Business Advisor By TREZA

Business Advisor By TREZA ကမ္ဘာ့ရွှေနှင့်နိုင်ငံတကာငွေကြေးစျေးကွက်ကို သင်တန်းပေးခြင်း နှင့် အကြံပေးဝန်ဆောင်မှု့

အရင်ကနဲ့ မတူတော့တဲ့အခါ ပြောင်းလဲသွားတယ်ဆိုပြီး မပြောပါနဲ့။အမြဲတမ်း သည်းခံပေးခဲ့ပြီးပြီးမလို့ဥပေက္ခာပြုတက်လာတဲ့အခါ အပြစ်မ...
06/05/2024

အရင်ကနဲ့ မတူတော့တဲ့အခါ
ပြောင်းလဲသွားတယ်ဆိုပြီး မပြောပါနဲ့။

အမြဲတမ်း သည်းခံပေးခဲ့ပြီးပြီးမလို့
ဥပေက္ခာပြုတက်လာတဲ့အခါ အပြစ်မတင်ပါနဲ့။

အဆုံးထိ နားလည်ခဲ့ပြီးပြီမလို့
ရှင်းပြခွင့်မပေးတော့ရင် မကျေမနပ်မဖြစ်ပါနဲ့။

အတတ်နိုင်ဆုံး ကြိုးစားပြီးပြီမလို့
လက်လျှော့လိုက်တဲ့အခါ ဝေဖန်ကဲ့ရဲ့တာမျိုးမလုပ်ပါနဲ့။

အားလုံးကို အတိုင်းအတာတစ်ခုအထိ ဖြတ်ကျော်ပြီးသွားခဲ့ ပါပြီ
တခြားဘာမှ မမျှော်လင့်ချင်ပါဘူး။

နောက်ထပ်ဆိုတာမျိုး ထပ်ပြီး မရှိစေချင်တော့တာလေး တစ်ခုတည်းပါပဲ။

-ခရိတ်တက်(Crd)

"ကိုယ့်ပုံစံနဲ့ကိုယ် အသက်ရှင်ပါ"မတူအောင် လုပ်တတ်ရင်ပြိုင်ဖို့မလိုဘူး။မတူအောင် လုပ်ဖို့အကောင်းဆုံးနည်းလမ်းကလူတွေရဲ့ အထင်အ...
30/03/2024

"ကိုယ့်ပုံစံနဲ့ကိုယ် အသက်ရှင်ပါ"

မတူအောင် လုပ်တတ်ရင်

ပြိုင်ဖို့မလိုဘူး။

မတူအောင် လုပ်ဖို့အကောင်းဆုံးနည်းလမ်းက

လူတွေရဲ့ အထင်အမြင်တွေနောက်မလိုက်ဘဲ

ကိုယ်ဘယ်သူလဲဆိုတာသိပြီး

ကိုယ့်ပုံစံအတိုင်းကိုယ် နေထိုင်ဖို့ပဲ။

ကိုယ်ဘယ်သူလဲဆိုတာ သိဖို့

ဘေးပတ်ဝန်းကျင်ရဲ့ စကားသံတွေထက်

ကိုယ့်ရင်ထဲကအသံက ပိုပြီးကျယ်လောင်နေဖို့လိုတယ်။

✅ပိုင်ရှင်တိုက်ရိုက်✅✅စစ်ကိုင်းမုံရွာလမ်းမကြီးဘယ်ဘက်ဘေး သပြေခြံအနီးရှိ အုန်းတောအထွက်ဘက် လမ်းမကြီးမေးတင် ယာမြေလေးရောင်းချ...
24/03/2024

✅ပိုင်ရှင်တိုက်ရိုက်✅

✅စစ်ကိုင်းမုံရွာလမ်းမကြီးဘယ်ဘက်ဘေး သပြေခြံအနီးရှိ အုန်းတောအထွက်ဘက် လမ်းမကြီးမေးတင် ယာမြေလေးရောင်းချင်လို့ပါ။

✅ Bossi တို့ ဓာတ်ဆီဆိုင် စားသောက်ဆိုင်ဖွင့်လို့ ကောင်းတဲ့နေရာလေးပါနော်။ india မြန်မာ ဆောက်လုပ်ဆဲ ကားလေးကွင်းနဲ့လည်းနီးပါတယ်နော်။
လမ်းပမ်းဆက်သွယ်ရေးအလွန် ကောင်းတဲ့နေရာလေးပါ။

✅ မိန်းလမ်းမနေရာကောင်းသိန်းတစ်ထောင့်ငါးရာလောက်တန်ပါတယ်။

✅ စစ်ကိုင်းမြို့အထွက် မုံရွာလမ်းစကိုင်းကောင်းမှုတော် နဲ့ ငါးမိနစ် ပဲသွားရပါတယ်။

✅ ငွေလိုနေလို့ ကြိုက်စျေးရရင်ရောင်းပါ့မယ်နော်။ စျေးညှိပေးပါမယ်။

✅ ပေခန့်မှန်း ရှေ့မျက်နှာစာ ပေ ၁၂၀ နဲ့ ၁၅၀ကြား
အ‌နောက်ရှည် ပေ၂၀၀ နဲ့ ၃၀၀ ကြား

အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် 09 - 971483370 ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

23/03/2024

မျက်လုံးရှိလျှက်
သူများအပြစ်ကိုပဲမြင်တတ်တာ
အကုသိုလ် မျက်လုံးပါ။

နားရှိလျှက်
သူများ ဒုက္ခကိုသာ ကြားချင်တာ
အကုသိုလ် နားပါ။

ပါးစပ်ရှိလျှက်
တစ်ဖက်သား မကောင်းကြောင်း
ကိုယ့်ကောင်းကြောင်းပဲပြောတတ်တာ
အကုသိုလ် ပါးစပ်ပါ။

လူတချို့ဟာ
ကိုယ့်ဘက်ကို ကြည့်ရင်
မျက်စိတစ်ဖက် ကန်းနေကြပါတယ်။

သူတစ်ပါး
တိုးတက်ကြီးပွားကြောင်း ကြားရရင်
နားတစ်ဖက်ကန်းနေကြပါတယ်။

သူတစ်ပါးကောင်းကြောင်း
ပြောဖို့ကြုံလာရင်
နှုတ်ဆိတ်ပြီး အနေတတ်ကြပါတယ်။

လောကကြီးမှာ လူပီသဖို့ရာ
ကိုယ်ချင်းစာတရား ထားတတ်မှ
လူဟာ လူနဲ့တူမှာဖြစ်ပါတယ်။

ဒါကြောင့် .....
တစ်ဖက်ဇောင်းနင်းပြီး
တစ်ဖက်ပိတ်နေတတ်တဲ့
အထဲမှာ ကိုယ်မပါ ပါစေနဲ့။
23.3.2024

ဘဝမှာမတန်တာတွေရှိတယ် ရန်ဖြစ်ဖို့ မတန်တာတွေ...ရှင်းပြဖို့ မတန်တာတွေ...ပြုံးပြဖို့ မတန်တာတွေ...ပေးဆပ်ဖို့ မတန်တာတွေ...ခင်မ...
21/03/2024

ဘဝမှာမတန်တာတွေရှိတယ်

ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...

ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...

တစ်ခါတစ်လေကျရင်တော့
ကိုယ့်အတွက်.....တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့

အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့
အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော မတန်တာမို့
ကိုယ်ကတော့ မတန်တဲ့အရာတွေ
တော်တော်များများကို ဥပေက္ခာပဲ
ပြုထားလိုက်တော့တယ် ။

အဲ့တာကြောင့် တစ်ခါတလေ
ရန်လာလုပ်သူတွေကို ပြန်ရန်လုပ်ဖို့
မတန်တာမို့ ရှောင်ပစ်လိုက်တယ်။

ကိုယ့်အပေါ် မကောင်းတဲ့
သူတွေအတွက် ခံစားနေဖို့လည်း
မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။

မတန်ပါဘူး။
တကယ်ကို မတန်တာပါ။ ။

မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ
ဥပေက္ခာတရားဆီသို့,,,,,,,,,,,,
ဦးတည်ထားလိုက်ပါတော့တယ်

Crd ..ရွှေသင်းရတနာ(ဘုန်းဘုန်း)
#ဗဟုသုတအဖြာဖြာ

မိန်းမတွေထက်မြက်ဖို့လိုပါတယ်****************************ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ...
19/03/2024

မိန်းမတွေထက်မြက်ဖို့လိုပါတယ်
****************************
ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..
စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့
ဆုံးဖြတ်ချက်ချပြီးနောက်လှည့်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..

အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ..

မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့..မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်သုတ်ပြီးပြုံးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်
မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..

အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့ အိမ်ဦးခန်းမှာအိမ်ထောင်ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

အသိဥာဏ်မဲ့တဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့..အသိဥာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ...

တန်ဖိုးမဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အနာဂတ်အမေတွေဖြစ်လာမယ့်
မိန်းမတွေ ထက်မြက်ဖို့လိုပါတယ်...!!
#₡ƦEÐł₸_₸Ø_₡ØP¥_✍️

10/03/2024

ဟန်ဆောင်ကောင်းမှ ...🌹
လူလေးစားခံနေရတဲ့ ခေတ်မှာ
အရှိကိုအရှိအတိုင်းနေတတ်တဲ့
သင်ဟာ အရာမဝင်တဲ့သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

အပြောကောင်းမှ
လူအထင်ကြီးခံနေရတဲ့ ခေတ်မှာ
အမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့
သင်ဟာ လူ့ကန့်လန့်တစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ပေးနိုင် ကမ်းနိုင်မှ
မျက်နှာကောင်းရနေတဲ့ခေတ်မှာ
ဝမရှိဘဲ ဝိမလုပ်တတ်တဲ့
သင်ဟာ အပယ်ခံတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ကပ်ဖား ရပ်ဖားလုပ်မှ
နေရာကောင်းရနေတဲ့ ခေတ်မှာ
ကိုယ့်လမ်းကိုယ်ဖောက်ဖို့ကြိုးစားနေတဲ့
သင်ဟာ လူရယ်ချင်စရာ
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကိုနင်းခွနိုင်မှ
အထက်ကိုရောက်နိုင်တဲ့ခေတ်မှာ
ကိုယ့်ထက်နိမ့်ကျသူတွေကို
တတ်နိုင်သလောက်တွဲယူချင်နေတဲ့
သင်ဟာ လူနုံလူအတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကို တွန်းတိုက်ပြီးမှ
အောင်မြင်နိုင်တဲ့ခေတ်မှာ
လိပ်ပြာသန့်သန့်နဲ့အသက်ရှင်နေထိုင်
နိုင်အောင်ကြိုးစားနေတဲ့သင်ဟာ
လူတွေနဲ့အံမဝင်သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ဒါပေမယ့်...
လူရာမဝင်လို့လည်း
အားငယ်မနေပါနဲ့။

ဖယ်ကျဉ်ခံနေရလို့လည်း
သိမ်ငယ်မနေပါနဲ့။

အလှောင်အပြောင်ခံနေရလို့လည်း
ဒေါသထွက်မနေပါနဲ့။

ကဲ့ရဲ့ခံနေရလို့လည်း
စိတ်ဓာတ်ကျမနေနဲ့။

မထီမဲ့မြင်အပြုခံနေရလို့လည်း
ဝမ်းနည်းမနေပါနဲ့။

မသမာသူတွေရဲ့ စည်းအပြင်ဘက်ကို
ရောက်နေလို့လည်း ပူပန်မနေပါနဲ့။

သင် ငယ်ငယ်တုန်းက
အရမ်းကြိုက်နှစ်သက်ခဲ့ကြတဲ့
စင်ဒရဲလားပုံပြင်လေးကိုမှတ်မိဦးမယ်
ထင်ပါတယ်။

စိတ်ထားယုတ်မာတဲ့မိထွေးနဲ့
ညီအစ်မတွေကြားမှာ ဝိုင်းဝန်း
လက်ညိုး အထိုးခံပြီးကြီးပြင်းလာရတဲ့
စင်ဒရဲလားလေးဟာနောင်တစ်ချိန်မှာတော့
ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်။

ဒါက ပုံပြင်ထဲမှာပဲလေ
အပြင်လောကမှာတော့
ဒီလောက် ကံမကောင်းနိုင်ဘူးလို့
စောဒကမတက်လိုက်ပါနဲ့။

သင့်ကံကြမ္မာဆိုတာ
သင့်လက်ထဲမှာရှိတဲ့ သင်ပိုင်ဆိုင်တဲ့
အဖိုးတန်ရတနာတစ်ခုပါ။

သင်ကောင်းရင် သင့်ကံလည်း
ကောင်းနေမှာဖြစ်သလို
သင်ဆိုးရင်တော့ သင့်ကံလည်း
ဆိုးနေပါလိမ့်မယ်။

လက်ရှိအခြေအနေမှာ
မအောင်မြင်ခြင်း၊ဆုံးရှုံးခြင်း၊
အနှိမ်ခံရခြင်းတွေအတွက်
စိတ်ပျက်နေစရာမလိုပါဘူး။

ဘယ်သူ့ကိုမှ၊လဘယ်အရာကိုမှ
အပြစ်တင်နေဖို့လည်းမလိုပါဘူး။

"သူကောင်းဖို့မလိုပါ။
ကိုယ်ကောင်းဖို့သာလိုပါတယ်"
ဆိုတဲ့စကားလေးအတိုင်းပါပဲ။

သင်ကသူတစ်ပါးအပေါ်
ကောင်းနေပါလျှက်နဲ့
တစ်ဖက်သားကသင့်အပေါ်
မကောင်းတာတွေနဲ့ကြုံရတဲ့အခါ
ဒီစကားလေးကိုသတိရလိုက်ပါ။

သူ မကောင်းတာက
သူ့ရဲ့တာဝန်ပါ။
သင် ကောင်းဖို့ကတော့
သင့်ရဲ့တာဝန်ပဲပေါ့။

သူ မကောင်းလို့သင်လည်းတုံ့ပြန်ပြီး
မကောင်းတာတွေပြန်လုပ်မယ်ဆိုရင်
သင်လည်းသူနဲ့အဆင့်တူ၊
မကောင်းတဲ့လူဖြစ်သွားမှာပါပဲ။

အရေးကြီးဆုံးကတော့
လောကမှာကိုယ့်တာဝန်
ကိုယ်ကျေပွန်အောင်
ထမ်းဆောင်တတ်ဖို့လိုပါတယ်။

လောကမှာ တာဝန်ကျေပွန်တဲ့
သူဟာ သေတာတောင်မှ
နောင်တနဲ့မသေရတတ်ပါဘူး...🌹

🌸🌸🌸🌸🌸
Credit
#ဂျူး

09/03/2024

ကိုယ့်တန်ဖိုးကို မသိတဲ့သူတွေနားမှာ
ကိုယ့်အပေါ် မလေစားတဲ့သူတွေနားမှာ

တစ်စက်လေးမှ ကပ်တွယ်မနေသင့်ပါဘူး
စိတ်ရှည်ပေးလို့ရပေမယ့် ဘဝကတော့တိုတယ်

ကိုယ့်ရဲ့တန်ဖိုးကိုသိသူတွေ ကိုယ့်ရဲ့ရပ်တည်ချက်
ဆုံးဖြတ်ချက် ဖြစ်တည်မှုတွေ ရွေးချယ်မှုတွေကို
လေးစားပေးနိုင်သူတွေနဲ့သာ ရှင်သန်ပါမိတ်ဆွေ

မိန်းမတွေထက်မြက်ဖို့လိုပါတယ်****************************ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ...
03/02/2024

မိန်းမတွေထက်မြက်ဖို့လိုပါတယ်
****************************
ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..
စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့
ဆုံးဖြတ်ချက်ချပြီးနောက်လှည့်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..

အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ..

မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့..မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်သုတ်ပြီးပြုံးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်
မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..

အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့ အိမ်ဦးခန်းမှာအိမ်ထောင်ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

အသိဥာဏ်မဲ့တဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့..အသိဥာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ...

တန်ဖိုးမဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အနာဂတ်အမေတွေဖြစ်လာမယ့်
မိန်းမတွေ ထက်မြက်ဖို့လိုပါတယ်...!!

#လေးစားစွာဖြင် .....
ေးပါတယ်
#ပြန်လည်မျှဝေပါတယ်
#ဘဝစာပေနှင့်ဗဟုသုတများ

29/01/2024

" မျက်နှာလွှဲနေလိုက်ပါ.... "

တစ်ချို့လူတွေက လိမ်နေတယ်...
လိမ်နေမှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ … မသိချင်ယောင်ဆောင်ပေးလိုက်တယ်။

တစ်ချို့လူတွေက အကျင့်ယုတ်ကြတယ်...
အကျင့်ယုတ်မှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ မျက်နှာပျက်မရလို့ သည်းခံနေပေးလိုက်တယ်။

တစ်ချို့လူတွေက လေများတယ်
လေများမှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ … မကောင်းတတ်လို့ မျက်စိတစ်ဖတ်ပိတ်ပြီး နေပေးလိုက်တယ်။

တစ်ချို့လူတွေက သိပ်အပြောကောင်းတယ်...
မဟုတ်မှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ … နားထောင်ကောင်းကောင်းနဲ့ ကျိတ်ပြီး ယုံပေးလိုက်တယ်။

တစ်ချို့လူတွေက ဟန်ဆောင်ကောင်းတယ်...
ဟန်ဆောင်နေမှန်းလဲ သိနေတယ် …
သိနေပါရက်နဲ့ … ကိုယ်ပါမသိချင်ယောင်ဆောင်ကာ
ဟန်ဆောင်ပြီး နေပေးလိုက်တယ်။

လူ့လောကကြီးဟာ … အရမ်းကို ရှုပ်ထွေးလွန်း ပါတယ် …။

သိနေပေမယ့်လည်း ... မသိလိုက်တာက ပိုကောင်းတာမို့

မြင်နေပေမယ့်လည်း ...
မမြင်ချင်ယောင်ဆောင်လိုက်ရတာက ပိုပြီးအေးချမ်းပါတယ်။

- အဖြေ မထွက်တဲ့ အရာတစ်ခုကို …
" တောက် " တစ်ခေါက်ခေါက်နဲ့ တွေးမိတိုင်း တနုံနုံနဲ့ ထိုင်ပြီး ဒေါသထွက်နေလို့လည်း …
ဘာမှ မထူးလာတာတွေ ရှိတတ်ပါတယ် …။

_ ကိုယ်ပြုပြင်လို့မရမယ့်အတူတူ … တစ်ခါတစ်လေမှာ
မျက်နှာလေးလွှဲပြီး နေလိုက်တာက … ပိုပြီး ကောင်းပါတယ်။

credit to Original writer

𝑭𝑶𝑹𝑬𝑿 𝑻𝑹𝑨𝑫𝑰𝑵𝑮 ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာစျေးကွက် မှာ ကမ္ဘာ့ရွှေအရောင်းအဝယ်လုပ်ပြီးအကျိုးမြတ်ရှာတဲ့ လုပ်ငန်းကို စိတ်ဝင်စား...
27/01/2024

𝑭𝑶𝑹𝑬𝑿 𝑻𝑹𝑨𝑫𝑰𝑵𝑮 ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာစျေးကွက် မှာ ကမ္ဘာ့ရွှေအရောင်းအဝယ်လုပ်ပြီးအကျိုးမြတ်ရှာတဲ့ လုပ်ငန်းကို စိတ်ဝင်စားနေတယ် ဒါပေမယ့် အလိမ်ခံရမှာစိုးနေသူတွေတွက် လုပ်ငန်းအကြောင်းအသေးစိတ်တွေကို မြန်မာနိုင်ငံရဲ့အကြီးမားဆုံးရုံးခွဲအများဆုံးငွေကြေးအာမခံမှုအပြည့် အဝရှိပြီး 2017ထဲ က ယနေ့ချိန်ထိ အောင်မြင်စွာရပ်တည်နေတဲ့ 𝑻𝑹𝑬𝒁𝑨 တို့ #𝑪𝒐𝒎𝒑𝒂𝒏𝒚 ရန်ကုန် မန္တလေးရုံးချုပ်တွေမှာ 𝑶𝒏𝒍𝒊𝒏𝒆 / 𝑶𝒇𝒇𝒍𝒊𝒏𝒆 မှာပါ 𝑭𝒓𝒆𝒆 𝑨𝒑𝒑𝒐𝒊𝒏𝒕𝒎𝒆𝒏𝒕 တွေ့ဆုံမေးမြန်းနိုင်ပါတယ်။

မှတ်ချက် ။ တစ်ရက်ကြိုတင်ပြီး 𝑨𝒑𝒑𝒐𝒊𝒏𝒕𝒎𝒆𝒕 တွေ့ဖို့ အချိန်ညှိနှိုင်းရန်။

𝑨𝒑𝒑𝒐𝒊𝒏𝒕𝒎𝒆𝒏𝒕 တွေ့ရန်👇
𝑨𝒚𝒆 𝑻𝒉𝒖𝒛𝒂𝒓 𝑨𝒖𝒏𝒈
09 - 971483370
#𝒃𝒖𝒔𝒊𝒏𝒆𝒔𝒔𝒂𝒅𝒗𝒊𝒔𝒐𝒓

စွာပါ ဟုတ်ပါတယ် ။ စွာပါ ။ အရေးအကြောင်းတွေဖြစ်လာလို့ ပြောကြဆိုကြပြီဆိုရင် စွံ့အတာမျိုးမဖြစ်အောင်နေပါ ။ ရင်ထဲရှိသမျှ မထိန်...
26/01/2024

စွာပါ

ဟုတ်ပါတယ် ။ စွာပါ ။

အရေးအကြောင်းတွေဖြစ်လာလို့ ပြောကြဆိုကြပြီဆိုရင် စွံ့အတာမျိုးမဖြစ်အောင်နေပါ ။

ရင်ထဲရှိသမျှ မထိန်မချန်ပဲပြောပစ်ပါ ။

နောက်မှ တနုံ့နုံ့လုပ်နေရင် သင်ဟာ အရှုံးသမားပါ ။

နဂိုက ဘယ်လိုပဲအေးပါ စေ ။

ကိုယ့်ကိုမဟုတ်မတရား စွတ်ဆွဲပြီး နှိမ်တာမျိုးဆို
စွာသာစွာပါ။

စိတ်ထိခိုက်ရလွန်းလို့ အားတင်းပြီး ပြောရလွန်းလို့ မျက်ရည်တွေကျရင်လည်း ငိုရင်းနဲ့ ပြောပစ်ပါ ။

ဒါဆိုသင်မရှုံးပါဘူး ။

တစ်ချို့လူတွေက အဲ့လိုပြောမှကို တန်ရာကျတာပါ။

ပညာတတ်ပီပီတွေ ၊ ရန်အေးအောင်တွေ ၊ ငဲ့စရာရှိတာတွေ မတွေးဘဲ မကျေနပ်သမျှကိုပြန်ပြောပစ်ပါ။

သူနဲ့တန်တဲ့ စကားလုံးတွေဟာ သူ့ဆီရောက်အောင်ပို့မှကို ဖြစ်တာမလို့ ပြောပြစ်ပါ ။

ကျား ကို တရားချလို့မရပါဘူး ။
ခြင်္သေ့ကိုတရားချလို့မရပါဘူး ။

အဲ့လိုပဲ တစ်ချို့လူဖြစ်ပြီး လူစိတ်မရှိတဲ့လူတွေကို တရားချလို့မရပါဘူး ။

သူတို့ပေးသလို ပြန်ပေးနိုင်မှ တော်ကာကြတာမလို့ စွာသင့်သလောက်စွာပါ။

crd

Address

Singu Township
Mandalay

Alerts

Be the first to know and let us send you an email when Business Advisor By TREZA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Business Advisor By TREZA:

Share