10/07/2026
ဖုန်းကို တစ်ညလုံး အားသွင်းအိပ်တတ်တဲ့ အလေ့အကျင့်က ဘာတွေထိခိုက်စေလဲ?
ညအိပ်ရာဝင်ခါနီး ဖုန်းအားသွင်းထားတတ်ဟာ လူတိုင်း လုပ်လေ့ရှိတဲ့ အလေ့အထတစ်ခုပါ။ ခေတ်ပေါ်စမတ်ဖုန်းတွေမှာ အားပြည့်ရင် လျှပ်စစ်စီးဆင်းမှုကို အလိုအလျောက်ဖြတ်တောက်ပေးတဲ့ စနစ် ပါဝင်တယ်ဆိုပေမဲ့ တစ်ညလုံး အားသွင်းကြိုးတန်းလန်းနဲ့ ထားတာက ရေရှည်မှာ Battery Health ကျစေပါတယ်။
ဒါတွေက ဖုန်းကို ဘယ်လိုထိခိုက်စေလဲဆိုတာကို iPool ကနေ သတိပြုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
📍ဖုန်းအား ၁၀၀% ပြည့်သွားတဲ့အခါ အားသွင်းစနစ်က ခဏရပ်သွားပါတယ်။ ဒါပေမဲ့ ဖုန်းက background processတွေဆက်လက်လုပ်ဆောင်နေတာကြောင့် ၉၉% ကို ပြန်ကျသွားတဲ့အခါ အားသွင်းကြိုးကနေ ၁၀၀% ပြည့်အောင် ပြန်သွင်းပါတယ်။ ဒီလိုမျိုး ၉၉% နဲ့ ၁၀၀% ကြား တစ်ညလုံး အပြန်အလှန် အားလိုက်သွင်းနေတဲ့အတွက်ကြောင့် ဘက်ထရီကို အမြဲတမ်း Stress ဖြစ်စေပြီး Battery Health ကို ကျဆင်းစေပါတယ်။
📍ဘက်ထရီတွေဟာ အားသွင်းနေစဉ်အတွင်း အပူဓာတ် ထွက်ရှိပါတယ်။ ဖုန်းကို တစ်ညလုံး အားသွင်းကြိုးတပ်ထားတဲ့အခါ ဖုန်းအပူချိန်က ပုံမှန်ထက် ကြာရှည်စွာ မြင့်တက်နေတတ်ပါတယ်။ အထူးသဖြင့် ဖုန်းကာဗာ တပ်လျက်သား အားသွင်းထားမိရင် အပူမထွက်နိုင်တော့ဘဲ ဘက်ထရီကို ပိုပြီး ပျက်စီးလွယ်စေပါတယ်။
📍Lithium-ion ဘက်ထရီတွေဟာ အား ၃၀% ကနေ ၈၀% ကြားမှာ ရှိနေတာက အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။ ဖုန်းအားကို ၁၀၀% မှာ နာရီပေါင်းများစွာ ဆက်တိုက် ထိန်းထားခိုင်းခြင်းက ဘက်ထရီအတွင်းပိုင်း structure ကို ထိခိုက်စေပါတယ်။
ဖုန်းဘက်ထရီ သက်တမ်းရှည်ချင်ရင်တော့
✅️ Optimized Battery Charging စနစ်ကို ဖွင့်ထားပါ။ iPhone ရော Android မှာပါ ဒီစနစ်ပါဝင်ပါတယ်။ ဒါကို ဖွင့်ထားရင် ဖုန်းက သင့်ရဲ့ အိပ်စက်တဲ့ အလေ့အကျင့်ကို မှတ်သားထားပြီး ညဘက်မှာ အားကို ၈၀% အထိပဲ အရင်သွင်းပေးထားမှာပါ။ သင်နိုးခါနီးမှ ၁၀၀% ပြည့်အောင် သွင်းပေးမှာ ဖြစ်ပါတယ်။
✅️ ညအိပ်ရာမဝင်ခင် သုံးရင်းနဲ့ အားသွင်းထားပြီး ၈၀%၊ ၉၀% ရောက်ရင် ဖြုတ်ပြီးမှ အိပ်စက်တဲ့ အလေ့အကျင့် လုပ်ပေးပါ။
✅️ အားသွင်းတဲ့အခါ ဖုန်းပူမလာစေဖို့ ဖုန်းကာဗာကို ခဏချွတ်ထားပေးတာ ဒါမှမဟုတ် လေဝင်လေထွက်ကောင်းတဲ့ စားပွဲခုံပေါ်မှာ တင်ပြီး အားသွင်းပေးပါ။
ဖုန်းရဲ့ Battery Health ကျဆင်းသွားလို့ အားမခံတော့တာပဲဖြစ်ဖြစ်၊ ဘက်ထရီ မကောင်းတော့လို့ အသစ်လဲချင်တာပဲဖြစ်ဖြစ် Premium Quality ဘက်ထရီအစစ်အမှန်တွေကို အာမခံချက်အပြည့်နဲ့ လဲလှယ်ပေးနေတဲ့ iPool Mobile Service Center ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
iPool Mobile Service Center
ဖုန်း - 09 94 200 1444
လိပ်စာ - ၆၅ လမ်း၊ ၁၁၉ နဲ့ ၁၂၀ ကြား၊ မန္တလေးမြို့