The Productive Schedule

Call Website Contact the business

The Productive Schedule A school and studio for design systems ☁️

10/09/2026

The Productive Schedule အနေနဲ့ UXMM မှ ဦးစီးကျင်းပတဲ့ "Into the AI Ocean : From Idea to Product" ပွဲကြီးမှာ Community Partner အဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူစွာ sharing လုပ်ပါရစေ။

"Into the AI Ocean : From Idea to Product" ပွဲကြီးဟာ UI/UX တစ်ခုတည်းမဟုတ်ဘဲ PM, UI/UX, Development, QA နဲ့ Product Pitching အထိ Product Life Cycle တစ်လျှောက် AI ကို ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို Professionals များနဲ့အတူ လေ့လာနိုင်မဲ့အခွင့်အရေးကို ရရှိနိုင်မယ့် ပွဲကြီးပဲဖြစ်ပါတယ် 🥳🎉

In-Person ရော Online ပါရှိမှာဖြစ်လို့ tech နယ်ပယ်လူတိုင်းအတွက် နေရာဒေသမရွေးပါဝင်နိုင်မှာလည်းဖြစ်ပါတယ်။ Admin ကိုယ်တိုင်လည်း ဒီပွဲလေးမှာ In Person တက်မှာမလို့ အားလုံးနဲ့တွေ့ဖို့လည်း excited ဖြစ်နေပါတယ်။

Event details လေးတွေကတော့
🗓️ Date: 17–18 October 2026
📍 Location: CTZPay Office, Yangon

ဒါ့အပြင် UXMM နဲ့ UXMM HUB ကနေ ဒီပွဲလေးအတွက် မတူညီတဲ့ အားသာချက်တွေနဲ့ Personality တွေကို Character လေးတွေနဲ့ တွဲဖက်သိရှိနိုင်မယ့် Ocean Character Test လေးကိုလည်း Launch လုပ်ထားပါသေးတယ် 😉🌊✨

ဒီလင့်လေးမှာစစ်ကြည့်ကြဦးနော်
https://aiocean.uxmm.org/archetype

Admin ကတော့Turty လေးပါရှင်။ 🐢

🌊 Ready to dive ?

Registration နဲ့ Event အကြောင်း အသေးစိတ်ကို နောက်ထပ် Post တွေမှာ ဆက်လက်ကြေညာပေးသွားမှာမလို့ Stay Tuned ထားဖို့တော့လိုမယ်နော်! See you at the event! 🌊

10/09/2026

🎉https://youtu.be/h1M7rxnoFcc UXအလုပ်flavour လေးမျိုးဖြစ်တဲ့
1. Design System - Chaw Su Hlaing
2. Art & Visual - Aung Phyoe Win
3. Connected Experiences - Ye Min Htun
4. Team Ops - Harry Hein

အကြောင်းကိုနားဆင်ပြီး ကိုယ်က ဘယ််flavourနဲ့လုပ်ဖြစ်နေလဲ ဘယ်ဘက်ကိုအားသန်လဲ ဆိုတာလေးတွေပြောခဲ့နော်

မေးချင်တဲ့ questionတွေကို part 2 မှာဖြေပေးနိုင်အောင်လို့ ဒီမှာ မေးခဲ့လို့ရပါတယ် https://bit.ly/4ih9A0m

အားလုံးစောင့်မျှော်နေတဲ့ TPS ရဲ့ first recording course ဖြစ်တဲ့ Design Systems:Core အတွက် registration ဖွင့်ထားပြီဖြစ်လိ...
30/08/2026

အားလုံးစောင့်မျှော်နေတဲ့ TPS ရဲ့ first recording course ဖြစ်တဲ့ Design Systems:Core အတွက် registration ဖွင့်ထားပြီဖြစ်လို့ အခုပဲ အတန်းအပ်လို့ရပါပြီ။ 👏🏻

TPS ရဲ့ နောက်ဆုံး Batch 8 က curriculum အတိုင်းကိုမှ၊ class recording တွေကနေတစ်ဆင့် သင်ယူရမှာမို့ ကိုယ်အဆင်ပြေတဲ့အချိန်၊ အဆင်ပြေတဲ့နေရာကနေသင်ယူရမှာပါ။

Recording အတန်းဆိုပေမယ့် စနစ်ကျကျ တည်ဆောက်ထားတဲ့ curriculum နဲ့ classroom strucutre ရယ်ကြောင့် တစ်ကယ်အတန်းထဲမှာ တက်ရောက်နေသလို သင်ယူရမှာပါ။

▪️သင်တန်းကြေး
Regular: 200000 ကျပ်
(🔥 180000 ကျပ် for early birds till Sep 10, 2026)

TPS Alumni (အတန်းသားဟောင်း): 150000 ကျပ်

Register on our website:
https://theproductiveschedule.design/courses/core

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

Core အတန်းမှာဆိုရင် agentic layer ကို focus မထားပေမယ့် Design System ရဲ့ အရေးအကြီးဆုံး concept and discipline တွေကို AI-driven ဖြစ်အောင်သင်ကြားပေးထားလို့ AI-ready design system တွေတည်ဆောက်ဖို့ ပင်မထောက်တိုင်တစ်ခုဖြစ်ပေးမှာပါ။ AI-driven workflow အချို့လည်း introduce လုပ်ထားတာမလို့ နောင်တစ်ဆင့်တက်လှမ်းဖို့လည်း အခြေခံတွေရစေမှာပါ။

AI ခေတ်မှာ Design + Development အတွက် connected ဖြစ်တဲ့ system တွေတည်ရှိမှုဟာ အရမ်းကိုအရေးပါလှပါတယ်။ တော်တော်များများ အားနည်းကြတဲ့အပိုင်းက ဘယ်ကနေ ဘလိုစလုပ်ရမလဲမသိတာကနေ မလုပ်ဖြစ်တော့တာတွေများပါတယ်။ Core အတန်းမှာ ဒီလို Connected Design System တစ်ခုကို ဖန်တီးနိုင်ဖို့ Process တွေအကြောင်းကို စာတွေ့လေ့လာရမယ့်အပြင် လက်တွေ့ဖန်တီးနိုင်အောင်ပါ အတူတူသင်ကြရမှာဖြစ်ပါတယ်။

📍Design System တွေဆိုတာ Component တွေစုထားတဲ့ Libraries ဆိုတာထက်ပိုတဲ့ အကြောင်းကို ချက်ကျလက်ကျ မြင်တွေ့နိုင်မှာ ဖြစ်တဲ့ ဒီသင်တန်းမှာ ဘာတွေ သင်ယူသွားနိုင်မလဲဆိုရင် -

❖ ကိုယ့်ရဲ့ organization နဲ့ကိုက်ညီမယ့် Design System တစ်ခုကိုတစ်ဆင့်ချင်း တည်ဆောက်ပုံကို မျက်မြင်လေ့လာနိုင်မယ်။

❖ မတူညီတဲ့ ရှူထောင့်အမျိုးမျိုး၊ organization structure အမျိုးမျိုးမှာ True Connected Design System တစ်ခုဖြစ်အောင်အထိတည်ဆောက်ဖို့ ဘယ်လိုအစပျိုးချဉ်းကပ်ရမလဲဆိုတာတွေကို သိရှိနိုင်မယ်။

❖ ကျစ်လစ်တဲ့ Design Systems Team တစ်ခုဖြစ်ပေါ်လာဖို့အတွက် အရေးကြီးတဲ့ အခြေခံ team model တွေကိုလည်း လေ့လာကြမယ်။

❖ Design System တစ်ခုကို ပိုပြီး powerful ဖြစ်စေမယ့် Design tokens တွေကိုလည်း စနစ်တကျ ဖန်တီးလို့ရနိုင်သွားမယ်။

❖ Front-end technologyတွေရဲ့ essence တွေကို အကြမ်းဖျဉ်းလေ့လာနိုင်မယ့်အပြင် accessibility နဲ့ vibe-coding ကို ဆရာကျကျလုပ်နိုင်ဖို့ knowledge sharing session လည်းပါဝင်မယ်။( Featuring Ko Htut Wai Phyo, Software Engineer )

❖ Component တွေတည်ဆောက်ရာမှာ သိထားသင့်တဲ့ methods တွေ tips and tricks တွေကိုလည်း လေ့လာနိုင်မှာဖြစ်တယ်။

❖ Figma ထဲက Design System Components တွေကို Vibe Code လုပ်ပြီး visual testing အထိပါပြီးမြောက်တဲ့အထိ synced ဖြစ်တဲ့ library တစ်ခု ကိုဖန်တီးနိုင်သွားမယ်။

❖ ဖန်တီးရုံတင်မဟုတ်ဘဲ ရေရှည်မှာ ထိန်းသိမ်းဖို့အတွက် သိသင့်သိထိုက်တာအားလုံးကို လေ့လာနိုင်မယ်။

❖ ဒါ့အပြင် Instructor ကိုယ်တိုင်ဖန်တီးထားတဲ့ Design Audit Template တွေ၊ DS Management Template တွေ၊ Tokens Naming Conventions Template တွေ အပြင် Pre-Build Prompts တွေကိုပါ latest update တိုင်းအတွက် access လုပ်နိုင်မယ်။

❖ Design System အကြောင်းတွေတင်မဟုတ်ဘဲ Product Designer တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်နေစိတ်ထား၊ ethics and mindsetတွေကိုလည်း သိခွင့်ရမယ်။

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

📍ဘယ်သူတွေတက်ရောက်လို့ရမလဲ။
UXUI Design ကိုစိတ်ဝင်စားပြီး next level တက်ချင်တဲ့သူတိုင်း (From Secondary Beginner to Advanced level အထိ) တက်ရောက်လို့ရပါတယ်။

‼️ Complete beginner တွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ ဒီအတန်းက UX career အတွက် စမှတ်အနေနဲ့ မဖြစ်သင့်ပါဘူး။

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

Register on our website:
https://theproductiveschedule.design/courses/core

Design System နဲ့ရင်းနှီးပြီးသား Designer တို့အတွက် မိမိ system ကို agentic layer integration လုပ်ဖို့အတွက် သီးသန့်ကူညီပ...
14/08/2026

Design System နဲ့ရင်းနှီးပြီးသား Designer တို့အတွက် မိမိ system ကို agentic layer integration လုပ်ဖို့အတွက် သီးသန့်ကူညီပေးသွားမယ့် Agentic Design System:Sprint ရဲ့ အတန်း က နောက် ၃ရက်နေရင်စတော့မှာဖြစ်ပါတယ်။

စိတ်ဝင်စားရင် ဒီ ၃ ရက်အတွင်း registration လုပ်လို့ရပါသေးတယ်။

ဒီအတန်းက ညဘက် intensive အတန်းဖြစ်တဲ့အတွက် ကလေးအမေဖြစ်တဲ့ကျမအတွက် အမြဲမဖွင့်နိုင်မယ့်အတန်းဖြစ်လို့ နောက် batch တွေခေါ်ဖို့ဆိုတာ သိပ်တော့မသေချာလှပါဘူး။

၅ ရက်ဆက်တိုက်အတန်းမို့ မနားတမ်း တရစပ်လေ့လာရမှာမို့ သေချာလေး commit ပေးမှလည်းရပါမယ်။

DS အခြေခံပိုင်ပြီးသားတွေအတွက်ပဲမို့ eligibility check ရှိပါတယ်။

အတန်းအပ်ရန်:
https://theproductiveschedule.design/courses/sprint

Thank you so much for joining our first webinar tonight!We hope you walk away with something that you can use this week ...
12/08/2026

Thank you so much for joining our first webinar tonight!

We hope you walk away with something that you can use this week ✨

Recordings and slides will follow tomorrow. 🔜

Edit: ပြည့်သွားပါပြီရှင့်။—————————Registration ကလည်း1 seat ပဲကျန်တော့သလို Webinar လေးကလည်း ၁ နာရီအတွင်းစတော့မှာဖြစ်ပါတယ...
12/08/2026

Edit: ပြည့်သွားပါပြီရှင့်။

—————————

Registration ကလည်း1 seat ပဲကျန်တော့သလို Webinar လေးကလည်း ၁ နာရီအတွင်းစတော့မှာဖြစ်ပါတယ်ရှင်။

Event ကို join ရမယ့် zoom link ကလည်း registration confirmation email ထဲမှာပါပြီးသားမလို့ အဲ့ကနေ join ရုံပါပဲရှင်။

အကယ်၍ email မရခဲ့ရင် spam ထဲအရင်စစ်ကြည့်ပေးပါဦးရှင်။ လုံးဝမရခဲ့ရင်တော့ page dm ကို message ပို့လို့ရပါတယ်။

………
Registration လုပ်ထားသူများအတွက် Recording ပေးမှာဖြစ်သလို၊ မလုပ်လိုက်ရတဲ့သူများကလည်း လာတောင်းလို့ရပါတယ်။
…….

Event ထဲမှာ လေတအားပေါမှာမို့ energy drink လေးဆောင်ထားကြပါရှင် 😂

See you in an hour ပါရှင်။

Only 6 seats left 👀
11/08/2026

Only 6 seats left 👀

The first FREE webinar from The Productive Schedule 🎥“FROM A BLANK SCREEN TO A LIVE MVP WITH CLAUDE”Register on our webs...
09/08/2026

The first FREE webinar from The Productive Schedule 🎥

“FROM A BLANK SCREEN TO A LIVE MVP WITH CLAUDE”

Register on our website:
https://theproductiveschedule.design/events/tps-story

Event Details:
Date: 12.08.2026(7:30pm mmt)
Location: Virtual (Zoom)
Fee: FREE
Limited seats: 100 only
——————————————————
ဒီ webinar လေးကတော့ Product တစ်ခုကို 0-to-1 ဖြစ်လာအောင် Claude ecosystem နဲ့ ဘယ်လိုလုပ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး ကျမရဲ့ step by step process ကို share ပေးမယ့် webinar ပဲဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ ဒီတစ်ခေါက် TPS ရဲ့ အတန်းတွေရဲ့ registration management တွေကို fully digitalize လုပ်နိုင်ခဲ့ပါပြီ။

ဒါမျိုးရိုးရှင်း web app လေးတစ်ခုမှာတောင် production ready ဖြစ်ဖို့နဲ့ scalable ဖြစ်ဖို့ system architecture ချရတာ ဘလောက်တောင်အရေးပါလဲ ထဲထဲဝင်ဝင် လေ့လာမိလိုက်ပါတယ်။

UX designer တစ်ယောက်အနေနဲ့ production တွေအထိ တခါမှတာဝန်မယူဖူးပေမယ့် ကိုယ့် website ကို launch တဲ့အခါမှာ perspective မျိုးစုံကနေ စဉ်းစားရတာတွေ က ကိုယ်တိုင်လုပ်ကြည့်မှ ရနိုင်တဲ့အတွေ့အကြုံတွေဖြစ်ပါတယ်။

ဒီ webinar မှာတော့ ကျမရဲ့ TPS နဲ့ပတ်သက်တဲ့အတွေ့အကြုံအကုန်ကို ထဲထဲဝင်ဝင်မျှဝေပေးသွားမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူများအနေနဲ့လည်း designer တစ်ယောက်ရဲ့ lens ကနေ ဘာတွေတွေးလေ့ရှိလည်း ဝင်ရောက်လေ့လာနိုင်သလို၊ မကျွမ်းကျင်သေးသောသူများအနေနဲ့လည်း idea သို့မဟုတ် သင်ယူစရာ တစ်ခုခုရရှိနိုင်ဖို့ ဒီ Free Webinar လေး စီစဉ်ပေးဖြစ်ပါတယ်။

စိတ်ဝင်စားသူတို့အနေနဲ့ join လို့ရပါတယ်။ အချင်းချင်း idea တွေ share လို့ရအောင်လည်း QnA session တွေထည့်သွင်းပေးသွားမှာပါ။

See you ပါရှင်။

Once Again,
Register here:
https://theproductiveschedule.design/events/tps-story

06/08/2026

Senior တော်တော်များများဆီက ကြားဖူးတယ်၊ Design Systems တွေကြောင့် creativity တွေညံ့လာတယ်၊ creative solution တွေကို သတ်ပစ်တယ်၊ ဘာမှကိုလုပ်ခွင့်မရှိတော့ဘူးဆိုပြီး။

တကယ်တမ်းသတ်နေတာက Design Systems မဟုတ်ဘဲ Systems ကို ကြောက်တဲ့စိတ်ရယ်၊ ဖန်တီးမှုအတွက် နေရာမပေးထားတဲ့ system ကြောင့်ပဲ ဖြစ်ပါတယ်။

အောင်မြင်ပြီး နာမည်ကြီးနေတဲ့ organization တွေရဲ့ ဘယ် system ကမှ 100% လုံးဝ ဝဿုံ design systems ထဲက components တွေကိုချည်း မသုံးကြပါဘူး။
💠 60 - 80% လောက်ကသာ systems ထဲကနေဖြစ်ပြီး၊
💠 10 - 20% လောက်က system component ကို manipulate လုပ်ထားတာမျိုးဖြစ်ပြီး၊
💠 5 - 10% လောက်က တစ်ခါသုံး one-off component တွေဖြစ်နေတတ်ကြပါတယ်။

အဓိက system က ဘယ်အပိုင်းအတွက်အဓိက အားကိုးရတာလဲဆို 60-80% အတွက်ပါပဲ။

Pareto principle အရပြောရမယ်ဆိုရင် system ကြောင့် ကိုယ့်ရဲ့ အချိန် 20% လောက်ကို Product ရဲ့ 80% အတွက် လွယ်ကူလျင်မြန်စွာ အသုံးချနိုင်ပြီး ကျန်တဲ့အချိန် 80% ကို creativity အတွက် အသုံးချနိုင်ပါတယ်။

နောက်ထပ် အမှားတစ်ခုက component အသစ်တွေကို ဖန်တီးခဲ့ပေမယ့် ဘယ်တော့မှ system ထဲကို ထည့်ဖို့ လမ်းကြောင်းမရှိတာပါပဲ။ ယနေ့ခေတ်ရဲ့ ပြဿနာကလည်း ဒီဟာက အဓိကပါပါတယ်။ AI နဲ့ component တွေဆောက်တယ်၊ ဘယ်တော့ ဒီ component အသစ်တွေကို systemize လုပ်ရမလဲဆိုတဲ့ workflow မရှိကြပါဘူး။

Flow တစ်ခုအတွက် သင် သီးသန့် တည်ဆောက်ခဲ့တဲ့ Bespoke Card လေးက တကယ် အသုံးတည့်တယ်လို့ သက်သေပြနိုင်ရင်၊ အဲဒီ Card ဟာ System ထဲကို ပြန်လည် ဝင်ရောက်နိုင်မယ့် လမ်းကြောင်းတစ်ခု ရရှိသင့်ပါတယ်။ ဒါမှာ နောက်လူတွေ၊ နောက် project တွေမှာ အချိန်မကုန်ပဲ ပြန်လည် အသုံးပြုနိုင်မှာပါ။

System တစ်ခုကို သက်ဝင်လှုပ်ရှားနေစေတာကတော့ Loop ပဲ ဖြစ်ပါတယ်။ 20% သော ဖန်တီးမှုအသစ်တွေအတွက် 80% ထဲ ဝင်ရောက်လာအောင် ထည့်သွင်းပေးဖို့လည်း မမေ့ကြပါနဲ့။

အခုလာမယ့် Sprint အတန်းမှာဆိုရင် senior တို့အတွက် ဒီ loop တွေကို agentic system သုံးပြီး ကျမနဲ့ အတူတူ ဖန်တီး၊ ဖြေရှင်းကြရမှာဖြစ်ပါတယ်။

Agentic Experience လိုချင်သူတိုင်းအတွက် ခေါင်းချင်းဆိုင် အတွေ့အကြုံ ဖလှယ်လို့လည်းရမယ့် အခွင့်အရေးမို့ registration ဖွင့်ထားတုန်း လာ join လို့ရပါပြီရှင်။

But first, eligibility check လေးရှိပါမယ်ရှင်။ Only eligible participant can join this intensive, consecutive sprint run for Agentic Design Systems.

Check your eligibility now:
https://theproductiveschedule.design/courses/sprint

Agentic Design Systems: Foundation အတွက် Google Classroom Invite လေးတွေ registered email ဆီ ပို့ထားပြီးပါပြီ။ Link ကိုနှ...
04/08/2026

Agentic Design Systems: Foundation အတွက် Google Classroom Invite လေးတွေ registered email ဆီ ပို့ထားပြီးပါပြီ။ Link ကိုနှိပ်ပြီး classroom ထဲကို ဝင်လာခဲ့ပေးပါဦးရှင်။ Communication ရယ် course material တွေနဲ့ ပတ်သက်တာတွေအကုန် classroom မှာပဲ update ပေးမှာမိုလို့ပါရှင်။

Mail မရခဲ့ရင် spam ထဲအရင် check ပြီး လုံးဝ မရခဲ့ဘူးဆို page messenger လေးမှာ လာပြောပေးပါရှင်။

Figma Edu Plan လေးက လျှောက်ထားပြီးပြီဖြစ်လို့ မကြာခင် mail ရောက်လာပါလိမ့်မယ်။
Claude Plan က ကြိုမဝယ်ထားသေးလည်းရပါသေးတယ်။ ပထမ နှစ်ပတ်က အခြေခံအကျဆုံး concept တွေကို စာတွေ့လေ့လာဦးမှာမိုလို့ပါ။

See you this week ပါရှင် ⛅️

Address

Mandalay
Mandalay
05011

Alerts

Be the first to know and let us send you an email when The Productive Schedule posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Productive Schedule:

Shortcuts

Share