Hnyin Thun News

Hnyin Thun News ဒီရွာမှာမွေး ဒီရွာသွေးက ဒီရွာအကျိုး မသယ်ပိုးလျှင် …

13/02/2026
သားတယောက်ဖြစ်ချစ်၍တစေအိမ်မှာနေ၍စာပေမကျ။
17/12/2025

သားတယောက်ဖြစ်
ချစ်၍တစေ
အိမ်မှာနေ၍
စာပေမကျ။

“အလုပ်ဟာ ကံ၊ ကံဆိုတာ အလုပ်ပဲ”လို့ တရားဟောများစွာရှိပါတယ်။ ကောင်းကံရဖို့ ကောင်းတာတွေး၊ ကောင်းတာကြံ၊ ကောင်းတာပြောရမှာ ဖြစ်...
29/11/2025

“အလုပ်ဟာ ကံ၊ ကံဆိုတာ အလုပ်ပဲ”လို့ တရားဟောများစွာရှိပါတယ်။ ကောင်းကံရဖို့ ကောင်းတာတွေး၊ ကောင်းတာကြံ၊ ကောင်းတာပြောရမှာ ဖြစ်သလို စကားအပြောတတ်ဖို့ကလည်း အင်မတန်မှ အရေးကြီးလှတဲ့ပညာရပ်တစ်ခုပါ။ စကားပြောရာမှာ ပညာပါရမှာ ဖြစ်သလို ပညာမပါတဲ့စကားကလည်း တောင်မှမြောက်ရောက်၊ မြောက်မှ တောင်ရောက်သလို နားထောင်သူတစ်ဖက်မှာလည်း အဓိပ္ပာယ်လွဲကောက်တတ်ကြတာတွေလည်း တွေ့ကြရ ကြုံကြရ ကြုံဖူးကြမှာပါ။ အဲတော့ ပညာပါးသူများအနေနဲ့ စကားကို မသိရင်မပြောနဲ့၊ အထင်နဲ့လည်း မပြောကြဖို့ပါ။ လုံးဝမသိရင် လုံးဝမပြောပါနဲ့။ မိမိပြောစကားနဲ့ မိမိလက်ရှိရောက်နေတဲ့ အသက်အရွယ်ဟာ ဉာဏ်ပညာအပေါ် တိုက်ရိုက်အချိုးကျနိုင်ပါစေ။

“အပ္ပမာဒေန သမ္မာဒေထ”

အရှုပ်ထဲမှာ ရှင်းအောင်နေ🔳 ဒီစကားက တာဝန်မဲ့ဖို့ ပြောတာ မဟုတ်ပါဘူး။ မိသားစုတွေထဲမှာတောင် ရှိတတ်ပါတယ်။ ပြဿနာတွေ ဖြစ်နေပေမဲ့...
24/11/2025

အရှုပ်ထဲမှာ ရှင်းအောင်နေ

🔳 ဒီစကားက တာဝန်မဲ့ဖို့ ပြောတာ မဟုတ်ပါဘူး။
မိသားစုတွေထဲမှာတောင် ရှိတတ်ပါတယ်။
ပြဿနာတွေ ဖြစ်နေပေမဲ့ ကိုယ်နဲ့ မဆိုင်သလို ဘေးထွက်ထိုင်နေသူတွေ၊
ဒီမိသားစုဝင် မဟုတ်သလို ခပ်အေးအေးပဲ နေတတ်သူတွေပေါ့။

အဲဒါကျ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်တာ မဟုတ်ဘဲ
တာဝန်မဲ့တယ်လို့ပဲ မြင်ပါတယ်။

🔳 ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။
မမှန်ဘူး၊ မဖြစ်သင့်ဘူးလို့ သူထင်တဲ့ကိစ္စတွေဆို အမြဲအမုန်းခံ ပြောလေ့ရှိတယ်။
ဝင်ရှင်းလေ့ရှိတယ်။
ဒီတော့ အာရုံနောက်တယ်။
လူမုန်းလည်း များတယ်။
သို့သော် သူ့လို လူတွေ ရှိနေလို့သာ မဟုတ်တာလုပ်တဲ့သူတွေ လုပ်ချင်တိုင်း လုပ်မရတာပေါ့။
နည်းနည်းကလေးတော့ အထိန်းအကွပ် အဟန့်အတား ရှိသွားတာပေါ့ သူတို့အကြောင်းလည်း တခြားလူတွေ သိသွား၊ ဆင်ခြင်နိုင်သွားတာပေါ့။

အရှုပ်ထဲ ဝင်မပါချင်ဘူး ဆိုတိုင်းသာ လက်ပိုက်ကြည့်နေကြရင်
ဒီလူမှုအသိုင်းအဝိုင်းဟာ ပိုပိုပြီး ပျက်စီးလာဖို့ပဲ ရှိပါတယ်။

🔳 ဒါဆို တာဝန်မဲ့တာ မဟုတ်တဲ့
“ အရှုပ်ထဲမှာ ရှင်းအောင်နေခြင်း ” ဆိုတာ ဘာလဲ။
ဘယ်လိုနေရမှာလဲ။

💟 ၁။ ရိုးသားခြင်း

ရိုးသားတဲ့သူဟာ ရှေ့နဲ့နောက် မညီမှာ ပူနေစရာ မလိုဘူး။
ဘယ်သူ အောက်ဖဲလှန်မှာမှလည်း ကြောက်နေဖို့ မလိုဘူး။
ဒီတော့ စိတ်ငြိမ်းချမ်းတယ်။ သတ္တိရှိတယ်။ စိတ်လုံခြုံတယ်။

ဒါကြောင့် မရှုပ်ချင်ရင် ရိုးရိုးသားသား နေ။
လိမ်မပြောနဲ့။ မခိုးဝှက်နဲ့။ မကောက်ကျစ်နဲ့။
မာယာမများနဲ့။
ဒီလိုဆို အရှုပ်အထွေးတွေ အတော်လျော့သွားလိမ့်မယ်။

💟 ၂။ ဖြောင့်မတ်ခြင်း

အပြောနဲ့အလုပ် ညီဖို့ လိုတယ်။
မရိုးသားခြင်းဟာ ပြင်ပ ပဋိပက္ခ အရှုပ်အထွေးတွေကို ဖြစ်စေတယ်ဆို မဖြောင့်မတ်ခြင်းကတော့ အတွင်းထဲက ပဋိပက္ခတွေကို ဖြစ်စေနိုင်ပါတယ်။

ရိုးသားချင်ယောင် ဆောင်ထားပေမဲ့ တကယ်မဟုတ်တာ ကိုယ့်ဟာကိုယ် သိနေတယ်။
ပါးစပ်က ပြောတော့၊ သူများကို ဆုံးမတော့သာ တစ်မျိုး၊ ကိုယ်တိုင်ကျ အဲဒီအတိုင်း မကျင့်ကြံဘူးဆို မိမိကိုယ်မိမိ လေးစားမှုက ပါးလျသထက် ပါးလျလာတယ်။

အပြင်ရှုပ် မရှုပ်ချင်ရင် ရိုးသားပါ။

💟 ၃။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ စောင့်စည်းခြင်း

သူများကို ဒုက္ခမပေးမိအောင် ထိန်းသိမ်းပါ။
မယူသင့်တဲ့ ပစ္စည်းဥစ္စာ မယူမိအောင်၊ မလုပ်သင့်တာတွေမလုပ်မိအောင် ဆင်ခြင်ပါ။
လိမ်တဲ့စကား၊ ကုန်းတိုက်တဲ့စကား၊ ဆဲရေးတဲ့စကား၊ အတင်းအဖျင်းစကားတွေ မပြောနဲ့။
စကားကို ဟိုပို့ဒီပို့ မလုပ်နဲ့။
အဲဒီလို ပို့တတ်သူတွေနဲ့ ဆက်စပ်နေရင်လည်း ကိုယ့်ဘက်က နှုတ်မကျွံမိအောင် ဂရုစိုက်။
သေချာမသိတဲ့ ကိစ္စမှာလည်း တဆုံးဝင်မပြောနဲ့။
ကောက်ချက်မချနဲ့။

အရှုပ်တွေထဲ ခြေဝင်မချမိစေနဲ့။

💟 ၄။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ပေးတတ်ခြင်း

သည်းခံတယ်ဆိုတာ ငုံ့ခံတာ မဟုတ်ပါဘူး။
တစ်ပါးသူရဲ့ လုပ်ရပ်၊ အပြောအဆိုတွေကြောင့် ကိုယ့်စိတ်တွေ လှုပ်ခတ်မသွားဘဲ မူလအခြေအနေမှာပဲ ထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်ကို ခေါ်တာပါ။ တနည်းအားဖြင့် သည်းခံခြင်းဖြင့်အနိုင်ရလိုက်တာပါ။

ဒါဆိုရင် အပြန်အလှန် လက်စားချေတာ၊ တိုက်ခိုက်တာ၊ တွန်းချတာတွေ မရှိတော့ဘူး။
ဘဝက ရန်ငြှိုးတွေ၊ အမုန်းတွေနဲ့ ရှုပ်ယှက်ခတ်မနေတော့ဘူး။

💟 ၅။ စိတ်သန့်ရှင်းရေး

ဒီအချက်က ရှေ့မှာ ရေးခဲ့သမျှအားလုံးရဲ့ အချုပ်လို့တောင် ပြောလို့ရပါတယ်။

ကိုယ့်စိတ်ထဲမှာ အညစ်အကြေးတွေ ရှိနေရင်၊ ဒီအမှိုက်သရိုက်တွေနဲ့ ရှုပ်နေရင် ကိုယ့်ဘဝကလည်း ရှုပ်နေမှာ အသေအချာပါပဲ။

ဒေါသတွေနဲ့ ရှုပ်နေတဲ့အခါ အမုန်းမီးတွေ ပွားမယ်။
မကျေနပ်မှုတွေနဲ့ ပြည့်နေမယ်။
ပြဿနာကို ဒေါသနဲ့ ရှင်းမိတော့ အပ်နဲ့ထွင်းရမဲ့နေရာ ပုဆိန်နဲ့ပေါက်ရသွားသလို ဖြစ်သွားတတ်တယ်။

လောဘတွေနဲ့ ရှုပ်နေတဲ့အခါ ရယူပိုင်ဆိုင်လိုတာ၊ မတော်မတရား သိမ်းပိုက်ချင်တာ၊ ချင်းထည့်ချင်တာ၊ ဒီကနေတဆင့် နာမည်ပျက်ရတာ၊ ကဲ့ရဲ့ပြစ်တင်ခံရတာတွေ ဖြစ်လာမယ်။

မာန်မာနတွေနဲ့ ရှုပ်နေတဲ့အခါ ဘယ်သူက ငါ့ကို ဘယ်လိုကျောသွားတယ်၊
မထီမဲ့မြင် လုပ်သွားတယ် စသဖြင့် လောကကို အချဉ်ပေါက်နေရလိမ့်မယ်။

ပျံ့လွင့်ခြင်းတွေနဲ့ ရှုပ်နေတဲ့အခါ အတိတ်ကို ပြန်တွေးပြီး လွမ်းဆွေးလိုက်၊ နောင်တရလိုက်၊ ပူလောင်လိုက်၊ အနာဂတ်ကို တွေးမိပြီးလည်း ပူပန်လိုက်၊ ကြောက်ရွံ့လိုက်၊ စိုးထိတ်လိုက် ဖြစ်နေရလိမ့်မယ်။

ဣသာ မစ္ဆရိယတွေနဲ့ ရှုပ်နေပြန်ရင်လည်း သူတစ်ပါး ပျက်စီးအောင် အားထုတ်တာ၊ ကြံစည်တာ၊ ပြောဆိုတာ၊ အဆင်းဘီးတပ်တာတွေ လုပ်မိနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘဝကို မရှုပ်ချင်ဘူးဆို စိတ်ကိုလည်း ရှင်းအောင်ထားပါ။

စိတ်ရှင်းရင် ဘဝရှင်းပါတယ်။

စိတ်မရှင်းရင် လုပ်ရပ်နဲ့ အပြောအဆိုတွေ မရှင်းတော့တဲ့အတွက် ဘဝကလည်း ရှင်းတော့မှာ မဟုတ်ပါဘူး။

🔳 “ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ ”
“ အသက်တစ်ရာ မနေရ၊ အမူတစ်ရာ ပွေရ ” စတဲ့ ဆိုရိုးစကားတွေအတိုင်း
ဘဝပေး အခြေအနေတွေကတော့ တူကြမှာ မဟုတ်ပါဘူး။

ပြင်ပအခြေအနေတွေဆိုတာ မီးတို့ပေးတာနဲ့ တူတယ်။ အတွင်းထဲမှာ လောင်စာရှိမနေရင် ဘာမှမဖြစ်ဘူး။ လောင်စာနည်းနေရင်လည်း လောင်တဲ့မီးက သိပ်မကြီးဘူး။
ဒါကြောင့် ...

အတွင်းထဲက လောင်စာတွေကိုသာ လျှော့ချရမှာ ဖြစ်ပါတယ်။

အဲဒီလိုဆို ပူမှုတွေကလည်း ဆယ်ကုဋေကနေ ဆယ်သိန်းလောက်ပဲ ဖြစ်ရင်ဖြစ်သွားမယ်။
အမှုတစ်ရာ ပွေရတာကို မရှောင်လွှဲနိုင်ရင်တောင် အမှုတစ်ထောင် ပွေရတဲ့အထိ တိုးမသွားအောင်တော့ လုပ်နိုင်သွားပါလိမ့်မယ်။

ကူးယူဖော်ပြသည်။

ကိုယ်၊ စိတ် ပြီးတော့ ပါးစပ် အထူးဆင်ခြင်နိုင်ကြပါစေ။

BE SAFE EVERYONE 🍀

၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လဆန်း ၃ ရက်နေ့ဆရာတော် အရှင်အာဒိစ္စဝံသ-သာသနာ့ဓဇ ဓမ္မာစရိယ (B.A, M.A) (MCU-Thailand) အားအမှူးထား...
23/10/2025

၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လဆန်း ၃ ရက်နေ့

ဆရာတော် အရှင်အာဒိစ္စဝံသ-သာသနာ့ဓဇ ဓမ္မာစရိယ (B.A, M.A) (MCU-Thailand) အားအမှူးထား၍၊

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ညှင်းသွန်းရွာနေ ကထိန်ဒါယကာ ဦးသာရှိန်၊ ကထိန်ဒါယကာမ ဒေါ်ကွယ်လေးတို့၏ ကထိန်ခင်း သိက္ခာထပ် အလှူတော် မင်္ဂလာ၊

စေတီတော်အလှနဲ့ ဆောင်းအဝင်ကိုကူးလာတဲ့ငါတို့ရဲ့ရွာလေး
10/10/2025

စေတီတော်အလှနဲ့ ဆောင်းအဝင်ကိုကူးလာတဲ့
ငါတို့ရဲ့ရွာလေး

10/10/2025
🌕 ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ မေတ္တာပို့သ အနူးအညွတ် ဆုတောင်းလွှာ 🌕ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ရိုးရာ ၁၃၈၇ ခုနှစ်၊ သီတ...
06/10/2025

🌕 ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ မေတ္တာပို့သ အနူးအညွတ် ဆုတောင်းလွှာ 🌕

ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ရိုးရာ ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မှာ Hnyin Thun News Page မိသားစုမှ စာဖတ်ပရိသတ်အပေါင်းအားလုံးကို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း မေတ္တာပို့သ ဆုတောင်းပေးလိုက်ပါတယ်။
🕯️ ရိုးရာမပျက် ဖယောင်းတိုင်များ၊ ဆီမီးများ ထွန်းညှိပူဇော်ပြီး ဘိုးဘွားမိဘ ဆရာသမားများကို ရိုသေလေးစားစွာ ကန်တော့ခြင်း စတဲ့ ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရင်း စိတ်ချမ်းမြေ့ဖွယ်ရာ သီတင်းကျွတ်ပွဲတော် ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေ။
🙏 လောကီ လောကုတ္တရာ အကျိုးစီးပွားများ တိုးတက်ပြီး အေးချမ်းသာယာမှုများဖြင့် ပြည့်ဝကြပါစေကြောင်း ထပ်လောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

လေးစားစွာဖြင့်၊
Hnyin Thun News Page Admin အဖွဲ့
(ညှင်းသွန်းနယူးစ်)

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ည။ ရိုးရာမပျက် အလေ့အထမပျက် ပူဇော်မြဲ ပူဇော်ခဲ့ ပူဇော်ဦးမဲ့သီတင်းကျွတ်လပြည့်ညပုံရိပ်များကို...
06/10/2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ည။

ရိုးရာမပျက် အလေ့အထမပျက် ပူဇော်မြဲ ပူဇော်ခဲ့ ပူဇော်ဦးမဲ့သီတင်းကျွတ်လပြည့်ညပုံရိပ်များကို အဝေးရောက်နေသူများအလွမ်းပြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

မြန်မာပြည်သူများအားလုံး ဘေးရန်ကင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ🙏🙏🙏

(ဘာသာရေးရှူထောင့်အရသာ မြင်ပေးကြပါရန်)

Address

Magway

Alerts

Be the first to know and let us send you an email when Hnyin Thun News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share