
10/09/2024
''ဇနီး၏သဘောထားသည်
သူမ၏ခင်ပွန်းအပေါ်တွင်မူတည်တယ်''
ယောင်္ကျားတစ်ယောက်အနေနဲ့ မင်းမိန်းမကို
မင်းလိုချင်တဲ့ပုံစံအတိုင်း ပြုမူစေချင်ရင်
မင်းမိန်းမကို မင်းလိုချင်တဲ့ပုံစံသလို ဆက်ဆံပါ။
ခင်ပွန်းသည်က ဇနီးသည်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြီး
မကြာခဏ ဒေါသထွက်ရင် ဇနီးသည်ကလည်း
ရိုင်းရိုင်းစိုင်းစိုင်း ဒေါသထွက်လိမ့်မယ်။
ခင်ပွန်းသည်က ဇနီးကို တန်ဖိုးမထားရင်
ဇနီးသည်ကလည်း ခင်ပွန်းသည်ကို
တန်ဖိုးထားမှာ မဟုတ်ဘူး။
ခင်ပွန်းသည်က ဇနီးကို အိမ်ဖော်လို ဆက်ဆံရင်
ဇနီးသည်ကလည်း ခင်ပွန်းကို လေးစားမှာ မဟုတ်ပါဘူး။
ဇနီးသည်က အိမ်မှာလုပ်နေတဲ့အလုပ်ကို
ခင်ပွန်းသည်က မချီးကျူးပေးရင် ဇနီးသည်ကလည်း
ခင်ပွန်းကို ချီးကျူးတတ်မှာ မဟုတ်ဘူး။
သို့သော် ဆန့်ကျင်ဘက်အနေနှင့်၊
ခင်ပွန်းသည်က သူမကို စိတ်ရှည်သည်းခံပြီး
မေတ္တာဖြင့် ဆက်ဆံရင် ဇနီးသည်ကလည်း
ခင်ပွန်းသည်အပေါ် စိတ်ရှည်ပြီး
ချစ်တတ်လာလိမ့်မည်ဖြစ်သည်။
ခင်ပွန်းသည်က ဇနီးကို နားလည်သဘောပေါက်ရင်
ဇနီးသည်ကလည်း နားလည်ပေးလိမ့်မယ်။
ခင်ပွန်းသည်က ဇနီးသည်ကို ဘုရင်မအဖြစ် ဆက်ဆံရင်
သူမသည် ဘုရင်မဖြစ်မှာဖြစ်ပြီး
သင့်အိမ်သည် ဘုရင်နန်းတော်ဖြစ်လိမ့်မည်။
ယောင်္ကျားများ၊ သင့်ဇနီးကို ဘာသာတရားက
သွန်သင်သည့်အတိုင်း ဆက်ဆံပါ၊
သင့်ဇနီးသည် သင့်သားသမီးများ၏ မိခင်ဖြစ်သောကြောင့်
မင်းရဲ့ဇနီးကို သင်ပေးတဲ့အရာကို မင်းဇနီးက
မင်းရဲ့သားသမီးတွေကို ပြန်သင်ပေးလိမ့်မယ်။
မင်းမိန်းမက မင်းနံရိုးဆိုပဲဆိုတာ သတိထားပါ။
နံရိုးတွေက ကောက်နေတာ၊
ဖြောင့်အောင် တွန်းရင် ကျိုးလိမ့်မယ်၊
ဒါပေမယ့် လွှတ်ထားရင် ပိုကောက်လိမ့်မယ်။
ဒါကြောင့် သင့်ဇနီးကို ညင်သာစွာ ဆက်ဆံပါ။
အဘယ်ကြောင့်ဆိုသော် .....
ဇနီးသည်သည် ခင်ပွန်း၏ အရိပ်အယောင်ပင် ဖြစ်သည်။
🙏