23/10/2024
😚😚
လူ့ပတ်ဝန်းကျင်မှာ
လူတိုင်းရှောင်လွှဲလို့မရတဲ့
အရာတစ်ခုကတော့
ပြောဆိုဆက်ဆံခြင်းပါပဲ။
လူမှုပေါင်းသင်းဆက်ဆံရေးမှာ
ကိုယ့်နှုတ်ကထွက်ကျလာတဲ့
စကားလုံးတိုင်းက
တန်ဖိုးရှိဖို့နဲ့ သူများကို
မထိခိုက်စေဖို့က အရေးအကြီးဆုံးပါ။
လူတော်တော်များများက
အနိုင်ရလိုဇောနဲ့..... စကားတွေကို
မထိန်းဘဲ ငါ့စကားနွားရ
ပြော.....တတ်ကြတယ်။
လူတစ်ယောက်နဲ့
တစ်ယောက်......ကြား ဆက်ဆံရေးတွေ
ပြတ်တောက်သွားစေတဲ့
အဓိက တရားခံကလဲ
စကားလုံး.....တွေကြောင့်ပဲ
ဖြစ်နေတတ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့က
စကားတစ်ခွန်းပြောတေ့ာမယ်ဆိုရင်
ပြောသင့်လား၊..... မပြောသင့်လား
ပြန်စဉ်းစားဖို့ လိုပါတယ်။
ကိုယ်ပြောမဲ့ စကားရဲ့
အတိမ် အနက်ကို
ကိုယ်တိုင်သိဖို့လဲ လိုပါတယ်။
စကားလုံးတွေ.....က လူတစ်......ယောက်ရဲ့ စိတ်နေသဘောထားနဲ့
အဆင့်အတန်းကို.....ဖော်ပြနိုင်တဲ့အတွက် ကောင်း.....တဲ့စကားတွေပဲ
ကိုယ့်နှုတ်က ထွက်နိုင်ဖို့ စာ.....တွေဖတ်ရမယ်။
စာမဖတ်ရင် အကန်းနဲ့တူတယ် မဟုတ်လား။ စာတွေဖတ်မှပဲ
အကောင်း၊ အဆိုး၊ အ......ကြောင်း၊ အကျိုး၊ အမှား၊ အမှန်.....တွေကို
ဝေဖန်ပိုင်းခြား.....ဆင်ခြင်နိုင်စွမ်းရှိပြီး အကျိုး.....ရှိတဲ့ စကားလား။
အကျိုးမရှိတဲ့ စကားလားဆိုတာ
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်မှာပေါ့။
ဒီတော့စကားများများ.....ပြောရင် အမှားများများပါတတ်လို့
ပြောမဲ့စကားတိုင်းကို ပြောသင့်၊ မသင့် အရင်စဉ်းစားပါ။
စကားကောင်းတွေပြောနိုင်...... ဗဟုသုတရရှိတဲ့ စာ.....အုပ်တွေကို နေ့စဉ်ဖတ်ပါ။
Credit