𝙺𝚎𝚅𝚒

𝙺𝚎𝚅𝚒 လူတစ်ယောက်ကိုတော့ ရင့်ကျက်စွာချစ်ပါ။

''ချစ်ရင်တော့ စောင့်ကြတာပါပဲ1 နှစ်ဖြစ်ဖြစ် 10 နှစ်ဖြစ်ဖြစ်ပေါ့ချစ်ခြင်းမှာ Expire date မှ ကပ်မထားဘဲမေတ္တာမှန်ရင် အဓွန့်ရ...
31/05/2024

''ချစ်ရင်တော့ စောင့်ကြတာပါပဲ
1 နှစ်ဖြစ်ဖြစ် 10 နှစ်ဖြစ်ဖြစ်ပေါ့
ချစ်ခြင်းမှာ Expire date မှ ကပ်မထားဘဲ
မေတ္တာမှန်ရင် အဓွန့်ရှည်တည်တံ့ပါတယ်''

''အနေနီးမှ ချစ်ကြမယ်ဆိုတာ
အဲဒါအချစ် မဟုတ်ပါဘူး..
အထိအတွေ့မှာ သာယာနေရုံသက်သက်ပါ..
တကယ်တော့ အချစ်ဆိုတာ..
အနေနီးနီး မနီးနီး သစ္စာတရားကို
တန်ဖိုးထားပြီး ချစ်နေဖို့ပါ။

ယာကုပ်က ရာခလေကို ချစ်မိလို့ ၇ နှစ်အစေခံဖို့ကို ''နည်းသောနေ့ရက်'' ထင်မှတ်နိုင်ခဲ့တာပါ..
၇ နှစ်လည်းစေ့ရော သူအလိမ်ခံရတယ်..
ဒါမယ့် သူဇွဲမလျှော့ခဲ့ဘူး..

ရာခေလအတွက် နောက်ထပ် ၇နှစ်
ထပ်ပြီး အစေခံခဲ့တယ်..
တကယ်ချစ်တဲ့သူကတော့ မိန်းကလေးက ဖြစ်ဖြစ်
ယောကျာ်းလေးကဖြစ်ဖြစ် တကယ် စောင့်နိုင်ပါလိမ့်မယ်။

ဖောက်ပြန်နေကြတဲ့ ခေတ်ကြီးမှာ ကိုယ့်ကို
သစ္စာရှိရှိ ချစ်ပေးတဲ့သူရှိခဲ့ရင်လည်း
လက်မလွှတ်မိပါစေနဲ့....
တကယ်လို့ သစ္စာမရှိတဲ့တစ်စုံတစ်ယောက်နဲ့
တွေ့ခဲ့ရင်လည်း စွန့်လွှတ်ဖို့ ဝန်မလေးပါနဲ့။

တစ်ယောက်တည်းနေရတာကြိုက်သူတွေကို Autophile လို့ခေါ်ပါတယ် ။စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်ရှိရင် ကိုယ့်အခန်းလေးထဲ ငြိမ်းချမ်းန...
28/05/2024

တစ်ယောက်တည်းနေရတာကြိုက်သူတွေကို
Autophile လို့ခေါ်ပါတယ် ။

စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်ရှိရင်
ကိုယ့်အခန်းလေးထဲ ငြိမ်းချမ်းနေတာမျိုး ။

သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ပေးတတ်ပေမယ့် သီချင်းလေးနားထောင်ရင်း လွတ်လွတ်လပ်လပ် စက်ဘီးစီးနေရတာ ပိုကြိုက်ကြတယ် ။

အပြင်လူတွေဘက်ကကြည့်ရင်
သူ အထီးကျန်နေလား ။
သူတစ်ယောက်တည်းမလား ။
ပြောကြ၊တွေးကြပေမယ့် Autophile တွေက တကယ်ပျော်တတ်သူတွေပါ ။

အပြင်ထွက်ရတာမကြိုက်တာမဟုတ်ပဲ
လူရှုပ်တာသဘောမကျတာပါ ။

တစ်ယောက်တည်းဆို
ပန်းဆိုင်လေးတွေသွားမယ်..
စာအုပ်ဟောင်းတန်းတွေထဲ မွှေမယ်..

စားချင်တဲ့မုန့်တွေ ဝယ်မယ်..

ပြခန်းတွေထဲ ကော်ဖီတစ်ခွက်နဲ့
ငေးရင် ငေးနေမယ်..
ကောင်းကင်ပြာကို ရင်ဖွင့်ချင်
ရင်ဖွင့်နေကြတာ ။

ကိုယ်တိုင်ဖန်တီးရတဲ့ပျော်ရွှင်မှုမလို့
ဘယ်သူမှလုယူမှာ မကြောက်ရဘူးပေါ့

စကားလေးတစ်ခွန်းရှိတယ်..

I am alone but not lonely.
တစ်ယောက်တည်းပါ ဒါပေမယ့် အထီးမကျန်ပါဘူး ။

23/05/2024

ဒီစကြာဝဠာထဲ..
ထာဝရပေါင်းဖက်ရနိုင်တဲ့
ကံကြမ္မာမျိုး
ဘယ်အရပ်မှာ ရနိုင်သလဲ။
ဆွဲထားရင်တောင်
လွတ်ကျသွားနိုင်တဲ့ အထိ
ဝေးကြရမှာမှန်း
မပြောရင်တောင် သိနေရတော့
ငါတို့စိတ်ကို ကြိုပြင်ထားဖို့ကလွှဲအပ မရှိ။
မင်းနဲ့ဝေးရတာဟာ
ကံကြမ္မာကြောင့်လို့လည်း
မပြောချင်ပါဘူး။
သို့သော်...ငါတို့ နှစ်ယောက်လုံး
ချစ်နေကြပါလျက်
ဘာလို့ ဝေးကြရမှာလဲ...
ဘာလို့များ ဝေးကြရတာလဲ...။

#နော်ယာ

လွမ်းစိတ်တမ်းတလွမ်းဆွတ်ခြင်းတွေမှာဆေးခါးတွေပါခဲ့တယ် ထင်ပါတယ်လေဒါဟာလည်း ကိုယ့်အတွက်အားဆေးပေါ့...မင်းဖြတ်တောက်ထားတဲ့အဲဒီနေ...
23/05/2024

လွမ်းစိတ်

တမ်းတလွမ်းဆွတ်ခြင်းတွေမှာ
ဆေးခါးတွေပါခဲ့တယ် ထင်ပါတယ်လေ
ဒါဟာလည်း ကိုယ့်အတွက်
အားဆေးပေါ့...

မင်းဖြတ်တောက်ထားတဲ့
အဲဒီနေ့ရက်တွေမှာပေါ့
ကိုယ်လေ ခါတိုင်းနေ့တွေထက်
လိုတာထက်ပိုပြီး အသက်ရူကြပ်တယ် သိရဲ့လား...

နှလုံးသည်းပွတ်လေးဟာ မင်းမို့
ချစ်တယ်လို့ အကြိမ်ကြိမ်ပြောမပြချင်တော့ဘူးကွယ်

ပြောလိုက်ရင် တန်ဖိုးတွေကျတတ်တာ
သဘာဝပဲမို့
ပြောစရာတွေများလာတဲ့အခါ
တိတ်ဆိတ်သွားတတ်တယ်

ကိုယ်လေ ပြောစရာတွေ
အများကြီးရှိတယ်
ပြောခွင့်ရခဲ့မယ် ဆိုရင်တောင်
မပြောပြချင်တော့ဘူး ချစ်သောရေ

လိုတာထပ် ပိုပင်ပန်းတယ်
အရာရာဟာ ကိုယ်ဖြစ်ချင်သလိုမှ မဖြစ်ပဲလေ
ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းကို
ပြောပြဖို့ ပန်းပေးပါတယ်

ခေါင်းပဲကျကျ ပန်းပဲကျကျ
ကိုယ်က မျက်ရည်ကျတဲ့ကောင်ပါကွယ်

ချစ်တယ် လို့ပြောပြီး
ပစ်ထားတာဟာ
ရေထဲက ငါးကိုကုန်းပေါ်တင်ပြီး
အသက်ရူဝလားလို့ မေးသလိုပါပဲကွယ်

ချစ်သောရေ
သတိရရင် ဖုန်းဆက်ပါ
တကယ်ချစ်ရင် ဂရုစိုက်ပါ
လွမ်းတယ်ဆိုရင် ပိုတိုးလို့ချစ်ပါ

နေတတ်တယ် ဆိုရင်
အခုတိုင်းလေးပဲ ထားလိုက်ပါ...

#ခန့်ထည်

မေတ္တာစစ် မေတ္တာမှန်နဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ သည်ဘက်ခေတ်မှာရှားသွားပြီ...ယောက်ဖရငါစိုက်လိုက်တဲ့ ပန်းတွေကသူတစ်ပါ...
23/05/2024

မေတ္တာစစ် မေတ္တာမှန်နဲ့
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ
သည်ဘက်ခေတ်မှာရှားသွားပြီ...ယောက်ဖရ

ငါစိုက်လိုက်တဲ့ ပန်းတွေက
သူတစ်ပါးရင်ခွင်မှာ အပွင့်တွေဝေဆာနေတဲ့
ငါရဲ့ရင်နင့်သည်းခြာလေးလေ

တကယ်တော့ ယောက်ဖရေ
အဲဒီမိန်းမလေးမမြင်အောင် ငါ့ရင်ထဲက
ချစ်ခြင်းမေတ္တာတွေကို နတ်ဖွက်သွားခဲ့တာကွ

သူမ မမြင်တဲ့ငါ့ရဲ့ စစ်မှန်တဲ့မေတ္တာတရားတွေက
ငါကိုယ်တိုင်မှားချည်ခဲ့မိတဲ့ သံယောဇဥ်ကြိုးတွေပေါ့လေ
သူမအတွက်မလိုအပ်မှန်း ငါသိပါတယ်
ငါကိုယ်တိုင်ကိုက တစ်ဖတ်သက်ပေးချင်နေခဲ့မိတာ
သူမအတွက်အနှောက်အယှက်တွေဖြစ်ကောင်းဖြစ်နေမှာပေါ့

သူမ အရယ်အပြုံးတွေမမြင်တွေ့ရတာကြာလာတော့
ငါ့အတွက် ပြဿဒါးနေရက်တွေပေါ့ကွာ
သူမအပြုံးတွေက ငါ့အတွက် ရက်ရာဇာ ယောက်ဖရေ

ငါထင်ပါတယ်
ငါ့ပို့တဲ့စာလွှာတွေကို သူမတွေ့တိုင်း
သူမ အတွက် ပြဿဒါးနေ့ရက်တွေလို့ ငါထင်ပါတယ်
အားနာမိပါတယ်ပဲ ပြောနိုင်ခဲ့တယ်
ငါမပို့ပဲမနေနိုင်သေးဘူး ယောက်ဖရေ

သူမ ဆီကဘာမှမရခဲ့ပါဘူး
ဘာဆို ဘာမှ မရရှိခဲ့ပါဘူး အေးလေ
သူမအတွက် ငါ့အချစ်တွေက ဘာတန်ဖိုးမှမရှိခဲ့တာပါပဲ

လာရာလမ်းအတိုင်း ပြန်ခဲ့ရုံပေါ့
ငါလိုက်လေ သူကပြေးလေပဲ ယောက်ဖ

ငါထပ်မလိုက်နိုင်တော့ဘူး ငါမောလှပြီ
ငါပင်ပန်းလှပြီ စိတ်ကိုစိတ်နဲ့သတ်ပစ်နေတဲ့
နေ့ရက်တွေကိုပဲ အပြေးလိုက်နေမိတာကွ

သူမကသိပ်အပြေးသန်တယ် ယောက်ဖရ
တော်ပြီငါဆက်မလိုက်ချင်တော့ဘူး
သူမ ကတော့ငါနဲ့ဝေးရာ ပြေးနေဦးမှာပဲ...

အိမ်မက်ကို အိပ်မက်ထဲ ထည့်မက်နေမိရင်း
ငါ့အိမ်မက်လေးက တစ်ခြားသူရဲ့
အိမ်မက်တွေထဲသွားလို့ မက်နေတဲ့ ငါ့အိမ်မက်တွေပေါ့ကွာ

ယောက်ဖရေ

ငါမလိုချင်တဲ့ သူမဆီက ဥပေက္ခာပြတ်လုံးတွေကိုပဲ
ငါက စိတ်ပါလက်ပါ ရယ်ပေးနေရတယ်

အဲဒီပြတ်လုံးတွေနဲ့ ရယ်မောရင်း
ဘယ်လောက်လျှောက်လျှောက် မပေါက်တဲ့ခရီးကို
ငါနှင်ခဲ့မိတာ...

ငါအခုတလော ဒဏ်ရာကိုဆားရည်စိမ်ထားတယ်
နာကျင်မှုတွေ အချဥ်ပေါက်လာရင်း
စျေးပေါပေါပေးမိတဲ့ ငါ့အချစ်တွေက
သူမအတွက် ဘာတန်ဖိုးမှ မရှိခဲ့ဘူး....

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပေးနေတာတောင်
ဘာတုန့်ပြန်မှုမှမရရှိခဲ့ဖူးဘူး..

မေတ္တာတရားတွေရောင်ပြန်မဟတ်တဲ့အခါ
သံသရာဟာလည်ပတ်နေပါတယ် ပြောတာတောင်
ငါမယုံချင်တော့သလိုဖြစ်လာတယ် ယောက်ဖ

ခြေကုန်လက်ပန်းကျနေပြီမို့
ခပ်ဝေးဝေးကငေး ခပ်ဆွေးဆွေးလေးချစ်ပြရင်း

သူမအတွက်အပိုဖြစ်နေတဲ့
ငါ့ရဲ့သတိရခြင်းတွေဟာလည်း
ငါ့ကိုယ်ငါအတွက်တော့
ငရဲပါပဲ...။

#ခန့်ထည်
နာကျင်ခြင်းအနုပညာ

အချစ်မှာအသွားအပြန်ရှိပါတယ်ဥပမာ...ကျွန်တော်ပဲသွားပြီး ကျွန်တော်ပဲပြန်လာရတာမျိုးပေါ့ဒါလည်းအချစ်ပါပဲ...။ #ခန့်ထည်
21/05/2024

အချစ်မှာအသွားအပြန်ရှိပါတယ်

ဥပမာ...ကျွန်တော်ပဲသွားပြီး ကျွန်တော်ပဲပြန်လာရတာမျိုးပေါ့

ဒါလည်းအချစ်ပါပဲ...။

#ခန့်ထည်

ငေးကြည့်ယုံမှအပ ဘာမှမတက်နိုင်တော့ဘူးအခြားသူကို သူမရွေးချယ်သွားတော့လဲကိုယ့်ဘက်ကဘာတက်နိုင်ပါ့မလဲ...လက်လွတ်ရတာပေါ့ဗျာ။  ‎
20/05/2024

ငေးကြည့်ယုံမှအပ ဘာမှမတက်နိုင်တော့ဘူး
အခြားသူကို သူမရွေးချယ်သွားတော့လဲ
ကိုယ့်ဘက်ကဘာတက်နိုင်ပါ့မလဲ...
လက်လွတ်ရတာပေါ့ဗျာ။
‎

ဆွဲထားရတဲ့ လက်တစ်စုံထက်လွဲသွားခဲ့ရတဲ့ လက်တစ်စုံကပိုအဓိပ္ပါယ်ရှိတယ်...မင်းသိလား ယောက်ဖငါတို့က မုန်းတယ်မပြောပဲဝေးသွားကြတာက...
20/05/2024

ဆွဲထားရတဲ့ လက်တစ်စုံထက်

လွဲသွားခဲ့ရတဲ့ လက်တစ်စုံက

ပိုအဓိပ္ပါယ်ရှိတယ်...

မင်းသိလား ယောက်ဖ

ငါတို့က မုန်းတယ်မပြောပဲ

ဝေးသွားကြတာကွ။

လူတစ်ယောက်အတွက်နဲ့လူအများအပြားကို လျစ်လျူရှုခဲ့ရတယ်ဒါမယ့်...အဲ့လူတစ်ယောက်ကပဲကိုယ့်ကိုပြန်လျစ်လျူရှုသွားတဲ့အခိုက်အတန့်က အ...
20/05/2024

လူတစ်ယောက်အတွက်နဲ့
လူအများအပြားကို လျစ်လျူရှုခဲ့ရတယ်
ဒါမယ့်...အဲ့လူတစ်ယောက်ကပဲကိုယ့်ကိုပြန်လျစ်လျူရှုသွားတဲ့အခိုက်အတန့်က အနာကြည်းရဆုံးသောအခိုက်အတန့်ပေါ့...။

ဘဝမှာ ဆုံးရှုံးလိုက်ရလို့ရတဲ့နောင်တထက်ဆုံးရှုံးအောင်လုပ်လိုက်မိလို့ရတဲ့ နောင်တကပိုနာကျင်ရတယ်။
19/05/2024

ဘဝမှာ ဆုံးရှုံးလိုက်ရလို့ရတဲ့နောင်တထက်

ဆုံးရှုံးအောင်လုပ်လိုက်မိလို့ရတဲ့ နောင်တကပိုနာကျင်ရတယ်။

ဝေးသွားရင်လဲ ဘယ်လမ်းမှာမှမဆုံချင်တော့သလို ဘယ်အကွေ့မှာမှမကြုံချင်တော့ဘူး။ ‎
19/05/2024

ဝေးသွားရင်လဲ ဘယ်လမ်းမှာမှမဆုံချင်တော့သလို
ဘယ်အကွေ့မှာမှမကြုံချင်တော့ဘူး။ ‎

မဖြစ်နိုင်မှန်းသိလို့ လက်လွှတ်လိုက်တာပါချစ်တာမှ ရင်ထဲနစ်နေရောပိုင်ဆိုင်ပီးသားအရာကို ပြန်ငေးကြည့်ရတာဘယ်လောက်နာကျင်ရလဲ သိလ...
18/05/2024

မဖြစ်နိုင်မှန်းသိလို့ လက်လွှတ်လိုက်တာပါ

ချစ်တာမှ ရင်ထဲနစ်နေရော

ပိုင်ဆိုင်ပီးသားအရာကို ပြန်ငေးကြည့်ရတာ

ဘယ်လောက်နာကျင်ရလဲ သိလား....။

Address

Mandalay

Telephone

+959967060824

Website

Alerts

Be the first to know and let us send you an email when 𝙺𝚎𝚅𝚒 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙺𝚎𝚅𝚒:

Share