20/12/2024
Titanic အမှတ်တရနာရီတစ်လုံးကို $2သန်းနီးပါးပေးဝယ်လိုက်တဲ့ Tiffany & Co.
============================================
- Tiffany ဆိုတာ Jewellery လောကမှာ နာမည်ကြီး Company တစ်ခုဖြစ်ပြီးတော့ နာရီတွေလည်း ထုတ်ပါတယ်
- UK မှာလုပ်တဲ့ Titanic နဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းလေလံပွဲမှာ ဒီ Pocket Watch လေးကို $1.97သန်း နဲ့ Tiffany က လေလံအောင်သွားတာပါ
- ဒီနာရီရဲ့ မူရင်းပိုင်ရှင်က Captain Rostron ဆိုတဲ့ သင်္ဘော Captain တစ်ယောက်ဖြစ်ပြီးတော့ သူရဲ့ Carpathia ဆိုတဲ့ သင်္ဘောနဲ့ Titanic အဖြစ်အပျက်မှာ လူပေါင်း 705 ယောက်ကို ကယ်တင်ပေးခဲ့ပါတယ်
- ဒါကို ကျေးဇူးတင်တဲ့အနေနဲ့ Titanic Survivors အမျိုးသမီး ၃ယောက်ပေါင်းပြီး Captain Rostron ကို ဒီ Tiffany & Co. 18k Solid Gold Pocket Watch လေးပေးခဲ့တာပါ
- နာရီရဲ့ အတွင်းဖက်မှာလည်း ကျေးဇူးတင်တဲ့အကြောင်း Engraving လုပ်ထားတယ်
- 1912 ခုနှစ်မှာ ဒီနာရီကိုပေးခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း 100 ကျော်တောင်ကြာပါပြီ
- Tiffany က သူတို့ Company ရဲ့ History မှာအမှတ်တရဖြစ်စရာ နာရီတစ်လုံးဖြစ်လို့ ဒီလောက်ထိ စျေးအမြင့်ကြီးပေးပြီး ဝယ်ယူလိုက်တာဖြစ်ပါတယ်