မြန်မာ့ သတင်းထူး သတင်းဦးများ

  • Home
  • Myanmar
  • Mandalay
  • မြန်မာ့ သတင်းထူး သတင်းဦးများ

မြန်မာ့ သတင်းထူး သတင်းဦးများ Breaking News နေ့စဉ် သတင်းများအား အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ရန်အတွက် page အား like လုပ်ထားပါ
(1253)

မြောက်ကိုရီးယား စစ်သမီးတွေက စ်သားတွေ ဘယ်လိုအနိုင်ကျင့်နေသလဲ...?
14/03/2025

မြောက်ကိုရီးယား စစ်သမီးတွေက စ်သားတွေ ဘယ်လိုအနိုင်ကျင့်နေသလဲ...?

WinKaPar.Entertianment.Channel ကနေကြိုဆိုပါတယ်။ နောက်ထပ် Videoတွေကြည့်ရှူးဖို့အတွက်SUBSCRIBER အနီနဲ့ ဘေးနာကနိုတီးဘဲ ခေါင်းလောင်းလေးကို...

ခေတ်ပျက်ထဲမှာ ဉစ္စာပစ္စည်းမကြွားနဲ့ခေတ်ပျက်ထဲမှာ နေစရာ/နေရာကောင်းမကြွားနဲ့ခေတ်ပျက်ထဲမှာ စားကောင်းသောက်ဖွယ်မကြွားနဲ့ခေတ်ပ...
15/01/2025

ခေတ်ပျက်ထဲမှာ ဉစ္စာပစ္စည်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ နေစရာ/နေရာကောင်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ စားကောင်းသောက်ဖွယ်မကြွားနဲ့
ခေတ်ပျက်ထဲမှာ ပျော်ရွှင်မှုမကြွားနဲ့။

တချို့တွေ ဘာဉစ္စာပစ္စည်းမှမရှိကျတော့ဘူး
တချို့တွေ အိုးအိမ်ပြာကျနေစရာ/နေရာမရှိကျတော့ဘူး
တချို့တွေ စာကောင်း‌/သောက်ကောင်းထက်
မသေထမင်း/မသေဟင်း စားပြီးအသက်ဆက်နေကျရတာ
တချို့တွေ မပျော်နိုင်ရှာဘူး/အပူမီးကိုယ်စီ
တောက်လောင်/ဝမ်းနည်းငိုကြွေး အမြဲပူပင်
သောက ရောက်နေရတာ။

ခဗျား လူပီသ/တယ်ဆို
ခဗျား မကြွားမိပါစေနဲ့
တချို့ဘဝတွေကို စာနာ/သနား
အားနားတတ်ပါစေ။

ဦးအောင်သင်းစာပေ

#စာပေ
#စာပေများ
#ဆရာအောင်သင်းစာပေ

အိပ်ယာကို ထချင်တဲ့ အချိန်မှထနိုင်ဖို့ အတွက် ...မထချင်ဘဲ ကြိတ်မှိတ်ပြီး ထခဲ့ရတဲ့ နေ့တွေကို အရင်ဖြတ်ကျော် ရတတ်တယ်။စားချင်တ...
14/01/2025

အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...

မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။

စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...

စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။

သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...

သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။

" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "

အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။

ဒါမှမဟုတ် ..

အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။

သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။

တချိန်က အကယ်ဒမီ မင်းသမီး ပန်းဖြူ ..
14/01/2025

တချိန်က အကယ်ဒမီ မင်းသမီး ပန်းဖြူ ..

❣️မိသားစုရဲ့ တန်ဖိုး❣️➖➖➖➖❣➖➖➖➖🔹မိသားစုဆိုတာ..... ကံတရားရဲ့ ဖန်တီးပေးလိုက်တဲ့ အရာတွေထဲက အကောင်းဆုံး အနုပညာပါ တန်ဖိုးထား ...
10/01/2025

❣️မိသားစုရဲ့ တန်ဖိုး❣️
➖➖➖➖❣➖➖➖➖

🔹မိသားစုဆိုတာ.....
ကံတရားရဲ့ ဖန်တီးပေးလိုက်တဲ့
အရာတွေထဲက အကောင်းဆုံး အနုပညာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

🔹မိသားစုဆိုတာ.....
ဒုက္ခအပူတွေကို မျှဝေယူ ခံစားရင်း
ကြီးပြင်းလာခဲ့ကြတဲ့ ဆိုးတူကောင်းဖက်
သစ္စာတရားရဲ့ အငွေ့အသက်တွေပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

🔹မိသားစုဆိုတာ.....
အမျိုးမျိုး အထွေထွေ စရိုက်တွေ
ကြားထဲက နားလည် ပေးနိုင်ဆုံးသော
အသိုက်အဝန်းလေး တစ်ခုပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

🔹မိသားစုဆိုတဲ့ ရိပ်မြုံဟာ.....
ခိုလှုံစရာ များစွာထဲက
အအေးချမ်းဆုံးနဲ့ အလုံခြုံဆုံး နားခိုရာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

🔹ပြည့်စုံတဲ့ မိသားစုဆိုတာ မရှိပါဘူး
အတွေ့အကြုံတွေ စုစည်းပြီး
ခရီးကြမ်းတွေကို ငြိမ်းချမ်းစွာ
ဖြတ်သန်းနိုင်မှု့ရဲ့ စတင်ရာ
အားအင်တွေ ဖြစ်ပါသည်
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ပုံရိပ်လေး 😍 #တို့မတ်မတ် 😘
05/01/2025

ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ပုံရိပ်လေး 😍

#တို့မတ်မတ် 😘

ဒီမင်းသားကြီးနဲ့ မင်းသမီးကြီးကို သိတဲ့သူကတော့ တော်တောိဆရာကျတာပဲ😍😍😍
05/01/2025

ဒီမင်းသားကြီးနဲ့ မင်းသမီးကြီးကို သိတဲ့သူကတော့ တော်တောိဆရာကျတာပဲ😍😍😍

✅✅✅
05/01/2025

✅✅✅

ဒီကလေးတောင်မှဘွဲ့ရသွားပြီးအရင်တုန်းကဒီကလေးရဲ့ဗီဒီယိုဖိုင်ကိုကြည့်ဖူးကြမယ်လို့ထင်တယ်နေ့စဥ် အကျိုးရှိမယ့် ဗဟုသုတ ရရှိစေဖို...
02/01/2025

ဒီကလေးတောင်မှဘွဲ့ရသွားပြီးအရင်တုန်းကဒီကလေးရဲ့ဗီဒီယိုဖိုင်ကိုကြည့်ဖူးကြမယ်လို့ထင်တယ်

နေ့စဥ် အကျိုးရှိမယ့် ဗဟုသုတ ရရှိစေဖို့

အောက်က လင့်ကို နှိပ်ပီး Telegram Channel ကို join ထားနိုင်ပါသည်။ 👇👇👇

https://t.me/myanmarbreakingnews

မင်းအကြောင်းတွေ ပြောမှာမကြောက်ပါနဲ့ ..." မင်းသာ အမှားမလုပ်ခဲ့ဘူး ဆိုရင်  အမှန်တရားက  မင်းဘက်မှာ ရှိနေပါလိမ့်မယ် " တဲ့ ။ ...
02/01/2025

မင်းအကြောင်းတွေ ပြောမှာ
မကြောက်ပါနဲ့ ...

" မင်းသာ အမှားမလုပ်ခဲ့ဘူး ဆိုရင်
အမှန်တရားက
မင်းဘက်မှာ ရှိနေပါလိမ့်မယ် " တဲ့ ။

ဒီတော့…
မင်းကိုယ်မင်း ယုံကြည်တယ် ဆိုရင်

မင်းရဲ့အကြောင်း
ကောင်းကောင်း မကောင်းကောင်း
ပြောချင်ရာတွေ ပြောကြပါစေ။

မင်းရဲ့နောက်ကွယ်မှာ
မင်းအကြောင်းတွေကို ပြောလေလေ...
မင်းက အောင်မြင်လေလေပဲ။

မင်းအကြောင်းတွေ သူတို့ခေါင်းထဲမှာ
ရှိနေလေလေ...
မင်းက သူတို့ကို လွှမ်းမိုးနေလေလေပဲ။

သူတို့တွေ မင်းအကြောင်းတွေကို
တွေးမှာ…
သူတို့တွေ မင်းအကြောင်းတွေကို
ပြောမှာ
သူတို့တွေ မင်းကို ဝေဖန်မှာကို
လုံးဝမှ ကြောက်မနေပါနဲ့။

မင်း ကြောက်ရမှာက…
မင်းကိုယ်မင်း ယုံကြည်မှုမရှိမှာကိုပဲ
ကြောက်ပါ။

မင်းကိုမင်း ယုံကြည်မှု မရှိရင်…
မင်းဟာ အမြဲတမ်း ရှုံးနိမ့်နေမှာပဲ။

သူများပြောစကားတွေကြောင့်
လမ်းမဆုံးပါစေနဲ့။

အပင်မြင့်ရင် လေဒဏ်ခံရမယ်။
လူမှန်ရင် ဝေဖန်ခံရမယ်။

မင်း အောင်မြင်ချင်ရင်တော့
ဝေဖန်ခံနိုင်ဖို့ လိုတယ်။

....

သရေကျစေမည့် ငါးသံပုရာပေါင်း လုပ်နည်း🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟ငါးသံပုရာပေါင်း ကို အမျိုးမျိုးလုပ်စားတဲ့နည်းထဲကမှ ဒါကနည်းတမျိုးပါ။ လ...
31/12/2024

သရေကျစေမည့် ငါးသံပုရာပေါင်း လုပ်နည်း
🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟

ငါးသံပုရာပေါင်း ကို အမျိုးမျိုးလုပ်စားတဲ့နည်းထဲကမှ ဒါကနည်းတမျိုးပါ။

လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။

အခြားနည်းေ တွနဲ့လဲ အ၇မ်းတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ

၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး – ၁ ကောင်

၂။ ကြက်သွန်ဖြူ – ၃ မွှာ

၃။ ငရုတ်သီးစိမ်း – ၃ တောင့်

၄။ ကြက်သွန်မြိတ် – ၂ ပင်

၅။ နံနံပင် – ၅ ပင်

၆။ ဂျင်း – လက်တဆစ်

၇။ ပဲငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း ခွဲ

၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ၀က်

၉။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း

၁၀။ သံပုရာသီး – ၁ ခြမ်း

၁၁။ ရေ – ၁ ခွက်

( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ငါးကို သန့်စင်ထားပါ။ ဂျင်းကို ထောင်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ငရုတ်သီးကို အသေးလေးတွေလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်ဆင်းထားပါ။

၂။ သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှအ၇ည်များညှစ်ချပါ။ ပြီးလျှင် မိနစ် ၂၀ ခန့်ပေါင်းပါ။ ပေါင်းပြီး ငါးမှထွက်လာသော အ၇ည်များကို သွန်ပစ်ပါ။ (အညှီနံ့များပါသွားပါလိမ့်မည်။)

၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ။

၄။ ဒယ်အိုးတခုထဲတွင် ေ၇ထည့်၊ ကြက်သားမှုန့် ၊ သကြား(သို့) အချိုမှုန့်၊ ပဲငံပြာရည် တို့ကို ထည့်ရ်ျ ဆူလာအောင်တည်ပါ။

ဆူလာလျှင် ကြက်သွန်ဖြူ နှင့် ငရုတ်သီးကို ထည့်၇ျ် ငရုတ်သီး အနံ့မွှေးလာသည်အထိတည်ပါ။

ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်ရ်ျ သံပုရာရည်ကို ညှစ်ထည့်ပါ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည်လိုသလောက်ထပ်ထည့်ပါ။)

၅။ ပြုလုပ်ထားသော အ၇ည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ။

၆။ အ၇သာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ။

Credit to Khin Lay

Address

Mandalay

Alerts

Be the first to know and let us send you an email when မြန်မာ့ သတင်းထူး သတင်းဦးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြန်မာ့ သတင်းထူး သတင်းဦးများ:

Share