Yibo fan

Yibo fan အောင်မြင်မှုဟာ
သူ့ကို မအားလပ်လောက်အောင်
ရှာဖွေနေတဲ့သူဆီကိုပဲ
လာနေကျဖြစ်တယ်။

Henry David Thoreau

28/11/2024
22/06/2023

အားမလျော့ပါနဲ့…..

ကြမ်းတမ်းတဲ့ နေ့ရက်တွေက သင့်ကို ပိုသန်မာစေပါတယ်

လောကကြီးဆိုတာ
မိခင်တစ်ယောက်လို မဟုတ်ပါဘူး ။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့ ။

အရှုံးကို မလိုချင်ရင် .
မခံချင်စိတ်နဲ့ ကြိုးစားပါ ။

ကိုယ့်ကို အလဲထိုးတဲ့ လူတွေသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မှု
အကောင်းအဆုံး ပေးနိုင်တာပါ ။

သင် နာကျင်ရတဲ့အခါ
လက်ခံလိုက်ပါ ။

ဘဝက သင့်ကိုတစ်ခုခု
သင်ပေးဖို့ ကြိုးစားနေတာပါ ။

ဆုံးရှုံးမှုတိုင်းမှာ ရလဒ်ဆိုတာရှိပါတယ် ။
အနည်းဆုံးတော့ သင်ခန်းစာပေါ့ ။

ရည်မှန်းချက် ရှိဖို့လိုပါတယ်
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး ။

အလုပ်နဲ့
အကောင်ထည်ဖော်ဖို့ လိုပါတယ် ။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့်
လက်တွေ့ အသုံးမချရင်တော့
သင်ဟာ စိတ်ကူးယှဉ်သမားတစ်ယောက်ပါပဲ ။

ငါးကြီးကြီးလိုချင်ရင် ပင်လယ်ထဲသွားပါ ။
အဲ့ဒီမြာ မုန်းတိုင်းတော့လည်း ရှိတယ် ။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ ။

ကြက်တူရွေးက စကားသာများတာ
မြင့်မြင့်မပျံနိုင်ဘူး ။

သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ် ။

လူ့သက်တမ်းကိုပဲ
အကန့်အသတ်ရှိတာပါ ။

သင် ကြိုးစားနိုင်မှု စွမ်းရည်ဆိုတာ
အကန့်အသတ် မရှိပါဘူး ။

ကြိုးစားတဲ့ သူတိုင်း
မအောင်မြင်ကြပါဘူး ။

ဒါပေမယ့်
အားမလျော့လိုက်ပါနဲ့ ။

အောင်မြင်သူတိုင်း
ကြိုးစားခဲ့ကြပါတယ် ။

လမ်းမရှိဘူးလို့
ညည်းမနေပါနဲ့ ။

ကိုယ်လျှောက်မယ့် လမ်းကို
ကိုယ်တိုင်ပဲ ဖောက်ကြရမှာပါ ။

ကျွန်မ မငိုဘူး❤️လှောင်ရယ်သံတွေကြားတဲ့အခါ ပို၍ကြိုးစားပါ့မယ်နာကြည်းချက်တွေကို ခွန်အားအဖြစ်မှတ်ယူပါ့မယ်ကျွန်မ မငိုဘူး💚ငွေက...
22/06/2023

ကျွန်မ မငိုဘူး❤️
လှောင်ရယ်သံတွေကြားတဲ့အခါ ပို၍ကြိုးစားပါ့မယ်
နာကြည်းချက်တွေကို ခွန်အားအဖြစ်မှတ်ယူပါ့မယ်

ကျွန်မ မငိုဘူး💚
ငွေကြေးမပြည့်စုံလို့ အထင်သေးတဲ့အကြည့်နဲ့
ကြည့်ခံရတဲ့အခါ
ကျွန်မပြည့်စုံလာတဲ့တစ်နေ့ အဲလိုပြန်မကြည့်မိဖို့
သင်ခန်းစာအဖြစ် မှတ်ယူပြီး ပို၍ကြိုးစားပါ့မယ်

ကျွန်မ မငိုဘူး💜
ကျရှုံးနေချိန် အနားမှာတစ်ယောက်မှမရှိလို့
အားမငယ်ပါဘူး
ကျွန်မအနားမှာ ကျွန်မတစ်ယောက်လုံးရှိတယ်

ကျွန်မ မငိုဘူး🧡
ရုပ်မချောလို့ မချစ်နိုင်ကြတဲ့အခါ
စိတ်လှဖို့ ပိုပြီးပြုပြင်လိုက်မယ်

ကျွန်မ မငိုဘူး💛
ရိုးသားမှုကို အခွင့်ကောင်းယူသွားကြတဲ့အခါ
နောက်ထပ်ယုံကြည်ပေးဖို့ပဲ စဉ်းစားပါတော့မယ်

ကျွန်မ မငိုဘူး💙
ယုံကြည်ရဆုံးသူတွေက နောက်ကျောကို
ဓားနဲ့ထိုးသွားတဲ့အခါ
ဒီဒဏ်ရာလောက်နဲ့ ကျွန်မ မသေနိုင်သေးပါဘူး
_________________♥_______________

အကြိမ်ကြိမ် ကျရှုံးနေပါစေ...
အသက်ရှင်နေသ၍ ကြိုးစားခွင့်ရှိလို့
ကျွန်မ မငိုဘူး💖☺️🥰

©®___nanthanthanhtay

ဘာမှမတတ်နိုင်တော့တဲ့အခါရယ်ပဲ..ရယ်နေလိုက်တော့တယ်အနည်းဆုံးတော့ကိုယ်ပြိုလဲနေတာဘယ်သူမှမသိတော့ဘူးပေါ့  ။   ပန်းပျိုးလက် N.S.M...
02/06/2023

ဘာမှမတတ်နိုင်တော့တဲ့အခါ
ရယ်ပဲ..ရယ်နေလိုက်တော့တယ်

အနည်းဆုံးတော့
ကိုယ်ပြိုလဲနေတာ
ဘယ်သူမှမသိတော့ဘူးပေါ့ ။

ပန်းပျိုးလက် N.S.M✍️
#နှလုံးသားအဟာရစာစုလေးများpage

Address

Myaing

Website

Alerts

Be the first to know and let us send you an email when Yibo fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share