
14/12/2023
ဂန့်ဂေါမြို့မရဲစခန်းက ရဲတစ်ဦး ABSDF ထံ ယနေ့အလင်းဝင်
ရိုးမ
ဒီဇင်ဘာ (၁၄) ၊ ၂၀၂၃။
ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ယနေ့နံနက်က အလင်းဝင်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထုတ်ပြန်ထားသည်။
အဆိုပါရဲတပ်သားသည် ABSDF ယောဒေသစခန်းသို့ အလင်းဝင်လာခြင်းဖြစ်ပြီး ၇.၆၂ မီလီမီတာ ကျည်အတောင့် ၅၀ ယူဆောင်လာကြောင်း သိရသည်။
လက်ရှိအချိန်၌ စစ်ဆေးမေးမြန်းမှုများပြုလုပ်လျှက်ရှိပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်းသိရသည်။