
16/01/2024
🌾🌾🌾🌾နွေစပါးစိုက်ပျိုးနည်းစနစ်🌾🌾🌾🌾
🏆နွေစပါးကို တိုက်ရိုက်မျိုးစေ့ချနည်းစနစ်နှင့်
စိုက်တာ အသင့်တော်ဆုံးလို့ ပြောချင်ပါသည်။ တချို့ဒေသများမှာတော့ ရေမြေအခြေအနေအရ ပျိုးထောင် ကောက်စိုက်စနစ်နှင့် စိုက်လျှင် သင့်တော်တာလည်းရှိပါမည်။ ကုန်ကျစရိတ်
လျော့ချဖို့နှင့် မြန်မြန်ဆန်ဆန် စိုက်ပျိုးပြီးစီးနိုင်ဖို့အတွက် ကြဲပက်နိုင်သည်။ အတန်းလိုက် မျိုးစေ့ချကရိယာဖြင့် စိုက်နိုင်ပါသည်။
🌾အစိုတမန်းပြင်ကာ မျိုးစေ့ချပါ
တိုက်ရိုက်မျိုးစေ့ချကာ နွေစပါးစိုက်ပျိုးမည့် လယ်မြေသည် ရေလုံလောက်စွာရ၍ ရေကို ကောင်း စွာထိန်းနိုင်ရမည်။ ထယ်ရေးနက်နက်ဖြင့် တမန်းညက်အောင် ပြုပြင်ရသည်။ နွားချေး၊ မြေဆွေး၊ စက်ဖွဲပြာ များကို တတ်နိုင်သမျှ ညီညာစွာ ကြဲဖြန့်ချရသည်။ ပေါင်းမြက်ပင်များကို ကုန်စင်အောင်ကောက်ပေးရမည်ဖြစ်ပါသည်။
🏆နောက်ဆုံးထွန်ရေးပြုပြင်ပြီးသည်နှင့် လယ်ကွက် အတွင်းမှရေကို ကတွတ်ပေါက်မှ ထုတ်ပစ်ရသည်။ လိုအပ်ပါက စိမ့်မြောင်း၊ ပတ်မြောင်းများဖော်၍
ရေကို ပြောင်စင်အောင်ထုတ်ရသည်။ ပြီးက တမန်းပြင်ညီညာအောင် ကြမ်းရိုက်ရန်ဖြစ်ပါသည်။
🏆အစိုတမန်းပြင်ပေါ်၌ စာပါးစပ်ပြူအညှောင့်ဖောက် ထားသော စပါးမျိုးစေ့ကို ကြဲပက် စိုက်ပျိုးနိုင်သည်။
🏆မျိုးစေ့ချကရိယာသုံးခြင်း၊ ကြိုးတန်း၍ ကြိုးတန်း တလျှောက် လက်ဖြူးချခြင်း၊ လက်စုချခြင်း စသည့် နည်းစနစ်များအနက် သင့်တော်ရာနည်းစနစ်ဖြင့် အတန်းလိုက်မျိုးစေ့ချ စိုက်ပျိုးနိုင်ပါသည်။
🌾🌾သင့်တော်သည့်စပါးမျိုး အချိန်မှန်စိုက်ပျိုး🌾🌾
မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် ဖေဖော်ဝါရီလလယ်တွင် အပြီးစိုက်သင့်သည်။
ရေမြေ အခြေအနေအရ စိုက်ချိန်ကွဲပြားနိုင်သော်လည်း နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းနိုင်ရေး၊ စပါးပင် ကြီးထွား ဖွံ့ဖြိုးချိန်တွင် အပူချိန်နိမ့်လွန်းခြင်း၊ ပန်းပွင့် ချိန်တွင် အပူချိန်မြင့်လွန်းခြင်းတို့ ကြုံတွေ့မှု မရှိစေ ရေး စိုက်ချိန်ကို ချိန်ဆစိုက်ပျိုးရန်ဖြစ်ပါသည်။ မိမိရေ မြေနှင့်ဒေသအလိုက် သင့်တော်သောစပါးမျိုးကို ရွေးချယ် စိုက်ပျိုးရပါမည်။
🏆မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ သီးထပ်ရင်စပါးမျိုးနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ရွှေသွယ်ရင် စပါးမျိုးတို့သည် ဒေသရေမြေနှင့်ကိုက်ညီပြီး အစို တမန်းပြင်၌ တိုက်ရိုက်မျိုးစေ့ချရန် သင့်တော်သည့် စပါးမျိုးများဖြစ်ပါသည်။
🏆ယခုအခါ ရတနာတိုး၊ ရက် ၉၀၊ နှံကောက်နှင့် အခြား သက်လျင်အထွက်ကောင်း စပါးမျိုးများကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ချိန်စောပါက သက်လျင် အထွက်ကောင်း စပါးမျိုးများသာမက မနောသုခ၊ ဆင်းသုခကဲ့သို့ သက်လတ်အထွက်ကောင်းစပါးမျိုး ကိုလည်း စိုက်ပျိုးနိုင်သည်။ သို့သော် ရိတ်သိမ်းချိန် တွင် မိုးဦးကျမုတ်သုန်မိုးနှင့် ကြုံတွေ့၍ လေလွင့် ဆုံးရှုံးမှုမဖြစ်စေရေး စိုက်ပျိုးမည့်မျိုးနှင့် စိုက်ချိန်ကို ကြိုတင်ချိန်ဆစိုက်ပျိုးရန် ဖြစ်ပါသည်။
🏆အစိုတမန်းပြင်၌ စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုး ရာတွင် ကြဲပက်ပါက တဧကလျှင် မျိုးစေ့ နှစ်တင်း နှူန်းမှ သုံးတင်းနှုန်း၊ ကြိုတန်းတန်း၍ လက်ဖြူးချ ခြင်း၊ လက်စုချခြင်း ဆောင်ရွက်ပါက တစ်ဧကလျှင် မျိုးစေ့ နှစ်တင်းနှုန်း၊ ၆ လက်မခြား မျိုးစေ့ချကိရိယာ ဖြင့် စိုက်ပါက တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲမှ နှစ် တင်းနှုန်း၊ ၈ လက်မခြား မျိုးစေ့ချကရိယာ သို့မဟုတ် ဗီယက်နမ်မျိုးစေ့ချကရိယာတို့ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးစေ့ တစ်တင်းခွဲနှုန်း အသုံးပြုစိုက်ပျိုး ရန်ဖြစ်ပါသည်။
🏆ပေါင်းမြက်ပေါက်ရောက်မှု များလေ့ရှိသည့် လယ်မြေ၌ မျိုးစေ့နှုန်းကို ပိုမိုသုံးစွဲသင့်ပါသည်။ အစို တမန်းပြင်၌ အပင်ပေါက်လာသည့်အခါ အကျယ်အဝန်းတစ်မီတာပတ်လည် အတွင်း စပါးပင် ၂ဝဝ မှ ၃ဝဝ အတွင်းရှိက စပါးအထွက်မြင့်မားမည်။ စပါးပင် ၁၅၀ အောက် အပင်ပေါက်လာက စပါး အထွက်နည်းနိုင်သည်ဟု သိရပါသည်။
🏆ထို့ကြောင့် စိုက်တမန်းမကောင်းခြင်း၊ မျိုးစေ့မချမီ ရေကို ပြောင်စင်အောင်မထုတ်နိုင်၍ ရေချိုင့်၊ ရေခွက် များကျန်ရှိခြင်း၊ မြေမျက်နှာပြင်ညီညာအောင် ကြမ်းမရိုက်နိုင်ခြင်း စသည့် စပါးစေ့အပင်
မပေါက်နိုင်သည့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မျိုးစေ့နှုန်းကို တိုးမြှင့်သုံးစွဲရန်လိုအပ်မည်ဖြစ်ပါသည်။
☘️အထူးသတိထားပေါင်းမြက်များ☘️
အစိုတမန်းပြင် စပါးတိုက်ရိုက်မျိုးစေ့ချစနစ်တွင် ပေါင်းမြက်ဖျက်ဆီးမှုကို ကောင်းစွာ နှိမ်နင်းနိုင်ရ သည်။ မျိုးစေ့ချပြီး သုံးရက်အတွင်း ပေါင်းမြက်ပင် များမပေါက်မီ ကြိုတင်ကာကွယ်သည့် ပေါင်းသတ်ဆေးကို ပက်ဖျန်းနိုင်သည်။ သို့မဟုတ် မျိုးစေ့ချပြီး ရေမသွင်းဘဲ အခြောက်ခံကာ ပေါင်းမြက်ပင်များ ပေါက်ရောက်ခွင့်ပေးပြီး ပေါင်းမြက်ပင်များ အရွက် နှစ်ရွက်မှ သုံးရွက် ထွက်ချိန်တွင် ပေါင်းမြက် အပင်ပေါက်ပြီး ပက်ဖြန်းရသည့် ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းနိုင်သည်။
🏆စိုက်ပျိုးသည့်စပါးမျိုး၏ သက်တမ်းအလိုက် ပထမ သုံးပုံတစ်ပုံကာလအတွင်း ပေါင်း ကင်းစင်စေရေး ဆောင်ရွက်ရန်လိုသည်။ စိုက်ခင်းအတွင်း ရေကို စနစ်တကျထိန်းသိမ်းပေးခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ပေါင်းသတ်ဆေးဖျန်းခြင်း စသည့် ဘက်စုံပေါင်းမြက် ကာကွယ်နှိမ်နင်းနည်းစနစ်ကို ကျင့်သုံးရန် ဖြစ် ပါသည်။
🏆စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးပြီး နှစ်ပတ်သား ခန့်မှစ၍ ရေကိုပေးသွင်းရန်ဖြစ် သည်။ ရေကို ထိန်းသိမ်းထားခြင်းသည် ပေါင်းမြက်ပေါက်ရောက်မှု ကို ကာကွယ်နှိမ်နင်းသည့် နည်းလမ်းတစ်ခုဖြစ်သည်။
🏆သို့သော် ပေါင်းမြက်ပေါက်ရောက်မှု နည်းပါးလေ့ရှိ သည့် လယ်မြေများ၌ ရေကို ချွေတာ၍ အကျိုးရှိစွာ သုံးစွဲမှုအနေဖြင့် စိုတစ်လှည့်ခြောက်တစ်ခါ ရေပေး စနစ်ကို ဆောင်ရွက်နိုင်သည်။ ၄င်းစနစ်မှာ စိုက်ခင်း၌ဘရေပြတ်သွားသော်လည်း မြေအောက်ရေ ၆ လက်မခန့် သို့ ရောက်ရှိမှသာ နောက်တစ်ခါ ရေပေးသွင်းခြင်း နည်းလမ်းဖြစ်သည်။ ရေပေးသွင်းစရိတ် သက်သာ ခြင်းကြောင့် စိုက်ပျိုးကုန်ကျစရိတ်ကိုလည်း လျှော့ချ နိုင်ပါသည်။
☘️အာဟာရစုံစွာမြေဩဇာ☘️
စပါးပင်ရှင်သန်ကြီးထွားရေး ပွင့်သီးရေးအတွက် အဓိကလိုအပ်သော နိုင်ထရိုဂျင်၊ ဖော့စ်ဖားရပ်၊ ပိုတက်ဆီယမ်နှင့် အခြားအနည်းလိုအဟာရဓါတ်များ ရရှိစေရန် သဘာဝမြေဩဇာ နှင့် ဓါတ်မြေဩဇာနှစ် မျိုးလုံးကို ကျွေးပေးရန်လိုပါသည်။
🏆သဘာဝမြေဩဇာကို မျိုးစေ့မချမီ ထွန်ရေးတမန်း ပြုပြင်စဉ်ကပင် လယ်ကွက်အတွင်း ညီညာစွာကြဲ၍ မြေနှင့်သမနေအောင် ထွန်မွှေထည့်သွင်းရန် ဖြစ် ပါသည်။
🏆ဓါတ်မြေဩဇာများတွင် နိုင်ထရိုဂျင်ဓါတ်ပါဝင်သော ယူရီးယားမြေဩဇာကို အပင်ပွားချိန်၏ အစောပိုင်းနှ င့် အလယ်ပိုင်းကာလတို့တွင်လည်းကောင်း၊ မှို့ကပ်ချိန် နှင့် အစေ့အဆံပြည့်ဖြိုးချိန်တို့တွင်လည်းကောင်း ထ ည့်သွင်းပေးရသည်။ ယူရီးယားမြေဩဇာ ကျွေး တိုင်းထုထည်တူမြေဆွေး (သို့မဟုတ်) နွားချေးမြေဆွေးနှင့် သမအောင်ရော၍ တစ်ညနှပ်ထားကာ နောက်နေ့တွင် စိုက်ခင်းအတွင်း ညီညာစွာကြဲပက်ပေးရန် ဖြစ် ပါသည်။
🏆ဖေါ့စ်ဖါးရပ်ဓါတ်ပါဝင်သော တီစူပါဓါတ်မြေဩဇာ နှင့် ပိုတက်စီယံဓါတ်ပါဝင်သော ပိုတက်ဓါတ်မြေဩ ဇာတို့ကို ထွန်ရေးတမန်းပြင်ချိန်တွင် ထည့်သွင်းပေး ရန် ဖြစ်သည်။ ပိုတက်ဓါတ်မြေဩဇာကို စပါးပင်၌ အနှံလောင်းဖြစ်တည်ချိန်မတိုင်မီအထိ တစ်ကြိမ် (သို့မဟုတ်) ထို့ထက်ပို၍ ကြဲပက်ပေးသင့်ပါသည်။
☘️အလေအလွင့်နည်းပါးစေရန် ရိတ်သိမ်းချိန်မှန်☘️
စပါးနှံများရှိ စပါးစေ့များ၏ ၈ဝ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်သည် စပါးရိတ်သိမ်းချိန် မှန်ဖြစ်ပါသည်။ ထိုအချိန်သည် အနှံထွက်ပြီး ၂၈ ရက် မှ ၃၅ ရက်သားတွင် ဖြစ်နိုင်သည်။ ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့ရန်ဖြစ်သည်။ စပါးရိတ်သိမ်းစက်၊ စပါးချွေလှေ့စက် (သို့မဟုတ်) စပါးရိတ်သိမ်းချွေလှေ့ စက်များဖြင့် ရိတ်သိမ်းချွေလှေ့ပါက အလေအလွင့် နည်းပါးမည်ဖြစ်ပါသည်။
Credit _ ဆင်းသီဟ
အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။