18/01/2026
လူထုထောက်ခံမှုကို တမျိုးတဖုံ လှည့်ယူလာတဲ့ TikTok ပေါ်က စစ်တပ်ဝါဒဖြန့် content များ
Facebook , YouTube အပါအဝင် social media အတော်များများမှာ ဖြုတ်ချခံရတဲ့ စစ်တပ်ရဲ့ media တွေဟာ TikTok ပေါ်မှာ ပြောင်းလဲ ခြေကုပ်ရယူနေကြပြီး ကြည့်ရှုမှုတွေလဲ အများအပြား တိုးပွါးလာတာပါ
ယခင်က စစ်မှုထမ်းအကြောင်းအရာ ၊ စစ်တပ်တွင်း အကြောင်းအရာများကိုသာ တင်ပြခဲ့သော်လည်း ယခုအခါ မင်းအောင်လှိုင်အတွက် သီးသန့် social media presence ယူလာတာကို တွေ့ရပါတယ်
ပုံမှန်သတင်းများတွင် ပြည်သူလူထု၏ အမုန်းတရား မှတ်ချက်များကိုသာ ရရှိခဲ့သော်လည်း ယခုမှာ ရယ်စရာဟာသ ပုံစံမျိုးနဲ့ ပြောင်းလဲတင်ဆက်ပြီးလူထုက အမြင်ပြောင်းလဲမှုရယူနေတာပါ
တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုဟာ နေ့စဉ် စားဝတ်နေရေးကြားမှာ အတော်လေး မှေးမှိန်လာချိန် ဒီလို စစ်တပ်က တင်ဆက်လာတဲ့ ဝါဒဖြန့်မှူမျိုး ပြည်သူများက သတိထားပြီး ရှောင်ရှားပေးနိုင်ဖို့ မျှော်လင့်မိရပါတယ် ။