ငါ့ဘဝ အတွက် ငါ့ရှိတယ်

ငါ့ဘဝ အတွက် ငါ့ရှိတယ် လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
စာပေများဖတ်ချင်ရင်
ကျွန်တော်(page)ထဲကို
လာလည်ဖို့ဖိတ်ခေါ်ပါတယ်

၀မ်းနည်းလို့ရေးတဲ့စာတစ်ခါတစ်လေမှာ ဘယ်လောက်ပဲ သန်မာ သန်မာ တစ်ယောက်ယောက်က “ အဆင်ပြေရဲ့လား “ ဆိုပြီး မေးတာမျိုးလေးကို မျှော...
05/11/2025

၀မ်းနည်းလို့ရေးတဲ့စာ

တစ်ခါတစ်လေမှာ ဘယ်လောက်ပဲ
သန်မာ သန်မာ တစ်ယောက်ယောက်က “ အဆင်ပြေရဲ့လား “ ဆိုပြီး မေးတာမျိုးလေးကို မျှော်မိတယ် ။

တစ်ခုခုအောင်မြင်စွာ လုပ်ပြီးတိုင်း “ တော်လိုက်တာ လုပ်နိုင်ခဲ့ပြီနော် “ လို့ ဝမ်းသာအားရ ဂုဏ်ပြုတာလေး ကြားချင်မိတယ် ။

တက်နေတဲ့ လှေကားတွေမှာ ချော်ကျတဲ့အခါတိုင်း “ ဪ ငါ့အနောက်မှာ သူတို့တွေ ရှိတယ် “ ဆိုတာမျိုးလေး ခံစားဖူးချင်တယ် ။

ခံစားချက် စိတ်အခြေအနေတွေကို ကိုယ်မပြောပြလဲ နားလည်နေတာမျိုးလေး လိုချင်တယ်

အဆင်မပြေပါဘူး လို့ ပြောနေရင်တောင် အဆင်ပြေနေပါတယ် လို့ ထင်ခံရတဲ့
အခိုက်အတန့်တွေ

အလေးထားမခံရခြင်းတွေ တန်ဖိုးမထားမှုတွေ ပေးဆပ်မှုတွေ ကျေးဇူးတင်မခံခဲ့ရတဲ့ ပင်ပန်းမှုတွေ တစ်ခုစီပါပဲ ။

မငိုဖြစ်သေးပါဘူး ။
နည်းနည်းလေး မျက်ရည်ဝဲယုံမျှလေ...
#မယ်ညို

ဥပေက္ခာနဲ့ တန်ဖိုး.... သင်..အကောင်းဆုံးတွေ လုပ်ပေးခဲ့တာတောင်မှ ကိုယ့်ကို အကောင်းမမြင်တဲ့ သူကို ဥပေက္ခာဆိုတဲ့ အရာသာ ပေးခဲ...
05/11/2025

ဥပေက္ခာနဲ့ တန်ဖိုး....

သင်..အကောင်းဆုံးတွေ လုပ်ပေးခဲ့တာတောင်မှ ကိုယ့်ကို အကောင်းမမြင်တဲ့ သူကို
ဥပေက္ခာဆိုတဲ့ အရာသာ ပေးခဲ့လိုက်ပါ...

ကိုယ်လောက် ဘယ်သူမှကောင်းဖို့မလွယ်အောင် အစွမ်းကုန်ကောင်းခဲ့တာကို တန်ဖိုးမထားဘူးဆိုရင် ဝမ်းနည်းနေမယ့်အစား မေ့ပျောက်နိုင်အောင်ကြိုးစားပါ...

ကိုယ်လောက် သူ့အပေါ် အကောင်းဆုံး နားလည်ပေးပြီး တန်ဖိုးထားခဲ့တာတောင်မှ တန်ဖိုးမထားတတ်ဘူးဆိုရင် ဖက်တွယ်မနေသင့်ပါ...

တခါတလေမှာ ကိုယ်က ဘယ်လောက်ပဲ ကောင်းတာတွေးပေးပေး တန်ဖိုးသိသူနဲ့သာ တန်ဖိုးမြင့်မားလာတာမျိုးပါ...

တစ်ခါတစ်လေ ကျတော့လဲ
သူတောင်းစားဆိုတာ နန်းတော်မှာမပျော်တတ်သလို ဝက်မြှီးဆိုတာကလည်း
မရရအောင်ဖြောင့်နေလို့ ရတဲ့ နေရာမျိုးမဟုတ်ဘူးလေ။

သင်.....အကောင်းဆုံး ၊ အတတ်နိုင်ဆုံး တန်ဖိုးထားပြီး နားလည်မှုတွေ ပေးနေပါလျက်နဲ့ တန်ဖိုးမထားသူကို " ဥပေက္ခာ" ပြုနိုင်အောင်ကြိုးစားပါ။

တကယ်၍ မပြတ်သာနိုင်ခဲ့ဘူး ဆိုရင်
သေချာပါတယ် သင့်တန်ဖိုးလည်း အလကား ဖြစ်သွားနိုင်သလို နာကျင်မှုကလည်း အဆမတန်ပါပဲ။

မင်းမှ မင်း ဖြစ်နေမယ့် လူကိုစောင့်ပါ။အသေးအဖွဲလေးက အစမင်းရဲ့ အတွေးအမြင်ကို လေးစားမယ့်လူကိုစောင့်ပါ။မင်းပြောပြမဲ့ စကားတိုင...
05/11/2025

မင်းမှ မင်း ဖြစ်နေမယ့် လူကိုစောင့်ပါ။
အသေးအဖွဲလေးက အစ
မင်းရဲ့ အတွေးအမြင်ကို လေးစားမယ့်လူကို
စောင့်ပါ။

မင်းပြောပြမဲ့ စကားတိုင်းအတွက်
တန်ဖိုးထား နားထောင်မယ့်လူကိုစောင့်ပါ။

မင်းရဲ့ စိတ်ပူပန်မှုတွေ၊ သဝန်တိုမှုတွေကို
မငြိုမငြင် နားလည်ပေးမယ့်လူကိုစောင့်ပါ။

မင်းအကြိုက်တွေကို
သတိတရ မှတ်သားထားမယ့်လူကို စောင့်ပါ။

မင်းမျက်နှာကို
တမေ့တမော ထိုင်ငေးချင်မယ့်လူကို စောင့်ပါ။

ဟက်ဟက်ပက်ပက် ရယ်တတ်တဲ့ မင်းရယ်သံတွေ
ပျောက်ဆုံးသွားမှာကြောက်မယ့် လူကိုစောင့်ပါ။

မင်းကိုဘယ်တော့မှ နာကြင်အောင်မလုပ်မဲ့လူကိုစောင့်ပါ။

မင်းကလွဲရင် ဘယ်အမျိုးသမီးအတွက်မှ
အချိန်မပေးနိုင်မယ့်လူကိုစောင့်ပါ။

ကုန်ကုန်ပြောရရင်
မင်းမှမင်းဖြစ်နေမယ့်လူကိုပဲစောင့်ပါ။❤

📚🌿💸အသက်ကြီးမှပိုသိလာတာ " ကိုယ့်ရှိမှ ကိုယ့်ပိုက်ဆံ" ဆိုတာပါပဲ...💸ကိုယ်နဲ့ နီးစပ်တဲ့ ဘယ်သူ့ဆီမှာပဲ ရှိရှိ သူတို့ရှိတာ သူတ...
05/11/2025

📚🌿💸အသက်ကြီးမှပိုသိလာတာ " ကိုယ့်ရှိမှ ကိုယ့်ပိုက်ဆံ" ဆိုတာပါပဲ...💸

ကိုယ်နဲ့ နီးစပ်တဲ့ ဘယ်သူ့ဆီမှာပဲ ရှိရှိ သူတို့ရှိတာ သူတို့ပိုက်ဆံပေါ့...

ညီအစ်ကို မောင်နှမတွေ ဘယ်လောက်ဝင်ငွေ ကောင်းကောင်း သူတို့ဆီမှာရှိတာ သူတို့ပိုက်ဆံပဲ ၊ကိုယ်လိုအပ်လို့ ယူလည်း တခါနှစ်ခါတော့ အဆင်ပြေတာပေါ့... နောက်ပိုင်းဆို သူတို့အမြင်တွေပြောင်း လာမှာပဲ မဟုတ်လား....

အဖေအမေမှာရှိတာ အားမနာရဘူး ဆိုပေမယ့်
ဒီအသက်ဒီအရွယ်ထိ မိဘဆီကယူနေရတုန်းဆိုတာ သူတို့က ဘာမှမဖြစ်ပေမယ့် ကိုယ့်စိတ်က အဆင်ပြေနေမှာမဟုတ်တာတော့ အမှန်ပဲ ။

သူငယ်ချင်း အပေါင်းအသင်းတွေ ရှိတာ ကရှိတာပဲ လိုတုန်းယူပြီးရင် ပြန်ဆပ်ရမှာပဲ၊ လက်ဝါးဖြန့်တောင်းဖို့ဆိုတာ တွေးတောင်မတွေးရဲတဲ့အလုပ်...

ဒါဆို အိမ်ထောင်ဖက်ဆီကရော … "အတူတူသုံးကြမယ်"ဆိုတာ နားထောင်လို့ကောင်းပေမယ့်
မရှာနိုင်တဲ့လူက ရှာနိုင်တဲ့လူကို ဦးစားပေးရမယ် သည်းခံရမယ် ငွေမရှာနိုင်ရင်ကျန်တဲ့ supporting ပေးနိုင်ရ မယ် ဒါတွေဟာ မဖြစ်မနေသိနေရမယ့် အခြေအနေတွေပေါ့ ...

ဒါ့ကြောင့် "ကိုယ့်ရှိမှ ကိုယ့်ပိုက်ဆံ"ဆိုတာ အမှန်ပဲ
ကိုယ့်ပိုက်ဆံ ကိုယ်သုံးရတဲ့လွတ်လပ်မှု မျိုးက ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရဘူး..

ဘယ်သူ့အထောက် အပံ့မှ မပါဘဲ ဘယ်အခြေအနေမျိုးမှာမဆို ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တာ လူတစ်ယောက်ရဲ့ ပကတိတန်ဖိုးမဟုတ်လား ။😊📚🌿

အရာရာ ပြည့်စုံမှ လက်ထပ်မယ် ဆိုတဲ့ အတွေးတွေက ဘယ်တော့မှ နီးစပ်မှာမဟုတ်ပါဘူး။လူတိုင်းက ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ဖြစ်ချင်တ...
03/11/2025

အရာရာ ပြည့်စုံမှ လက်ထပ်မယ် ဆိုတဲ့
အတွေးတွေက ဘယ်တော့မှ နီးစပ်မှာ
မဟုတ်ပါဘူး။

လူတိုင်းက ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။
ဖြစ်ချင်တဲ့ အနာဂတ်ကို
အတူတူကြိုးစားဖို့က အဓိကပါဘဲ့။

လက်တွဲဖော်နဲ့ပတ်သက်ပြီး ရုပ်ချောဖို့၊ ချမ်းသာဖို့ တွေးမထားဘူး။ ကိုယ်တိုင်ကလည်း မပြည့်စုံလို့ ကိုယ့်အပေါ် တကယ်နားလည်ပေးပြ...
03/11/2025

လက်တွဲဖော်နဲ့ပတ်သက်ပြီး
ရုပ်ချောဖို့၊ ချမ်းသာဖို့ တွေးမထားဘူး။
ကိုယ်တိုင်ကလည်း မပြည့်စုံလို့
ကိုယ့်အပေါ် တကယ်နားလည်ပေးပြီး
အတူတူတိုင်ပင်ပြီး ကြိုးစားသွားမယ့်သူမျိုးနဲ့
အပြန်အလှန် Respect ထားပြီး
တည်ဆောက်သွားချင်တာ။
အချိန်ဘယ်လောက်ကြာကြာ
ကိုယ့်အပေါ်ငြီးငွေ့မသွားမဲ့ အချစ်မျိုးပဲ လိုချင်မိတယ်။

💭 || 12.10.2025

လူစိတ်ရှိတဲ့အိမ်ထောင်ဖက်ကို ရှာ*******************အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာငွေကြေးချမ်းသာသူ တစ်ယောက်ကိုခင်ပွန်းတော်ထ...
03/11/2025

လူစိတ်ရှိတဲ့
အိမ်ထောင်ဖက်ကို ရှာ
*******************

အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ

ငွေကြေးချမ်းသာသူ တစ်ယောက်ကို
ခင်ပွန်းတော်ထားရတာ မဟုတ်ဘူး။

ကိုယ့်ကို နွေးထွေး ကြင်နာ
နားလည် ခွင့်လွှတ်ပေးတတ်သူကို
ပိုင်ဆိုင်ထားရတာပါ။

ဂုဏ်ယူဖို့ ကောင်းတယ် ဆိုတာ

တင့်တောင်းတင့်တယ် ထားနိုင်တာ
မက်လောက်စရာတွေ ပေးနိုင်တာ
တင်တောင်းနိုင်တာ မဟုတ်ပါဘူး။

ဘယ်အခြေအနေမဆို
ကိုယ့်ကိုသာ အရာရာဦးစားပေးခံရတာ
ညှာတာ စာနာ အလျှော့ပေး
လိုက်လျောမှုတွေ ရတာပါ။

လိုက်ဖက်လိုက်တာနော် ဆိုတာ

ဂုဏ်ချင်းထပ် ရွှေချင်းထပ်လို့
မြတ်တာကို မခေါ်ဘူး။

သူ့ရဲ့ ကိုယ့်ရဲ့ အားနည်းချက်
အားသာချက်တိုင်းကို
နှစ်ဦးနှစ်ဖက်လုံးက ချစ်နိုင်ကြပြီး
တစ်ယောက်ကို တစ်ယောက်
အပြန်အလှန် ဖေးမ နိုင်ကြတာကို ခေါ်တာပါ။

ဒါကို လူစိတ်ရှိတဲ့ အိမ်ထောင်ဖက်လို့ ခေါ်နိူင်ပါတယ်....
သင်ရော ဘယ်လို အိမ်ထောင်ဖက်မျိုး ပိုင်ဆိုင်ထားလဲ...❓

Crd

စကားကြမ်းကြမ်း ပြော တတ်တဲ့ လူရဲ့ရင်ထဲမှာ သိမ်မွေ့တဲ့နှလုံးသားရှိ တယ်။ဒေါသတကြီး ပြောတတ် တဲ့ လူရဲ့ ရင်ထဲမှာစေတနာတရားတွေရှိ...
26/10/2025

စကားကြမ်းကြမ်း ပြော တတ်တဲ့ လူရဲ့

ရင်ထဲမှာ သိမ်မွေ့တဲ့

နှလုံးသားရှိ တယ်။

ဒေါသတကြီး ပြောတတ် တဲ့ လူရဲ့ ရင်ထဲမှာ

စေတနာတရားတွေရှိ တယ်။

မဟုတ်မခံ ပြောတတ်တဲ့ လူရဲ့ ရင်ထဲမှာ

အမှန်တရားတွေရှိတယ်။

#ဆရာအောင်သင်းစာပေ
#ဘဝအတွတ်စာဖတ်ပါ
#ဘဝစာပေနှင့်ဗဟုသုတများ
#စာပေဗဟုသုတများ


👋 စာပေ Channel လေးပါ 👋

အဆင်ပြေလားလို့တောင် တစ်ခါမှ မေးဖော်မရတဲ့သူတွေအတွက်ကိုယ့်ဘက်က အမြဲအသင့်ရှိနေပေးခဲ့တာကိုနောင်တ,လို့တော့ ခေါင်းစဥ်မတတ်တော့ဘ...
26/10/2025

အဆင်ပြေလားလို့တောင်
တစ်ခါမှ
မေးဖော်မရတဲ့သူတွေအတွက်
ကိုယ့်ဘက်က အမြဲအသင့်ရှိနေပေးခဲ့တာကို
နောင်တ,လို့တော့ ခေါင်းစဥ်မတတ်တော့ဘူး။

ပေးဆပ်မှုတိုင်းအတွက်
ဘာတစ်ခုမှ ပြန်မရရင်တောင်မှ
သင်ခန်းစာတော့ အလိုလိုရပြီးသားပါ။

ကိုယ်အဆင်မပြေတာကလွဲလို့
အားလုံးကို အဆင်ပြေစေချင်ခဲ့တာ။

ကိုယ်မပျော်တာကလွဲလို့
အားလုံးကို ပျော်ရွှင်စေချင်ခဲ့တာပါ။

အရာရာ
အလျှော့ပေးလွန်းလို့ ထင်ပါရဲ့
လူတကာက အမြဲ အနိုင်လိုချင်နေကြတာ။

အမုန်းမပေးချင်ဘူး။
ဒါ့ကြောင့်....
ပေးလက်စနဲ့....အရှုံးပေးထားတာ။

ထီးလေးတစ်ချောင်းဟာ
လူတစ်ယောက်ကို အရိပ်ပေးဖို့အတွက်
သူကိုယ်တိုင် နေပူဒဏ်ကို အရင်ခံရတယ်။

ဖိနပ်လေးတစ်ရံဟာ
လူတစ်ယောက်ကို သန့်ရှင်းစေဖို့အတွက်
သူကိုယ်တိုင် အညစ်အကျေး အပေခံရတယ်။

ရွှေငါးလေးတွေဟာ
လူတွေ အလှကြည့်ဖို့အတွက်
မှန်လှောင်အိမ်ထဲမှာ မွန်းကျပ်စွာ နေပေးရတယ်။

ကိုယ့်အဖြစ်က
ထီးလေးတစ်ချောင်းလို
ဖိနပ်လေးတစ်ရံလို
မှန်လှောင်အိမ်ထဲက ရွှေငါးလေးလို
ကိုယ့်အဖြစ်က... အဲ့လိုမျိုး။

တတ်နိုင်သလောက် ပေးဆပ်လိုက်မယ်
အမြဲတမ်းတော့
တာဝန်မယူနိုင်တော့ဘူး။

တဖက်လူကိုကြည့်ပြီး
တန်ရာတန်ရာပဲ ဆက်ဆံတော့မယ်
ဟန်ဆောင်ပြီးတော့ မပြုံးပြတော့ဘူး။

အဝေးကြီးကို လှမ်းမငေးတော့ဘူး
ကိုယ့်ဘဝနဲ့ မအပ်စပ်တဲ့
မျှော်လင့်ချက်တွေက
ကလေးတစ်ယောက်ရဲ့ စုဗူးလိုပဲ
အချိန်မတန်ခင် ခွဲရတာ များတယ်။

ကိုယ်သိလိုက်ပါပြီ
နောက်ဆိုရင် ကိုယ့်နေ့ရက်တွေက
ဖတ်လက်စ စာအုပ်တွေနဲ့ပဲ နေပျော်ပါတယ်။

ဝေဒနာ ရှိတိုင်းလည်း မကုစားချင်တော့ပါဘူး
တစ်ချို့ဒဏ်ရာတွေက
ရင့်ကျက်ဖို့အတွက် လိုအပ်တယ်လေ။

အမှန်ပြောရရင်
ဘယ်သူ့ကိုမှ စိတ်မနာရက်ဘူး
စေတနာတွေ ရေစီးကမ်းပြိုခဲ့ဘူးတဲ့
ကိုယ့် မေတ္တာတွေကိုပဲ ပြန်အားနာတယ်။

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ


👋 စာပေ Channel လေးပါ 👋

"လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။ တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။🤩"လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို...
26/10/2025

"လည်တာ" နဲ့ "လူပါးဝတာ" က
အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။

တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။🤩

"လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို
လျင်မြန်စွာ သုံးသပ်နိုင်စွမ်းရှိတာ၊
အခြေအနေအရပ်ရပ်ကို နားလည်ပြီး
ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့
ကောင်းကောင်းမွန်မွန် နေထိုင်တတ်တာ၊
ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးလိမ္မာပြီး ချောမွေ့တာမျိုးပါ။
ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ
အကျိုးရှိစေမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တာကို ဆိုလိုတာပါ။

"လူပါးဝတယ်" ဆိုတာကတော့
သူတစ်ပါးရဲ့ အခွင့်အရေးကို ယူတာ၊
အားနည်းချက်ကို အမြတ်ထုတ်တာ၊
ကလိမ်ကကျစ်လုပ်တာ၊ ဒါမှမဟုတ်
တခြားလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး
ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်တာမျိုး ဖြစ်တတ်ပါတယ်။
ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘယ်သူ့ကိုမှ မကောင်းစေပါဘူး။

ဒါကြောင့် ကိုယ်က "လည်တဲ့သူ" ဖြစ်အောင် ကြိုးစားပါ။
ပညာရှိရှိ၊ သတိရှိရှိ၊ အများအကျိုးကို ရှေ့ရှုပြီး လှုပ်ရှားပါ။
ဒါပေမဲ့ "လူပါးဝတဲ့သူ" တော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။
တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့က လိမ္မာပါးနပ်မှု (လည်ပတ်မှု) နဲ့
စာရိတ္တကောင်းမွန်မှု (လူမှုကျင့်ဝတ်) နှစ်ခုစလုံး လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။🥰

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ


👋 စာပေ Channel လေးပါ 👋

အချစ်ဆုံးဖတ်ဖို့"တစ်ယောက်တည်းပါပဲ "  ဘယ်ဘဝကပဲလာလာ လောကထဲဝင်လာရတဲ့အခါအဖော်မပါဘူးကိုယ့်တစ်ယောက်တည်းပါ။  ဘယ်သူတွေကိုယ့်အနား...
26/10/2025

အချစ်ဆုံးဖတ်ဖို့
"တစ်ယောက်တည်းပါပဲ "

ဘယ်ဘဝကပဲလာလာ
လောကထဲဝင်လာရတဲ့အခါ
အဖော်မပါဘူး
ကိုယ့်တစ်ယောက်တည်းပါ။

ဘယ်သူတွေကိုယ့်အနားရှိရှိ
ဝေဒနာခံစားရတဲ့အခါ
ကိုယ့်အစားကူပြီးနာလို့မရဘူး
ကိုယ့်တစ်ယောက်တည်းနာရတာပဲ။

ဘယ်သူတွေကိုယ့်ပေါ်ဘယ်လောက်
ကောင်းကောင်း
အဆင်မပြေဖြစ်လာတဲ့အခါ
ဒုက္ခမှန်သမျှကျော်ဖြတ်ရတာ
ကိုယ်တစ်ယောက်တည်းပါ။

ဘယ်သူတွေဘယ်လောက်ပဲနားလည်းပေးပေး
စိတ်ဆင်းရဲမှုတစ်ခုခုကြုံရတဲ့အခါ
ခံစား သမျှနာကျင်ရတာ
ကိုယ်တစ်ယောက်တည်းပါ။

ဘယ်သူတွေနဲ့ဘယ်လောက်ပဲချစ်ချစ်ပါ
ရေစက်ပါလို့ဆုံကြတာဘဲရှိတယ်
အချိန်တန်လို့ခွဲကြရတဲ့အခါ
ကိုယ်တစ်ယောက်တည်းကျန်တာပဲ။

ဘယ်သူတွေနဲ့ပဲအတူလျှောက်ခဲ့လျှောက်ခဲ့
လမ်းကြုံလို့ခရီးဆုံးကြတာဘဲရှိတယ်
လောကထဲကထွက်သွားရတဲ့အခါ
ကိုယ်တစ်ယောက်တည်းပါပဲ။

တစ်ခြားသူကိုအရမ်းကြီးလည်းမှီခိုဖို့မကြိုးစားနဲ့
အတူတူဆိုပြီးလည်း မယုံကြည်နဲ့
အားငယ်စိတ်လည်းဖြစ်နိုင်သမျှမမွေးနဲ့
ချန်ထားခံရလို့လည်းဝမ်းနည်းမနေနဲ့။


အချိန်တန်ရင် ကိုယ်တစ်ယောက်တည်းပါဆိုတဲ့
အမှန်တရားကို လက်ခံနိုင်ဖို့ကြိုးစားရမယ်။

အကြီး အလတ် အငယ် တစ်ဦးတည်းသော သမီး #ပုံကိုနှိပ်ပြီးစာဖတ်ရှု့ပါနော်♡︎🌾🌻 ♡︎🌾🌻
24/10/2025

အကြီး အလတ် အငယ် တစ်ဦးတည်းသော သမီး

#ပုံကိုနှိပ်ပြီးစာဖတ်ရှု့ပါနော်♡︎🌾🌻
♡︎🌾🌻

Address

Magway

Alerts

Be the first to know and let us send you an email when ငါ့ဘဝ အတွက် ငါ့ရှိတယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share