်ကာလများတွင် မူးယစ်ဆေးဝါး
ထုတ်လုပ်မှုကို ဖျက်ဆီးခြင်း၊ သယ်ယူ
ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့
ခြင်းတို့ကို အဓိကထားခဲ့သော်လည်း
ယနေ့တွင်တော့ ပြဿနာ၏ အမြစ်ဖြစ်
သည့် ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်
ရှားပါးမှုနှင့် လူမှုဘဝအခက်အခဲများ
ကိုပါ ဖြေရှင်းရန် လိုအပ်လာသည်။

စီးပွားရေးအမြင်မူးယစ်ဆေးဝါး လုပ်
ငန်းသည် တရားမဝင်ဖြစ်သော်လည်း
ငွေကြေးအမြတ်အစွန်း ကြီးမားသော
မှောင်ခိုစီးပွားရေးတစ်ရပ် ဖြစ်
နေသည်။

ဝယ်လိုအားရှိနေသရွေ့ရောင်းချသူများ
ပေါ်ပေါက်လာနိုင်ပြီးအမြတ်အစွန်းကြီး
မားမှုကြောင့် အန္တရာယ်များကို သိရှိ
ထားသော်လည်း ပါဝင်သူများဆက်
လက်ရှိနေကြသည်။

ထို့အပြင် အချို့ထုတ်လုပ်ရာဒေသများ
တွင် တရားဝင်စီးပွားရေးအခွင့်အလမ်း
နည်းပါးခြင်းကြောင့် လူအချို့သည်
မူးယစ်ဆေးဝါးဆိုင်ရာ လုပ်ငန်းများ
ထဲသို့ ဆွဲသွင်းခံရနိုင်သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်
ရေးဆိုသည်မှာ ဖမ်းဆီးအရေးယူမှုသာ
မက ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့်
အလုပ်အကိုင်ဖန်တီးပေးရေးတို့နှင့်ပါ
ဆက်စပ်နေသည်။

နိုင်ငံရေးအမြင်မူးယစ်ဆေးဝါးပြဿနာ
သည် နိုင်ငံရေးနှင့်လည်း ကင်းကွာခြင်း
မရှိပါ။အချို့ဒေသများတွင် တရားဥပ
ဒေစိုးမိုးမှု အားနည်းခြင်း၊ ပဋိပက္ခများ
ရှည်လျားနေခြင်းနှင့် အုပ်ချုပ်ရေးစနစ်
အားနည်းခြင်းတို့ကြောင့် မူးယစ်ဆေး
ဝါးကွန်ရက်များရှင်သန်ရန်အခွင့်အရေး
ရရှိတတ်သည်။

အထူးသဖြင့် နယ်စပ်ဒေသများတွင်
နိုင်ငံအများအပြားနှင့် ထိစပ်နေခြင်း၊
သွားလာရခက်ခဲသော မြေပြင်အခြေ
အနေများကြောင့် ထိန်းချုပ်ရန် ပိုမိုခက်ခဲလာသည်။

လုံခြုံရေးအမြင်ယနေ့ခေတ်တွင်မူးယစ်
ဆေးဝါးသည် ကျန်းမာရေးပြဿနာ
တစ်ခုသာမဟုတ်တော့ဘဲ နိုင်ငံလုံခြုံ
ရေးနှင့်ပါ ဆက်နွယ်လာသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသော ငွေကြေးများသည် တရားမဝင်အဖွဲ့
အစည်းများကိုအားပေးနိုင်ပြီး ဒေသ
တွင်း တည်ငြိမ်ရေးကို ထိခိုက်စေ
နိုင်သည်။

ထို့အပြင် လူငယ်များကြား စွဲလမ်းမှု
များပြားလာပါက လူ့စွမ်းအားအရင်း
အမြစ်၊ မိသားစုဘဝနှင့် လူမှုစီးပွား
ရေးဖွံ့ဖြိုးမှုကိုပါ ရေရှည်ထိခိုက်စေ
နိုင်သည်။

ဒါဆို မူးယစ်ဆေးဝါးတွေ လုံးဝပျောက်
ကွယ်နိုင်ပါသလားလက်ရှိအခြေအနေ
အရ ကမ္ဘာပေါ်မှ မူးယစ်ဆေးဝါးအား
လုံးကို လုံးဝဖယ်ရှားပစ်နိုင်မည်ဟု
ဆိုရန်မှာ ခက်ခဲနေဆဲဖြစ်သည်။

သို့သော် မဖြစ်နိုင်သောအရာလည်း မ
ဟုတ်ပါ။ အောင်မြင်သော မူးယစ်ဆေး
ဝါးတိုက်ဖျက်ရေးသည်ထိရောက်သော
ဥပဒေစိုးမိုးရေး နယ်စပ်လုံခြုံရေးပညာ
ပေးမှုစွဲလမ်းသူများအတွက်ပြန်လည်
ထူထောင်ရေးလူငယ်များအတွက် အ
ခွင့်အလမ်းဖန်တီးပေးမှုတို့ကို ပေါင်းစပ်
ဆောင်ရွက်မှသာ ရလဒ်ကောင်း ရရှိနိုင်
မည်ဖြစ်သည်။

မူးယစ်ဆေးဝါးသည် တစ်နေရာတည်း
တွင် တိုက်ဖျက်၍ အဆုံးသတ်နိုင်သည့်
ရန်သူမဟုတ်ပါ။ လူမှုအသိုင်းအဝိုင်း
တစ်ခုလုံး၏ ပူးပေါင်းပါဝင်မှု လိုအပ်
သည့် ရေရှည်စိန်ခေါ်မှုတစ်ရပ်
ဖြစ်သည်။

အဆုံးတွင် မေးခွန်းတစ်ခု ကျန်နေသည်
"မူးယစ်ဆေးဝါးကို အမြစ်ပြတ်ဖျက်နိုင်
မလား" ထက်"မူးယစ်ဆေးဝါးကြောင့်
လူ့အသိုင်းအဝိုင်း ထိခိုက်ဆုံးရှုံးမှုကို
ဘယ်လောက်အထိ လျှော့ချနိုင်မလဲ"
ဆိုသည်က ပိုမိုအရေးကြီးသော
မေးခွန်းဖြစ်လာနေသည်။

လင်းလင်း (လားရှိုး)
Photo: Internet

"လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်ရှိ   ပြည်လုံးချမ်းသာ စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်"လားရှိုး - ဇူလိုင် ၁၁ ရက်။        ...
12/07/2026

"လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်ရှိ ပြည်လုံးချမ်းသာ စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်"

လားရှိုး - ဇူလိုင် ၁၁ ရက်။

လားရှိုးမြို့ ၊ ရပ်ကွက် ၉ ဘူတာလမ်းမ
ကြီးပေါ်ရှိပြည်လုံးချမ်းသာ စာကြည့်
တိုက်ကြီးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်
နေ့မှ စတင်ကာ ပြန် လည်ဖွင့်လှစ်လိုက်
ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ကစပြီး
၂ နှစ်ကျော်ကာလ ပိတ်ထားခဲ့ကြောင်း
ယခု ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်
ကြောင်း၊လားရှိုးမြို့၊ ရပ်ကွက်(၉)
ဘူတာလမ်းမကြီးပေါ်ရှိရပ်ကွက် ဓမ္မာရုံ
ကြီး၌ ဖွင့်လှစ်ထားသည့် ပြည်လုံးချမ်း
သာ စာကြည့်တိုက်ကြီး၏ စာကြည့်
တိုက် မှူးက ဆိုပါသည်။


အဆိုပါ စာကြည့်တိုက်ကြီး၏အလုပ်
အမှု ဆောင်ကော်မတီ အဟောင်း မှ
ကော်မတီ အသစ် သို့ စာကြည့်တိုက်
ကြီးရှိ စာအုပ်များ၊ ပရိဘောကပစ္စည်း
များနှင့် စာကြည့်တိုက်တွင်းရှိ အသုံး
အဆောင်များအားလုံးကို စာကြည့်
တိုက် အမှုဆောင်ကော်မတီ အသစ်သို့
လွှဲပြောင်း အပ်နှံခြင်း ဆောင်ရွက်မှုများ
ကိုလည်း ပြီးပြည့်စုံစွာဆောင်ရွက်ပြီးစီး
ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက် (၁၂)ခု ရှိ
သည့်အနက် ဘူတာရှိသော အမှတ်(၉)
ရပ်ကွက်နေပြည်သူများက ပြည်လုံး
ချမ်းသာ စာကြိုက်တိုက်ကို ၂၀၁၆ ခု
နှစ်က စတင်တဘ်ထောင်ခဲ့သည်ဖြစ်ကာအဆိုပါ ပြည်လုံးချမ်းသာစာကြည့် တိုက်ကြီးတွင် မြန်မာ့ စွယ်စုံကြမ်းအနှစ် ချုပ်( ၅၃ )အုပ်အပါအဝင် ဘာသာရေးစာအုပ်၊သုတ ရသစာအုပ်(၁၃၀၀) ဆောင်းပါးစာအုပ်(၃၀၀) နှင့် ဂျာနယ်ပေါင်း(၂၀၀၀) ရှိကြောင်း၊ စာကြည့်တိုက် ရံပုံငွေ ကျပ်( ၇၅၃၀၀၀၀ိ /- ) ( ကျပ် ခုနစ်ဆယ့် ငါးသိန်း သုံးသောင်းတိတိ )နှင့်ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကိုစာ ကြည့်တိုက်အမှု ဆောင်အဖွဲ့သစ်ထံသို့ စာရင်းဇယားများ နှင့် တကွ လွှဲအပ် လက်ခံခြင်းများ ပြု လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း
သိရသည်။

အဆိုပါလွဲပြောင်းပေးခြင်းအခမ်းအနား
တွင်စာကြည့်တိုက်ကြီး၏ နာယကကြီး
များနှင့်အမှတ် ၉ ရပ်ကွက် အုပ်ချုပ်
ရေးမှူး ဦးစောခိုင် တို့ ရှေ့မှောက်တွင်
ဆောင်ရွက်ခဲ့ကြသည်ဟု သိရပါ
သည်။

ဒါအပြင်လားရှိုးမြို့ရှိ မြန်မာနိုင်ငံ
စာကြည့်တိုက် ဖေါင်ဒေးရှင်း၊
ရှမ်းပြည်နယ်မြောက်ပိုင်း ဥကဌ
ဒေါ်ခင်သန်းနွဲ့ (ခ)မမ(လားရှိုး)နှင့်
စာကြည့်တိုက်အဖွဲ့ဝင်များ လားရှိုး
မြို့နယ်စာရေးဆရာအသင်းကြီး၏
ဥကဌ ဦးသောင်းလွင် (နေမျိုနွယ်)
နှင့် စာရေးဆရာအသင်းဝင်များတက်
ရောက်ကြသည် ဟုသိရပါသည်။

ပြည်လုံးချမ်းသာစာကြည့်တိုက်ကြီး
တွင် ရပ်ကွက်နေပြည်သူများသာမက
စာပေဝါသနာရှင်များ၊ စာဖတ်လိုသူ
များ မည်သူမဆို လာရောက်ဖတ်ရှုနိုင်
ကြောင်း သိရှိရသလို စာကြည့်တိုက်
အတွင်း မကြာမှီ အင်တာနက် အခမဲ့
လာရောက်သုံးစွဲနိုင်ကြရန်အတွက်
ဖိုင်ဘာအင်တာနက် ဝိုင်ဖိုင်ကို တပ်
စဥ်ပေးသွားရန် စီမံဆောင်ရွက်လျှက်
ရှိကြောင်း လက်ရှိ စာကြည့်တိုက်
ကြီး၏ တာဝန်ခံဖြစ်သူ ဦးဌေးလင်း
၏ ပြောကြားချက်အရသိရှိရ
သည်။

မမ(လားရှိုး)

"လားရှိုးမှာ လူ၃ဦးထံမှ၁၀၀၀၀တန်ငွေစကူအတုဖမ်းမိ"လားရှိုး-ဇွန်လ(၂၈) ရက်။         ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင်င...
28/06/2026

"လားရှိုးမှာ လူ၃ဦးထံမှ၁၀၀၀၀တန်ငွေစကူအတုဖမ်းမိ"

လားရှိုး-ဇွန်လ(၂၈) ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင်ငွေစက္ကူ ၁၀၀၀၀/-တစ်သောင်းကျပ် တန်အတု ၁၅၂ ရွက်ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ထံကသိရပါသည်။

ဇွန်လ၂၆ ရက်နေ့ည၇နာရီခန့်ကလားရှိုး ခရိုင် ဒုစရိုက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့တွေ နဲ့အတူရပ်ကွက်တာဝန်ရှိသူ​များမှ သက် သေတွေနဲ့အတူလားရှိုးမြို့ရပ်ကွက်(၅)
ရေကန်လမ်းအမှတ် (၇) မှာကြိုတင်
စောင့်ဆိုင်းခဲ့ရာလွယ်အိပ်လွယ်ပြီးလမ်း
လျောက်လာသူတဥိးထံကဖမ်းမိခဲ့တာ
ပါသတင်းအရကြိုတင်စောင့်ဆိုင်းပီး
စစ်ဆေးခဲ့ရာအောင်ဝင်း (ခ) လီရှာအန်း
(၂၆)နှစ် ရဲ့လွယ်အိပ်ထဲက ၁၀၀၀၀ တန် အတုလို့ထင်ရတဲ့ ငွေ စက္ကူ အတု ၁၂၅ ရွက်တွေ့ရပါတယ်။

သူရဲ့စစ်ဆေးပေါ်ပေါက်ချက်အရ လားရှိုးမြို့ရပ်ကွက် ၅ နယ်မြေ ၁၃ မှာ ရှိတဲ့ အိမ်ပျက်ကြီးခုမှာ ရွှေထွန်း (၅၀) နှစ် နဲ့ မဝမ်ကျုလန် (၄၀)နှစ် ဆိုသူလူ(၂)ယောက်နဲ့ အတူ ၁၀၀၀၀/- တန် ၂၇ ရွက်နဲ့အတူထအ်မံဖမ်းဆီးခဲ့ကြောင်း စုစုပေါင်း ၁၀၀၀၀/- တန် ငွေစက်ကူ ၁၅၂ ရွက်ကိုသိမ်းဆည်းရမိခဲ့ပါတယ် .......ဟု လားရှိုးမြို့မြို့မရဲစခန်း တာဝန်ရှိသူကပြောသည်။

ငွေစက္ကူ အတု ဟု ထင်ရသည့် ၁၀၀၀၀ိ/-တန် ၁၂၅ ရွက်လက်ဝယ်
တွေ့ရသူ အောင်ဝင်း (ခ)လိရှာအန်း (၂၆-နှစ်) နှင့်အတူ လားရှိုးမြို့ရပ်ကွက် ၅ ၊ နယ်မြေ (၁၃)ရှိအိမ်ပျက်ကြီးထဲမှငွေ ၁၀၀၀၀/- တန်၂၇ ရွက်နှင့်အတူ (၁)ရွှေထွန်း (၂)မဝမ်ကျူလန် တို့ပေါင်း (၃)ဦး ကိုလားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားပြီးဥပဒေအရလိုအပ်သည့်စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရပါသည်။

မမ(လားရှိုး)

"လားရှိုးမြို့အဝင်မြို့ဦးဆုတောင်းပြည့်ရန်တိုင်းအောင်စေတီတော်မြတ်ကြီးပရဝုဏ်အတွင်းသစ်ပင်စိုက်"လားရှိုး - ဇွန်(၂၈)ရက် လားရှ...
27/06/2026

"လားရှိုးမြို့အဝင်မြို့ဦးဆုတောင်းပြည့်
ရန်တိုင်းအောင်စေတီတော်မြတ်ကြီး
ပရဝုဏ်အတွင်းသစ်ပင်စိုက်"

လားရှိုး - ဇွန်(၂၈)ရက်

လားရှိုမြို့အဝင်မြို့ဦးဆုတောင်းပြည့်
စေတီတော်မြတ်ကြီးပရဝုဏ်အတွင်း
စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြရာတွင်
အုန်းပင်ပေါက်များကို စုပေါင်းစိုက်ပျိုး
ခဲ့ကြကြောင်း သိရသည်။

ဇွန်လ၂၈ ရက် နေ့နံနက်ပိုင်းက လားရှိုးမြို့အဝင်ကရန်တိုင်းစေတီတော်မြတ်ကြီး၏ပရဝုဏ်ထဲက ကရဝိတ်ဖေါင်တော်ကြီးမျက်နှာစာမှာတော်ဝင်ရတနာအုန်းပင်၂၀ကိုဂေါပကအဖွဲ့ဝင်များကစုပေါင်းစိုက်ပျိုးခဲ့ကြတာပါဟုစေတီတော်မြတ်ကြီး၏ဂေါပကအဖွဲ့ဝင် ဦးစိုင်းစိန်ထွန်း ကပြောသည်မကြာမှရက်ပိုင်းတွင်အဆိုပါကရဝိတ်ဖေါင်တော်ကြီးအရှေ့မျက်နှာစာတွင်ပန်းအလှပင်မျိုးဖြစ်သည့်ဂျပန်စကား
ပန်းပင်များစိုက်ပျိုးကြမည်ဟု၄င်းကဆက်ပြောသည်။

မြိုဦးရန်တိုင်းအောင်စေဆီတော်မြတ်ကြီးသည် (၃၂.၁၆၇ ) ဧကကျယ်ဝန်းတာဖြစ်ပြီးနှစ်စဉ်နှစ်နှစ်တိုင်းသစ်ပင်မျိုးစုံကိုစိုက်ပျိုးတာဖြစ်ကြောင်းစိုက်ပျိးထားသည့် သစ်ပင်မျိုးစုံကိုရေရှည်တည်တံ့ရှင်သန်စေရန်လုပ်ဆောင်နေသည်ဟုဦးစိုင်းစိန်ထွန်းကဆက်ပြောသည်။

လားရှိုးမြိုအဝင်မြို့ဥိးဆုတောင်းပြည့်
ရန်တိုင်းအောင်ဆုတောင်းပြည့်စေတီ
တော်ကြီးပရဝုဏ်အတွင်းနှစ်ရှည်အရိပ်
ရပင်များအဖြစ်ကံ့ကော်ခရေပိတောက်
အစရှိသည့်အပင်များအပြင်အာဆီယံ
သပြေနှင်းဆီ တပြေဘုတစသည့် ပန်း
အလှပင်များကိုနှစ်စဥ်မြို့သူမြို့သား
များမှ စိုက်ပျိုးခဲ့ကြသည်ဖြစ်ကြောင်း
သိရသည်။



ရန်တိုင်းအောင်စေတီတော်မြတ်ကြီး
သည် မြို့အဝင် ဝိဇယ ဘူမိ မဟာ
အောင်မြေကုန်းတော်မြတ်ပေါ်
တွင်၂၀၀၄ ခုနှစ် ကစတင် တည်
ထားခဲ့သည့်စေတီတော်ကြီးဖြစ်
ကြောင်း၊စေတီတော်ကြီးစတင်
တည်ထားချိန်မှစ၍ ယနေ့တိုင်မြို့သူ
မြို့သားအားလုံးပါဝင်သည့် ပြည်သူ
အများစုပေါင်းကာနှစ်ရှည်ပင်များ
အရိပ်ရသစ်ပင်ပန်းအလှပင်များ
စိုက်ပျိုးခဲ့သည်ဟုသိရပါသည်။



မမ(လားရှိုး)

🚨 "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် ကျပ် ၂.၂၁ ထရီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖျက်ဆီး"၂၀၂၆ ခုနှစ် ဇွ...
27/06/2026

🚨 "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် ကျပ် ၂.၂၁ ထရီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖျက်ဆီး"

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်၊ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တစ်နှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေးပြား ၃၉၁ သန်းကျော်၊ အိုက်စ် ၃၉.၇ တန်ကျော်၊ ဘိန်း၊ ဘိန်းဖြူ၊ ကက်တမင်း၊ ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါး၊ ဓာတုပစ္စည်း စုစုပေါင်း ၁၁၀ မျိုး ပါဝင်ပြီး စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေ ကျပ် ၂,၂၁၀ ဘီလီယံ (၂.၂၁ ထရီလီယံခန့်)၊ အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

"လားရှိုးမြို့ ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်တင်မြှောက်ရေး ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံပြည်သူအချို့က ဝေဖန်မှ...
23/06/2026

"လားရှိုးမြို့ ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်တင်မြှောက်ရေး ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံပြည်သူအချို့က ဝေဖန်မှုများထွက်ပေါ်နေကြောင်း သိရ"

လားရှိုးမြို့ - ဇွန် ၂၁ ရက်။

လားရှိုးမြို့ ရပ်ကွက်(၅) အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ်အပေါ် ဒေသခံပြည်သူအချို့က ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်များ
အရ ရွေးကောက်ပွဲကျင်းပချိန်မှာ မိနစ်
၃၅ ခန့်သာ ကြာမြင့်ခဲ့ပြီး ယင်းနောက်
ခန်းမတံခါးများ ပိတ်သိမ်းလိုက်သဖြင့်
နောက်ပိုင်းရောက်ရှိလာသည့် မဲဆန္ဒရှင်
အချို့မှာ မဲပေးခွင့် မရရှိဘဲ ပြန်လည်
ထွက်ခွာခဲ့ရကြောင်း သိရသည်။

ထို့ပြင် လက်ရှိ အုပ်ချုပ်ရေးမှူး
ဟောင်းသည် အုပ်ချုပ်ရေးမှူးလောင်း
တစ်ဦးအဖြစ် ပါဝင်ရွေးကောက်ခံနေ
စဉ် အ တွင်း မိုက်ခရိုဖုန်းအသုံးပြုကာ
တိုင်းရင်းသား ဘာသာစကားဖြင့် ပြော
ဆိုခဲ့မှုများ ရှိခဲ့ကြောင်း ဒေသခံအချို့
က ဆိုသည်။

အဆိုပါဖြစ်စဉ်အတွင်း ၎င်းအားပေးထားသည့် ထောက်ခံမဲအရေအတွက်များ ရရှိနေသည်ဟု ယူဆရသည့် အခြေအနေ၌ အခမ်းအနားပြီးဆုံး
သည့် သဘောမျိုးဖြင့် ခန်းမတံခါးများ ပိတ်သိမ်းရန် ညွှန်ကြားခဲ့ပြီး ခုံများကိုလည်း ၎င်းရဲ့ တပည့်လိုလူငယ်တွေကိုလိုက်သိမ်းခိုင်းခဲ့ပြီး ၎င်းကိုယ်တိုင်က အခမ်းအနားပြုလုပ်တဲ့ ခေါင်းစီး စာ တန်းပါလိုက်ကာ မျက်နှာဆာကို ချက်ခြင်း ခေါက်သိမ်းကာ ရွေးကောက်ပွဲပြီးဆုံးပါပြီ.. ၎င်း ဟာ အနိုင်ရရှိပါပြီ.. အုပ်ချုပ်ရေးမှူးသစ်အဖြစ် ၎င်းကိုခန့်အပ်တာဝန်ပေးပါပြီ ဆိုသကဲ့သို့ ၎င်းကြိုက်သလို လုပ်နေတဲ့အပေါ်ကို ကော်မတီလူကြီး ၅ ဦးအနေနဲ့ ဘာမှမပြောဘဲ သဘောထားတူညီသလိုမျိုး
ဖြင့် အခမ်းအနားအဆူံးသပ်လိုက်
သည့်အပေါ် ဘယ်လိုဖြစ်တာလဲ
ဆိုတာကို နားမလည်နိုင်အောင်ဖြစ်
ခဲ့ကြရတာပါ။

ယင်းကဲ့သို့ အုပ်ချုပ်ရေးမှူးလောင်း
တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေချိန်တွင် ပြုမူဆောင်ရွက်ခဲ့မှုများသည် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို မေးခွန်းထုတ်မှုများ ရှိနေပြီး ရွေး
ချယ်တင်မြှောက်ရေးကော်မတီဝင် ၅ ဦးအနေဖြင့် သင့်လျော်သည့် ဆုံးဖြတ် ချက်များ ချမှတ်သင့်ကြောင်း အတွေ့ အကြုံရှိသူအချို့က ထောက်ပြပြောဆိုထားသည်။

အလားတူ ရွေးချယ်တင်မြှောက်ရေးကော်မတီဝင်များအပေါ် ဘက်လိုက်ဆောင်ရွက်မှုများ ရှိနေသည်ဟု ယူဆကာ ဝေဖန်ပြောဆိုမှုများလည်း ဒေသတွင်း၌ ပိုမိုများပြားလာနေကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲကျင်းပခဲ့
သည့် ခန်းမ၏ အကျယ်အဝန်းနှင့်
စီစဉ်ထားသည့် ထိုင်ခုံအရေအတွက်များအရ မဲပေးသူဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၄၀၀ မှ ၅၀၀ ခန့်သာ ရှိနိုင်ကြောင်း ဒေသခံအချို့က သုံးသပ်
ထားသော် လည်း ထုတ်ပြန်ထားသည့် ဆန္ဒမဲစုစုပေါင်းအရေအတွက်မှာ ၇၀၀ ခန့်ရှိနေသည်ဟု ဆိုကာ ယင်းအခြေ အနေအပေါ် ရှင်းလင်းချက်တစ်ရပ် လိုအပ်နေကြောင်း မေးခွန်းထုတ်မှု
များ ထွက်ပေါ်နေသည်။

အဆိုပါ ဝေဖန်ပြောဆိုမှုများနှင့် ပတ် သက်၍ သက်ဆိုင်ရာ ရွေးချယ်တင် မြှောက်ရေးကော်မတီနှင့် တာဝန်ရှိသူများ၏ တရားဝင် ရှင်းလင်းပြောကြားချက်ကို ဆက်လက် စုံစမ်းတင်
ပြသွားမည် ဖြစ်သည်။

L2 (LSO)

"လားရှိုးမြို့ရှိCommunity Centre တွင်စာဖတ်ဝိုင်းကျင်းပ"လားရှိုးမြို့- ဇွန် ၂၁ ရက်။   လားရှိုးမြို့ရှိCommunity Centre တ...
22/06/2026

"လားရှိုးမြို့ရှိCommunity Centre တွင်စာဖတ်ဝိုင်းကျင်းပ"

လားရှိုးမြို့- ဇွန် ၂၁ ရက်။

လားရှိုးမြို့ရှိCommunity Centre တွင်ဇွန်လ၂၁ရက်နေ့မွန်းလွဲပိုင်းက စာဖတဝြိုငြးတခုကိုကငွြးပခဲ့သညဟြုသြိရပါသညြ
စာဖတ်ဝိုင်းကိုပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့လားရှိုးမြို့နယ်စာရေးဆရာအသင်း၊Book Club အဖွဲ့ဝင်တွေ၊စာကြည့်
တိုက်ဖေါင်ဒေးရှင်းကအသင်းဝင်တွေစာပေဝါသနာရှင်တွေပူးပေါင်းလုပ်တာပါဟု လားရှိုရမြို့ရှိတွဲဖက်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွဲဖက်ပြည်နယ်မှူးဦးဇော်ဌေးအောင်ကပြောဆိုသည်
စာဖတ်ဝိုင်းတွင်ဆွေးနွေးကြသည့်စာအုပ်မှာစာရေးဆရာအောင်သင်းရေးသားသည့် လူ့ငယ်နဲ့ဘဝ တန်ဖိုးဆိုတဲ့စာအုပ်ဖြစ်ကြောင်းအပါတ်သဉ်တနဂ်နွေနေ့တိုင်းစာဖတ်ဝိုင်းကျင်းပမည်ြဖစ်ကြောင်းစာပေဝါသနာရှင်မည်သူမဆိုလားရှိုးမြို့ရှိCommunity Centre သို့လာရောက်နိုင်ကြောင်းသိရပါသည်။

မေသူဇော်

📰 "လားရှိုးမြို့ရှိ ရပ်ကွက်အသီးသီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်တင်မြှောက်ရေး ဇွန် ၂၁ ရက်၌ ကျင်းပမည်"လားရှိုးမ...
20/06/2026

📰 "လားရှိုးမြို့ရှိ ရပ်ကွက်အသီးသီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်တင်မြှောက်ရေး ဇွန် ၂၁ ရက်၌ ကျင်းပမည်"

လားရှိုးမြို့ - ဇွန် ၂၁ ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ရပ်ကွက်အသီးသီး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်တင် မြှောက်ရေး အခမ်းအနားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်တင်မြှောက်ရေးတွင် ရပ်ကွက်အသီးသီးမှ အုပ်ချုပ်ရေးမှူးလောင်းများ ဝင်ရောက်အရွေးခံကြမည်ဖြစ်ပြီး ဒေသခံပြည်သူများက မိမိတို့၏ ဆန္ဒမဲများဖြင့် ရွေးချယ်တင်မြှောက်သွားကြမည်ဖြစ်သည်။

လားရှိုးမြို့ ရပ်ကွက်(၅) အောင်မင်္ဂလာရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်တင်မြှောက်ရေးအတွက် ဝင်ရောက်အရွေးခံမည့် ရပ်မိရပ်ဖတစ်ဦးအား တွေ့မြင်ရပြီး ရပ်ကွက်အရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့ရှိ ရပ်ကွက်အသီးသီးတွင် ကျင်းပမည့် ယခုရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ်များသည် ဒေသခံပြည်သူများ၏ ပါဝင်ရွေးချယ်ပိုင်ခွင့်ကို အခြေခံသည့် ဒေသန္တရအုပ်ချုပ်ရေးစနစ်၏ အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။

L2 (LSO)

📸 Photo - အောင်မင်္ဂလာရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးလောင်းတစ်ဦးအား တွေ့ရစဉ်



#အောင်မင်္ဂလာရပ်ကွက်
#ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ

Address

Shwe Li Yadanar , Quarter 1 , Block 9
Lashio
06301

Website

Alerts

Be the first to know and let us send you an email when Lashio News Desk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share