30/09/2023                                                                            
                                    
                                                                            
                                            အိမ်ရှေ့ ရေစင်ပေါ် က ရေ ကို
ပိုက်အမျိုးမျိုးနဲ့ သွယ်တန်းပြီး
အိမ်မှာ လိုအပ်တဲ့နေရာတွေကို
ပို့လွှတ်ပြီး သုံးစွဲ ကြရတယ်။
အပေါ်ထပ်ဘုရားကျောင်းဆောင်အတွက်
သောက်တော်ရေ
မျက်နှာ သစ်တော်ရေ။
အိမ် အတွက် သောက် ရေ။ 
မီးဖိုချောင် အတွက်
အိုးတိုက် ပန်းကန်ဆေးဖို့ သုံး ရေ။
ရေချိုးခန်း အတွက်
သုံး ရေ ။
သန့်စင်ခန်း အတွက် '''
ဆေး ရေ ။
ခြံထဲက သစ်ပင်ပန်းမန်တွေအတွက်
ကား ဆေးဖို့
ဆိုင်ကယ် ဆေးဖို့ 
စသည်ဖြင့်
အိမ်ရှေ့ရေစင်ပေါ်က ရေ ကို ပဲ
ပိုက်အမျိုးမျိုးနဲ့ တဆင့်တဆင့်သွယ်တန်းပြီး
လိုအပ်တဲ့နေရာတွေ အတွက်သုံးစွဲကြတယ်။
ဒီရေစင်ပေါ်က ရေ က ပဲ'''
အပေါ် ထပ်က ဘုရားကျောင်းဆောင်အတွက်
ဘုရားသောက်တော်ရေ
သုံးတော်ရေ ဖြစ်သွားသလို။
အိုးခွက်ပန်းကန်တွေ ဆေးတဲ့နေရာမှာကြ
ဆေး ရေ 
ကြော ရေ အဖြစ်သုံးတယ်။
ရေချိုးခန်း ထဲကြတော့
ချိုး ရေ သုံး ရေ ဖြစ်သွားပြန်တယ်။
သန့်စင်ခန်း ထဲကြတော့
ဖျင်ဆေးရေ ဖြစ်သွားတယ်။ 
ရေ ကတော့ ဒီရေ ပဲ။
ဒီရေအတိုင်းပဲ။
အရောင် အနံ့ အရသာ ပျက်မသွားဘူး။
သို့သော်
သုံးစွဲ တဲ့ နေရာအပေါ် လိုက်ပြီး
အခေါ် အဝေါ် သတ်မှတ်ချက်ကတော့
လုံးလုံးပြောင်းသွားပြီ။
ဘုရားသောက်တော်ရေအတွက်
သီးသန့်ထားတဲ့ ရေကို 
ကျနော်တို့ လက်ဆေးလို့ မရတော့ဘူး။
မျက်နှာသစ်လို့ အဆင်မပြေတော့ဘူး။
မရ တော့ဘူးဆိုတာ ထက်
မသင့် တော်တော့ဘူး။
မ အပ်စပ် တော့ဘူး။
မသုံးစွဲသင့်တော့ဘူး။
ဘာကြောင့်လည်း'''
ဒီရေသည်လည်း အိမ်ရှေ့ရေစင်ပေါ်ကနေ
လာ တဲ့ရေ ပဲ။
ရေ တော့ ရေ ။
သို့သော် ဘုရားသောက်တော်ရေ ဖြစ်သွားပြီ။
တခါတည်း ပြဌာန်းထားလိုက်ပြီးသားဖြစ်သွားပြီ။
ဒါကြောင့် ယူ ငင် သုံးစွဲ လို့ မသင့်တော်တော့ဘူး။
အဲ့ဒီလိုပဲ 
သန့်စင်ခန်း ထဲက ရေတွေနဲ့ ကျနော်တို့
မျက်နှာ ယူ သစ်လို့ မဖြစ်တော့ဘူး။
မဖြစ်နိုင်တော့ဘူး။
(ဒီဥပမာပေးရတာ နည်းနည်းကြမ်းပေမယ့် 
တချို့အရာတွေကြတော့ တည့် ( ဒဲ့) ပြောမှ
သဘောပေါက်တတ်ကြလို့) 
ဘာကြောင့်လည်း 
သန့်စင်ခန်း အတွက်အသုံးပြုဖို့ သွယ်တန်းထားတဲ့ရေ မိုလို့ 
ဒီရေ ကို သောက်လို့ သုံးလို့ မသင့်တော့ဘူး။
မဖြစ်နိုင်တော့ဘူး။
သူသည်လည်းး
အိမ်ရှေ့ရေစင်ပေါ်က လာ တဲ့ ရေ ပဲ။
ရေ တော့ ရေ။
သို့သော် 
ဖျင်ဆေးတဲ့နေရာက လွဲလို့
ကျန်တဲ့နေရာတွေမှာ သုံးလို့ အဆင်မပြေတော့ဘူး။
ဒီရေသည်ပင်လျှင် အိမ်သာသုံးရေအဖြစ်
ပြဌာန်းပြီးသားဖြစ်သွားလို့။
ဒီအတိုင်းပဲ
လူတွေမှာပဲ ဖြစ်ဖြစ်
ရုပ်ဝတ္ထုပစ္စည်းတွေမှာပဲ ဖြစ်ဖြစ်
သူ့နေရာနဲ့ သူ
လူမှန် နေရာမှန် နဲ့ အပ်အပ်စပ်စပ်ဖြစ်ဖို့လိုတယ်။
 #သီတင်းကျွတ်မီးပုံးလေးတွေ
 #ရောင်စုံမီးသီးမီးလုံးလေးတွေ
 #ရောင်စုံဖယောင်းတိုင်လေးတွေသည်
တာဝတိံသာနတ်ပြည်ကနေ ဆင်းသက်လာမယ့် ကျနော်တို့ ရဲ့ အတုမရှိသော
အနန္တမေတ္တာရှင်ဖြစ်တော်မူသော
 #မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ကြိုဆိုပူဇော်တဲ့ ပြယုဂ်တခုပဲဖြစ်သလို 
ဗုဒ္ဓဘာသာဝင် မြန်မာတမျိုးသားလုံးရဲ့
အထိမ်းမှတ်ရုပ်ပုံလွှာတခုလည်းဖြစ်တယ်။
ဒီတော့ မြတ်စွာဘုရားရှင် ကို ပူဇော်တဲ့
ဒီပစ္စည်း (ရောင်စုံမီးပုံး မီးသီး) လေးတွေ
သည် 
အမျိုးသမီး တွေရဲ့ ခါး အောက်ပိုင်းနေရာတွေမှာ ရှိနေသင့်သလားး
မြင့်မြတ်တဲ့ နေရာတွေမှာ ပဲ
ပူဇော်ထားသင့်သလားးဆိုတာ
ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်ပြီး
လူ့ အသိဉာဏ် 
ဆင်ခြင်တုံတရား ရှိတဲ့သူဆိုရင်
အဖြေက သူတို့နှလုံးသားထဲမှာ
ရှိနေပြီးသားဖြစ်မှာပါ။
ပုဆိုးလည်း အဝတ် ပဲ
ထမီလည်း အဝတ် ပဲ။
သို့သော် 
ပုဆိုးသည် ယောက်ကျားတို့၏ ခါး မှာ မှ
သင့် တော် သလို
ထမီ သည် မိန်းမတို့၏ ခါး မှာ မှ
သင့်တော်ပေလိမ့်တော့မည်။.
 #ကိုယ်စီကိုယ်စီ အံ ဝင် ဂွင် ကျ ဘဝ များကို
ပိုင်ဆိုင်နိုင်ကြရင်းဖြင့် 
ဘာသာသာသနာအပေါ် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ'''''လို့
ဆု 
တောင်းး
   ရင်းး
       ဖြင့် 
             သာ '''''' ။
***************************
Credit. ks #