Kyauk Tan San Pya

Kyauk Tan San Pya Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyauk Tan San Pya, News & Media Website, ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ပြည်တော်သာရပ်ကွက်၊ကျောက်တန်းရွာ, Mahlaing.

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ကျောက်တန်းစံပြရွာ ✬အလွမ်းပြေ✬

https://forms.gle/H6V3NzcWi97fjpte8

29/03/2026
အသောကာရာမကျောင်းတိုက်တွင် နွေရာသီကလေးငယ်များအတွက်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေးမည်။။အကြံပြုရန် -https://forms.gle/H6V3...
25/02/2026

အသောကာရာမကျောင်းတိုက်တွင် နွေရာသီကလေးငယ်များအတွက်
ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေးမည်။


အကြံပြုရန် -https://forms.gle/H6V3NzcWi97fjpte8

အချိန်မရွေး၊ နေရာမရွေး၊ ဥတုရာသီမရွေး အစဉ်အဆက်ဒုက္ခပေးတတ်သော ရန်သူမှာ မီးဘေးအန္တရာယ်ဖြစ်သည်။ မီးလောင်လျှင်ကုန်းကောက်စရာပင...
16/02/2026

အချိန်မရွေး၊ နေရာမရွေး၊ ဥတုရာသီမရွေး အစဉ်အဆက်ဒုက္ခပေးတတ်သော ရန်သူမှာ မီးဘေးအန္တရာယ်ဖြစ်သည်။ မီးလောင်လျှင်ကုန်းကောက်စရာပင်မကျန် ဖြစ်တတ်သဖြင့် လူတိုင်းမီးလောင်မည်ကို ကြောက်လန့်ကြသည်။ စိုးရွံ့ကြသည်။ သို့သော် မီးကိုသတိမပြုကြ။ နမော်နမဲ့အသုံးပြုကြသည်။ မီးအတွက် ကြိုတင်ကာကွယ်မှုမရှိ။ မီးသည်သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်ရကြောင်းကိုလည်း သတိမမူကြ။ ထို့ကြောင့် မီးလောင်မှုဖြစ်စဉ်များ အတောမသတ်ကြုံရသည်။ အဖြစ်အများဆုံး မီးလောင်မှုသည် ပေါ့ဆမှုကြောင့်ဖြစ်ရသည်။ မီးသုံးလျှင် မပေါ့မဆ သတိထားသုံးရမည်ဖြစ်သလို အိမ်ထောင်စုတိုင်းကလည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မလွဲမသွေပြုကျင့် လိုက်နာဆောင်ရွက်ရေး လိုအပ်သည်။
ကျွန်ုပ်တို့ကျေးရွာမှာလွန်ခဲ့သော၂၈ နှစ်သောအခါကရွာမမြောက်ပိုင်းရပ်ကွက်(ခေါ်)အမှတ်-၅ရပ်ကွက်တစ်ရပ်ကွက်လုံးဆိုးရွားစွာပျက်စီးခဲ့တဲ့နေ့လူနှစ်ယောက်နဲ့ တိရိစ္ဆာန်များသေဆုံးခဲ့ရသလို တောင်သူတို့ရဲ့ ကောက်ပဲသီးနှံများ ပျက်စီးခဲ့ရတယ်။ ပဲစဉ်းငုံလှိုင်လှိုင်ပေါပြီး အိမ်တိုင်းလိုလို ပဲစဉ်းငုံရိုးပုံများဖြင့်ပြည့်နက်နေတယ် ယင်းကြောင့်ပဲ လောင်စာသဖွယ်ဟုန်းဟုန်းတောက်ခဲ့ရတာပေါ့။ ၎င်းမီးရဲ့အစကတော့ကြက်ဥကြော်ရာကနေပေါ့ဆမီးဖြစ်ခဲ့တယ်လို့ သက်ကြီးစကားသက်ငယ်ကြားရတာပေါ့။ ဒါကြောင့်မီးကိုပေါ့ပေါ့ဆဆမသုံးကြပါနဲ့ မီးဟာ ရန်သူမျိုးငါးပါမှာတပါးအပါအဝင်ဖြစ်သလို မီးဒုက္ခပေးရင်လည်း ပြာပုံအတိဖြစ်ခဲရသည်။လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် မီးသည်မရှိမဖြစ်လိုအပ်သည်။ မီးသည်သုံးတတ်လျှင်မိတ်ဆွေ သတိမူသင့်လှသည်။ သူခိုးခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံဆိုသည့်အတိုင်း မီးလောင်လျှင် စည်းစိမ်ပြုတ် ဆုံးရှုံးခံရမည်ဖြစ်သဖြင့် မီးမလောင်ခင်က ကြိုတင်ကာကွယ်မှုပြုကြမှ ဘေးဆိုးအန္တရာယ်မှ လွတ်ကင်းချမ်းသာရကြမည်ဖြစ်သည်။ အခြေအနေအရပ်ရပ်ကြောင့် မီးဘေးကြုံလာရသည်ရှိသော် မိမိတို့၏ ကိုယ်စီအသိဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခြင်း၊ မီးသတ်ကားများဆောလျင်စွာ ဝင်ထွက်နိုင်ရေး လမ်းရှင်းလင်းပေးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီဆောင်ရွက်ပေးခြင်း တို့ဖြင့် မီးအမြန်ဆုံးငြိမ်းအောင် ပူးပေါင်းဆောင်ရွက်ကြရေး လိုအပ်သည်။ အထူးသဖြင့် မီးဘေးမကျရောက်ရအောင် မီးဘေးကြိုတင်ကာကွယ်မှု အရပ်ရပ် ပြုလုပ် ထားကြရမည်ဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။

PDF l-https://drive.google.com/file/d/1V0-WM36YVG1XLuKg_Cyk4SoBC3J1k5K9/view?usp=drivesdk
အကြံပြုရန်-https://forms.gle/H6V3NzcWi97fjpte8
လေးစားစွာဖြင့် -
Kyauk Tan San Pya
16.2.2026

ဘုရားကုန်း‌တော် မေတ္တာပါရမီကျောင်းတိုက်မှ ရွာသူ၊ရွာသားများ သောက်ရေအဆင်ပြေစေရေးအတွက် ရေသန့်များပေးဝေရာ လျှပ်စစ်မီးအခက်ခဲမ...
26/12/2025

ဘုရားကုန်း‌တော် မေတ္တာပါရမီကျောင်းတိုက်မှ ရွာသူ၊ရွာသားများ သောက်ရေအဆင်ပြေစေရေးအတွက် ရေသန့်များပေးဝေရာ လျှပ်စစ်မီးအခက်ခဲများကြောင့်
မလောက်မငှဖြစ်နေရပါသည်။ သို့ရာတွင် ကျောင်းတိုက်ဆရာတော်မှ အချိန်ပြည့်ပေးဝေနိုင်စေရန်အတွက် Solar power system အသုံးပြုနိုင်ရန်ကြိုးပမ်းလျှက်ရှိရာ မိမိတို့ကျေးရွာသူ၊ကျေးရွားသားများနှင့် အဝေးရောက်ကျေးရွာသူကျေးရွားသားများပါ တက်အားသရွေ့ဝတ္ထုငွေကြေးများလှူဒါန်းပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန် -
ဘုရားကုန်းတော် မေတ္တာပါရမီကျောင်းတိုက်ဆရာတော်
ဖုန်း- ၀၉-၄၄၄၀၀၀၄၁၉
အကြံပြုချက် -https://forms.gle/H6V3NzcWi97fjpte8

Address

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ပြည်တော်သာရပ်ကွက်၊ကျောက်တန်းရွာ
Mahlaing

Alerts

Be the first to know and let us send you an email when Kyauk Tan San Pya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share