Smart Tech Online Class

Smart Tech Online Class Empowering Minds for a Digital Future! ICT နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကို အခြေခံမှစတင်ပြီး စနစ်တကျ သင်ကြားပေးနေတဲ့ Online သင်တန်းကျောင်း ဖြစ်ပါတယ်...

ကျွန်တော့်ရဲ့ ဧပြီလမွေးနေ့  အထိမ်းအမှတ်အနေနဲ့ ဆရာ၊ ဆရာမများအတွက် "ICT Skills for Teachers" သင်တန်းကို 🎁 ပညာဒါန (လုံးဝ FR...
06/04/2026

ကျွန်တော့်ရဲ့ ဧပြီလမွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဆရာ၊ ဆရာမများအတွက် "ICT Skills for Teachers" သင်တန်းကို 🎁 ပညာဒါန (လုံးဝ FREE) ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

📅 သင်တန်းကာလ: ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ (စုစုပေါင်း ၁၀ ရက်)
🗓️ သင်တန်းရက်များ: Mon, Tue, Wed, Thu (တစ်ပတ်လျှင် ၄ ရက်)
🕗 သင်တန်းအချိန်: ညစဉ် ၇:၀၀ နာရီ 🕗

ဘာတွေသင်ကြားပေးမှာလဲ? ✍️📖

🔹 Google Classroom & Workspace ☁️
🔹 Interaction & Virtual Whiteboard 📝
🔹 Canva for Education & Recording 🎨
🔹 Google Forms & File Management 📂
🔹 AI & Cloud Storage 🤖🌐

သင်တန်းအသေးစိတ် 🕒📍
⏰ တစ်ရက်လျှင် ၁နာရီခွဲ (1:30 hrs)
🎥 Google Meet ဖြင့် Live သင်ယူရမှာ ဖြစ်ပါတယ်...

မှတ်ချက်

ဒီ Course က လုံးဝ (အခမဲ့) ပညာဒါန သင်တန်းဖြစ်ပါတယ်။
သို့သော်လည်း သင်တန်းကို အမှန်တကယ် စိတ်ဝင်တစားနဲ့ မပျက်မကွက် တက်ရောက်စေရန်အတွက် -
✅ Deposit (အာမခံငွေ) ၁၅,၀၀၀ ကျပ် ဦးစွာ ပေးသွင်းရပါမည်။
✅ သင်တန်းပြီးဆုံးအောင် တက်ရောက်သည့် သူများကို အဆိုပါ Deposit ငွေကို ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ 🙏
✅ သင်တန်း ပြီးဆုံးအောင် တက်ရောက်ခြင်းမရှိသူများ ၊ သင်တန်း ပျက်ကွက်သူများ ကို ပြန်လည် ထုတ်ပေးမည် မဟုတ်ပါ...

အကြံပြုချက် 💡

သင်တန်းကို ဖုန်းဖြင့်လည်း တက်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။ 📱 သို့သော်လည်း လက်တွေ့ပိုမိုထိရောက်ပြီး လွယ်ကူစွာ လေ့လာနိုင်ရန်အတွက် Tablet၊ iPad သို့မဟုတ် Computer အသုံးပြုနိုင်လျှင် ပိုမိုအဆင်ပြေပါလိမ့်မယ်။ 💻🖥️✨

နည်းပညာကို ကျွမ်းကျင်စွာ အသုံးပြုပြီး စာသင်ခန်းတွေကို အဆင့်မြှင့်တင်လိုတဲ့ ဆရာ၊ ဆရာမများ အခမဲ့ စာရင်းပေးသွင်းနိုင်ပါပြီ။

⚠️ သင်တန်းသား (၃၀) ဦးသာ ကန့်သတ်လက်ခံပါမည်။ ⚠️

📝 စာရင်းပေးသွင်းရန် အဆင့်များ 👇

၁။ ယခု ပညာဒါန ပိုစ့်အား Public ဖြင့် Share ပြုလုပ်ပေးပါ။ 🌍
၂။ Share ထားသည့် Screenshot နှင့်အတူ အောက်ပါနေရာများသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ။ 📩

🔵 Messenger: Smart Tech Online Class Chatbox
💜 Viber: 09797773084

မွေးနေ့လက်ဆောင် ပညာဒါနဖြစ်လို့ သူငယ်ချင်း ဆရာ၊ ဆရာမတွေကိုလည်း Mention ခေါ်ပြီး သတင်းပါးပေးကြပါဦးခင်ဗျာ။

🚀 Summer ICT Course One by One Class (Grade 6 to Grade 11)ကျောင်းပိတ်ရက်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချရင်း အနာဂတ်အတွ...
17/03/2026

🚀 Summer ICT Course One by One Class (Grade 6 to Grade 11)

ကျောင်းပိတ်ရက်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချရင်း အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ICT စွမ်းရည်တွေကို အခြေခံကစပြီး စနစ်တကျ လေ့လာလိုက်ရအောင် 💻✨

🌟 ဒီသင်တန်းမှာ ဘာတွေသင်မှာလဲ?

🤩Computer Fundamentals: ကွန်ပျူတာအခြေခံ နည်းပညာများ

🤩Troubleshooting: Windows System နဲ့ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု

🤩Cloud & AI: AI tools များအကြောင်း နဲ့ Cloud system ကို အသုံးချပုံ

🤩Coding & Networking: ပရိုဂရမ်မင်းအခြေခံနဲ့ ကွန်ရက်ချိတ်ဆက်မှု အခြေခံ ဗဟုသုတများ

💡 ဘယ်သူတွေအတွက်လဲ?
✅ Grade 6 မှ Grade 11 အထိ ကျောင်းသား/သူများ
✅ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများ
✅ IT နည်းပညာကို အခြေခံကစပြီး စိတ်ဝင်စားသူ လူငယ်တိုင်း

📝 သင်တန်းအသေးစိတ်
⏳ Duration: 50 Hours (Intensive Course)
💻 Platform: Google Meet (Live Class)
📅 Schedule: Flexible Class Schedule

💰 Course Fee: 350,000 MMK

"Empowering Minds for a Digital Future"

📞 Contact: 09 79 777 3084 & 📲 Viber






📚 **ICT Foundation ကို ဘာကြောင့် လေ့လာသင့်သလဲ?**ယနေ့ခေတ်သည် **Digital ခေတ်** ဖြစ်ပြီး ကွန်ပျူတာ၊ အင်တာနက်နှင့် နည်းပညာမျ...
12/03/2026

📚 **ICT Foundation ကို ဘာကြောင့် လေ့လာသင့်သလဲ?**
ယနေ့ခေတ်သည် **Digital ခေတ်** ဖြစ်ပြီး ကွန်ပျူတာ၊ အင်တာနက်နှင့် နည်းပညာများသည် ကျောင်းသားများ၏ သင်ယူမှုနှင့် အနာဂတ်အလုပ်အကိုင်အတွက် အင်မတန် အရေးကြီးလှပါသည်။
💡 ICT Foundation ကို လေ့လာသင့်သော အကြောင်းရင်းများ
🔹 နည်းပညာ၏ အခြေခံကို နားလည်နိုင်ခြင်း
Computer, Internet, Software နှင့် Digital System များ ဘယ်လိုအလုပ်လုပ်သည်ကို သိလာစေပါသည်။
🔹 Logical Thinking နှင့် Problem Solving စွမ်းရည် တိုးတက်လာခြင်း
Computer Science အခြေခံများကို လေ့လာခြင်းဖြင့် ပြဿနာများကို စနစ်တကျ စဉ်းစားပြီး ဖြေရှင်းနိုင်စွမ်း တိုးတက်လာစေပါသည်။
🔹 အနာဂတ် Career အတွက် အခြေခံတည်ဆောက်ပေးခြင်း
Software Development, Data Science, Cyber Security, AI စသည့် နည်းပညာဆိုင်ရာ အလုပ်အကိုင်များသို့ ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းတစ်ခု ဖြစ်လာပါသည်။
🔹 Digital Citizen ကောင်းတစ်ဦး ဖြစ်လာခြင်း
Internet Safety, Digital Ethics နှင့် Responsible Technology Use များကို နားလည်စေပါသည်။
✨ ICT Foundation ကို အခြေခံမှ စတင်လေ့လာခြင်းသည် အနာဂတ်တွင် IT နည်းပညာရဲ့ အခြေခံအုတ်မြစ် ကို ပိုင်နိုင်နိုင်သော သူများ ဖြစ်လာရန် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်ပါသည်။

💰 သင်တန်းကြေး - ၃၅၀,၀၀၀ ကျပ်
📅 လစဉ် တန်းခွဲသစ်များ ပုံမှန်ဖွင့်လှစ်ပေးနေပါသည်။📣
📥 အသေးစိတ်စုံစမ်းရန်:
📞 Phone & Viber: 09 79 777 3084
💬 သို့မဟုတ် Page Chat Box တွင်လည်း မေးမြန်းနိုင်ပါသည်။

🚀 နည်းပညာခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ ICT ကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင် လေ့လာကြစို့!Smart Tech Online Class မှ ဖွ...
08/03/2026

🚀 နည်းပညာခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ ICT ကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင် လေ့လာကြစို့!

Smart Tech Online Class မှ ဖွင့်လှစ်လိုက်တဲ့ ICT Foundation Course သည် IT နှင့်ပတ်သတ်တဲ့ အခြေခံများကို ပိုင်နိုင်သိရှိနားလည်စေရန်အတွက် အထူးရည်ရွယ်ပါသည်။

🎯 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
✅ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချချင်သည့် ကျောင်းသား/သူများ။

✅ IT နယ်ပယ်ကို ခုမှစတင်လေ့လာမည့် Beginner များ။

✅ လက်ရှိအလုပ်ခွင်မှာ နည်းပညာပိုင်းကို Upgrade လုပ်လိုသူများ။

💡 Smart Tech မှာ တက်ရောက်ရင် ဘာတွေထူးခြားမလဲ?
💫ဆရာနဲ့တိုက်ရိုက် (Live) ဆွေးနွေးမေးမြန်းနိုင်လို့ အပြင်မှာသင်ရသလို ထိရောက်မှုရှိခြင်း။

💫Flexible Class Times: အလုပ်မအားသူများနှင့် ကျောင်းသားများအတွက် အဆင်ပြေစေမယ့် အချိန်ဇယား။

💫Comprehensive Learning: စုစုပေါင်းသင်ကြားချိန် နာရီ (၅၀) တောင် ပါဝင်လို့ အခြေခံကို အသေးစိတ် စနစ်တကျ လေ့လာနိုင်ခြင်း။

📚 သင်ရိုးမာတိကာ (Modules)
✨ Fundamentals of IT

✨ Essential Troubleshooting

✨ Intro to Cloud Computing

✨ Networking Basics

✨ Intro to Programming

💰 သင်တန်းကြေး - ၃၅၀,၀၀၀ ကျပ်

📅 လစဉ် တန်းခွဲသစ်များ ပုံမှန်ဖွင့်လှစ်ပေးနေပါသည်။📣

📥 အသေးစိတ်စုံစမ်းရန်:
📞 Phone & Viber: 09 79 777 3084
💬 သို့မဟုတ် Page Chat Box တွင်လည်း မေးမြန်းနိုင်ပါသည်။

"ICT Skills for Teachers" 🌟✨💫Smart Tech, Smart Teacher !!!အွန်လိုင်းကနေ စာသင်ဖို့ စဉ်းစားနေတဲ့ ဆရာ ဆရာမများအတွက် 😍🤩💻Onli...
04/03/2026

"ICT Skills for Teachers" 🌟✨💫
Smart Tech, Smart Teacher !!!

အွန်လိုင်းကနေ စာသင်ဖို့ စဉ်းစားနေတဲ့ ဆရာ ဆရာမများအတွက် 😍🤩
💻Online သင်ကြားရေးကို ပိုမိုလွယ်ကူထိရောက်စွာ စတင်နိုင်ဖို့အတွက် လိုအပ်တဲ့ ICT Skills များကို တနေ့ (၃) နာရီနဲ့ (၅) ရက် လက်တွေ့သင်ကြားမယ့် အတန်းဖြစ်ပါတယ်... 💯💯💯

ဒီ (၅)ရက် အတွင်း အွန်လိုင်းသင်ကြားရေးအတွက် မရှိမဖြစ် Skills တွေဖြစ်တဲ့

🌟Online စာသင်ခန်းကို စနစ်တကျ တည်ဆောက်ခြင်း✨
🌟Virtual Whiteboard အသုံးပြုနည်း✨
🌟သေသပ်လှပပြီး စွဲဆောင်မှုရှိတဲ့ သင်ခန်းစာ Slides များ ဖန်တီးခြင်း✨
🌟ဆရာ၊ဆရာမတို့ရဲ့ သင်ခန်းစာ ဖိုင်များ သိမ်းဆည်းရန်အတွက် cloud storage အသုံးချနည်း✨
🌟စာမေးပွဲစစ်တာနဲ့ အမှတ်စာရင်းများကို စက္ကန့်ပိုင်းအတွင်း ပြီးစီးစေမည့် နည်းလမ်းများ✨

စသည့် skills များစွာကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ် 🚀🚀🚀

💰 သင်တန်းကြေး: ၃၀,၀၀၀ ကျပ်💰

✅ Online မှ တိုက်ရိုက် live သင်ကြားပေးပြီး လစဉ်တန်းခွဲများ ဖွင့်လှစ်ပါသည် ✅

⚡️💫"ဒီသင်တန်းဟာ စာတွေ့သင်မှာမဟုတ်ဘဲ လက်တွေ့ လုပ်သွားရမှာဖြစ်လို့ အတန်းပြီးတာနဲ့ ကိုယ့်ဘာသာကိုယ် စာသင်နိုင်စေရပါမယ်။"⭐️🌟

✅ လက်တွေ့လုပ်ဆောင်ရန် Laptop, Tablet, iPad စသည့် device တခုခု လိုအပ်ပါသည်။

"စာသင်ချိန်အား အဆင်ပြေအောင် ညိနှိုင်းပေးပါသည်"

Messenger မှလည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း
အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

27/02/2026

ICT Foundation Course
Smart Tech Online Class
လစဉ် တန်းခွဲသစ်များ ဖွင့်လှစ်နေပါပြီ။

နည်းပညာခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ အခြေခံအကျဆုံးဖြစ်တဲ့ ICT ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ထားဖို့ လိုအပ်နေပြီနော်! ...
16/02/2026

နည်းပညာခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ အခြေခံအကျဆုံးဖြစ်တဲ့ ICT ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ထားဖို့ လိုအပ်နေပြီနော်! 💻✨

Smart Tech Online Class ကနေ ဖွင့်လှစ်လိုက်တဲ့ ICT Foundation Course ကို အခြေခံကစပြီး Google Meet ကနေ တိုက်ရိုက်သင်ကြားပေးမှာဖြစ်လို့ အိမ်မှာနေရင်း စနစ်တကျ လေ့လာသင်ယူလိုက်ပါ။

💡 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ? 🎯

🎓 နွေရာသီကျောင်းပိတ်ရက်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချချင်သော အထက်တန်းကျောင်းသား/သူများ။

💻 နည်းပညာနယ်ပယ်ထဲ ခုမှ စတင်ဝင်ရောက်မယ့် IT Beginner များ။

🚀 လက်ရှိအလုပ်ခွင်မှာ computer လက်ကွက် နဲ့ office software လောက်သာ သုံးတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် IT နဲ့ ပတ်သတ်ပြီး Upgrade လုပ်ချင်တဲ့သူများ။

✨ Smart Tech Online Class မှာ ဘာတွေထူးခြားလဲ? ✨

✅ Google Meet Live Class 💻
အိမ်မှာနေရင်း ဆရာနဲ့ တိုက်ရိုက် (Live) ဆွေးနွေးမေးမြန်းနိုင်လို့ သင်ခန်းစာတွေကို အပြင်မှာ သင်ရသလိုမျိုး ထိထိရောက်ရောက် နားလည်စေမှာပါ။ 🏠🎤

✅ Flexible Class Times 🕒
ရုံးချိန်ပြင်ပ သီးသန့်ဖြစ်တဲ့အတွက် အလုပ်မအားသူတွေရော၊ ကျောင်းသား/သူတွေအတွက်ပါ အဆင်ပြေစေမယ့် Flexible အချိန်ဇယားပဲ ဖြစ်ပါတယ်။ 💼🎓

✅ Comprehensive Learning (45 Hours) ⏳
စုစုပေါင်း သင်ကြားချိန် နာရီ ၄၅ နာရီတောင် ပါဝင်မှာဖြစ်လို့ အပေါ်ယံမဟုတ်ဘဲ အသေးစိတ် စနစ်တကျ လေ့လာနိုင်မှာဖြစ်ပါတယ်။ 📚💡

📚 Comprehensive Modules (သင်ရိုးမာတိကာ)
🚀 01. Fundamentals of IT ⚙️
🔧 02. Essential Troubleshooting 🛠️
☁️ 03. Intro to Cloud Computing 🌐
🔌 04. Networking Basics 📡
💻 05. Intro to Programming 👨‍💻

📅 Class Start Date: March 2, 2026
သင်တန်းကို မတ်လ (၂) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်လို့ အခုပဲ စာရင်းသွင်းပြီး နေရာဦးထားလိုက်တော့နော်။ ⏳

💰 သင်တန်းကြေး: ၃၅၀,၀၀၀ ကျပ် (သုံးသိန်းငါးသောင်းကျပ်)

🤩 Special Promotion 🤩

ယခုအချိန်ကစပြီး Feb လ (၂၂) ရက်နေ့အတွင်း စာရင်းပေးသွင်းသူတိုင်းအတွက် ပုံမှန်သင်တန်းကြေး ၃၅၀,၀၀၀ ကျပ်ထဲကနေ ၅၀,၀၀၀ ကျပ် တိတိ ပြန်လည်လျှော့ပေးသွားမှာဖြစ်ပါတယ်။

💰 Discount အပြီး သင်တန်းကြေး - ၃၀၀,၀၀၀ ကျပ်တည်းသာ!✨✨

📍 အသေးစိတ်စုံစမ်းရန်:
📞 09 79 777 3084 (Phone & Viber) သို့မဟုတ် Chat Box မှာ မေးမြန်းနိုင်ပါတယ်။

"Empowering Minds for a Digital Future"
Smart Tech Online Class

၂၀၂၅ မှာ Presentation လုပ်ဖို့လိုတိုင်း PowerPoint သုံးပြီး Slide တခုချင်းစီကို အချိန်ကုန်ခံ၊ ခါးညောင်းခံ၊ မျက်စိမှုန်ခံ...
12/06/2025

၂၀၂၅ မှာ Presentation လုပ်ဖို့လိုတိုင်း PowerPoint သုံးပြီး Slide တခုချင်းစီကို အချိန်ကုန်ခံ၊ ခါးညောင်းခံ၊ မျက်စိမှုန်ခံပြီး မြန်မာလိုကြီး ပင်ပင်ပန်းပန်း ဒီဇိုင်းဆွဲနေတုန်းလား။

တကယ့်ကို ထိမိပြီး professional ဆန်တဲ့ presentation slidesတွေကို မိနစ်ပိုင်းအတွင်း ထုတ်ပေးနိုင်တဲ့ AI website 4 ခုကို ပြောပြချင်တယ်။

လိုအပ်ရင် ပြန်ရှာရ လွယ်ကူအောင် ဒီ post လေးကို share ထားတာဖြစ်ဖြစ်၊ save ထားတာဖြစ်ဖြစ် လုပ်ထားဖို့ အကြံပေးချင်ပါတယ်။

1. Plus AI
သုံးရတာလည်း အလွန်လွယ်ကူပြီး အရည်အသွေးကောင်းတဲ့ slides တွေ ဖန်တီးပေးနိုင်တယ်။ PowerPointတို့ Google Slides တို့လို လူသုံးများတဲ့ software တွေနဲ့လည်း အလွယ်တကူ ပေါင်းစပ်အသုံးပြုနိုင်တယ်။

🔗 https://plusai.com/ai-powerpoint-maker

2. Gamma AI
Presentation slides တွေ၊ စာရွက်စာတန်းတွေ၊ webpage design တွေကို အချိန်တိုအတွင်း တိကျမှန်ကန်စွာ ဖန်တီးပေးနိုင်တဲ့ နည်းပညာမြင့် tool တခုဖြစ်ပါတယ်။

🔗 https://try.gamma.app/alamin

3. Beautiful AI

Professional ဆန်ပြီး သေသပ်လှပတဲ့ presentation slides တွေကို မိနစ်ပိုင်း အတွင်း ဖန်တီးပေးနိုင်တယ်။ သူ့မှာ smart slides လို့ခေါ်တဲ့ AI design ပေါင်း ရာချီပါဝင်တဲ့ စနစ်တခုပါဝင်ပြီး ကိုယ့်ရဲ့ စိတ်ကူး အိုင်ဒီယာတွေကို စနစ်ကျလှပစွာ တင်ဆက်နိုင်ဖို့ အကောင်းဆုံး tool တခုဖြစ်ပါတယ်။
🔗 http://beautiful.ai

4. Decktopus AI

professional presentation slide တွေကို မြန်ဆန်လွယ်ကူစွာ ဖန်တီးပေးနိုင်ပါတယ်။
🔗 https://www.decktopus.com/?via=md-alamin

AI ဟာ အနာဂတ်မှာ လူတိုင်း မဖြစ်မနေ သုံးစွဲရမယ့် နည်းပညာဖြစ်ပါတယ်။ တရက်ထက်တရက် အသုံးပြုရတာလည်း ပိုမို လွယ်ကူလာနေပါတယ်။
AI ခေတ်မှာ လူတိုင်းက AI ကို နဖားကြိုးထိုးပြီး လှည်းဆွဲခိုင်းနေတဲ့အချိန် ကိုယ်က AI မသုံးတတ်လို့ ခြေလျင်လျှောက်နေရတုန်းပဲဆိုရင်တော့ နောက်ကျကျန်နေခဲ့မှာ အသေအချာပါပဲ။

Crd

အခုတလော Messages ထဲခဏခဏဝင်နေတဲ့ လင့်တွေကိုဝင်လိုက်ရင်ဘာဖြစ်မလဲကြည့်ရအောင် 🚨လင့်ကိုနှိပ်လိုက်တာနဲ့ Apk ဖိုင်တစ်ခုဒေါင်းခိ...
10/04/2025

အခုတလော Messages ထဲခဏခဏဝင်နေတဲ့ လင့်တွေကိုဝင်လိုက်ရင်ဘာဖြစ်မလဲကြည့်ရအောင် 🚨

လင့်ကိုနှိပ်လိုက်တာနဲ့ Apk ဖိုင်တစ်ခုဒေါင်းခိုင်းပါလိမ့်မယ်။
လင့်အမျိုးမျိုး Domain အမျိုးမျိုးဖြစ်နေပေမယ့် ဆာဗာတစ်ခုထဲမလို့ဒေါင်းခိုင်းတဲ့ APK ကအတူတူပါပဲ။
အဲ့ဒီ APK ကိုဖုန်းထဲ Install လုပ်လိုက်ရင်ဘာတွေဖြစ်သွားနိုင်လဲဆက်ကြည့်ရအောင်။

ℹ️ အရင်ဦးဆုံး ဖုန်းနဲ့ဆော့ဝဲ Permission တွေအကြောင်းနည်းနည်းပြောပြပါ့မယ်။
ဆော့ဝဲတစ်ခုဟာ ဖုန်းထဲမှာ Install လုပ်လိုက်ရုံနဲ့ ဖုန်းတစ်ခုလုံးကိုမထိန်းချုပ်နိုင်ပါဘူး။
ဖွင့်လိုက်ရုံနဲ့လည်း ဖုန်းကိုသူဘာမှမလုပ်နိုင်သေးပါဘူး။
ဥပမာကိုယ့်ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုသူဖတ်လို့မရသေးသလို ခိုးယူလို့မရနိုင်သေးပါဘူး။
ဆော့ဝဲတစ်ခုဟာအသုံးပြုသူထိခိုက်စေနိုင်တဲ့လုပ်ဆောင်ချက်တွေလုပ်ဖို့ဆိုရင် Permission တောင်းရပါတယ်။
ဥပမာ ဖုန်းထဲကဓာတ်ပုံနဲ့ဗီဒီယိုတွေကိုသူကဖတ်ချင်တယ်ဆိုရင် Photos, Videos ဒါမှမဟုတ် File Read/Write Permission တောင်းပါတယ်။
အဲ့ဒီ Permission ကိုဖုန်းပိုင်ရှင်ကခွင့်ပြုမှသာလျှင်သူဆက်လုပ်လို့ရမှာပါ။
ဒီနေရာမှာဓာတ်ပုံ၊ ဗီဒီယိုနဲ့ဆိုင်တဲ့ App ကအဲ့ဒီ Permission တောင်းရင်ပြဿာနာသိပ်မရှိပေမယ့် ဘာမှန်းမသိတဲ့ App တစ်ခုကတောင်းလာရင်တော့ပြဿာနာရှိသွားပါပြီ။
ဥပမာ Calculator ဆိုတဲ့ App က Contacts Permission တောင်းတာမျိုးပေါ့။
Access ရသွားတာနဲ့သူဘာဆက်လုပ်မလဲမသိနိုင်တဲ့အတွက် ကိုယ်မသိတဲ့ App တွေဆိုရင်တောင်းသမျှ Permission တိုင်း Allow မလုပ်သင့်တာပါ။
ဒါဆိုရင်ကိုယ်ကခွင့်မပြုရင် ဘယ်ဆော့ဝဲမှကိုယ့်ဖုန်းကိုထိခိုက်အောင်မလုပ်နိုင်ဘူးဆိုတာ အကြမ်းဖျင်းသိလောက်ပြီလို့ထင်ပါတယ်။

ဒါဆိုရင်အခု Apk ကရောဘာတွေလုပ်နိုင်လဲဆက်ကြည့်ရအောင်။
သူကြေငြာထားတဲ့ Permission တွေထဲကစိတ်ဝင်စားစရာကောင်းတာတွေပြောရအောင်

- android.permission.READ_PHONE_NUMBERS
ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရယူနိုင်ပါတယ်။
Android 8 မတိုင်ခင်ဆိုရင်တော့ ကိုယ့်ဖက်ကခွင့်ပြုပေးစရာမလိုပဲရသွားနိုင်ပါတယ်။
အဲ့ဒီနောက်ပိုင်းဖုန်းတွေမှာတော့ခွင့်ပြုပေးမှသူရနိုင်မှာပါ။

- android.permission.READ_MEDIA_IMAGES
- android.permission.READ_MEDIA_VIDEO
- android.permission.READ_MEDIA_AUDIO
ဒီသုံးခုကတော့သူ့နာမည်တွေအတိုင်းပါပဲ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်တွေကိုရယူနိုင်ပါတယ်။
ဒါကလည်းကိုယ့်ဖက်ကခွင့်ပြုပေးမှသူရမှာပါ။

- android.permission.WRITE_EXTERNAL_STORAGE
ကိုယ့်ဖုန်းထဲရှိသမျှ ဖိုင်အားလုံးကိုရယူနိုင်ပါတယ်။
ဒီနေရာမှာဖိုင်ဆိုတာ ဓာတ်ပုံ၊ ဗီဒီယို၊ အသံ ရှိရှိသမျှဖိုင်အကုန်ပါတယ်။
ဒါပေမယ့်လည်းကိုယ့်ဖက်ကခွင့်ပြုပေးမှရမှာပါ။
ပြီးတော့ဒီ Permission က Android 11 မတိုင်ခင်ဖုန်းတွေမှာပဲအလုပ်လုပ်မှာပါ။

- android.permission.MANAGE_EXTERNAL_STORAGE
ဒီတစ်ခုကအပေါ်က WRITE_EXTERNAL_STORAGE နဲ့အတူတူပါပဲ။
ဒါပေမယ့်သူက Android 11 နောက်ပိုင်းဖုန်းတွေအတွက်ပါ။

- android.permission.REQUEST_INSTALL_PACKAGES
ဒီကောင်ကတော့ တခြား Apk တွေကို Install လုပ်ဖို့တောင်းလာနိုင်ပါတယ်။
ဒါကလည်းကိုယ်မသိပဲ ခိုးလုပ်သွားတာမျိုးမဟုတ်ပါဘူး ကိုယ့်ဖက်ကကြည်ကြည်ဖြူဖြူ Install နှိပ်ပေးမှရမှာပါ။

- android.permission.CAMERA
ဒီကောင်ကတော့ကိုယ့်ဖုန်းကင်မရာကိုဖွင့်နိုင်ပါတယ်။
ဒါကလည်းကိုယ့်ခွင့်ပြုချက်လိုပါတယ်။

ℹ️ ဆိုတော့ဒီဆော့ဝဲအတွက်အဓိကစိတ်ဝင်စားစရာကဒီလောက်ပါပဲ။
ကိုယ့်ဖုန်းမှာ Install လိုက်ရုံနဲ့တော့ တချို့ပြောနေကြသလိုကိုယ့် Kpay အကောင့်ထဲကပိုက်ဆံတွေမပါသွားနိုင်ပါဘူး။
ဒီကောင်က Malware လည်းမဟုတ်သလို Virus လည်းမဟုတ်ပါဘူး။
အရင်ကခေတ်စားခဲ့ပိုက်ဆံချေးတဲ့ App တွေလိုဖုန်း Contacts နဲ့ SMS Permission တွေတောင်မတောင်းနိုင်ပါဘူး။
မတောင်းနိုင်တဲ့အတွက်သူမရနိုင်ပါဘူး။
သူအဓိကရနိုင်တာကဖိုင်တွေရှိပါတယ်။
ဒါပေမယ့်လည်းသတိထားရပါမယ်။

ဘာလို့လဲဆိုတော့သူ့မှာ REQUEST_INSTALL_PACKAGES ဆိုတဲ့ Permission ရှိတဲ့အတွက် မလိမ့်တပတ်နဲ့ကိုယ့်ကိုတခြား Malware ပါတဲ့ Apk တွေ Install လုပ်ခိုင်းနိုင်ပါတယ်။
ပြီးတော့အခုချိန်မှာ ဒီ Apk ပဲဒေါင်းခိုင်းပေမယ့် နောက်ကျပိုဆိုးတဲ့တခြား Apk တွေဒေါင်းခိုင်းတာမျိုးလည်းဖြစ်လာနိုင်တယ်။
အဲ့တော့အကောင်းဆုံးကတော့သူတို့ပို့လာတဲ့လင့်တွေကိုမဝင်ကြပါနဲ့။
ဝင်မိရင်လည်းအရမ်းစိတ်မပူပါနဲ့ သူတို့ဒေါင်းခိုင်းတဲ့ Apk ကိုမဒေါင်းနဲ့ပေါ့။
ဒေါင်းမိရင်လည်း Install မလုပ်နဲ့ လုပ်မိလို့ဖွင့်ဖြစ်ရင်လည်း သူတောင်းတဲ့ Permission တွေမပေးနဲ့ထပ်ဆင့် Install ခိုင်းမယ့်တခြား Apk တွေသာထပ်မသွင်းနဲ့ပေါ့လေ :3

ပြီးတော့ Apk ဆိုတာ Android ဖုန်းတွေရဲ့ Application ဖိုင်ဖြစ်ပါတယ်။
ဒါကြောင့် iOS မှာအလုပ်မလုပ်နိုင်တဲ့အတွက် iPhone သမားတွေတော့ဘာမှမဖြစ်နိုင်ပါဘူး။
ဒါပေမယ့်လည်း iOS က Android ထက်ပိုလုံခြုံတယ်လို့ပြောချင်တာမဟုတ်ပါဘူး။
ဖုန်း System တွေကလုံခြုံပါတယ် အသုံးပြုတွေကသာမလုံခြုံတာပါ 😑

Credit: Htun Win Hlaing

🐧Linux ဆိုတာဘာလဲ။Linux  အကြောင်းမိတ်ဆက်ချင်ပါတယ်ဗျ။Linux ဆိုတာ Open source Operating System အတွက် kernel တစ်ခုပါ။ Linux ...
21/03/2024

🐧Linux ဆိုတာဘာလဲ။

Linux အကြောင်းမိတ်ဆက်ချင်ပါတယ်ဗျ။Linux ဆိုတာ Open source Operating System အတွက် kernel တစ်ခုပါ။ Linux ရဲ့ ဖခင်ကြီး(စတင် developedခဲ့တဲ့သူ) ကတော့ Linus Torvalds ဘဲဖြစ်ပါတယ်။(pic-1 ကသူ့ပုံပါ) 1991,September 17 မှာ first released အနေနဲ့ ထွက်ခဲ့ပါတယ်။

Linux ကို ဖန်တီးတုန်းက operating system kernel တစ်ခုသာဖြစ်ပါတယ်။ နည်းပညာလောကထဲကဆို kernel သိကြပါတယ်။ Computer operating system ရဲ့ မရှိမဖြစ် အဓိကကျသော core program ပါပဲ။
kernel ဆိုတာ CPU,Memory စတဲ့ hardware တေနဲ့ input/output Device စတဲ့ mouse,keyboard တွေကို စီမံပေးတဲ့သူပါ။ (pic-2မှာကြည့်နိုင်ပါတယ်). Linux က Unix လို့ခေါာတဲ့ operating system ကို ကိုးကားထားတာ။ ဒါကြောင့်လဲသူ့ရဲ့ OS Family က
Unix-like OS လို့ခေါာတာပါ။အဲ့ဒီိနောက်မှာ hacker ,Redhat,Intel,Redhat စတဲ့အဖွဲ့စည်းများက ပညာရှင်တွေက ဝိုင်းပြီး Linux မှာသုံးဖို့ software တွေကို Developed လုပ်ခဲ့တာပါပဲ။

GNU Linux OS ကိုစတင်သုံးမယ်ဆိုရင်တော့ Distros တွေအကြောင်းကိုသိထားသင့်ပါတယ် ။ ကိုယ်သုံးတဲ့နယ်ပယ်ပေါာမှာမူတည်ပြီး Distro တွေခွဲသွားတာပါ။ Linux distros တေကို အခြေခံ ၃ မျိုးကိုခွဲပြီး Distro အများအပြားပေါာပေါက်လာတာပါ။ Debain base ရယ်၊ Red hat base နဲ့ Slackware base ပါ။

ဒီမှာတော့ Debain base နဲ့ Red hat baseတေရဲ့ pakages Type ကို အကျဥ်းချုပ်နှိုင်းယှဥ်ပြသွားပါမယ်။ Debain Base မှာဆိုရင်တော့ .deb နဲ့သွင်းပါတယ်။ Redhat Base မှာဆိုရင်တော့ .rpm သုံးပါတယ်။Pakage Manager မှာဆိုရင်တော့ dpkg(offline သုံးတာပါ)/apt-get ကိုသုံးပါတယ်။ဥပမာအနေနဲ့ဆိုရင် terminal မှာ # dpkg -i zoom_amd64.deb ပေါ့(offline သွင်းတာပါ) / apt-get install nano ပေါ့ (ဒါက online ကတင်တာပါ။)

ဒါဆို Redhat Base မှာဆိုရင်တော့ yum/dnf နဲ့သုံးတာပါ ။ ဥပမာတော့မပြတော့ပါဘူးဗျ။ အပေါ်မှာပြခဲ့တဲ့အတိုင်းမို့ သိပ်မကွာလှပါဘူး။ကျွန်တော်အခုပြောနေတဲ့ဟာတေကအရေးကြီးပါတယ်။(နောက်ဆုံး ပုံမှာ Pakage types ကြည့်နိုင်ပါတယ်။)
Linux Desktop Environment တေအများကြီးထဲမှ ကိုယ်နဲ့အဆင်ပြေတာကိုရွေးသုံးဖို့အကြံပြုပါတယ်။(pic-3 တွင်အကျဥ်းချုပ်ကြည့်နိုင်ပါတယ်။)

ကိုယ်ကအကယ်၍ TU,CU စတဲ့နည်းပညာကျောင်းသားတွေဆိုရင် Linux ကိုစတင်လေ့လာသုံးကြည့်ဖို့အကြံပြုချင်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ Linux ကဘာလို့ အောင်မြင်လာတာလဲဆိုတာကိုပြောပြချင်ပါတယ်။Linux က open source ဖြစ်ပြီး free License ရတာကလဲ တစ်ခြား operating system တွေနဲ့ ယှဥ်ရင်တော့ တစ်ဘန်းသာနေတာပါ။(O.S တစ်ခုလုံးကိုစိတ်ကြိုက် ပြုပြင်ပြီး မိမိနှစ်သက်သလိုသုံးစွဲလို့ရပါတယ်။)Hacker တွေ programmer တွေ ကိုယ်ပိုင် OS ဖန်တီးချင်တဲ့သူတွေအတွက် အဆင်ပြေသလို။ လူအများစုသိကြတဲ့အတိုင်း Linux server တွေက security ကောင်းတာရယ်ပေါ့ပါးမြန်ဆန်တာတွေကြောင့် system administrator အသုံးများလာပါတယ်။Linux က ဒီထက်ပိုအောင်မြင်နေမယ်လို့ ယုံကြည်ပါတယ်။

Window မှာ လို system errors တွေ ကြောက်ရမှာလဲစိတ်ပူရမှာမဟုတ်ပါဘူး။အကယ်၍ စာဖတ်သူက window ကို license နဲ့ဝယ်သုံးနေတာဆိုရင် အကယ်၍ စက်က virus မိသွားရင် ရောဂါတက်ရအုန်းမှာပါပဲ ၊ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ linux O.S ကိုစတင် အသုံးကြည့်ဖို့ အကြံပြုပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗျ။အပန်းမကြီးရင် Post လေးကို share ပေးပြီးကူညီပါဦးနော့်။Learn Router ရဲ့ Website မှာလည်း အကောင့် Register လုပ်ပြီး ကိုယ်လေ့လာချင်တဲ့ Learning Resources တွေဝင်ရောက် ရှာဖွေနိုင်ပါတယ်ခင်ဗျာ။👇🏻👇🏻👇🏻

https://learnroutermm.com



Credit

Address

Myittha
Mandalay

Alerts

Be the first to know and let us send you an email when Smart Tech Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smart Tech Online Class:

Share