MGN Fighter

MGN Fighter To know my township news.

22/09/2024

လားရှိုးမြိူ့ကို စစ်ကောင်စီ ဗုံးထပ်ကြဲခြင်းမှာငြိမ်း
ချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရန်ဆောင်ရွက်နေသူများ၏ကြိုးပမ်းမှုအလဟဿ ဖြစ်စေမည်ဟု MNDAA သတိပေး

ဟန်နွေ/People's Spring

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်းကိုးကန့်တပ်မ
တော်(MNDAA)ကထုတ်ပြန်သတိပေးလိုကက်သည်။

စစ်ကောင်စီသည် စက်တင်ဘာ ၂၁ ရက်ညပိုင်းတွင် MNDAA သိမ်းထားသည့် လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဩဂုတ် ၃ရက်တွင် လားရှိုးမြို့အား MNDAA သိမ်းပိုက်ပြီးနောက် မြို့ကိုလေးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုလည်းဖြစ်သည်။

စက်တင်ဘာ ၂၁ရက်ည လေကြောင်း တိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ အမှတ်( ၃) အခြေခံပညာ အထက်တန်းကျောင်း၏ မျက်နှာ
ချင်းဆိုင်ဘက်ရှိ လူနေ အဆောက်အအုံတစ်ခု
ပေါ် ကျရောက်သည်။ အခြားဗုံးတစ်လုံးမှာ ရပ်ကွက် (၁) ၏ ယခင် စည်ပင်သာယာဌာနရှေ့ လမ်းမပေါ်သို့ကျရောက်ခဲ့သည်ဟုသိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှုများရှိပြီး ပြည်သူ တစ်ဦး အနည်းငယ် ဒဏ်ရာ
ရခဲ့သည်ဟု MNDAA ကအသိပေးသည်။

ကယ်ဆယ်ရေး တာဝန်ရှိသူများနှင့် စစ်သားများက ဒဏ်ရာရသူကိုတွေ့ရှိပြီးနောက် ဆေးရုံသို့ ချက်
ချင်းပို့ဆောင်ခဲ့ကြောင်း၊ ကံကောင်းထောက်မစွာ
ဒဏ်ရာက မပြင်းထန်ခဲ့၍ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်းလည်းအသိ​ပေးထားသည်။

ယခုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုသည် လားရှိုးတိုက်ပွဲများ ငြိမ်သက်ပြီးနောက် မင်းအောင်လှိုင်၏ စတုတ္ထကြိမ်မြောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီး အဆိုပါပစ်မှတ်များသည် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက်များကိုပါပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သောအပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်မှာ သေချာကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

MNDAA ၏ စက်တင်ဘာ ၄ရက် ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ အနေဖြင့် တနေ့တခြား ပိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် မေတ္တာရပ်ခံထားပြီး MNDAA အနေဖြင့်လည်းချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်ကြွစွာပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းမည်ဟု ဖော်ပြထား
သည်။ ထိုအပြင် ​တောင်ကြီး နှင့် ပြင်ဦးလွင်ရှိ စစ်​ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်​သော်လည်း မိမိကိုယ့်ကို ခုခံကာကွယ်ခွင့်ကို ကိုင်စွဲသွားမည်ဟု လည်း​ကြေညာထားသည်။


Fighter

22/09/2024

ဒီ​နေ့​ ​ခြေ​ဆေး ရွာ စကစ က တိုက်ပွဲဖြစ်ပွားမှု့မရှိဘဲ ​လေယာဥ်ဖြင့်ဗုံကျဲ တိုက်ခိုက်ခဲ့ပါတယ် ပြည်သူ​တွေ ​သေဆုံးမှု့နှင့်ထိခိုက်ဓါဏ်ရာရမှု့​တွေရှိသလို နွား​တွေလဲ အများအပြား​သေဆုံးခဲ့ပါတယ် စကစ ရဲ့ မိုက်ရိုင်းယုတ်မာမှု့ဟာ ​ပြောစရာစကားမရှိ​လောက်​အောင်ဖြစ်​နေပါပီ
#ဖက်စစ်စစ်တပ်အမြစ်ဖြတ်
#သမာ​ဒေဝနတ်​တွေလိင်တူဆက်ဆံတဲ့​နေ

01/09/2024

ဒီနေ့မနက်ပိုင်း မြို့သာဖက်မှာ PDF နဲ့ စကစ တိုက်ပွဲ အကြီးကျယ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ် စကစ က လေကြောင်းပါ ပါလာရတယ်

31/08/2024

📫 ယနေ့ကြေးနန်း 📬
⏰ ၃၁-၈-၂၀၂၄.....................................
သတင်းပိတ်-7:30 pm
တင်-7:30 pm ......................................

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်ပိုင်းတွင် နေထိုင်ပြီး လာအိုနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် "ဝ" အမျိုးသားအနေဖြင့် နေရပ်ဆီ အမြန်ဆုံးပြန်လာပြီး စက်တင်ဘာ ၇ ရက်နောက်ဆုံးထား၍ သက်ဆိုင်ရာလုံခြုံရေးဌာနများ၌ စာရင်းပေးသွင်း ကြရန် UWSA၊ တောင်ပိုင်း စစ်ဒေသ (၁၇၁) က သတင်းထုတ်ပြန်

မိုးကုတ်မြို့မှ စစ်ကောင်စီချိပ်ပိတ်ထားသည့် နေအိမ်များအား ပိုင်ရှင်များထံ PDF ပြန်အပ်

🛑 မြင်းခြံခရိုင်
**************
♦မနေ့ နံနက်က ထနောင်းပင်လဲကျေးရွာ ကို လေကြောင်းဖြင့် ဗုံးသီးတစ်လုံးချ၊ အမျိုးသမီးတစ်ဦးသေဆုံး၊ နွား ၂ ကောင်သေ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ပျက်စီးတယ်လို့သိရ

🛑 NUCC
*********
♦TNLA အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာ ပေးပို့မှု မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက် စော်ကားမှုအဖြစ် NUCC က ပြင်းထန်စွာရှုတ်ချ

🎯 တိုက်ပွဲ၊ EAOs & PDF
**********************
♦စစ်တွေမြို့အနီး AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ Non CDM ဝန်ထမ်းများနှင့် ပြည်သူ များကို ထွက်ခွင့်မပေးဘဲ စစ်တပ်က ပိတ်ဆို့ထား
♦မနေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ အကြမ်းဖက်တပ်စွဲထားသော နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၁၃ လက်ရရှိခဲ့
♦နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာတွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ကျဲချနေ
♦ယနေ့မနက် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးတွင် အကြမ်းဖက် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲ၊ ၄ ဦးသေ
♦မနေ့က မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ကျဲချပေးသော ရိက္ခာထုပ်များကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ
♦မနေ့က ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆားချောင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး၊ ဒရုန်း ၁ စီးကိုပစ်ချနိုင်ခဲ့
♦စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၊ နယူးဒေး ဆီဆိုင်အနီးမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ ညနေက ပစ်ခတ်တိုက်ခိုက်ခဲ့

🤡 ဖွတ်ကောင်စီ
*************
😎အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက်အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
😎စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကေတုမတီနန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ ယတြာချေ
😎စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်

👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******************************
◾တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီးရှိ မီးလုပ်ကိုင်နေ သူ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရာဘာဂိုဒေါင်တစ်လုံးအပါအဝင် လူနေအိမ်များ၊ မီးသွေးဖို အဆောင်များကို စစ်တပ်က မီးရှို့ဖျက်ဆီးသွား
◾လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ထိခိုက်ပျက်စီး
◾စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
◾၂၇ ရက်နေ့က ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာမှ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို စစ်သားများက မုဒိမ်းကျင့်ခဲ့

🔳ဖမ်းဆီးအကြမ်းဖက်
******************
◾ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဖမ်းဆီးတရားစွဲခံထားရတဲ့ ဗျိုင်းဖြူကျေးရွာသား ၁၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်
◾ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ငါးခြောက်ထွက်ဝယ်တဲ့ ရခိုင်စစ်ဘေးရှောင်သားအဖ ၂ ယောက်ကို သြဂုတ် ၂၃ ရက်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီး ထား

🚨ပေါ်တာ
*********
◾ရန်ကုန်နှင့် အုတ်တွင်းမြို့နယ်တို့တွင် စစ်တပ်က ဆိုင်ကယ်များကို စစ်ဆေးပြီး လူငယ်များကို ဖမ်းဆီး၊ ဆိုင်ကယ်များကိုလည်း စစ်သားများက သိမ်းဆည်း
◾မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ကံလှရပ်ကွက်၊ အောင်ချမ်းအေးရပ်ကွက်နှင့် ရပ်ကွက်အချို့တွင် လူငယ်များကို နေရာအတိအကျဖြင့် အကြမ်းဖက် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ
◾ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ကျေးရွာတစ်အုပ်စုလျှင် လူအယောက် ၇၀ စာရင်းတောင်းယူနေ

💀 သာရေး
***********
♦ သြဂုတ် ၃၀ ရက်နေ့ ထုတ်ပြန်ချက်များအရ အနည်းဆုံး စစ်ခွေးဝဲစား ၃၅ ဦးသေ

🐶 ဖမ်းမိ
*********
♦ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းမှ ဈေးဝယ်ရန် ထွက်လာသည့် ရဲတပ်သား ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းဆီးရမိ

Ⓜ အလင်းဝင်
************
♦ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အခြေစိုက် ခလရ ၂၆၈ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်

📜 ထုတ်ပြန်
**********
♦ချောက်မြို့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများသွားလာပတ်သက်ခြင်းမပြုရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ သတိပေး

🌐 နိုင်ငံတကာ
************
♦ရှမ်းမြောက်ပဋိပက္ခလျှော့ချရန် အမြဲလုပ်ဆောင်နေကြောင်း တရုတ်သံရုံးပြော

🔊 စစ်ဘေးရှောင်
**************
♦ရခိုင်ပြည်က စစ်ရှောင်ကလေးများအတွက် ဖွင့်လှစ်ထားသည့်ကျောင်းတွင် သင်ထောက်ကူပစ္စည်းများလိုအပ်နေ
♦ရန်ကုန်ရောက် ချင်း နဲ့ မြို စစ်ဘေးရှောင်တွေ အလုပ်အကိုင်ရှားပါးတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရ
♦စစ်ကောင်စီက ဆေးနဲ့ ဆေးဝါးတင်သွင်းခွင့် တင်းကျပ်ထားတာကြောင့် တစ်နိုင်ငံလုံး ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်မှာလည်း အခြေခံဆေးဝါးတွေရရှိဖို့ ခက်ခဲနေ

⭕ လူမှုစီးပွား
************
♦အထွေထွေကုန်စည်ဈေးနှုန်းများအဆမတန်မြင့်တက်နေချိန်တွင် စစ်ကောင်စီက လျှပ်စစ်မီတာခကို တိုးကောက်သဖြင့် ပြည်သူများအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်
♦ရန်ကုန်နှင့်မန္တလေးတို့တွင် ဆီတန်းစီနေရပြန်၊ မြို့အချို့က ဆီဆိုင်များ ပိတ်ထားရ

🔲 အထွေထွေ
*************
♦စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD က ကြေညာလိုက်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ရန် တောင်းဆို
♦တော်လှန်ရေးတပ်ထိန်းချုပ်နယ်တွင် တော်လှန်ရေးရဲဘော်သတ်ခံရခြင်း အမှုမှန်ပေါ်ရေး တောင်းဆို
♦လားရှိုးတွင် ကျန်းမာရေးဌာနကို CDM ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ လည်ပတ်တော့မည်၊ CDM ဝန်ထမ်းများအားလုံး လုပ်ငန်းခွင် ဝင်လိုလျှင် စာရင်းပေးနိုင်ဟု MNDAA က ဖိတ်ခေါ်
♦အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင် မြန်မာစစ်အုပ်စုကို ဖယ်ရှားပြီး NUG ကို တက်ခွင့်ပေးရန် အရပ်ဘက်အဖွဲ့ ၁၂၂ ခုက တောင်းဆို
♦ကရင်နီပြည်ရဲဌာနက ၃ နှစ်အတွင်း အမှုပေါင်း ၅၀၀ ကျော်ကို အရေးယူ
♦တရုတ်-မြန်မာနယ်စပ်က ကားတွေ ဝင်ထွက်သွားလာတဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ်မှာ ယာယီဝင်ထွက်သွားလာခွင့် ကတ်ပြားကို အာဏာပိုင်တွေက တင်းကြပ်စစ်ဆေးလာတာကြောင့် ကားသမားတွေ အခက်တွေ့နေရ
♦ပြည်ပရောက် လူငယ်များ၏ အချက်အလက်ကို စစ်ကောင်စီ ကောက်ခံနေ
♦စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူမှာ လူတစ်သောင်းကျော် ရေဘေးသင့်
♦မိတ္ထီလာဖောင်တော်ဦးဘုရားအတွက် လောင်းလှေပွဲ ပြုလုပ်ဖို့ စစ်ကောင်စီ စီစဉ်နေ
♦ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ပါတီလုပ်ငန်းများ ပြန်လုပ်မည်

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၅၅၈၈ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၇၂၈၇ ဦး ရှိဟု ယမန်နေ့ သြဂုတ် ၃၀ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

🌍 ကမ္ဘာ့ သတင်း
****************
🔹F-16 တိုက်လေယာဉ် ပျက်ကျပြီးနောက် ယူကရိန်းလေတပ်အကြီးအကဲကို ရာထူးဖြုတ်
🔹ဖိလစ်ပိုင်က တာလတ်ဒုံးကျည်တွေနဲ့ ဂျက်တိုက်လေယာဉ် အစင်း ၄၀ ဝယ်ယူဖို့ စီစဉ်

တယ်လီဂရမ်ချန်နယ်တွင် နေ့စဥ် အရေးကြီး သတင်းများကို ဝင်ရောက်ကြည့်ရှူပါ။
Telegram Link:
https://t.me/theMgnPublicMovement

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

31/08/2024
31/08/2024

▪︎​ဆောင်းပါး

သတိ
အ​သေခံတပ်သားစု​ဆောင်း​နေသည်

​​-​​ကျော်စွာ၊ဇေ​အောင်/People's Spring

နွေဦးတော်လှန်ရေး ၃ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝှမ်း စစ်ပွဲများဆက်တိုက်ရှုံးနိမ့်နေသော စစ်ကောင်စီက ၎င်းတို့ကိုကာကွယ်ရန် စစ်မှုမထမ်းမ​နေရ ဥပဒေကို အသက်သွင်း၍ အ​သေခံစစ်သားများစု​ဆောင်း​​ခဲ့သည်။ သို့​သော် ရှုံးပွဲများပိုများ
ပိုကြီးလာသဖြင့် မလုံ​လောက်​တော့၍ ယခုအခါ ရပ်ကွက်၊ မြို့ရွာများအတွင်း ပေါ်ပေါ်ထင်ထင်
ဝင်ရောက်ကာ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာ​နေသည်။

ပေါ်တာဆွဲဖမ်းဆီးမှုများကို ယခုသြဂုတ်လအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန် နှင့် ဧရာဝတီ စသည့်တိုင်းဒေသကြီးများ၌ အဓိကဖမ်းဆီး​ခေါ်​ဆောင်နေသည်ကို လူထုနွေဦးက စု​ဆောင်းရရှိထားသော အချက်အလက်များအရ သိရသည်။ အများစုကိုစစ်သားလိုအပ်ချက်အ ဖမ်းဆီး၍ ​ရှေ့တန်းပို့ရန်ဖြစ်ပြီး ၊အချို့ကို ပြန်​ပေးဆွဲသကဲ့သို့ မိသားစုများထံ​ငွေ​တောင်း၍ပြန်လွှတ်​ပေး​ကြောင်းစုံစမ်းသိရသည်။

▪︎မန္တလေးတိုင်း

မန္တလေးတွင် သြဂုတ်လလယ်ပိုင်းမှစတင်၍ မြို့ပေါ်နှင့် မြို့သစ်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များရှိ နေအိမ်များ၊ ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်
ငန်းခွင်များကိုပါဝင်ရောက်၍ လူငယ်များအား အဓမ္မဖမ်းဆီးနေကြောင်း မြို့ခံများက ပြောသည်။

"နယ်ကနေ အလုပ်လာလုပ်တဲ့ ပန်းရံတွေကအစဖမ်းနေတာ။ ဧည့်စာရင်းတိုင်ထားရဲ့သားနဲ့ကို ဆိုက်ထဲအထိလာဖမ်းသွားတာ။"ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ညဘက်ထွက်သည့်လူငယ်များကိုလည်း စစ်တပ်က ဖမ်းဆီးနေသည်ဟု မြို့ခံများက ပြောသည်။

မန္တလေးတင်မကဘဲ မန္တလေးအနီးတဝိုက်ရှိ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်မြို့များတွင်လည်း စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးနေသည်။

သြဂုတ်လလယ်ပိုင်းကပင် တံတားဦးမြို့အဝင်တွင် မာမားစက်ရုံမှအလုပ်သမားများ၊အခြားပန်းရံလက်သမားနေ့စားအလုပ်သမားများ စုစုပေါင်းတစ်ရာကျော်ကို စစ်တပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားသည်။

"တံတားဦးက လူငယ်တွေတော်တော်များများလည်း ရှောင်နေကြတော့ ရရာလူဆွဲနေတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရန်များကမူ PDFများဖမ်းဆီးထား​သောစက်ရုံလုပ်သားများကိုကယ်တင်ခဲ့ခြင်းဟု သတင်းအမှားဖြန့်ချီခဲ့ကြသည်။

သို့​​သော်လည်း စစ်တပ်အမာခံ​ထောက်ခံသူ မဘသ ဆရာ​တော်​ပေါက်ကိုယ်​တော်ကမူ တံတားဦးတွင် လူငယ်များ ​ပေါ်တာဆွဲခံရခြင်းကိုအတည်ပြုပြီး ၊ ၎င်းသိ​သူ ၄၀ ခန့်ပင်ပါဝင်​ကြောင်း​ပြောကြားထားသည်။

အလားတူ နေပြည်တော်၊ ပျဥ်းမနားမြို့နယ်ရှိ စားသောက်ဆိုင်များကို စစ်မှုထမ်းရန် ဝန် ထမ်းစာရင်းတောင်းယူနေသကဲ့သို့ ဆိုင်အချို့မှ ဝန်
ထမ်းများကို အတင်းအဓမ္မဝင်ရောက် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ရှိနေသည်။

▪︎စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း မြို့ပေါ်နှင့် မြို့ဝန်းကျင်ရွာများတွင်ပါ စစ်တပ်က အိမ်စီးကားများဖြင့် လူငယ်များအား လိုက်လံဖမ်းဆီးနေပြီး အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

"တောင်နယ်က ထန်းလေးပင်နဲ့အခြားရွာတွေကိုလဲ ပတ်ဖမ်းနေတာ အယောက်၅၀ကျော်ပါတယ်လို့လဲ ကြားနေရတယ်။"ဟု မုံရွာဒေသခံတစ်ဦးက ပြော
သည်။

စစ်ကိုင်းမြို့ပေါ်တွင်လည်း စစ်တပ်က နေ့ခင်း
ကြောင်တောင် လိုက်လံဖမ်းဆီးနေ၍ လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း နယ်ခံများက ပြောသည်။

"အဖမ်းခံရတဲ့လူငယ်တွေကိုတပ်မ( ၃၃) ထဲအကုန်ပို့တယ်။ တချို့ဆိုကိုယ့်သားလေးပျောက်သွားလို့ဆိုပြီး လိုက်ရှာနေတဲ့သူတွေလည်းရှိတယ်။"ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့တွင်လည်း စစ်ကောင်စီတပ်​က မြို့ပေါ်နေ အမျိုးသားများအားအကြောင်း
မဲ့ဝင်ရောက်ဖမ်းဆီးနေကြောင်း ကျွန်းလှ -ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောသည်။

ကန့်ဘလူမြို့ပေါ်တွင်မူ စစ်သင်တန်းတက်ရန် အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြား မဲနှိုက်နေရပြီး လူတစ်ရာခေါ်ယူမည်ဟုသိရကြောင်း အထက်ပါအဖွဲ့က ပြောသည်။

▪︎မကွေးတိုင်း

မကွေးတိုင်း၊ ရေစကြိုမြို့တွင်လည်း ပေကုန်းရွာနှင့် တမာတန်းမှ လူငယ် ၁ဝ ဦးထက်မ နည်း ဖမ်းဆီးခံရကြောင်း၊ အမှတ် ၆၊ အောင်ချမ်းသာရပ်နှင့် ပြည်သာယာရပ်မှ လူငယ်၂၀ ခန့်ကို ပျူ စောထီးသင်တန်းပေးရန် စီစဉ်နေကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီက ပြော
သည်။

မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲနေပြီး တောင်တွင်းကြီးတပ်သို့ပို့ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ပြည်သူ့စစ်သင်တန်း အပတ်စဥ် ၅ အား မကြာခင်စတင်မည်ဖြစ်ပြီး ထိုသင်တန်းအတွက် ရရာလူဆွဲခေါ်နေခြင်းဖြစ်
ကြောင်း ​ဒေသခံအချို့က​ပြောသည်။သို့​သော် ​ယခုအကြိမ် ပေါ်​တာဆွဲခံရ​သော လူငယ်များကို ​​ရှေ့တန်းသို့ပို့​ အမြန်ပို့ခြင်းများလည်းရှိ​ကြောင်းသိရသည်။

▪︎ပဲခူးတိုင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်က တပ်ထဲဝင်ရန်ပေါ်တာဆွဲဖမ်းဆီးလျှက်ရှိရာ ဖမ်းဆီးခံရသူ ၃၀၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ပေါ်တာဆွဲဖမ်းဆီးမှုများတွင် မင်းလှမြို့နယ်တွင် ၈၀ ဦးကျော်၊ အုတ်ဖိုမြို့နယ်တွင် ၈၀ ဦးခန့်၊ လက်ပံတန်းမြို့နယ် ၄၀ ဦးခန့်၊ ဇီးကုန် ၂၀ ဦးကျော်နှင့် နတ္တလင်း ၂၅ ဦးခန့် အသီး သီးဖမ်းဆီးခံထားရပြီး မိုးညိုနှင့် သာယာဝတီမြို့နယ်များတွင်လည်း ပေါ်တာဆွဲမှုများဖြစ်ပေါ်နေသော်လည်း ဦးရေအတိအကျ မသိရသေးပေ။

အထက်ပါ ပေါ်တာဆွဲဖမ်းဆီးမှုများအနက် သြဂုတ်လ ၂၂ ရက်နေ့က မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက် ပေါ်တာဆွဲရာတွင် ကျောင်းသူနှစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ​ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြော သည်။

"သူတို့ရွာထဲကို စကစတွေက ကားနဲ့လာပြီး ပေါ်တာဝင်ဆွဲတာကို ကောင်မလေးတွေက အစ်ကိုတို့ရေ ဒီမှာပေါ်တာဆွဲနေပြီဆိုပြီး လှမ်းသတိပေးတာ။ အဲလိုသတိပေးနေချိန်မှာ နောက်ဘက်ကနေ ခြေကျင်ပတ်ဝင်လာတဲ့အဖွဲ့နဲ့တိုးပြီး သတိပေးတဲ့ကျောင်းသူနှစ်ဦးကိုပါ ဖမ်းသွားတာဗျ"ဟု ၎င်းက ဆက်ပြော သည်။

အလားတူ ဇီးကုန်းနှင့် အုတ်ဖိုမြို့နယ်များအတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူများတွင် စစ် တပ်
ထောက်ခံသူများနှင့် ကြံ့ခိုင်ရေးပါတီဝင်အချို့ပါ ပါဝင်နေပြီး ပေါ်တာဆွဲခံရမည်စိုး၍ တိမ်းရှောင်နေသူများလည်းရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

"အုတ်ဖိုက စစ်တပ်ထောက်ခံတဲ့ စစ်မှုထမ်း ဟောင်းရဲ့သား ပေါ်တာဆွဲခံရတာ။ သူ့သားကိုပြန်လွတ်ပေးစေချင်ရင် ထွေအုပ်မှာ ကင်းစောင့်ရမယ်ဆိုလို့ စစ်တပ်ဗိုလ်ကပြောလို့သွားစောင့်ပေးတာတောင် ပြန်မလွတ်ပေးလို့ သူ့အဖေပေါက်ကွဲနေတယ်"ဟု ဒေသခံတစ်ဦးကရှင်းပြသည်။

ပေါ်တာဆွဲခံလိုက်ရသည့်လူငယ်မှာ ကိုစီဖိုးဆိုသူဖြစ်ပြီး အုတ်ဖိုမြို့နယ်၊ ဥတိုရွာမှဖြစ်ကာ စစ်မှုထမ်းဟောင်း ဦးချိုတူးဆိုသူ၏သားဖြစ်ကြောင်း၊ ၎င်းမှာ တာလမ်းဘေး၌ မြစ်ရိတ်နေစဥ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရကြောင်း အထက်ပါဒေသခံက ဆက်ပြော သည်။

ပြည်ခရိုင်တွင်လည်း စစ်တပ်မှ ပေါ်တာဆွဲဖမ်းဆီးလျှက်ရှိရာ ဩဂုတ်လ ၂၂ ရက်နေ့ကပြည်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကို အပါအဝင် ကျောင်းသားတချို့ကို တပ်သား သစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သေးသည်။

ပဲခူးတိုင်း၊မင်းလှမြို့တွင်သြဂုတ် ၂၉ ရက် ညပိုင်း၌ မင်းလှမြို့နယ်ရွှေဇံပြည့် ကျေးရွာနေ ညီအကို နှစ်ဦးလမ်းလျှောက်ပြန်လာစဥ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ညီဖြစ်သူကို ကျပ်သိန်း ၆၀ ဖြင့်ရွေးခဲ့ရပြီး အကိုဖြစ်သူကို ကျပ်သိန်း ၇၀ ဖြင့် ခေါ်ယူခဲ့ရ​ကြောင်း ​ဒေသခံအချို့ကသည်။

အလားတူ ပဲခူးတိုင်းအ​ရှေ့ခြမ်းရှိ ဖြူးနှင့် ဝေါမြို့
နယ်အပါအဝင် မြို့နယ်အချို့တွင်လည်း တပ်
သားသစ်အဖြစ်အသုံးပြုရန် ပြည်သူများအား ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေပြီး လူဦးရေအတိအကျ မသိရသေးပေ။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း

ရန်ကုန်တိုင်းတွင်လည်း စစ်ကောင်စီတပ်က နည်းလမ်းမျိုးစုံသုံး၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများပြုလုပ်နေသည်ကို စုံစမ်းသိရသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေသည့် မြို့ နယ်များတွင် မြောက်ဥက္ကလာ၊ အလုံနှင့် အင်းစိန်မြို့နယ်များပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အိမ်စီးကားများနှင့် ရပ်ကွက်များအတွင်းလှည့်လည်ကာ အလျဥ်းသင့်သလို ဖမ်းဆီးခေါ်ဆောင်နေခြင်း ဖြစ် သည်။

ထို့အတူ ရန်ကုန်တိုင်းနှင့် တဆက်တည်းဖြစ်သော ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်းမြို့နယ်တွင်လည်း ပြည်သူအချို့ ပေါ်တာဆွဲဖမ်းဆီးခံရမှုရှိနေပြီး အရေအတွက်အတိ အကျအား စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီက လူငယ်များ ၊လူလတ်ပိုင်းများကိုအဓမ္မ​ခေါ်​ဆောင်​နေခြင်းနှင့် ပက်သက်၍ CDM ဗိုလ်ကြီး လင်းထက်​အောင် က "စစ်တပ်က အင်အားက ပြောရမယ်ဆို သောင်းနဲ့ချီပြီးတော့ လိုအပ်နေတာဖြစ်တယ်။ အခုလောလောဆယ် သူတို့ရဲ့ စကစတွေ ပျက်စီးသွားတာတွေရှိတယ်။ စခအလိုက်ပျက်စီးသွားတာတွေရှိတယ်။တပ်မတပ်ရင်းအလိုက်ပျက်စီးသွားတာတွေရှိတယ်။ သူတို့တွေ လိုအပ်နေတဲ့အင်အား သောင်းဂဏန်းအလိုက်ကိုဖြစ်နေတာ။ ဒါကြောင့်မို့လို့ သူတို့ရဲ့လက်တလောလိုအပ်နေတဲ့အင်အားကို ပြည်သူဆီကနေပြီးတော့ ပြန်ယူတယ်။ ယူပြီးတော့ သူတို့ရဲ့စစ်ရေးကို plan ချိန်းမလားဆိုပြီး ကြံစည်တာပေါ့။ ဒါပေမယ့်ဒီကိစ္စကြီးကတော့ လွယ်လွယ်ကူကူနဲ့ဖြစ်မှာမဟုတ်ပါဘူး"ဟု မှတ်ချက်ပြုသည်။

သို့​သော် ပြည်သူများအနေဖြင့် စစ်တပ်၏ လက်ထဲရောက်သွားပါက စစ်တပ်၏အကြပ်ကိုင်မှု​ကြောင့် စစ်တပ်အလိုကျလုပ်ရမည်ဖြစ်ကာ ၊ယခုအခါ​ရှေ့တန်း ပို့ခံရဖို့များကြောင်းလည်း၎င်းက​ပြောသည်။

"သေမယ့်လမ်းကို ရွေးရတဲ့ပုံစံအတိုင်း ဖြစ်သွားပါလိမ့်မယ်။ အဲလိုလူတွေကို စစ်ပညာသေချာမသင်ကြားဘဲနဲ့ လက်နက်တွေကိုင်ခိုင်းတဲ့အခါမှာ တကယ်တမ်းစစ်မြေပြင်များရောက်သွားတဲ့အခါကျရင် ပြည်သူတွေအနေနဲ့ ရွေးချယ်စရာ အတော်ပဲ နည်းပါသွားပါလိမ့်မယ်" ဟု​နွေဦး​တော်လှန်​ရေးအ​စောပိုင်းကတည်းက ပြည်သူနှင့်ပူး​ပေါင်းခဲ့​သော CDM ဗိုလ်ကြီးက​ပြောသည်။

"ကျွန်တော်ကတော့ အခုအချိန်မှာ အကြံပြုချင်တာက သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးနေတဲ့အဖွဲ့တွေလည်း တဖြည်းဖြည်းများလာပါပြီ။ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ရှောင်တိမ်းလိုသူတွေ၊တခြားဥစ္စာတွေအတွက်။ တော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်ပြီးတော့ ဒီစစ်အုပ်စုရဲ့ အကြမ်းဖက်သစ်ဥပဒေအောက်ကနေပြီးတော့ လွတ်မြောက်အောင်လုပ်ပါ"ဟုကိုလင်းထက်​အောင်က​လည်းအကြံပြုသည်။

Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကလည်း ​ပေါ်တာဆွဲမှု ၊စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် အဓမ္မစစ်သားသစ်​ခေါ်မှု ၊ယခု​နောက်ဆုံးလုံခြုံ​ရေး အဖွဲ့အမည်ဖြင့် အ​သေခံမည်သူများကို စစ်​ကောင်စီက ​​စု​ဆောင်း​နေမှုနှင့်ပက်သက်၍ လူငယ်များကို ​အောက်ပါအတိုင်းအကြံပြုသည်။

"အဓိကကတော့ ရှင်းပါတယ်။ ကြားနေခြင်းသုံးမလား။ နိုင်ငံခြားထွက်ပြီး လုပ်ငန်းအလုပ်လုပ်မလား။ ဒါမှမဟုတ်စစ်ကောင်စီပေါ်တာဆွဲတာခံရမှာပဲလေ။ နောက်ဆုံးနည်းလမ်းကတော့ရှင်းပါတယ်။ ကိုယ်တွေမကြိုက်တဲ့အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးသမားတွေဘက်ကို ပူးပေါင်းမလား။ဒီနည်းလမ်းရှိပါတယ်။ ကျွန်တော်တို့ MBT တပ်ဖွဲ့အနေနဲ့ကတော့ အခုလိုပူးပေါင်းမယ်ဆိုရင်ကြိုဆိုတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။"

​တော်လှန်​ရေးအဖွဲ့များအ​နေဖြင့်လည်း ​စစ်တပ်က ပြည်သူများကို ​ပေါ်တာဆွဲ ၊အဓမ္မလူစု​ဆောင်း​နေခြင်းအ​ပေါ် အာရုံစိုက် ကိုင်တွယ်​စေလို​ကြောင်း CDMဗိုလ်ကြီး ကိုလင်းထက်​အောင်ကအကြံပြုသည်။

"ပြည်သူ့လုံခြုံရေးအဖွဲ့ဘာညာဆိုတာလည်း ပြောရမယ်ဆိုရင် ဒါ အရှေ့ကနေ အသေခံခိုင်းတဲ့ပုံစံပါ။ သူတို့ရဲ့အခုလောလောဆယ် မြို့ပေါ်တွေမှာ နေတဲ့ သူတို့ရဲ့ဌာနချုပ်ကြီးတွေကို အလစ်အငိုက်ဝင်ရောက်မတိုက်ခိုက်ခံရသေးတော့ ဒီလိုမျိုးကိစ္စတွေမှာ ပြည်သူတွေကို ရှေ့​ကနေပြီးတော့ကာခိုင်းတဲ့သဘောတရားတွေပါပဲ။ တော်လှန်ရေးအင်အား
စုတွေဘက်ကလည်း ဒီဥပဒေကနေပြီး စစ်တပ်အနေနဲ့ အင်အားတစ်ခုမရသွားစေရေးအတွက် အာရုံစိုက်ပြီးတော့လုပ်ဆောင်ချက်တွေ အများကြီးလိုနေပါသေးတယ်လို့ပြောချင်ပါတယ်"။ ။

(ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ​မှော်ဘုံရွာမှ အမျိုးသား ၅၀ ကိုစစ်တပ်က ၂၀၂၃ ဧပြီ ၂၅ ရက်တွင်ဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ထိုပြည်သူများကို စစ်သားဝတ်စုံဝတ်​စေ​၍ လူသားဒိုင်းအဖြစ် စစ်တပ်ကအသုံးချခဲ့သည်။ဓါတ်ပုံ- CJ )

30/08/2024

ရွှေဘိုနယ်မှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက် လူစုနေတဲ့ ပျူရွာတွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

ကိုသူ/MFP၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်း၊ရွှေဘိုနယ်မှာ ပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ အဓမ္မ လူသစ်စုဆောင်းနေတဲ့ ပျူစောထီး ရွာတွေကို ဒရုန်းဗုံးသီးချပြီး သုံးရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုနယ်တော်လှန်ရေးအင်အားစုဖြစ်တဲ့ Shwebo Crocodile (ဗိုလ်မိကျောင်း)ကပြောပါတယ်။

စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေဟာ ဇီးကုန်းလေး၊ သီးလုံး ၊ ပန်းရံ စတဲ့ ကျေးရွာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့လူသစ်စုဆောင်းနေချိန် ဩဂုတ်လ (၂၇)ရက် ကနေ ဩဂုတ်လ (၂၉)ရက် ထိ သုံးရက် ဆက် ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တာလို့ Shwebo Crocodile ဗိုလ်မိကျောင်းက ပြောပါတယ်။

"သုံးရက်ဆက်တိုက် နေ့ရော၊ ညရော ဆက်တိုက်ချတာပေါ့။ ဇီးကုန်းလေးကျေးရွာက စစ်မှုထမ်းဖို့အတွက် စစ် ကောင်စီရဲ့အလိုကျ ပျူစောထီးတွေက ကျေးရွာအတွင်းရှိတဲ့ ပြည်သူတွေကို စစ်မှုထမ်းဖို့ အစည်းအဝေးခေါ်တာ ပေါ့နော်။ မဖြစ်မနေ အသက်(၁၈)နှစ်ကနေ (၆၀)အထိပေါ့နော်။ အဲ့ဒီခေါ်ယူတယ်ဆိုတာ သတင်းရရှိလို့ အစည်း အ ဝေးကို ပြည်သူတွေအတွက် အစည်းအဝေး မဖြစ်မြောက်ရေးအတွက် ဒီပျူတွေရှိတဲ့ အထိုင်ကာကင်းတွေကို ဒရုန်း နဲ့ တိုက်ခိုက်တာဗျ" လို့ Shwebo Crocodile ဗိုလ်
မိကျောင်းက ဆိုပါတယ်။

အခုလို သုံးရက်ကြာ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် သီးလုံးပျူစောထီးကျေးရွာက ပျူစောထီး တင်လင်းရဲ့ ဇနီးမစန်းယု ၊ ညီမဖြစ်သူ မမာလာနဲ့ ကိုနေဖြိုးဝေ တို့သုံးဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုနိုင်ပြီး ဇီးကုန်း လေးနဲ့ပန်းရံ ကျေးရွာတွေရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ Shwebo Croco dile (ဗိုလ်
မိကျောင်း)ကပြောပါတယ်။

"သေဆုံးသတင်းကတော့မရသေးဘူး။ သီးလုံးပျူရွာကတော့ ပျူစောထီးလက်နက်ကိုင်တင်လင်းရဲ့အမျိုးသမီးပေါ့။ အကြမ်း ဖက်အားပေးပဲလေ။ စန်းယုရယ်၊ မာလာရယ်၊ သုံးယောက်ပေါ့ ။ သုံးယောက်ထိခိုက်တယ်။ ပန်းရံနဲ့ဇီးကုန်း လေးကတော့သတင်းထောက်လို့မရသေးဘူး" လို့ သူက ဆိုပါတယ်။

လက်ရှိ ရွှေဘို မြို့နယ်အတွင်းမှာ ဇီးကုန်းလေး၊ သီးလုံး၊ ပန်းရံအပါအဝင် ပျူစောထီး ကျေးရွာ (၁၀)ကျော်ခန့် ရှိပြီး စစ်အုပ်စုတပ်တွေက ကျေးရွာအတွင်း လော်ပစီကာနဲ့အော်ကာ လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

စစ်အုပ်စုက အခုလို လူသစ်စုဆောင်းနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေ သခံတွေက ဆိုပါတယ်။

အဓမ္မ လူသစ်စုဆောင်းနေတဲ့ ပျူစောထီးကျေးရွာသုံးရွာကို ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေ ဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊စွန်ရဲရွှေဘို ဒေသခံအဖွဲ့၊ ဒေါင်းစစ်သည်အဖွဲ့ ၊ Zay Yar Thwae ၊ HG FIGHTRS ၊ ရွှေဘိုအားမာန် အဖွဲ့၊ Shwebo Federal Army ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ YAUNG NI အဖွဲ့ EYE FOR EYE၊ Bo Ba Taw၊ မြင်းဖြူရှင်အဖွဲ့ ၊ မဟာမိတ်ဖြစ်တဲ့(ဝက်လက်) M.SAI. NAW(Drone)ဖွဲ့ ၊ ရှင်းရှင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ၊ ဗိုလ်လင်းရောင် (ဒပယ) ၊ ဇာမဏီဒေါင်း (ဒပယ) လက်တွဲညီညီ၊ ရွှေဘိုမြို့နယ်ရပ်‌ကျေး ပကဖ ၊ ရွှေ ဘိုခရိုင်တပ်ရင်း(၄)၊ ရွှေဘိုမြို့နယ်ပလဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါ တယ်။

30/08/2024
30/08/2024

မြိုင်နယ် သရက်ကန် ပျူစခန်း ရိက္ခာပြတ်လို့ အနီးရွာကို စစ်ကြောင်းထိုးပြီး ရိက္ခာခိုးယူ
ပိုက်ဆံ၊ ဆန်အိတ်နဲ့တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသွား

ကိုထူး/MFP၊ ဩဂုတ် ၃၀

မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းမှာ ရိက္ခာပြတ်နေတဲ့ သရက်ကန်ပျူ‌စောထီးစခန်းက စစ်အုပ်စုနဲ့ ပျူစောထီး တွေဟာ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူကို ဖမ်းဆီး ငွေညှစ်တာနဲ့ ရိက္ခာတွေ ခိုးယူတာ လုပ် ဆောင်နေတယ်လို့ ‌ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတလ ၂၈ ရက်ကလည်း အဆိုပါ ပျူစောထီးကျေးရွာက စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ဟာ ယင်းရွာအနီးရှိ စိုကန်ထိုက်ကျေးရွာကို စစ်ကြောင်းထိုးပြီး ကျေးရွာထဲရှိ ပြည်သူတချို့ကို ဖမ်းဆီးကာ ပိုက်ဆံ၊ ရိက္ခာ‌နဲ့ ခိုင်းနွားတွေကို ခိုးယူသွားတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုကုလား က ပြောပါတယ်။

“ပြည်သူတွေ ဖမ်းပြီး တောက်လျှောက် ပြန်လွှတ်တယ်ပြောတယ်။ ပိုက်ဆံက (ကျပ်) ၁၇ သိန်း လောက်ပါ သွား တယ်။ ဆန်က ခုနစ်လုံး (အိတ်ခုနစ်အိတ်) လောက်ပါသွားတယ်။ ငါးပိတစ်ဖာ‌နဲ့နွားက လေးကောင်ယူသွားတာကို သုံးကောင်ပြန်လွှတ်ပြီး တစ်ကောင်ယူထားလိုက်တယ် ပြောတယ်” လို့ ကိုကုလားကပြောပါတယ်။

စိုကန်တိုက်ကျေးရွာက ပြည်သူအများစုက သရက်ကန်ပျူစောထီးတွေရဲ့ ဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်လည် လဲခိုင်းတာ တွေရှိတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ကျေးရွာထဲမှာလူဦးရေ ၂၅ ‌ဦးခန့်ပဲ နေထိုင်နေကြတာရှိတယ် လို့ဆိုပါတယ်။

မကွေးတိုင်း မြိုင်နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကြောင်းနဲ့ ရိ က္ခာ လမ်းကြောင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် သောက်သုံးရေး အပါအဝင် ရိက္ခာ ပြတ်လပ်နေတာ ဖြစ်ပြီး အနီးရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်တာ ၊ ကျေးရွာထဲက ပြည်သူတွေကို ဖမ်း ဆီးပြီး ရိက္ခာနဲ့ ပြန်လဲခိုင်းတာတေွ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကြောင်းနဲ့ရိက္ခာ ဖြတ်တောက်ထားတာကြောင့် သရက်ကန်ပျူ စောထီးစခန်းရှိ ပျူစောထီးမိသားစုတွေဟာ မိသားစုတစ်စုကို သောက်သုံးရေ ငါးဂါလံ တစ်ပုံးနှုန်းနဲ့ အလှည့်ကျ သောက်သုံးနေ ကြရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်က မြိုင်နယ်ရှိ ကိုင်းတောမ နယ်မြေရဲစခန်းကို သုံးရက် ကြာ တိုက်ခိုက်သိမ်းယူခဲ့ရာမှာ အဲဒီ ရဲစခန်းက စစ်အုပ်စုရဲတွေ စခန်းကိုစွန့်ခွာပြီး သရက်ကန်ပျူစောထီးစခန်းကို ထွက် ပြေးနေထိုင်နေကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

ကိုင်းတောမ ကျေးရွာကို စစ်အုပ်စုရဲ၊ စစ်သားနဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဩဂုတ်လ ၁၆ ရက်မှာ စစ် ကြောင်းထိုးပြီး ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားကာ ဘေးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်စီးခဲ့ပါတယ်။

အဲဒီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ ၂၁ ရက်မှာ ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်အုပ်စု ၂၀ ‌ခန့်သေဆုံးပြီး သေနတ်အမျိုးအစားအစုံ ၁၉ လက်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပါတယ်။ ဩဂုတ် လ ၂၃ ရက်မှာ အထိအခိုက်အကျအဆုံးများစွာနဲ့ ‌စစ်ကြောင်းပြန်ဆုတ်သွားပြီး သရက်ကန်ပျူ စောထီး‌စ ခန်းကို ပူးပေါင်းသွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီပူးပေါင်းနေထိုင်တဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ရိက္ခာလိုအပ်ချက်များနေပြီး အခုလို အနီးကရွာတွေကို စစ် ကြောင်းထိုး ရိက္ခာခိုးယူနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

30/08/2024

မင်းကင်းနယ် ပျူရွာတွေက ထွက်ပြေးလာတဲ့ ပြည်သူတွေ စားဝတ်နေရေး အခက်ကြုံ၊

မောင်သက်/MFP၊ သြဂုတ် - ၃၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲ ပျူစောထီးတွေ ကြီးစိုးသောင်းကျန်းပြီး ပျူစခန်းဖွင့်ထားတဲ့ ကျေးရွာတွေက ထွက်ပြေး တိမ်းရှောင်လာတဲ့ ပြည်သူတွေ စားဝတ်နေရေးနဲ့ သောက်သုံးရေ အခက်တွေ့နေတယ်လို့ ကိုယ်တိုင် ကြုံနေရသူတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မင်းကင်းနယ် ကျေးရွာတွေက ဒေသခံတွေကို ပျူအဖြစ် လက်သပ်မွေးကာ လက်နက် ထုတ်ပေးထားပြီး ဒေသတွင်း လူသတ်၊ လုယက်၊ မီးရှို့စေတာ၊ ရွာခံအချင်းချင်း ပျူအဖွဲ့ထဲ မဝင်သူတွေကို လက်နက်ပြ အနိုင်ကျင့် အကြမ်းဖက်စေတာကြောင့် မင်းကင်းနယ်အတွင်း ပျူစခန်းဖွင့်ထားတဲ့ ကျေးရွာတွေက ဒေသခံတွေ ရွာမှာ ဆက်မနေရဲဘဲ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

“အိမ်ကိုစွန့်ပြီး ပြေးလာခဲ့တာ သုံးနှစ်ပြည့်ပြီ။ စစ်ကောင်စီနဲ့ ပေါင်းပြီး ရွာခံ ပျူတွေက အချင်းချင်း အနိုင်ကျင့်တယ်။ အဓိကတော့ အသက်အန္တရယ်ကို ခြိမ်းခြောက် ရန်ပြုလာတဲ့ အနေထားတွေ ရှိလာလို့ အမေတို့ ပြေးလာရတာ။ အိမ်ထောင်စု (၆၀)ကျော် ရှိတယ်။ စစ်ရှောင်စခန်းက နှစ်နေရာရှိတာ။ အမေတို့နေတဲ့ နေရာက ချောင်းဘေးဆိုတော့ ရေကြီးရင် နေရာပြောင်းရတယ်။ မိုးကြီးတဲ့နှစ်ဆို သိပ်ခက်ခဲတာ။ ကလေးတွေ ကျောင်းသွားဖို့ ခက်တယ်။ စားဝတ်နေရေး ခက်ခဲတယ်။ ကုန်းမြင့်တွေဆီ ရှိရာ ပြောင်းရတော့ သောက်ရေလည်း ခက်ခဲတယ်" လို့ မင်းကင်းနယ် ပျူရွာက ထွက်ပြေးလာတဲ့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့နယ်က စစ်ရှောင်တွေဟာ စစ်အုပ်စုနဲ့ ပျူရန်က လွတ်ဖို့ ကနီမြို့နယ်အတွင်း ခိုလှုံနထိုင်ကြရတာ ဖြစ်ပြီး စစ်ရှောင်စခန်းနေရာတွေဟာ ကနီနယ်အတွင်း ဖြစ်တယ်လို့ ကနီမြို့နယ် ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ ဒေသကို ရှောင်တိမ်းလာကြတာတော့ သုံးနှစ်ပြည့်ပြီ ပြောရမှာပဲ။ နေရာ ခဏခဏပြောင်းရတော့ သူတို့တွေလည်း မလွယ်လှဘူး။ ကျနော်တို့က ကနီနယ်လေ။ စစ်ရှောင်တွေက မင်းကင်းမြို့နယ် ကျောက်ခဲတက်ရွာက များတယ် ပြောပါတော့။ ကို့ယ့်နယ်က မဟုတ်ပေမယ့် အပြစ်မဲ့ ပြည်သူတွေဆိုတော့ နိင်သလောက် ကူညီရင်း နေရာစီစဥ် ပေးရတယ်။ အလှူရှင်ရှိရင်လည်း သူတို့ကို ဝေငှ ပေးလိုက်တယ်။ လက်ရှိ အခြေနေတော့ နှစ်ရှည်လာတဲ့အခါ စားဝတ်နေရေး အခက်အခဲက စိန်ခေါ်မှုတစ်ခု ဖြစ်လာတယ်”လို့ ကနီမြို့နယ်တွင်း ရောက်ရှိလာတဲ့ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ CDM ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။

မိုးရာသီဖြစ်တဲ့အတွက် စစ်ရှောင်စခန်းက ကျောင်းသားတွေ ကျောင်းသွားလာဖို့ ခက်ပြီး တောင်ကျချောင်းရေ ကျလာရင်လည်း ကမ်းပြိုပြီးပါမှာ ကြောက်လို့ နေအိမ်လေးတွေ အမြန်ရွှေပြောင်းရတယ်လို့ ဆိုပါတယ်။

“လက်ရှိတော့ ဦးလေးတို့ နေအိမ်တွေ ရွှေ့ရတယ်။ မိုခါတုန်းက တခါ၊ အခု တခါပေါ့။ ချောင်းဘေးဆိုတော့ ရေတိုက်စားတာ မြန်တယ်။ တောင်ကျချောင်းရေ ကျလာပြီဆို ကလေးတွေ ကျောင်းသွားဖို့ မဖြစ်နိုင်တော့ဘူး။ အိမ်လေးတွေလည်း အမြန်ဖျက်၊ အမြန်ရွှေ့ရတာ။ စားဝတ်နေရေးကတော့ ကူတာလေးတွေနဲ့ စားတယ်။ မြေပဲနှုတ်၊ ကောက်စိုက်၊ ပျိုးနှုတ်၊ နေ့စား အငှားလိုက်ရတယ်။ နယ်ခံတွေက အလုပ်ပေးတဲ့အခါ အလုပ်ရှိတယ်။ မရှိတဲ့အခါ ထိုင်စားပေါ့။ မိုးတွင်းဆိုတော့ မြှစ်ချိုးပြီး အချဥ်သိပ်ထားပြီး ရိက္ခာအဖြစ် သိမ်းထားရတယ်။ အခုလို နေရာပြောင်းရတော့ သောက်သုံးရေ အခက်ခဲဖြစ်တယ်”လို့ စစ်ရှောင် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေမှာ နေထိုင်ရတဲ့ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး အခက်ခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မင်းကင်နယ် ပျူရွာတွေက ထွက်ပြေးလာကာ ကနီနယ်ထဲ ခိုလှုံနေထိုင်တဲ့ စစ်ဘေးရှောင်တွေ/Photo - မောင်သက်

30/08/2024

Address

Myingyan
Mandalay

Website

Alerts

Be the first to know and let us send you an email when MGN Fighter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share