YDB - Your Dream Burma

YDB - Your Dream Burma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YDB - Your Dream Burma, News & Media Website, Mandalay.

တစ်ကောင် 250000 နဲ့ယူဗျာ 💯Malinois မျိုးအစစ်တွေကို ဒီဈေးနဲ့ ဘယ်မှာမှမရနိုင်တော့ပါဘူး ❗မကြာခင် ခြံရွှေ့ရတော့မှာမို့ ခေါ်သ...
18/08/2024

တစ်ကောင် 250000 နဲ့ယူဗျာ 💯

Malinois မျိုးအစစ်တွေကို ဒီဈေးနဲ့ ဘယ်မှာမှမရနိုင်တော့ပါဘူး ❗

မကြာခင် ခြံရွှေ့ရတော့မှာမို့ ခေါ်သွားဖို့ အဆင်မပြေတော့တာမလို့ အနိမ့်ဆုံးဈေးနဲ့ထုတ်ရောင်းတာပါ ။

အာမခံချက်အပြည့်နဲ့ ဉာဏ်ရည်မြင့်မားပြီး သွက်လက်ဖျက်လက်တဲ့ ဆေး2ကြိမ်ပြီး ၊4လသားတွေပါ 🐕

တကောင်လိုက်ချင်းလည်းဝယ်ယူလို့ရသလို အုပ်ပြတ်လည်းဝယ်ယူနိုင်ပါတယ်။ ကျွန်တော်တို့က Mdyကပါ။ နယ်ဝေးကသူများအတွက်လည်းဂိတ်မှပို့ပေးပါတယ်။

အသေးစိတ်မေးမြန်းချင်ရင်
Chat box or Viber

09970933368

အမေရိကန် ၁ ဒေါ်လာ ၇၅၀၀ ကျပ်ဝန်းကျင်၊ ထိုင်းငွေ ၁ ဘတ် ၁၉၀ ကျော်လာ ဩဂုတ် ၁၃၊ ၂၀၂၄ပြည်တွင်း အမေရိကန် ဒေါ်လာလဲလှယ်နှုန်းမှာ ...
13/08/2024

အမေရိကန် ၁ ဒေါ်လာ ၇၅၀၀ ကျပ်ဝန်းကျင်၊ ထိုင်းငွေ ၁ ဘတ် ၁၉၀ ကျော်လာ

ဩဂုတ် ၁၃၊ ၂၀၂၄

ပြည်တွင်း အမေရိကန် ဒေါ်လာလဲလှယ်နှုန်းမှာ ၁ ဒေါ်လာလျှင် ငွေကျပ် ၇၀၀၀ ကျော်အထိ ဈေးအတက်ကြမ်းနေသလို ထိုင်းဘတ်ဈေးမှာလည်း ၁ ဘတ်လျှင် ၁၉၀ ကျပ်ကျော်အထိ ရောက်ရှိလာကြောင်း ငွေကြေး ဈေးကွက်အတွင်းက သိရသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းရှင်တဦးက "တဒေါ်လာ ၇၅၀၀ ကျပ်လောက် ရှိတယ်။ ဒါတောင် ရောင်းပေးမယ်လို့ မပြောနိုင်သေးဘူး။ ဒီဈေးတော့ရှိတယ်ပဲ ပြောကြတာ။ ပစ္စည်းက ရှားရင်လည်း ရှားသွားမယ်။ ပျောက်ရင်လည်း ပျောက်သွားမယ်။ ဘာမှမလုပ်ဘဲ ထိုင်နေလည်း ထိုင်နေကြမှာပေါ့။ ဈေးက တအားကြီး တက်နေတာ။ လောလောဆယ် အဖွင့်ဈေးပေါ့။ ဈေးတက်တဲ့အကြောင်းကလည်း သေသေချာချာကို ရှာလို့ မရဖြစ်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။


ယခုကဲ့သို့ ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းမှာ နိုင်ငံရေးယုံကြည်မှု ကျဆင်းခြင်းကြောင့် ငွေကြေးဖောင်းပွမှု ပို၍ မြင့်လာသလို ကမ္ဘာ့ရွှေဈေး မြင့်တက်မှုလည်းပါကြောင်း ၎င်းက ပြောဆိုသည်။

ဩဂုတ် ၁၂ ရက်က အမေရိကန် တဒေါ်လာလျှင် ၆၀၀၀ ကျပ်ကျော်ရှိရာမှ ယနေ့တွင် တဒေါ်လာ ၇၀၀၀ ကျပ်ကျော်အထိ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းဖြစ်သည်။

ထိုင်းငွေကြေးလဲလှယ်သူတဦးက “အခုကတော့ မြန်မာကျပ်ကနေ ဘတ်လဲလှယ်တဲ့သူ အရမ်းများတယ်။ မြဝတီမှာဆိုရင် ငွေလဲဒိုင်တချို့ ပိတ်ထားတယ်။ အလုပ်ခဏ နားတယ်။ တချို့လည်း ဖွင့်ပေမယ့် အများအပြား လဲလှယ်တာ မလုပ်ကြဘူး။ အတက်က ဒီနေ့ တော်တော်ကြမ်းတယ်။ ဒီမနက် တသိန်းကို ကျပ်ကနေ ဘတ်ဆိုရင် ၄၉၅ ဘတ်၊ ဘတ်ကနေ ကျပ်ဆိုရင် ၅၂၅ ဘတ်လောက်ရှိတယ်” ဟု ပြောသည်။

ထို့အတူ ရွှေဈေးမှာလည်း ကမ္ဘာ့ရွှေ ၁ အောင်စလျှင် ၂၄၄၆ ဒေါ်လာအထိမြင့်တက်နေသလို ပြည်တွင်းရွှေဈေးမှာလည်း အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ယမန်နေ့က ၇၆ သိန်းဝန်းကျင်အထိရှိခဲ့ပြီး ယနေ့ ပြည်တွင်းရွှေဈေးအပြင် ပေါက်ဈေးမှာ ကျပ်သိန်း ၈၀ ကျော်အထိရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Address

Mandalay

Telephone

+959976096798

Website

Alerts

Be the first to know and let us send you an email when YDB - Your Dream Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YDB - Your Dream Burma:

Share