Sharing Hub

Sharing Hub Just concentrate the mind on the present moment ❤️

08/04/2025

မိဘတွေအနေနဲ့ သားသမီးတွေကို ဆုံးမရာမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်တဲ့ **အမှားတွေ** ရှိတတ်ပါတယ်။

07/04/2025

လူတိုင်းမှာ စိတ်နဲ့ပတ်သတ်ပြီး အမျိုးမျိုးခံစားနေကြရတာပါ။ ရင်ဆိုင်နေရတဲ့အရာတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းတတ်ဖို့လည်းလိုအပ်ပါတယ်။

🌎1930 ပဲခူးငလျင်ကလဲ စစ်ကိုင်းပြတ်ရွေ့ကြောပါပဲ…🌎သပ်သပ်စီမဟုတ်ဘူးလို့ထင်ပါတယ်…ဒေသဦးတည်ဖြစ်လို့သာ ဒေသနာမည်ပေးထားပုံရ…🌎မြန်မ...
05/04/2025

🌎1930 ပဲခူးငလျင်ကလဲ စစ်ကိုင်းပြတ်ရွေ့ကြောပါပဲ…

🌎သပ်သပ်စီမဟုတ်ဘူးလို့ထင်ပါတယ်…ဒေသဦးတည်ဖြစ်လို့သာ ဒေသနာမည်ပေးထားပုံရ…

🌎မြန်မာနိုင်ငံတွင်း အပြင်းအထန်ဖြစ်ခဲ့တဲ့ ငလျင်သမိုင်းကိုပြန်ကြည့်ရင်-

🌎အနည်းဆုံးက 10နှစ်ခြားဖြစ်ပြီး အကြာဆုံးက 37 နှစ် ခြားမှာပြန်ဖြစ်ပါတယ်…

🌎နောင် 10နှစ်မှာ တကြော့ပြန်လာနိုင်တာမို့ ပြတ်ရွေ့ကြောတစ်လျှောက် မြို့တွေအားလုံးပြင်ဆင်ထားသင့်ပါပြီ…

🌍 စစ်ကိုင်းပြတ်ရွေ့ကြောက 1200km (745miles) ရှည်လျားတဲ့ပြတ်ရွေ့ကြောလို့သိရတယ်… မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တွေက စစ်ကိုင်းပြတ်ရွေ့ပေါ်မှာတည်ရှိနေတာလဲ တွေ့ရတယ်.. ဥပမာ - စစ်ကိုင်း၊ အင်းဝ၊ မန္တလေး၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ နေပြည်တော်၊ပဲခူး၊ ရန်ကုန်စသည်တို့ပေါ့… သူကတော့ 35mm/yr ရွေ့တယ်..

🌎စစ်ကိုင်းပြတ်ရွေ့ကြောကြောင့်ဖြစ်တဲ့

😩1839 #အင်းဝငလျင်က အင်းဝကိုပျက်စီးစေခဲ့တယ်

😩1930 #ပဲခူးငလျင်တုန်းက Aftershocks က 7လခန့်ကြာမြင့်ခဲ့ပြီး ဖြူးငလျင်နဲ့အဆုံးသတ်ခဲ့တယ်လို့ဆိုပါတယ်… လူပေါင်းများစွာလဲ သေဆုံးခဲ့သလို အဆောက်အအုံတွေလဲအတော်ပျက်စီးခဲ့တယ်လို့သိရတယ်… ပဲခူးရွှေမော်ဓောဘုရားသက်သေပါ…

😩1946 #စစ်ကိုင်းငလျင် (ဝန်းသိုငလျင်) စစ်ကိုင်းဘုရားများစွာပျက်စီးခဲ့ရကြောင်းသိရ

😩1956 #စစ်ကိုင်းငလျင် ကလဲ အဆောက်အဦတွေပျက်စီးခဲ့တယ်… မင်းကွန်းဘုရားပျက်စီးခဲ့ရတဲ့အကြောင်းပါပဲ…

😩1975 #ပုဂံငလျင် ကြောင့် ပုဂံဘုရားများစွာ ပျက်စီးခဲ့ရပါတယ်..

😩2021 #ရွှေဘိုငလျင် ကြောင့် မြစ်ကူးတံတားပြိုကျခဲ့ပြီး အပျက်အစီးတွေများခဲ့တယ်

😩2025 ကတော့ မြင်တဲ့အတိုင်းပါပဲ…

***********************

🌎ကြားထဲမှာ #ရှမ်းပြတ်ရွေ့ (ကျောက်ကြမ်းပြတ်ရွေ့ကြော) ကြောင့်ဖြစ်တဲ့ငလျင်ရှိသေး… အဲ့ဒီရှမ်းပြတ်ရွေ့က စစ်ကိုင်းပြတ်ရွေ့နဲ့အပြိုင်ဖြစ်ပြီးတော့ ရှမ်းပြည်ကနေ ထိုင်းနိုင်ငံထဲထိ 510km (316 mile) ရှည်လျားတယ်လို့သိရ… ရှမ်းပြည်ကနေ နယ်စပ်မြို့တွေဖြတ်ပြီး ဘန်ကောက်မြောက်ပိုင်းမှာအဆုံးသတ်တယ်… သူက 1mm/yr ပဲရွေ့နေတယ်…

😩1912 မှာ #ပြင်ဦးလွင်ငလျင် ဖြစ်ပြီး ပြင်ဦးလွင်၊ တောင်ကြီး၊ မိုးကုတ်၊ မန္တလေးမှာ အပျက်အစီးတွေများခဲ့တယ်လို့သိရပါတယ်…
😩2011 မှာ ထိုင်းနိုင်ငံက ငလျင်ဗဟိုချက်မကနေ ငလျင်လှုပ်ခဲ့တာကြောင့် ရှမ်းပြည်ဘက်မှာ တာလေငလျင်ဆိုပြီးလှုပ်ခဲ့သေးတယ်… အပျက်အစီးသေကြေမှုတွေရှိခဲ့တယ်လို့သိရပါတယ်)

********
🌎 #ကဘော်ပြတ်ရွေ့ကြောသည် အိန္ဒိယ - မြန်မာ နယ်နိမိတ်နှင့်အပြိုင်တည်ရှိကာ မိဇိုရမ်ပြည်နယ်အနီးတွင် တည်ရှိပြီး ချင်းနှင့် ရခိုင်ရိုးမ ကို ဖြတ်သန်းထားတဲ့ ငလျင်ကြောရှိပါတယ်… အဆိုပါပြတ်ရွေ့ကြောင့် 1762 မှာ ရစ်ခ်တာစကေး 8.8 ရှိတဲ့ #ရခိုင်ငလျင်ကြီးဖြစ်ခဲ့ကြောင်းသိရ…

*********

🌎 ၂၀၀၃ ခုနှစ်မှာ #တောင်တွင်းကြီးငလျင် ကို ဖြစ်ပေါ်စေခဲ့တဲ့ Gwegyo Thrust ပြတ်ရွေ့- စစ်ကိုင်းပြတ်ရွေ့ကြောအနီး ပဲခူးရိုးမတောင်ခြေ၏ အရှေ့ဘက်တစ်လျှောက်တွင် တည်ရှိသေးတယ်လို့သိရ

*******
မနှိုးထလာပါနဲ့တော့ငလျင်ကြောတွေရယ်😭

Apple က ထိုင်းမှာ iPhone တွေထံ သဘာဝဘေးအန္တရာယ် သတိပေးချက်ပေးပို့နိုင်အောင် ပြုလုပ်ပေးမည်ထိုင်း သဘာဝဘေး ကာကွယ်ရေး ဌာန (DD...
03/04/2025

Apple က ထိုင်းမှာ iPhone တွေထံ သဘာဝဘေးအန္တရာယ် သတိပေးချက်ပေးပို့နိုင်အောင် ပြုလုပ်ပေးမည်

ထိုင်း သဘာဝဘေး ကာကွယ်ရေး ဌာန (DDPM) က မိုဘိုင်းဖုန်း သုံးစွဲသူ သန်း ၅၀ ကို အရေးပေါ် သတိပေးချက်ပေးပို့နိုင်အောင် Apple က ပြုလုပ်ပေးမယ်လို့ အမျိုးသား ဆက်သွယ်ရေး ကော်မရှင် (NBTC) က ကြေညာလိုက်ပါတယ်။

NBTC ရဲ့ အတွင်းရေးမှူး Trairat Viriyasirikul က Apple ဟာ DDPM ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ပြီး ၅ ရက်အတွင်း အဲဒီ စနစ်ကို အကောင်အထည်ဖော်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

SMS Alert ကို ၂ ပတ်အတွင်း ပေးပို့နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ 4G နဲ့ 5G ကွန်ရက်ကနေ ၁ နာရီကို Message သန်း ၃၀ ပို့နိုင်တဲ့ စနစ်ဟာ နိုင်ငံရဲ့ အရေးပေါ်ဆက်သွယ်ရေး အခြေခံ အဆောက်အဦးကို တိုးတက်စေမှာ ဖြစ်ပါတယ်။

Apple ရဲ့ စနစ် အပြင် NBTC ဟာ သုံးစွဲသူ ၂၀၀,၀၀၀ ကို သတိပေးချက်ပို့နိုင်တဲ့ LINE ALERT ကို အသုံးပြုနေပါတယ်။ ဒါ့အပြင် အမျိုးသား သဘာဝဘေး သတိပေးတဲ့ ရုပ်သံလိုင်း ၁ ခုကိုလည်း တည်ထောင်ထားပါတယ်။

ငလျင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပို့နိုင်တဲ့ 1531 Special Hotline ကိုလည်း ပြုလုပ်ပေးထားပါတယ်။

Ref : Nation Thailand

Crd-ဘန်ကောက်လမ်းညွှန်ကိုစိုင်း

⚠️ပြင်းအား ၇.၇ မန္တလေး ငလျင် နောက်ပိုင်း ၃ ရက်အတွင်းမှာ၊ မြန်မာနိုင်ငံမှာ ပြင်းအား ၄.၅ နဲ့အထက် ငလျင်ပေါင်း ၁၄ ကြိမ် လှုပ...
30/03/2025

⚠️

ပြင်းအား ၇.၇ မန္တလေး ငလျင် နောက်ပိုင်း
၃ ရက်အတွင်းမှာ၊
မြန်မာနိုင်ငံမှာ ပြင်းအား ၄.၅ နဲ့အထက်
ငလျင်ပေါင်း ၁၄ ကြိမ် လှုပ်ထားတာကို
ဝမ်းနည်းစွာ တွေ့ရပါတယ် ...

ငလျင်ဟာ
ပြတ်ရွေ့အတွင်း နေသားပြန်ကျအောင်ထိ လှုပ်ခတ်နိုင်တာမို့၊

ပြင်းအား ၇.၇ ငလျင်ကို
ပင်မငလျင်ကြီးလို့ မပြောနိုင်သေးသလို၊
လက်ရှိ ငလျင်တွေကိုလည်
ရှေးပြေးငလျင်တွေလား၊
နောက်လိုက်ငလျင်တွေလား

ဘယ်ပညာရှင်မှ တပ်အပ် မပြောနိုင်သေးပါဘူး ...

မြန်မာ့သမိုင်းမှာ
၁၉၂၉ - ၁၉၃၁ ခုနှစ်၊
၂ နှစ်အတွင်း
အင်အား ၇ အထက်
ငလျင်ကြီး ၆ ကြိမ်
လှုပ်ခတ်ခဲ့ဖူးတာ တွေ့ရပါတယ် ...

မြန်မာပြည်သူများအားလုံး
သတိဝိရိယနဲ့ နေထိုင်ကြဖို့ တိုက်တွန်းလိုပါတယ် ...

၁) ပြင်းအား 7.7 မန္တလေး
2025 Mandalay, Burma (Myanmar) Earthquake
2025-03-28 06:20:52 (UTC)
10.0 km
၂) ပြင်းအား 6.7 စဉ့်ကိုင် အနောက်ဖက်
Burma (Myanmar)
2025-03-28 06:32:04 (UTC)
10.0 km
၃) ပြင်းအား 4.8 တောင်တွင်းကြီး အရှေ့ဖက်
29 km E of Taungdwingyi, Burma (Myanmar)
2025-03-28 06:39:15 (UTC)
10.0 km
၄) ပြင်းအား 4.9 စစ်ကိုင်း အနောက်ဖက်
14 km W of Sagaing, Burma (Myanmar)
2025-03-28 06:42:24 (UTC)
10.0 km
၅) ပြင်းအား 4.9 တောင်ငူ
Burma (Myanmar)
2025-03-28 06:45:45 (UTC)
10.0 km
၆) ပြင်းအား 4.6 ရွှေဘို
23 km NE of Shwebo, Burma (Myanmar)
2025-03-28 07:27:47 (UTC)
10.0 km
၇) ပြင်းအား 4.6 ရွှေဘို
Burma
2025-03-28 07:36:58 (UTC)
10.0 km
၈) ပြင်းအား 4.5 ရွှေဘို
Burma
2025-03-28 07:57:00 (UTC)
10.0 km
၉) ပြင်းအား 4.5 ပျဉ်းမနား
3 km NNW of Pyinmana, Burma (Myanmar)
2025-03-28 09:55:36 (UTC)
10.0 km
၁၀) ပြင်းအား 4.5 မန္တလေး
Burma
2025-03-28 11:16:50 (UTC)
10.0 km
၁၁) ပြင်းအား 4.6 မန္တလေး
12 km WNW of Mandalay, Burma (Myanmar)
2025-03-28 12:21:56 (UTC)
10.0 km
၁၂) ပြင်းအား 4.5 ရမည်းသင်း
22 km S of Yamethin, Burma (Myanmar)
2025-03-28 16:46:21 (UTC)
10.0 km
၁၃) ပြင်းအား 5.1 နေပြည်တော်
19 km SW of Nay Pyi Taw, Burma (Myanmar)
2025-03-29 09:20:48 (UTC)
10.0 km
၁၄) ပြင်းအား 5.1 မန္တလေး
28 km NNW of Mandalay, Burma (Myanmar)
2025-03-30 08:08:01 (UTC+01:00)
10.0 km

Crd - Kyaw Win Khaing

ထိုင်းမြန်မာ ငလျှင်သတိပေးနိုးဆော်ချက် 💢Myanmar ထိုင်း အချိန် 2025-03-29 13:23:562025-03-29 06:23:56 UTCMagnitude ပြင်းအာ...
29/03/2025

ထိုင်းမြန်မာ ငလျှင်သတိပေးနိုးဆော်ချက်

💢Myanmar

ထိုင်း အချိန် 2025-03-29 13:23:56
2025-03-29 06:23:56 UTC
Magnitude ပြင်းအား - 5.0
Location နေရာ 20.797°N 96.276°E
Depth 10
Phrase 19 Myanmar ယင်းမာပင်

💢Myanmar

ထိုင်းအချိန် - 2025-03-29 12:56:31
2025-03-29 05:56:31 UTC
Magnitude ပြင်းအား 3.0
Location-21.402°N 98.441°E ဝမ်မိုင် / ကွန်ဟိန်းအနီး
Depth 12
Phrase 21

💢Thailand

ထိုင်းအချိန် - 2025-03-29 12:41:02
2025-03-29 05:41:02 UTC
Magnitude ပြင်းအား 2.2
Location- 19.608°N 98.587°E 2 13 Saen Hai Subdistrict, Wiang Haeng District, Chiang Mai Province
Saen Hai Subdistrict, Wiang Haeng District, Chiang Mai

💢Myanmar

ထိုင်းအချိန် - 2025-03-29 12:17:16
2025-03-29 05:17:16 UTC
Magnitude-ပြင်းအား 3.6
Location- 19.271°N 96.327°E ဆွာအနီး
Depth 10
Phrase 14

💢Myanmar

ရက်စွဲ - 2025-03-29
ထိုင်းအချိန် - 12:03:48
2025-03-29 05:03:48 UTC
Magnitude-ပြင်းအား 3.1
Location 19.214°N 96.398°E ရေတာရှည်အနီး
Depth 10
Phrase 7 Myanmar

💢Myanmar

ရက်စွဲ 2025-03-29
ထိုင်းအချိန် 11:41:45
2025-03-29 04:41:45 UTC
Magnitude-ပြင်းအား 2.9
Location- 18.788°N 96.489°E ဇရပ်ကြီး / အုတ်တွင်း
Depth 10
Phrase 13 Myanmar

💢Myanmar

ရက်စွဲ 2025-03-29
ထိုင်းအချိန် 11:26:26
2025-03-29 04:26:26 UTC
Magnitude-ပြင်းအား 3.5
Location- 18.685°N 96.628°E ပဲခူး ဇရပ်ကြီးအနီး
Depth 10
Phrase 11 Myanmar

💢Myanmar

ရက်စွဲ - 2025-03-29
ထိုင်းအချိန် - 10:48:00
2025-03-29 03:48:00 UTC
Magnitude-ပြင်းအား 3.3
Location- 19.923°N 96.577°E တောင်ကြီး /သပြေကုန်းအနီး
Depth 10
Phrase 14 Myanmar

💢Myanmar
ရက်စွဲ 2025-03-29
ထိုငိးအချိန် - 10:42:50
2025-03-29 03:42:50 UTC
Magnitude-ပြင်းအား- 3.0
Location- 19.417°N 96.412°E
Depth 10
Phrase 12 Myanmar

💢Myanmar

ရက်စွဲ - 2025-03-29
ထိုင်း အချိန် 10:28:20
UTC - 2025-03-29 03:28:20 Universal Time Coordinated (UTC).
Magnitude-ပြင်းအား 2.8
Location- 18.696°N 96.3°E တောင်ငူ အနီး
Depth 10
Phrase 13 Myanmar

💢Myanmar

ရက်စွဲ - 2025-03-29
ထိုင်းအချိန် - 10:19:16
UTC - 2025-03-29 03:19:16 UTC
Magnitude-ပြင်းအား 3.6
Location- 20.182°N 95.737°E တောင်တွင်းကြီး ရွှေဘွန်းအနီး
Depth 10
Phrase 11 Myanmar

💢Myanmar

ရက်စွဲ - 2025-03-29
ထိုင်းအချိန် - 10:14:11
2025-03-29 03:14:11 UTC
Magnitude-ပြင်းအား 2.9
Location 19.404°N 96.56°E ရေတာရှည်အနီး
Depth 10
Phrase 17Myanmar

💢Thailand

ရက်စွဲ - 2025-03-29
ထိုင်းအချိန် - 09:42:38
2025-03-29 02:42:38 UTC
Magnitude-ပြင်းအား 2.2
Location 19.629°N 98.496°E
Depth 1
Phrase 6 Wiang Nuea Subdistrict, Pai District, Mae Hong Son Province
Wiang Nuea Subdistrict, Pai District, Mae Hong Son

💢Myanmar

ရက်စွဲ 2025-03-29
ထိုင်းအချိန် 09:39:26
2025-03-29 02:39:26 UTC
Magnitude-ပြင်းအား 3.3
Location 19.867°N 96.341°E
Depth 10
Phrase 13Myanmar

💢Myanmar

ရက်စွဲ 2025-03-29
ထိုင်းအချိန် 09:23:36
2025-03-29 02:23:36 UTC
Magnitude-ပြင်းအား 2.4
Location 18.79°N 97.422°E
Depth 10
Phrase 13Myanmar

💢Myanmar

ရက်စွဲ 2025-03-29
ထိုင်းအချိန် 09:08:28
2025-03-29 02:08:28 UTC
Magnitude-ပြင်းအား 2.7
Location 19.53°N 97.717°E
Depth 13
Phrase 16Myanmar

💢Myanmar

ရက်စွဲ 2025-03-29 08:53:09
2025-03-29 01:53:09 UTC
Magnitude-ပြင်းအား 3.1
Location 18.834°N 96.58°E
Depth 3
Phrase 14Myanmar

💢Myanmar

ရက်စွဲ 2025-03-29
ထိုင်းအချိန် 08:46:00
2025-03-29 01:46:00 UTC
Magnitude-ပြင်းအား 3.7
Location 21.658°N 96.28°E
Depth 10
Phrase 10Myanmar

💢Myanmar

ရက်စွဲ 2025-03-29
ထိုင်းအချိန် 08:38:37
2025-03-29 01:38:37 UTC
Magnitude-ပြင်းအား 3.1
Location 20.127°N 97.765°E
Depth 4
Phrase 15Myanmar

💢Myanmar

ရက်စွဲ 2025-03-29 08:37:57
2025-03-29 01:37:57 UTC
Magnitude-ပြင်းအား 3.0
Location- 18.998°N 96.511°E
Depth 4
Phrase 13Myanmar

မှတ်ချက် - (UTC). သည် Universal Time Coordinated ဖြစ်ပါသည်။
လောင်ဂျီကျူ့ လတ္တီကျူ့ အားကြည့်ပြီး Locations များကိုနီးနီးစပ်စပ်ပြောပေးခြင်းဖြစ်ပါသည်။
မြန်မာစံတော်ချိန်သည် ထိုင်းစံတော်ချိန်ထက် နာရီဝက်မိနစ် ၃၀ နောက်ကျပါသည်။

Ref- THAILAND EARTHQUAKE OBSERVATION DIVISION

Crd #ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Sky Villa Condo က ❗️❗️❗️ကျန်ရှိနေသေးတဲ့ အဆက်အသွယ်မရသေးတဲ့သူတွေကယ်မထုတ်နိုင်သေးတဲ့သူတွေပါရှင်တွေ့မိသလောက်လေး စုထားပေးပါတယ...
29/03/2025

Sky Villa Condo က ❗️❗️❗️
ကျန်ရှိနေသေးတဲ့ အဆက်အသွယ်မရသေးတဲ့သူတွေကယ်မထုတ်နိုင်သေးတဲ့သူတွေပါရှင်
တွေ့မိသလောက်လေး စုထားပေးပါတယ်ရှင်

ဖလစ်ပိုင်စုံတွဲ
https://www.facebook.com/share/p/1EiAfwhn48/?mibextid=WC7FNe

Sky Villa ဒုတိယထပ် L2
Gym နဲ့ မျက်နှာချင်းဆိုင်အခန်းက
ဒေါက်တာ ဦးမြင့်ဆွေ
ကိုဟိန်းဇံထက် ၊ မပန်းနုနှင်းရီ ၊ ကလေးငယ်လေး ကျား (၁) ဦး

https://www.facebook.com/share/19pfoNC9Ws/?mibextid=WC7FNe

ကလေးနဲ့ အိမ်အကူ
https://www.facebook.com/share/p/162nJAzBhi/?mibextid=WC7FNe

ကားပါကင်အထပ်မှာကျန်ခဲ့တဲ့ ညီမလေး စီစီ

https://www.facebook.com/share/1A1E1AWmgN/?mibextid=WC7FNe
သုံးလွှာက မချိုမေဝင်း +ကိုဇေယျာ မိသားစု

https://www.facebook.com/share/16LMZoBLab/?mibextid=WC7FNe
10လွှာက နန်းခမ်းလဲ့ (ခ) အေဌေး

https://www.facebook.com/share/18oNDxwxAV/?mibextid=WC7FNe

လက်ကတက်တူးအကြီးကြီးနဲ့ ဦးနော်အောင်

https://www.facebook.com/share/1AFauPqxFA/?mibextid=WC7FNe

အခန်းနံပါတ် 505 က မသီတာအေး နဲ့ မခိုင်ရွှေဝါဝါဝင်း

https://www.facebook.com/share/18Rmymk9za/?mibextid=WC7FNe

အန်တီဒေါ်ကြူကြူမြင့် နဲ့ သားသုံးယောက်

https://www.facebook.com/share/1JZqrV49n9/?mibextid=WC7FNe

ပထမအထပ်က မနှင်းနွယ်ဦး

https://www.facebook.com/share/16KqQgXqHC/?mibextid=WC7FNe

9 လွှာ အခန်းနံပါတ် 911 က ညီမလေး စုနဒီ သူ့မောင်လေးပြည့်ဖြိုးဦးနဲ့ သူ့မောင်လေးသူငယ်ချင်း

https://www.facebook.com/share/16Fe7Wd2aC/?mibextid=WC7FNe

5 လွှာ N5 က ကိုဖိုးသားနဲ့ ကိုဖိုးလုံး

https://www.facebook.com/share/162DanCbsq/?mibextid=WC7FNe

4 လွှာက Dr Tun Myint မိသားစု လသားအရွယ်ကလေးလည်းပါ ပြီးတော့ သူတို့နဲ့တူတူရှိနေတဲ့ မောင်လေးအေးချမ်းအောင်

https://www.facebook.com/share/1BWzBPL8Ja/?mibextid=WC7FNe

မမြင့်မြင့်စိုး

https://www.facebook.com/share/19zErf6CfV/?mibextid=WC7FNe

3 လွှာ E3 က မရည်မွန်တင့်လွင် မိသားစု

https://www.facebook.com/share/1AcBux43rj/?mibextid=WC7FNe

3 လွှာက ကိုတိုးမြင့်အောင် နဲ့ မကြည်ဇင်ဟန်

https://www.facebook.com/share/p/1Fc7QGWU2W/?mibextid=WC7FNe

3 လွှာက ကိုပြည်ဟိန်း နဲ့ မယု

3 လွှာက ဆရာမရွှန်းလဲ့လဲ့အောင်

3 လွှာက ကိုနန်းဝင်း (ခ) ကိုရတုထက်အောင်

6 လွှာက LBU founder ဆရာ အာကာကျော်

4 လွှာက မမွန်မွန်သဲအောင်

4 လွှာက ဒေါ်မိုးသီတာရွှေ ၊ ပဲလေး ၊ ဇော်လင်းနောင် နဲ့ Dora လေး

H-7 က ညီမလေး သီရိစိုး

8 လွှာ က ညီမလေး နန်းဖွန်

မမ Catherine Cho (Facebook name )

H-3 က ကိုရဲထွဋ်ထွေး

အိပ်မောကျနေချိန် ငလျင်လှုပ်တဲ့အခါ အသံပေး Alarm မြည်အောင် ဒီ app လေး down ထားပါနော်။ ဒီ ငလျင် Application မှာ -🎯Aftershoc...
28/03/2025

အိပ်မောကျနေချိန် ငလျင်လှုပ်တဲ့အခါ အသံပေး Alarm မြည်အောင် ဒီ app လေး down ထားပါနော်။

ဒီ ငလျင် Application မှာ -

🎯Aftershock တွေကို စောင့်ကြည့်လို့ရပါတယ် -

🎯Alert ပေးထားပြီး Notification On ထားလို့ရပါတယ် -

🎯ညရေးညတာ ငလျင်လှုပ်တဲ့အချိန် အိပ်ပျော်နေရင် Noti/Alarm မြည်အောင်လုပ်ထားလို့ရပါတယ် -

🎯ဒီမှာတော့ Magnitude 3 အထက်ကို Noti Alert on ထားပါတယ် -

🎯 Setting ထဲကို ဝင်ပြီးတော့ မိမိထားလိုတဲ့ Magnitude ကို ထားလို့ရပါတယ် -

🎯အချိန်နဲ့အမျှ လှုပ်နေတဲ့ငလျင်တွေကို ဖော်ပြပေးနေမှာဖြစ်ပါတယ် -

🎯ငလျင်နဲ့ပတ်သက်တဲ့ သိထားစရာ‌တွေ၊ရှောင်ရန်၊ဆောင်ရန် တွေကို လေ့လာသိရှိလိုက်နာကျင့်သုံးဖို့ အလွန်အရေးကြီးပါတယ် -

🎯ဘေးရန် အန္တရယ်တွေ ကင်းဝေးကြပါစေ။

Download
Ios
https://apps.apple.com/mm/app/my-earthquake-alerts-feed/id975709372

Google playstore
https://play.google.com/store/apps/details?id=com.jrustonapps.myearthquakealerts&pcampaignid=web_share

Apk Pure
https://apkpure.com/my-earthquake-alerts-map/com.jrustonapps.myearthquakealerts/amp

Stay Safe❗

credit

ငလျင်အကြီးကျယ်လှုပ်ပြီးတိုင်း Aftershock လာလေ့ရှိတယ်လို့ သိရပါတယ်။ Aftershock ဆိုတာ လူကြီးတွေနားလည်အောင်ပြောရင် နောက်တခေ...
28/03/2025

ငလျင်အကြီးကျယ်လှုပ်ပြီးတိုင်း Aftershock လာလေ့ရှိတယ်လို့ သိရပါတယ်။ Aftershock ဆိုတာ လူကြီးတွေနားလည်အောင်ပြောရင် နောက်တခေါက်ငလျင်ပြန်ဖြစ်တတ်ပါတယ်။
ပထမ (၄၈) နာရီအတွင်း ပိုအရေးကြီးပြီး စကေး ၅ , ၆ တွေ ဖြစ်နိုင်လို့ သတိထားရပါမယ်။

ပထမအကြိမ်မှာ အဆောက်အဦး ကြံ့ခိုင်မှုထိခိုက်သွားသူတွေ သတိထားကြပါ။

ပြန်လည်နိုးထလာသောစစ်ကိုင်းပြတ်ရွေ့ကြော" အကြောင်းစစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတ...
28/03/2025

ပြန်လည်နိုးထလာသော
စစ်ကိုင်းပြတ်ရွေ့ကြော" အကြောင်း

စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။

၎င်းသည် ဆွန်းဒါး(ဆွန်ဒါ) ကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာအကြားတွင် ဖြစ်ပေါ်တည်ရှိနေသည့် ပြတ်ရွေ့ကြောဖြစ်သည်။ ၎င်းသည် မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျှက် တည်ရှိကာ အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာ ရှိ၏ ။

စစ်ကိုင်းပြတ်ရွေ့ကြောသည် ကပ္ပလီကမ်းလွန်မှ စတင်ခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအထိ ဖြစ်သည်။

ဤပြတ်ရွေ့ကြောသည် အရှေ့ဘက်ကပ်လျက်ရှိသော ရှမ်းပြတ်ရွေ့ငယ်နှင့် နှိုင်းစာသော် ၎င်း၏အလျှားတစ်လျှောက်တွင် မြေမျက်နှာသွင်ပြင်အရ တောင်ကုန်း/တောင်တန်း ထူထပ်မှုနည်းသည်။

အိန္ဒိယ-ဆွန်းဒါး ကျောက်ချပ်လွှာကြီးနှစ်ခု၏ အကြားရှိ စုစုပေါင်းရွေ့လျားနှုန်းသည် တစ်နှစ်လျှင် ၃၅ မီလီမီတာ ဖြစ်သည်။ ထိုအထဲမှ ၁၈ မီလီမီတာသည် ဂြိုဟ်တုမှ ရရှိသည့်အချက်အလက်များအရ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

ရေးသားသူအများစုက ပြတ်ရွေ့ကြော၏ အရွေ့သည် ၃၆၀ ကီလိုမီတာမှ ၄၀၀ ကီလိုမီတာအကြား ရှိသည်ဟု ခန့်မှန်းကြသော်လည်း အများဆုံးအရွေ့သည် ၁၀၀ ကီလိုမီတာခန့် ရှိသည်။

၂၀ ရာစုအစောပိုင်းတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အလျားတစ်ဝက်ကျော်သည် ငလျင်များ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများတွင် ပါဝင်ခဲ့သည်။

#ဖြစ်ရပ်များ
သမိုင်းမှတ်တမ်းများကို ပြန်ကြည့်ပါက စစ်ကိုင်းပြတ်ရွေ့ကြော၏ မြောက်ဘက်ဆုံးအပိုင်းတွင် ၁၉၀၆ နှင့် ၁၉၀၈ ခုနှစ်များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များသည် အဓိကငလျင်များ ဖြစ်ခဲ့ကြသည်။

၁၉၀၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ပူတာအိုငလျင် လှုပ်ခတ်ခဲ့ကာ ပြင်းအား ၇.၀ ရှိသည်။

၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် Mw 7.5 ရှိသည်။ ၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် တောင်ဘက်အပိုင်းတွင်ပါ လှုပ်ခတ်မှုကို ခံစားခဲ့ကြရသည်။ ၎င်းနေရာတွင် ၁၉၃၁ ခုနှစ်ငလျင် လှုပ်ခတ်ခဲ့သည့် နေရာပင် ဖြစ်ခဲ့သည်။ ထိုနည်းတူစွာပင် ၁၉၄၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်င ငလျင်ကြောင့် ၁၉၃၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် နေရာများကို ထိခိုက်ခဲ့သည်။

ပထမဆုံး အဓိကလှုပ်ခါမှုသည် ၁၉၄၆ ခုနှစ်တွင် နှစ်ကြိမ်ဆက်လှုပ်ရှားမှု ဖြစ်ပွားခဲ့ကာ နောက်ထပ် အဓိကလှုပ်ခတ်မှုသည် ပြတ်ရွေ့ကြော၏ တင်းအားအခြေအနေကြောင့် ဖြစ်ခဲ့ရသည်။ ၁၀ နှစ်ကြာမြင့်ပြီးနောက်တွင် မန္တလေးမြို့အနီးတွင် Mw 7.1 ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူအနည်းဆုံး ၄၀ ဦး သေဆုံးခဲ့သည်။ ငလျင်ကြောင့် ၁၉၄၆ ခုနှစ်တွင် ပျက်စီးခဲ့သည့် တောင်ဘက်ပိုင်းကို ကျိုးပျက်ထိခိုက်စေခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ၁၉၄၆ Mw 7.0 ငလျင်နှစ်ခုအကြား ဖြစ်ပေါ်လာခဲ့သည့် ငလျင်အသေးစားတစ်ခုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။ ၁၉၃၀ ခုနှစ် မေလနှင့် ဒီဇင်ဘာလတွင် ပြတ်ရွေ့ကြော၏ လှုပ်ရှားမှုများကြောင့် ငလျင်များ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းငလျင်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိဘဲ မြောက်ပိုင်းတွင် သီးခြားဖြစ်ပေါ်ခဲ့သည့် ငလျင်များဖြစ်သည်။ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ ငလျင်သည် မေလတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်၏ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

(ဝီကီပီးဒီးယားမှကူးယူဖော်ပြပါသည်။)

------------------------------------

မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံး ငလျင်များနှင့် အနာဂတ် အန္တရာယ်များ

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့ကြော (Sagaing Fault) နှင့် အခြား ပြတ်ရွေ့ကြောများ တွင် တည်ရှိသဖြင့် ငလျင်ကြီးများ ဖြစ်နိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယနေ့ (၂၀၂၅ မတ်လ ၂၈) 7.7 ရစ်ချာစကေး ငလျင် ဖြစ်ပွားခဲ့ခြင်းဖြင့် မြန်မာသမိုင်းတွင် အပြင်းထန်ဆုံး ငလျင်အဖြစ် မှတ်တမ်းတင်နိုင် သည်။

---

1. ယနေ့ 7.7 ငလျင် မြန်မာ့ မှတ်တမ်းတင် အပြင်းထန်ဆုံး!

ရက်စွဲ: ၂၀၂၅ မတ်လ ၂၈

နေရာ: စစ်ကိုင်းပြတ်ရွေ့ကြောအနီး

စကေး: 7.7

သက်ရောက်မှု: မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အဆောက်အဦများပြိုလဲနိုင်ခြေရှိ

ပြတ်ရွေ့ကြောကြီး တစ်ခုတည်းပဲလှုပ်ခါနေလား၊ ဒုတိယမြောက်ဖြစ်နိုင်သေးလား?
ဆူနာမီ ဖြစ်နိုင်သေးလား?
ဘယ်ဒေသတွေ ထိခိုက်နိုင်သေးလဲ?

---

2. ယခင်သမိုင်းထဲမှ အပြင်းထန်ဆုံး ငလျင်များ

(၁) ၁၉၃၀ ပျင်လင် ငလျင် (7.3) ရန်ကုန်ထိခိုက်ခဲ့သော ငလျင်

ရက်စွဲ: ၁၉၃၀ မတ်လ ၅

နေရာ: ပျင်လင် (Bago)၊ ရန်ကုန်အနီး

စကေး: 7.3

သေဆုံးသူ: ~၅၀၀

သက်ရောက်မှု: ရန်ကုန်မြို့တွင် အဆောက်အဦများ ပြိုကျ

(၂) ၂၀၁၁ တချိုင့် ငလျင် (6.9) ထိုင်းထိခိုက်ခဲ့သော ငလျင်

ရက်စွဲ: ၂၀၁၁ မတ်လ ၂၄

နေရာ: ရှမ်းပြည်နယ်၊ တချိုင့် (Tachileik)

စကေး: 6.9

သေဆုံးသူ: ~၁၅၀

သက်ရောက်မှု: ထိုင်းနှင့် လာအိုပါ ထိခိုက်

(၃) ၂၀၁၆ ချောက် ငလျင် (6.😎 ပုဂံဘုရားများ ထိခိုက်မှု

ရက်စွဲ: ၂၀၁၆ သြဂုတ်လ ၂၄

နေရာ: မကွေးတိုင်း၊ ချောက်

စကေး: 6.8

သေဆုံးသူ: ၄

သက်ရောက်မှု: ပုဂံဘုရားများ ပျက်စီးမှုများ

---

3. နောက်ထပ် ငလျင်များ ဖြစ်လာနိုင်ခြေ

"Aftershock" (နောက်ဆက်တွဲငလျင်) မဖြစ်နိုင်ဘူးလား?
7.7 ရှိသော ငလျင်ကြီးများဖြစ်ပြီးနောက် နောက်ဆက်တွဲငလျင်များ (Aftershocks) ဖြစ်နိုင်ခြေ အလွန်မြင့်မား သည်။

၇.၀ - ၇. တန်ဖိုးရှိသော နောက်ထပ်ငလျင် ဖြစ်နိုင်သည်။

တစ်လအတွင်း လျှော့နည်းသွားနိုင်သော်လည်း မတည်ငြိမ်သေးနိုင်။

ဆူနာမီ ဖြစ်နိုင်ခြေ ရှိသေးလား?
မြန်မာ့ပြတ်ရွေ့ကြောများသည် ခြောက်သွေ့သောမြေပြန့်ဒေသများတွင်များသည်။ သို့သော်

အင်ဒိုနီးရှား၊ ဘင်္ဂလားပင်လယ်အော်အနီး တွင် လှုပ်မယ်ဆိုရင် ဆူနာမီဖြစ်နိုင်။

၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ငလျင် (9.1-9.3) က မြန်မာကမ်းခြေအထိ ဆူနာမီဖြစ်ခဲ့သည်။

အနာဂတ်တွင် ၈.၀ + ငလျင် ဖြစ်နိုင်သေးလား?
သုတေသနများအရ မြန်မာနိုင်ငံသည် ၈.၀ + ရှိသော ငလျင် ကြုံနိုင်သည့် ဒေသတစ်ခုဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့ကြောသည် ၁၅၀ နှစ်မှ ၂၀၀ နှစ်တိုင်း တစ်ကြိမ် တည်ငြိမ်မှု ချိုးဖောက်နိုင်သည်။

နောက် ၁၀ - ၂၀ နှစ်အတွင်း ၈.၀+ ရှိနိုင်ခြေရှိသည်။

---

4. အနာဂတ်တွင် ဘာလုပ်သင့်လဲ?

ငလျင်အတွက် အရေးပေါ် ပြင်ဆင်မှု

လျှပ်စစ်မီးပိတ်ထားရန်

ရေသန့်၊ ဆေးဝါးများ ကြိုတင်ထားရန်

ဘေးလွတ်ရာသို့ ထွက်ပြေးရန် လမ်းကြောင်းသိထားရန်

အဆောက်အဦများ ပြုပြင်မွမ်းမံရန်

ငလျင်ခံနိုင်ရည်ရှိသော အဆောက်အဦများ တည်ဆောက်ရန်

ပြိုကျနိုင်သော ပစ္စည်းများ ခိုင်ခံ့စွာ တပ်ဆင်ရန်

ငလျင်သတင်းများ သေချာစောင့်ကြည့်ရန်

အသိပညာရရှိရန်

နောက်ထပ် အန္တရာယ်များကို ကြိုတင်လေ့လာရန်

---

"7.7 ရှိတဲ့ ငလျင်က မြန်မာ့မှတ်တမ်းတင်အပြင်းထန်ဆုံး ဖြစ်လာပြီ! နောက်ထပ် ဖြစ်နိုင်မယ့် အန္တရာယ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။"**
ငလျင်ဘေးကင်းကြပါစေ🙏🙏🙏

Crd to Original Writer

အန္တရာယ်ဘေးကင်းကြပါစေလို့ဆုတောင်းပေးပါတယ်။လူတွေထိခိုက်ကြတဲ့ပုံတွေတွေ့ရတော့ ရင်ထဲကိုပူနေတယ်  ။ မန္တလေးမှာရှိတဲ့ကိုယ့်အိမ်...
28/03/2025

အန္တရာယ်ဘေးကင်းကြပါစေလို့ဆုတောင်းပေးပါတယ်။

လူတွေထိခိုက်ကြတဲ့ပုံတွေတွေ့ရတော့ ရင်ထဲကိုပူနေတယ် ။ မန္တလေးမှာရှိတဲ့ကိုယ့်အိမ်လည်းပျက်စီးတဲ့အထဲပါပါတယ်။

Stay safe ပါနော်။ ဆောင်ရန်ရှောင်ရန် ကလေးငယ်တွေရောသင်ပေးထားပါ။

ထိုင်းအစိုးရက ငလျင်နဲ့ပတ်သတ်ပြီး ဒုတိယအကြိမ် ( 3:00 pm ) ခန့် Aftershock ဖြစ်နိုင်လို့သတိထားဖို့ကြေငြာထားပါတယ်။
28/03/2025

ထိုင်းအစိုးရက ငလျင်နဲ့ပတ်သတ်ပြီး ဒုတိယအကြိမ် ( 3:00 pm ) ခန့် Aftershock ဖြစ်နိုင်လို့သတိထားဖို့ကြေငြာထားပါတယ်။

Address

Mandalay

Alerts

Be the first to know and let us send you an email when Sharing Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share