Day Waw - ai studio

Day Waw - ai studio ​" Latest AI Technology များကို အသုံးပြု၍ သင့်လုပ်ငန်းကို ပြိုင်ဘက်များကြားတွင် ထူးခြားထင်ပေါ်လာစေရန် "ဒေဝေါ" AI Studio မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။"

07/04/2026

ခေါင်းစဉ် - Orbit in the Dark (AI Music Video)
​အမှောင်ထုထဲက လမ်းပြကြယ်တစ်ပွင့်လိုပဲ... ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေခြင်းနဲ့ ရုန်းထွက်ရှင်သန်ခြင်းအကြောင်းကို ဒီ AI ဖန်တီးမှု Music Video လေးကနေတစ်ဆင့် ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
​အာကာသထဲက ဂြိုဟ်ပတ်လမ်းကြောင်းတွေလိုပဲ လူသားတွေရဲ့ အတွေးနဲ့ စိတ်ကူးယဉ်မှုတွေဟာလည်း အဆုံးမဲ့ လည်ပတ်နေပါတယ်။ ဒီဗီဒီယိုမှာတော့ AI နည်းပညာကို အသုံးပြုပြီး စိတ်ကူးယဉ်ဆန်တဲ့ Visual effects တွေနဲ့ စွဲမက်ဖွယ် တေးသံသာတွေကို ပေါင်းစပ်ဖန်တီးထားပါတယ်။
​ခံစားချက် - မျှော်လင့်ချက်၊ ရုန်းကန်မှု၊ အနာဂတ်ဆန်မှု။
​ကြည့်ရှုအားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်! ဗီဒီယိုလေးကို နှစ်သက်တယ်ဆိုရင် Like, Share နဲ့ Subscribe လုပ်ပေးဖို့ မမေ့ပါနဲ့ဦး။
​Suggested Tags (Tag များ)
​ #မြန်မာသီချင်း ်းပညာ

05/04/2026

တချိန် ခင်ဗျား အသက်ကြီးလာတဲ့အခါ
ခုံတစ်လုံးပေါ်ထိုင် တနေရာရာကို ငေးကြည့်နေရင်း
ဟိုတွေး ဒီတွေး တွေးမိလာလိမ့်မယ်။
အဲဒီအချိန်မှာ ခင်ဗျားဟာနောက်ထပ်နေရလည်း
နှစ်အနည်းငယ် / လအနည်းငယ်လောက်ပေါ့။
ခင်ဗျား စားနိုင်လည်း အလွန်ဆုံးတစ်ပန်းကန်
ခင်ဗျား အိပ်နိုင်လည်း အလွန်ဆုံး ၄ / ၅ နာရီပေါ့။
လုပ်စရာအလုပ်တွေလည်း
မယ်မယ်ရရသိပ်မရှိတော့ဘူး။
သွားစရာလည်း သိပ်မရှိတော့သလို
သွားလည်းမသွားချင်တော့ဘူး။
စားစရာလည်း သိပ်မရှိတော့သလို
စားတိုင်းလည်း အရသာ သိပ်မတွေ့တော့ဘူး။
နေရတာ ပျင်းစရာကောင်းတယ်လို့
ခပ်စိပ်စိပ်တွေးမိလာမယ်။
ခင်ဗျားအပေါ်လူတွေရဲ့သတ်မှတ်ချက်တွေဟာ
သိပ်အရေးမကြီးတော့ဘူး။
လူဆိုတာ အသစ်အသစ်တွေကိုပဲစိတ်ဝင်စားကြပြီး
အဟောင်းအဆွေးခင်ဗျားကို
ဘယ်သူကမှကြာကြာအဖက်လုပ်ကြမှာ မဟုတ်တော့ဘူး။
ခင်ဗျားရှာထားခဲ့တဲ့ တိုက်တွေ ကားတွေဟာ
ငယ်ငယ်ကထင်သလောက် သိပ်အရေးမကြီးတော့ဘူး။
ရာထူး အာဏာဆိုတာလည်း
ထင်သလောက်မဟုတ်တော့ဘူး။
အတိတ်က ရန်ပွဲတွေဟာ ဘာမှအရေးမပါတော့သလို
ဘဝ တလျှောက်လုံး ဘာမဟုတ်တာတွေကြောင့်
ပင်ပန်းခဲ့ရတယ်ဆိုတာ သိလာလိမ့်မယ်။
အတူတူ အိုမင်းကြမယ်ဆိုတဲ့
လူတွေ မရှိတော့သလို
မထင်ထားတဲ့ လူတွေနဲ့ မထင်ထားတဲ့နေရာကို
ရောက်ချင်လည်းရောက်နေလိမ့်မယ်။
ဇာတ်ဆရာအလိုကျပေါ့လေ..
တချို့လည်းသေကုန်ပြီ…
တချို့လည်း ပျောက်ကုန်ကြပြီ…
တချို့လည်း ခပ်ယဲ့ယဲ့…
တချို့က ခပ်မဲ့မဲ့…
လူတချို့ကို ပြန်တောင်းပန်ချင်တဲ့စိတ်တွေ
ခင်ဗျားဆီမှာ ဖြစ်ချင်ဖြစ်လာလိမ့်မယ်
ဒါပေမဲ့ သူတို့ မရှိကြတော့ဘူး။
ကိစ္စတချို့ကို အခုချက်ချင်းထလုပ်ချင် စိတ်တွေ
ပေါ်လာလိမ့် မယ်
ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ခန္ဓာက ခွင့်မပြုတော့ဘူး။
ဘဝရဲ့ ငယ်ရွယ်နုပျိုမှုဆိုတာ
လျှပ်စီးလက်သလို ခဏ ပဲရတယ် ဆိုတာသိလာလိမ့်မယ် တချိန်ထဲမှာပဲ
အိုမင်းချိန်ကတော့ ကြာလွန်းတယ်လို့
ခင်ဗျားတွေးမိလာလိမ့်မယ်။
နောက်ဆုံးတော့...
ဘဝဆိုတာ ဘာမှသိပ်မဟုတ်ပါလားလို့
ပကတိ အရှိတရားကိုမြင်လာချိန်မှာ...
ခင်ဗျား နှစ်နှစ်ကာကာပြုံးမိလိမ့်မယ်။

28/03/2026

YouTube ကို ခုမှ စလုပ်တဲ့သူတွေ ကြုံရမဲ့ပြသနာ

YouTube monetization လျှောက်တာက မခက်ပါဘူး

google adsense verifed ဖြစ်ဖို့က ခက်တာပါ

ခုမှ စလုပ်တဲ့သူအများစုက
subscribers နဲ့ watch hours ပြည့်တာနဲ့
apply နှိပ် adsense ဖွင့်ပြီး လျှောက်လိုက်တာ များတယ်

channel မာ တင်ထားတဲ့ contents တွေက ပြသနာ မရှိရင် mon က တန်းအောင်ပြီး $ တွေ ဝင်လာမယ်

ပြသနာက ဘယ်ချိန်မှာ စမလဲဆိုရင်

videos တွေကနေရတဲ့ estimated revenues က $10 ရပြီဆိုတာနဲ့

ခုပုံမှာ ပြထားသလို google adsense ထဲမာ id verification တောင်းတော့မာပါ

tiktok လို passport နဲ့ မရတာမို့ တိုင်ပတ်ကြတာ များပါတယ်

ဒါကြောင့်မို့ youtube ကနေ ငွေမရှာခင် google adsense verification process တွေကို လေ့လားထားဖို့ လိုအပ်ပါတယ်




22/03/2026

22/03/2026


22/03/2026

22/03/2026


22/03/2026

21/03/2026

အစ်ကိုကြီးတို့ရယ်
ကျနော် ပိုက်ဆံနှစ်သောင်း
ကျပျောက်သွားလို့ လမ်းစရိတ်လေး တစ်ထောင်လောက်ပေးပါခင်ဗျာ
ထိုသူ၏ တောင်းသံအဆုံး ကောင်လေးနှစ်ယောက်မှ လက်ခါပြလိုက်သည်ကိုကျမ ကြည့်နေမိသည်။
ထိုသူသည် လမ်းစရိတ်လိုက်တောင်းရင်းဖြင့်
ကျမတို့ဘက်ရောက်လာ၏။
အစ်မကြီးတို့ခင်ဗျာ ကျနော် ပိုက်ဆံနှစ်သောင်း ဘယ်မှာကျပျောက်သွားမှန်းမသိလို့ လမ်းစရိတ်လေး တစ်ထောင်လောက် ပေးပါလားခင်ဗျာ
ကျမ သူငယ်ချင်း
စုမာ က
မရှိဘူးဟု ပြောလွှတ်လိုက်သည်။
ကျမ လည်းထိုသူ့အဖြစ်အားကြည့်ပြီး
မနေသာတော့ပဲ
ရော့ ရော့ ဒီမှာ ကျမဆီကယူသွားပါ
နှစ်ထောင်ဆိုအဆင်ပြေတယ်မဟုတ်လား
ဟုတ် ဟုတ် အဆင်ပြေပါတယ်ခင်ဗျ
ဟာ သူငယ်ချင်း မပေးနဲ့လေသူငယ်ချင်း
အဲဒါလိမ်ပြီးလိုက်တောင်းနေတာ
သူ့ရုပ်ရည်ကြည့်တာနဲ့ ငါသိပါတယ်ဟယ်
သူမလိမ်ပါဘူး
ရန်ကုန်
လှည်းတန်း
မှာအဲ့လိုလိမ်ပြီးလိုက်တောင်းနေတဲ့သူတွေ
အများကြီးပဲဟ
ငါကတော့ ဒီလူ့ကိုယုံတယ် ဒီလူတစ်ကယ်အခက်အခဲဖြစ်နေတယ်ဆိုတာ
မျက်နှာအမူအရာ ကြည့်တာနဲ့သိသာပါတယ်သူငယ်ချင်း ကူညီကောင်းပါတယ်
အေးပါ နင် လူတွေကိုယုံနေလိုက်
ဒီလူ မလိမ်ဘူးဆိုတာကိုနင်သက်သေပြနိုင်လို့လား
ဟာ သိပ်ပြနိုင်တာပေါ့ကွ
ဒီလူပျောက်သွားတယ်ဆိုတဲ့ ပိုက်ဆံနှစ်သောင်းက ငါ့ဖိနပ်နဲ့ဖိထားတာလေ

Address

73rd And 74th Streets
Mandalay
05041

Alerts

Be the first to know and let us send you an email when Day Waw - ai studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share