YeLin

YeLin Your feeling is your art.

31/10/2025

မြန်မာနိုင်ငံမှာတုန်းက ကျွန်တော်အများစုတွေ့ခဲ့ရတဲ့ကလေးတွေပုံစံက မိဘ အများစုက ခြောက်လှန့်မှု့နဲ့ထိမ်းချုပ်တာတွေ များတယ်လို့ ကျွန်တော်မြင်မိတယ်။ တော်တော်ကြီးတဲ့အရွယ်ထိကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့
ဟိုမသွားရဘူး ဒီမသွားရဘူးဆိုတဲ့ ပြောသံတွေပဲကြားခဲ့ရတယ် ။ အန္တရာယ်ရှိစေနိုင်တဲ့အရာတွေဆိုရင်တော့ ကျွန်တော်မပြောလိုပါဘူး။ အမေရိကမှကြီးပြင်းရတဲ့ကလေးတွေကကျတော့ပိုပြီးလွဝ်လပ်ပေါ့ပါးတယ်။မိဘတွေကလဲ Over react လုပ်တာတွေတော်တော်နည်းကျတယ်ဗျ။ ခု ဒီကလေးလေးကိုကြည့်ပါ ကျွန်တော်ကတာကို သူမြင်ပြီး သူစိတ်ဝင်တစားနဲ့ လာကြည့်တာကိုတွေ့လို့ လှမ်းမေးတော့
ထပ်ကြည့်ချင်ပါသေးတယ်ဆိုလို့ ကပြပေးခဲ့လိုက်ပါတယ်။ ကလေးဆိုတာ ဒီလိုလေးတွေဖြစ်သင့်တယ်ဗျ။ကောင်းကင်ကြီးလဲ ကျွန်တော်သင်ပေးရမှာတွေ အများကြီးပါပဲ😍 ゚viralシfypシ゚

I would like to shoutout this guy!!!!💯I made a challenge to him.If you want to do dance training with me,you have to do ...
31/10/2025

I would like to shoutout this guy!!!!💯
I made a challenge to him.
If you want to do dance training with me,
you have to do 6 steps over 100 times 💯
Definitely He did that 💪
I really respect his consistency.
Now he lives in LA.
Keep on dancing my man !
See ya in dance battle.

လူကြီးတွေစကားတိုင်းကအမြဲနားထောင်ဖို့ “ကောင်းတာမဟုတ်ဘူး”ဒီလိုပြောလိုက်လို့ ကျွန်တော်က လူကြီးတွေစကားတွေနားမထောင်ပဲထင်ရာလုပ...
31/10/2025

လူကြီးတွေစကားတိုင်းက
အမြဲနားထောင်ဖို့ “ကောင်းတာမဟုတ်ဘူး”

ဒီလိုပြောလိုက်လို့ ကျွန်တော်က
လူကြီးတွေစကားတွေနားမထောင်ပဲထင်ရာလုပ်နေတဲ့
သူလား ?

ဒီကောင်က လူကြီးတွေကို လေးစားမှု့မရှိတဲ့ကောင်လားဆိုတာတွေ တွေးကောင်းတွေးမိနိုင်ပါတယ်။

ကျွန်တော်ဆိုလိုချင်တဲ့ အဓိပ္ပါယ်က အခုမှစမှာပါ

လူကြီးတွေပြောတဲ့ စကားတိုင်းဆိုတော့
အမှား အမှန် မခွဲခြားတက်သေးတဲ့ လူငယ်တွေအတွက်
လူကြီးတွေပြောတဲ့စကားတွေထဲမှာ အမှားတွေပါသွားခဲ့ရင်
နား​ထောင်​နေတဲ့လူငယ်​တွေလဲ အမှား​တွေရသွားနိုင်ပါတယ်။

လူကြီး​တွေစီက​နေ အ​တွေ့အကြုံ​တွေနား​ထောင်ပါ။
မိမိကိုယ်တိုင် အမှား အမှန်ခွဲခြားနိုင်​အောင် လေ့လာပါ။

ဘယ်သူ​ပြောတဲ့စကားနဲ့မှ လမ်းမဆုံးပဲ ကိုကိုယ်တိုင်
အမြဲ​လေ့လာ သင်ယူ​နေမှသာ ကောင်းမွန် တိုးတက်တဲ့
ကိုယ့် ဘဝ ကိုယ်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်သည်လဲ ကျွန်တော့် မိဘ တွေလုပ်စေချင်တာ
ဖြစ်စေချင်တာတွေ ဘာတစ်ခုမှ မလုပ်ခဲ့ဘူးပါ။

ကျွန်တော်ဖြစ်ချင်တဲ့ အရာတွေကိုတော့ ထိပ်ဆုံးထိဖြစ်အောင်အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။

အဲ့အတွက် လူကြီးတွေလဲ ကျွန်တော့်အတွက်
ကျေနပ်သလို ကျွန်တော်ကိုယ်တိုင်လဲ
ကျွန်တော့် ဘဝ ကို ကျွန်တော်အပြည့်အဝ ပိုင်ဆိုင်ရသလို
ခံစားရလို့ ကျေနပ်မိတယ်ဗျာ ။

မည်သူမှထိမ်းချုပ်တာ
မခံချင်ဘူးဆိုရင် ကို့ကိုယ်ကို ထိမ်းသိမ်းနိုင်အောင်
ကြိုးစား ဆောင်ရွက်ပါ ။

“ကျွန်တော်ဖြတ်သန်းခဲ့တဲ့တစ်စိတ်တစ်ဒေသထဲမှ
အတွေးစုတစ်ခု”

゚viralシfypシ゚

31/10/2025

Happy Halloween 🎃🗽

31/10/2025

$1 ပိုက်ဆံထုပ် ၂ ထုပ်နဲ့ပစ်ပေါက်ပြီး
အိမ်ပေါ်ကဆင်းခိုင်းလိုက်တယ်
အကျွေစေ့တွေနဲ့ဆို လူသေနိုင်တယ်😂
ဆုထားတာများလို့ 😄🤩
゚viralシfypシ゚


ပမဆုံးမွေးတဲ့ကလေးကို ယောကျ်ားလေးအရမ်းလိုချင်ခဲ့တာ ဘာလေးရရ ကိုယ့်သားသမီးပဲမို့ချစ်ရမှာပဲဆိုတဲ့ စိတ်နှလုံးသားကတော့အပြည့်ထည...
30/10/2025

ပမဆုံးမွေးတဲ့ကလေးကို ယောကျ်ားလေး
အရမ်းလိုချင်ခဲ့တာ ဘာလေးရရ ကိုယ့်သားသမီးပဲမို့
ချစ်ရမှာပဲဆိုတဲ့ စိတ်နှလုံးသားကတော့
အပြည့်ထည့်ထားပြီးသားပါ
တော်တော်ရင်ခုန်ဖို့တော့ ကောင်းတယ်ဗျာ

ကောင်းကင်ကိုယ်ဝန်ရတဲ့အချိန်က
အမေရိကစရောက်ခါစ မထင်ထားပဲရသွားခဲ့ရတာ
ကောင်းကင်ရောက်မလာခဲ့သေးဘူးဆိုရင်လဲ
ဒီချိန် လင်မယား နှစ်ယောက်လုံး US Army ထဲ
ရောက်နေလောက်ပြီလို့ စကားစပ်မိပြီး
လင်မယားနှစ်ယောက် ပြောဖြစ်နေသေးတယ်

ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးသမီး
စားချင်တာလေးတွေ ချက်ပြုတ် လုပ်ပေးရင်း
အလုပ် နှစ်ခုနဲ့ ဗိုက်ကြီးသည် နှစ်ယောက်အတွက်
စီစဉ်ပေးရင်း မိသားစုကို အချိန်တွေပေး
ဂရုစိုက်ပေးခဲ့တာ ခုဆို ကိုကိုရဲ​နောင် ( Jack )
ကလေးက ၁၀ လ ကောင်းကင် (Kendrick )လေးက
၇ လ နဲ့ တစ်ဖြေးဖြေးချင်းကြီးလာကျပြီ

ထိုင်းက ညီမလင်မယား ကလဲ ယောကျာ်းလေး
ရချင်တာ သူတို့ဆို လင်မယားနှစ်ယောက်လုံး
ဘာသာရေး တအားလုပ်ကျတယ် ပဌာန်းတွေ
ရွတ်ပူဇော်ပြီး ဆုတောင်းကျတာ သူတို့လဲ
ဆုတောင်းပြည့်တယ်ပြောရမှာပဲ
ယောကျာ်းလေး မိန်းကလေး သိရတဲ့ လ လဲရောက်ရော
ယောကျာ်းလေးဆိုတာ သိရတော့
အားလုံးပျော်ကျရတာပေါ့

ကောင်းကင်သိရမဲ့နေ့လဲရောက်ရော
ထိုင်းကည အမေရိက ကနေ့ဆိုတော့
ထိုင်းအိမ်က မိသားစုလိုက် မအိပ်ကျဘူး😅
သူတို့အဖြေစောင့်ကျတာပေါ့

အစက ပုံမှန်Doctor နဲ့အခန်းထဲမှာ
ဗိုက်ကိုကြည့်ရမယ်ထင်တာ ကြည့်ပြီးတော့မှ
ယောကျ်ားလေး မိန်းကလေး ပြောမယ်ထင်တာ
အဲ့နေ့က ကြည့်တောင်မကြည့်ရသေးဘူး

Doctor နဲ့ထိုင်ပြီးသုရွှမ်းကို အခြေနေတွေပုံမှန်ပဲလား
အစားအသောက် အနေအထိုင် ဘယ်လိုလဲ
ဆရာမေးတာလေးတွေပြန်ဖြေရင်း
လိုချင်တဲ့​မေးခွန်းကိုရောက်လာပါ​တော့တယ်

Doctor ကဘယ်သူကဘာလေးလိုချင်လဲပေါ့
သုရွှမ်းကတော့ ဘာလေးရရ သူချစ်မှာပဲပေါ့
ကျွန်တော်ကတော့ ပထမဆုံးရင်သွေးလေးကိုတော့
ယောကျာ်းလေးလိုချင်တယ်လို့ 😍🤩

Doctor ကကျွန်​တော့်ကို ပြုံးပြုံးကြီးကြည့်ပြီး
၃စက္ကန့်လောက်ငြိမ်သွားပြီးမှ Congratulations 🎊
ယောကျာ်း​လေးဆိုပြီး monitor က Male ဆိုတာကို
ပြ​ပေးတယ် ကျွန်​တော် ဆေးခန်းထဲက​နေထွက်​ပြေးတာ
ပျော်လွန်းလို့ 😂🤣🤦

ပြီးမှ ညမအိပ်ပဲစောင့်​နေတဲ့ ထိုင်းအိမ်ကို ဖုန်းလှမ်း​ခေါ်ပြီး
ပြန်​နောက်ပေးလိုက်တယ် မိန်းက​လေးရတာလိုလို
ဘာလိုလို မ​ပြောချင်တာလိုလို သရုပ်​ဆောင်ပြီးမှ
ယောကျာ်း​လေးလို့ 🤣😅 ပြောလိုက်မှ တစ်အိမ်လုံး
ဆူညံသွားတာပဲ ပျော်ကျရတာဆိုတာ
ဘောလုံးပွဲကြည့်ရင်း ကိုယ်အားပေးတဲ့အသင်းက
Goal ရလိုက်လို့ ထခုန် ထပျော်ကျသလိုပါပဲဗျာ။

အခုတွေးမိတာက ဘာလဲဆိုတော့ မိဘ ဘိုးဘွားတွေ
အပေါ် ပြုစုစောင့်ရှောက်ရတဲ့ ကုသိုလ်အကျိုးတရားတွေ
လို့မြင်မိပါတယ် လိုချင်တဲ့ သားဦးရတနာလေးရတဲ့အပြင်
အရွယ်နဲ့မလိုက်အောင်
မိဘအပေါ်သိတက်သလိုပါခံစားရတယ် 😍🥰😘
လိမ္မာပြီး ချစ်စရာကောင်းတဲ့ ကောင်းကင်လေး
အိပ်နေတုန်း သူ့အကြောင်းလေးတွေတွေးရင်း
စာထိုင်ရေးဖြစ်သွားတာပါ ။

゚viralシfypシ゚

30/10/2025

သူမကြိုက်တာမလုပ်နဲ့ပေါ့ 😅🤣
သူတင်းနေပါတယ်ဆိုတဲ့အထှာမျိုး
ကောင်းကင်ကြီး တင်းနေပါတယ်
စလို့ကောင်း ချစ်ဖို့ကောင်းကြီး 😘😍
゚viralシfypシ゚

28/10/2025

ကောင်းကင်ကြီးက ဆရာကြီးတော့
ဆရာကြီး ချစ်စရာကြီးပါကွာ 😍🥰😘
လိမ္မာတာကွာ 😘😘
゚viralシfypシ゚

28/10/2025

အားလုံး Morning ပါခင်ဗျ😍🥰
゚viralシfypシ゚

အမေရိကရောက်ကြောင်း သက်သေပြစရာတစ်ခုဒီဆွဲတဲ့အိပ်နဲ့ စျေးဝယ် အဝတ်လျှော် သွားတဲ့နေရာအမြဲ မပါမဖြစ် မြန်မာပြည်မှာတုန်းက အထှာနဲ...
28/10/2025

အမေရိကရောက်ကြောင်း သက်သေပြစရာတစ်ခု
ဒီဆွဲတဲ့အိပ်နဲ့ စျေးဝယ် အဝတ်လျှော် သွားတဲ့နေရာ
အမြဲ မပါမဖြစ် မြန်မာပြည်မှာတုန်းက အထှာနဲ့
အ​မေရိကအထှာက တစ်မျိုး​လေး 😅
သယ်ရပြုရတာတော့ အတော်အဆင်ပြေပါတယ် 😁
ရှိုးတော့ပဲ့တာပေါ့ 🤦😅

Thu Shawm မဆွဲချင်တဲ့အိပ် 🤣

゚viralシfypシ゚

28/10/2025

ကောင်းကင်ပါးကြီး ကိတ်တာ 😍😂
゚viralシfypシ゚

Address

Mandalay

Telephone

+959402589943

Website

Alerts

Be the first to know and let us send you an email when YeLin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YeLin:

Share