မန္တလာ ဆြာစည်း

  • Home
  • မန္တလာ ဆြာစည်း

မန္တလာ ဆြာစည်း သတင်းများ၊ သမိုင်းအချက်အလက်များ တင?

သတင်းထုတ်ပြန်ချက် လူ့အခွင့်အရေးကောင်စီ၏မူဝါဒများကို ကောင်စီ ကိုယ်တိုင်လိုက်နာရန်ပျက်ကွက်
08/07/2022

သတင်းထုတ်ပြန်ချက် လူ့အခွင့်အရေးကောင်စီ၏မူဝါဒများကို ကောင်စီ ကိုယ်တိုင်လိုက်နာရန်ပျက်ကွက်

တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး လှူဒါန်းခြင်း အခမ်းအနားကျင်းပနေပြည်တော်၊ ဇူလိုင် - ၇
07/07/2022

တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး လှူဒါန်းခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ ဇူလိုင် - ၇

ဥကရစ်ထနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းအခြေချနေထိုင်မှုမရှိစေ ရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေ...
03/07/2022

ဥကရစ်ထနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းအခြေချနေထိုင်မှုမရှိစေ ရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် ၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဥကရစ်ထကျေးရွာအနီးရှိ စစ်ဗျူဟာအရေးကြီး နေရာတစ်ခုအား တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ သိမ်...
01/07/2022

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဥကရစ်ထကျေးရွာအနီးရှိ စစ်ဗျူဟာအရေးကြီး နေရာတစ်ခုအား တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ သိမ်းပိုက်ရရှိ
နေပြည်တော် ဇူလိုင်လ - ၁

ပူတင် ဘာကြောင့်  စစ်ထွက်တိုက်ရတာလဲ=========================တချို့ကတော့  ပူတင်ကို စစ်ပွဲကြီးဖန်တီးသူလို့ တံဆိပ်ကပ်ကြတယ်။ ...
25/02/2022

ပူတင် ဘာကြောင့် စစ်ထွက်တိုက်ရတာလဲ
=========================

တချို့ကတော့ ပူတင်ကို စစ်ပွဲကြီးဖန်တီးသူလို့ တံဆိပ်ကပ်ကြတယ်။ မြန်မာလိုဆိုရင်တော့ အရင် ဆရာတော် ဝီရသူပုံစံမျိုးပဲ။ ဖြစ်လာမယ်ဆိုတာ ကြိုသိရက်နဲ့ မကာကွယ်နိုင်ဘူးဆိုရင် ပူတင်ဆိုတာ ခုလိုသမ္မတနေရာကို ဆယ်စုနှစ်ကြာထိတိုင်အောင် နှစ်ရှည်လများ ရယူနိုင်သူတောင်ဖြစ်လာမှာမဟုတ်ဘူး။

ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့အချိန်မှာ စစ်ဒဏ်မခံရတဲ့ ပွကြီးက ကမ္ဘာကြီးကို အုပ်စိုးဖို့ အစီအမံ တွေကြိုချလာခဲ့တယ်။ စစ်ဒဏ်ခံရတဲ့ ဥရောပ နိုင်ငံတွေကို အကူအညီပေးသလိုနဲ့ သူ့ရဲ့ ဩဇာထဲ ရောက်အောင် စည်းရုံးသိမ်းသွင်းခဲ့တယ်။ ကုန်းမြေအကြီးဆုံးဖြစ်တဲ့ ဆိုဗီယက်ကို ပတ်ပတ်လည် ထိန်းချုပ်ဖို့ မြောက်အမေရိကတိုက်နဲ့ ဥရောပ တိုက်သားတွေပါတဲ့ North Atlantic Treaty Organization (NATO)ဆိုတဲ့အဖွဲ့ကိုဖွဲ့ပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစား တယ်။ ဒီခြေလှမ်းကို မြင်တဲ့ ရုရှားကလည်း ဝါဆောစာချုပ်ကို ချုပ်ပြီး အနောက်အုပ်စုကိုထိန်းဖို့ ပြန်ကြိုးစားတယ်။

အနောက်နိုင်ငံတွေရဲ့ထုံးစံအတိုင်း ဂိုဘားချော့ သမ္မတဖြစ်ချိန်မှာ နိုဗယ်ဆုပေးပြီး ဆိုရှယ်လစ် နိုင်ငံကို ဒီမိုကရေစီစနစ်နဲ့ အားပြိုင်ခိုင်းလိုက်တယ်။ အကျိုးဆက်ကတော့ ဆိုဗီယက်ဆိုတဲ့ နိုင်ငံကြီးဟာ ၉၁ ခုနှစ်အရောက်မှာပဲ နိုင်ငံ ၁၅ နိုင်ငံ ကွဲထွက်ခြင်းအကျိုးဆက်ကို ခံစားလိုက်ရတယ်။

ကမ္ဘာ့ကုန်းမြေအကြီးဆုံး ဖြစ်တဲ့ ရုရှားရဲ့ အနောက်ဘက် ပင်လယ်ထွက်ပေါက်ဆိုလို့ ပီတာစဘက်မြို့ရဲ့ အနောက်ဘက်က ဘော်တစ်ပင်လယ်ရယ်၊ အနောက်တောင်ဘက်မှာ ယူကရိန်းနဲ့ထိစပ်နေတဲ့ ပင်လယ်နက်ရယ်ပဲ ရှိတယ်။ ဒါကို သိတဲ့ နေတိုးအဖွဲ့တွေဟာ ရုရှားရဲ့ ပင်လယ်ထွက်ပေါက်ကို ပိတ်နိုင်ဖို့ ၊ တနည်းအားဖြင့် ဂျော်ဂျီယာပိုင်ဖြစ်တဲ့ ကော့ကေစပ်တောင်တန်းတွေကနေ ရုရှားကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့ကြတယ်။ ဒီအရေးကို ကြိုမြင်တဲ့ ရုရှားဟာ ၂၀၀၈ ခုနှစ်မှာ ဂျော်ဂျီယာနဲ့ ၅ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့တယ်။ အကျိုးဆက်ကတော့ ကော့ကေစပ်တောင်တန်းတွေပါတဲ့ ဂျော်ဂျီယာပိုင် ဒေသနှစ်ခုဟာ ရုရှားလက်အောက်ကို ရောက်သွားခဲ့တယ်။

ပထမအကြံအစည်မအောင်မြင်တဲ့ နေတိုးအဖွဲ့က ဒုတိယအကြိမ်အဖြစ်နဲ့ ယူကရိန်းကို သူတို့အဖွဲ့အစည်းထဲ ဝင်နိုင်ဖို့ နည်းမျိုးစုံသုံးပြီး သိမ်းသွင်းခဲ့လာခဲ့ကြတယ်။ ဒါဟာ တနည်းအားဖြင့် အိမ်နီးချင်းနဲ့ မိတ်ဆွေကို ရွေးချယ်ခိုင်းခဲ့တဲ့ နောက်ဆုံးနည်းလမ်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပထဝီအနေအထားအရ ယူကရိန်းဟာ ဥရောပနဲ့ ရုရှားကြားမှာ ကြားခံ Buffer အနေနဲ့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေလို့ပဲ။ နေတိုးအဖွဲ့က ဘာကြောင့် ယူကရိန်းကို သူတို့အဖွဲ့အစည်းထဲ ဝင်စေချင်သလဲလို့မေးရင် ယူကရိန်းအနေနဲ့ EU ထဲ ဝင်လိုက်တာနဲ့ မဟာမိတ်ဖြစ်တဲ့ ယူကရိန်းနိုင်ငံထဲကနေ ရုရှားနယ်စပ်ခြံစည်းရိုးတစ်လျှောက်မှာ ဒုံးပျံတွေ ချထားလိုက်ရုံနဲ့ မော်စကိုဟာ ခြေချုပ်ပြီးသားဖြစ်သွားမှာဖြစ်တယ်။ နောက်တလမ်းက စဉ်းစားရင်လည်း ပင်လယ်နက်ကနေ ခရိုင်းမီးယားကျွန်းဆွယ်ကိုဖြတ်ပြီး နေတိုးအဖွဲ့တွေရဲ့ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်မှုဟာ ပူတင်စိုးရိမ်နေတဲ့ သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးစေနေမှာလည်းဖြစ်တယ်။

ဒီအချက်တွေကို ကြိုမြင်တဲ့ ပူတင်က ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို တက်သိမ်းလိုက်တယ်။ စစ်ပွဲဟာ ၁ လ လောက်ကြာခဲ့ပြီး ယူကရိန်းမှာလည်း Colour Revolution ဆိုတဲ့ ကြီးကျယ်တဲ့ ဆန္ဒပြမှု အဓိကရုဏ်းတွေဖြစ်ခဲ့တယ်။ ဆိုလိုချင်တာက ဒီအကြောင်းတရားတွေရဲ့ အခြေခံလိုလားချက်က ရုရှားရဲ့ ပင်လယ်ထွက်ပေါက်ကို ပိတ်နိုင်ဖို့ အနောက်ဥရောပ နိုင်ငံတွေရဲ့ ကြိုးပမ်းမှုမှာ ယူကရိန်းနိုင်ငံပိုင်ဖြစ်တဲ့ ခရိုင်းမီးယားဒေသက ကြားထဲက မြေဇာပင်ဖြစ်ရတယ်ဆိုတဲ့ အချက်ကို သင်ခန်းစာဖော်ထုတ်တတ်ကြဖို့လိုတယ်။

နောက်ဆုံး တချက်ကတော့ တနေ့ကမှ ကျင်းပလို့ ပြီးသွားတဲ့ တရုတ်ရဲ့ ဆောင်းရာသီ အိုလစ်ပစ်ပြိုင်ပွဲကို ပူတင်တက်ရောက်ခဲ့တာပါပဲ။ ကြည့်ရတာ ဒီလို စစ်ပွဲတွေဖြစ်လာခဲ့ရင်အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်က အကျိုးသက်ရောက်မှု ရှိမှာကို သိတဲ့ ပူတင်ဟာ တရုတ်ဆီမှာ စီးပွားရေးအရ တချို့ကိစ္စတွေ သဘောတူညီမှု အကြိုလာယူခဲ့တာလားဆိုတဲ့ မေးခွန်းတွေကို ဖြေပြီးသားဖြစ်နေသလိုပါပဲ။

စာပြန်ချုပ်ရရင် ဒီကနေ့ဖြစ်နေတဲ့ စစ်ပွဲတွေဟာ နယ်မြေကျူးကျော်ချင်ရုံ သပ်သပ်၊ စစ်အာဏာရှင်ဖြစ်ချင်ယုံ သပ်သပ် တိုက်ကြတဲ့ စစ်ပွဲတွေမဟုတ်တော့ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို နည်းမျိုးစုံသုံးပြီး ချုပ်ကိုင်လာကျမှာကို မလိုလားတဲ့ နိုင်ငံခေါင်းဆောင်တွေကတော့ ပုံစံမျိုးစံနဲ့ နိုင်ငံကို ကာကွယ်နေဦးမှာပါပဲ။ ဒါ့ကြောင့်လည်း ၂၀၀၈ဖွဲ့စည်းပုံရဲ့ အခန်း(၃) ပုဒ်မ ၅၉ (ဃ)မှာ နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာဖြစ်တယ်။

#ဖိုးစီ

ယူကရိန်းအား ရှရှားက တိုက်ခိုက်မှုနှင့်ပတ်သက်၍ဘယ်လိုမြင်လဲဆိုပြီးVOA သတင်းဌာန၏ မေးမြန်ချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရ...
25/02/2022

ယူကရိန်းအား ရှရှားက တိုက်ခိုက်မှုနှင့်ပတ်သက်၍
ဘယ်လိုမြင်လဲဆိုပြီးVOA သတင်းဌာန၏ မေးမြန်
ချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောခွင့်ရ
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြန်လည်ဖြေကြားချက်....

14/01/2022

" မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မှာရှိတဲ့ အခြေခံပညာမူလတန်းလွန်ကျောင်း ၂ ကျောင်းကို
အကြ​မ်းဖက်သမားတွေက လက်လုပ်မိုင်းအသုံးပြု ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ဖြစ်စဥ် နှင့်ပက်သတ်၍ ပြည်သူများ၏ စကားသံများ ''
''ပြည်သူကြားက ပြည်သူ့စကားအစီအစဥ်''

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁-၁-၂၀၂၂ ရက်နေ့တွင...
03/01/2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁-၁-၂၀၂၂ ရက်နေ့တွင် ပြောကြားသည့် ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှ ကောက်နုတ်ချက်

22/12/2021

CDM ခေါင်းစဉ်အောက်က ဘဝ အာမခံချက် ပျောက်ဆုံးသွားသူများ
"CDMလုပ်လို့ NUGကထောက်ပံ့ကြေးတွေရလိမ့်မယ်လို့ မျှော်လင့်မိခဲ့တာာပေါ့..တကယ့်တကယ် CDMလုပ်တဲ့အခါကြတော့..အစ်မတစ်ယောက်တင်မဟုတ်ဘဲ
အစ်မအပေါ်မှာမီခိုနေရတဲ့ မိသားစုကပါ
ဒုက္ခရောက်ကြတယ်....."
"CDMလုပ်တဲ့ ဝန်ထမ်းတိုင်းခံယူချက်ရှိလို့
မဟုတ်ဘူး....ဘေးပရောဂပါလို့ လုပ်ခဲ့ကြတာပါ...."

လေးကေ့ကော်မြို့သစ်မှာ ခိုအောင်းနေတဲ့ အကြမ်းဖက်အဖွဲ့ကြီးကို အမျှော်အမြင်ကြီးတဲ့ KNU ခေါင်းဆောင်ပိုင်းက တပ်မတော်နဲ့ညှိနှို...
15/12/2021

လေးကေ့ကော်မြို့သစ်မှာ ခိုအောင်းနေတဲ့ အကြမ်းဖက်အဖွဲ့ကြီးကို အမျှော်အမြင်ကြီးတဲ့ KNU ခေါင်းဆောင်ပိုင်းက တပ်မတော်နဲ့ညှိနှိုင်းပေါင်းစပ်ပြီးကြိုတင်ဖြိုခွဲခြင်း
===================================

မြဝတီ၊ ဒီဇင်ဘာ ၁၅

NUG CRPH အကြမ်းဖက်အဖွဲ့က လေးကေကော် ငြိမ်းချမ်းရေးကျေးရွာလေး မှာ စစ်ရှောင်ဒုက္ခသည်တွေကို အကာအကွယ်ယူကာ ကွပ်ကဲမှုစင်တာဖွင့်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမည့် CIA, OIC တို့မှ ထောက်ပံ့တဲ့ တရားမဝင်လက်နက်ခဲယမ်းများ၊ စစ်ဝတ်ရိက္ခာများ ငွေကြေးအထောက်အပံ့များလက်ခံရယူပြီးကရင်ပြည်နယ်မှာ အင်အားတောင့်တင်းတဲ့ PDF အကြမ်းဖက်အင်အားစုကြီးတစ်ခုပေါ်ပေါက်လာမဲ့အရေးကို အမျှာ်အမြင်ကြီးတဲ့ KNU ခေါင်းဆောင်ပိုင်းက တပ်မတော်နဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ဖြိုခွဲလိုက်ခြင်းပဲဖြစ်ပါသည်။ မနေ့က KNU ခေါင်းဆောင်ပိုင်းကအကြီးအကဲများ
မဲဆောက်မှနေ မြဝတီကို သွားခဲ့ပြီး တပ်မတော်မှ တာဝန်ရှိသူများနဲ့ စေ့စပ်ညှိနှိုင်းခဲ့ တယ်လို့လည်းသိရပါသည်။

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH, NUG အမည်ခံအဖွဲ့များနှင့် ၎င်းတို့ ၏ လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို အခြေခံသည့် နိုင်ငံရေးရည်မှန်းချက်ကို ရရှိစေနိုင်ဖို့အတွက် နိုင်ငံတော်တည်ငြိမ်းအေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်လာတဲ့ အတွက် အမြှော်အမြင်ကြီးတဲ့ KNU ခေါင်းဆောင်တွေက ဒါကိုတားမြစ်နိုင်မှရမယ်ဆိုတာသိလာခဲ့သည်။

အကြမ်းဖက်သမားတွေကို ဆက်လက်လက်ခံကာကွယ်ပေးထား ပါက ကရင်ပြည်နယ်ကြီးအတွက် အနာဂါတ်မကောင်းနိုင်၊ ယခင်က ငြိမ်းချမ်းနေတဲ့ ကရင်ပြည်နယ်ဟာ ဒီ CRPH NUG PDF တွေပေါ်လာတော့မှ သေနတ်သံတွေပြန်ကြား လာရသည်။ KNU မှ ခေါင်းဆောင်ငယ်အချို့ရဲ့ ကိုယ်ကျိုးစီးပွားရှာ၊လောဘကြီးမှုတွေကြောင့် ဒေသခံကရင်တိုင်းရင်းသားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည်။

၎င်းအပြင် ဒီအကြမ်းဖက်သမားတွေဟာ
အစိုးရကိုယှဉ်ပြိုင်တိုက်ရာမှာ သူတို့လုပ်ဆောင်တဲ့နည်းလမ်းဖြစ်တဲ့ အကြမ်းဖက်ခြင်းလုပ်ရပ်များသည် စစ်ရေးဆိုင်ရာပစ်မှတ်များကို ရင်ဆိုင်တိုက်ခိုက်ရမယ့်အစား အပြစ်မဲ့ပြည်သူလူထုအား ဒလန်အဖြစ်စွပ်စွဲ သတ်ဖြတ်ခြင်း၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပညာရေး နှင့် ကျန်းမာရေးအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း
စသည့် လူသားချင်းစာနာထောက်ထားမှုမရှိသည့် လုပ်ရပ်များကို ကျူးလွန် လာကြသည်။

ဒါဟာ မည်သူမှ လက်ခံနိုင်လို့မရတဲ့ အကြောင်းအရာ ဖြစ်တဲ့အတွက် KNU၏မူဝါဒအတိုင်း နိုင်ငံရေးအားနိုင်ငံရေးနည်းလမ်းအတိုင်းသာဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

သံလွင်သစ္စာ

15/12/2021

"ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကိုအခြေခံပြီး ဒလန်လို့ တံဆိပ်ကပ်တယ်လို့မြင်"
"အခြေအနေမကောင်းရင် မိသားစုကလည်း ဒလန်ဖြစ်ရင်ဖြစ်မှာဘဲ ...အကြွေးမပေးရင်လည်းဒလန်ဖြစ်ရင်ဖြစ်မှာဘဲ...အရက်မတိုက်ရင်လဲ ဒလန်ဖြစ်ရင်ဖြစ်မှာဘဲ.."
ဒလန်တံဆိပ်ကပ် အကြမ်းဖက်သတ်ဖြတ်မှုများအကြောင်း ပြည်သူ များ၏ ရင်တွင်းခံစားချက်များ...
''ပြည်သူကြားက ပြည်သူ့စကားအစီအစဥ်''

အကြမ်းဖက်အဖွဲ့များဖြစ်သော  CRPH, NUG နှင့် PDF အမည်ခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာပြစ်တင်ရှုံ့ချကြောင...
14/12/2021

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH, NUG နှင့် PDF အမည်ခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာပြစ်တင်ရှုံ့ချကြောင်း သတင်းထုတ်ပြန်ခြင်း....

Address


Website

Alerts

Be the first to know and let us send you an email when မႏၲလာ ၾဆာစည္း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share