University of Mandalay Media

University of Mandalay Media Mandalay University information will be shared.

ဂီတဆည်းဆာ အောင်စာရင်းCrd ရာပြည့်သတင်းပြန်ကြားရေး
23/09/2025

ဂီတဆည်းဆာ အောင်စာရင်း

Crd ရာပြည့်သတင်းပြန်ကြားရေး

မန္တလေးတက္ကသိုလ် ဂီတဆည်းဆာတွင် လက်ရှိကျောင်းသားများပါဝင်နိုင်ရန် လူရွေးပွဲပြုလုပ်ပေးခြင်းယနေ့ 23.9.25 တွင် မန္တလေးတက္ကသိ...
23/09/2025

မန္တလေးတက္ကသိုလ် ဂီတဆည်းဆာတွင် လက်ရှိကျောင်းသားများပါဝင်နိုင်ရန် လူရွေးပွဲပြုလုပ်ပေးခြင်း

ယနေ့ 23.9.25 တွင် မန္တလေးတက္ကသိုလ်တွင်လက်ရှိတက်ရောက်နေသော ကျောင်းသူကျောင်းသားများအတွက် အသံစစ်လူရွေးခြင်းကို ပွဲဖြစ်မြောက်ရေး ကော်မတီဝင်လူကြီးများမှ ပြုလုပ်ပေးခဲ့သော မှတ်တမ်းဓာတ်ပုံများအား တင်ပေးလိုက်ရပါသည်။

ပွဲဖြစ်မြောက်ရေးအတွက် ကူညီလုပ်ဆောင်ပေးကြသော လူကြီးများတစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိပါသည်။

#ဂီတဆည်းဆာအဆိုရှင်များကိုခေါ်ယူခြင်း
#မန္တလေးတက္ကသိုလ်သတင်းလွှာ

မန္တလေးတက္ကသိုလ်လက်ရှ်ိတက်ရောက်သူများ ဂီတဆည်းဆာတွင်ပါဝင်နိုင်ရန်အတွက် Audition  ခေါ်ယူခြင်းအသံစစ်မည့် ကျောင်းသူ ကျောင်းသ...
21/09/2025

မန္တလေးတက္ကသိုလ်လက်ရှ်ိတက်ရောက်သူများ ဂီတဆည်းဆာတွင်ပါဝင်နိုင်ရန်အတွက် Audition ခေါ်ယူခြင်း

အသံစစ်မည့် ကျောင်းသူ ကျောင်းသားများခင်ဗျာ

သီဆိုမည့် အဆိုရှင်များ
23.09.2025 မနက်ခင်း 9:00 AM တွင် အရောက်လာရောက်ရမည် ဖြစ်ပါသည်။

မှတ်ချက် ။ ။ Audition သည် ဂီတဆည်းဆာတစ်ခုတည်းအတွက်သာဖြစ်သည်။

အသံစစ်ရန် နေရာ
Taxes Studio
၂၄ လမ်း ၆၃ နှင့် ၆၄ လမ်းကြား
( ရွှေသမီးငယ် ခေါက်ဆွဲဆိုင် )

အောက်ဖော်ပြပါ ကျောင်းသူကျောင်းသားများမပျက်မကွက် အသံစစ်ကြပါရန်

#မန္တလေးတက္ကသိုလ်သတင်းလွှာ

#ဂီတဆည်းဆာအဆိုရှင်များကိုခေါ်ယူခြင်း

ရာပြည့်ပွဲတော်အတွက် လေ့ကျင့်နေကြပြီဖြစ်သော မန္တလေးတက္ကသိုလ် လှပျိုဖြူများ။အမှတ်တရဖြစ်စေရန်တင်ပေးလိုက်ရပါတယ်။Video များကိ...
09/09/2025

ရာပြည့်ပွဲတော်အတွက် လေ့ကျင့်နေကြပြီဖြစ်သော မန္တလေးတက္ကသိုလ် လှပျိုဖြူများ။

အမှတ်တရဖြစ်စေရန်တင်ပေးလိုက်ရပါတယ်။
Video များကိုတော့ ရိုးသွားမည်စိုး၍မတင်ပါ ။

#မန္တလေးတက္ကသိုလ်သတင်းလွှာ

လက်ရှိကျောင်းသားကျောင်းသူများအား မန္တလေးတက္ကသိုလ်ရာပြည့် ဂီတဆည်းဆာအတွက် ခေါ်ယူခြင်းအသံစစ်ဆေးခြင်းကို စာမေးပွဲပြီးဆုံးသည့...
08/09/2025

လက်ရှိကျောင်းသားကျောင်းသူများအား မန္တလေးတက္ကသိုလ်ရာပြည့် ဂီတဆည်းဆာအတွက် ခေါ်ယူခြင်း

အသံစစ်ဆေးခြင်းကို စာမေးပွဲပြီးဆုံးသည့်ရက် 22.9.2025 တနင်္လာနေ့တွင်ပြုလုပ်သွားမည်ဖြစ်ပါသည်။


#မန္တလေးတက္ကသိုလ်သတင်းလွှာ

 #ဂီတဆည်းဆာအဆိုရှင်များကိုခေါ်ယူခြင်း  16:30 03.09.25၁။ အဆိုရှင်သည် မန္တလေးတက္ကသိုလ် လက်ရှိ ( သို့မဟုတ်) ကျောင်းသားဟောင်...
03/09/2025

#ဂီတဆည်းဆာအဆိုရှင်များကိုခေါ်ယူခြင်း
16:30 03.09.25
၁။ အဆိုရှင်သည် မန္တလေးတက္ကသိုလ် လက်ရှိ ( သို့မဟုတ်) ကျောင်းသားဟောင်း ဖြစ်ရမည်။

၂။ ၁၈.၀၉.၂၀၂၅ နေ့တွင် အသံစစ် အောင်မြင်သူကိုသာ သီဆိုခွင့်ပြုမည်။

၃။ မိမိ သီဆိုမည့် သီချင်းကို တီးခတ်မည့် တီးဝိုင်းဖြင့် မပျက်မကွက် သီချင်းတိုက်ရမည်။ ( စင်ပေါ်တွင် Playback ဖြင့် အခြားနည်းတစ်ခုခုဖြင့် ခွင့်မပြုပါ)

၄။ ယခု တင်ပြထားသော CV form တွင် သေခြာ ပြည့်စုံစွာ ဖြည့်စွက်လျှက် သီချင်းစာသားနှင့်အတူ ( ကွန်ပြုတာစာစီဖြင့်) ( CV + စာသား အပိုတစ်စုံထည့်ပေးပါ ) 12.09.2025 17:00 နောက်ဆုံး ထား၍ အောက်ဆုံးတွင် ဖော်ပြထားသော လိပ်စာသို့ ပေးပို့ပေးပါ။ အသံစစ်သောနေ့တွင် မိမိသီဆိုမည့် အဆိုတော်၏ မူရင်းဗီဒီယို(သို့) အသံဖိုင်ကို ယူဆောင်လာရမည်။

၅။ အဆိုရှင်တစ်ဦးလျှင် တစ်ပုဒ် တစ်ကြိမ်သာ တင်ခွင့်ပြုမည် ဖြစ်ပြီး သက်ဆိုင်ရာ စီစစ်ရေးအဖွဲ့မှ ခွင့်မပြုလျှင် နောက်တစ်ကြိမ် အခွင့်အရေးမရှိပါ။

၆။ သီဆိုမည့်သူအားလုံး ၅ ရက်နေ့တွင် ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်ရမည်။ ပျက်ကွက်၍မရပါ။
ပွဲတော် ၆ ရက်နေ့တွင်သီဆိုမည့်ညနေ 4:30 နာရီတွင် ပွဲတာဝန်ခံထံ မပျက်မကွက် ရောက်ရှိကြောင်း သတင်းပို့ရမည်။

၇။ အောက်တိုဘာလ ၅ ရက်နေ့သည် ဝတ်စုံပြည့် Rehearsal နေ့ ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့သည် မိမိ သက်ဆိုင်ရာ အမျိုးသားဝတ်စုံ ဖြင့်သာ ဝတ်ဆင် သီဆိုရမည်ဖြစ်ပါသည်။

၈။ အကဖြင့် တင်ဆက်မည့်သူများ ၂၀၂၅ခုနှစ် စက်တင်ဘာလ (၁၂)ရက် နောက်ဆုံးထား၍ ကျောင်းသားဟောင်း ဦးအောင်နိုင်ထွန်း Aung Naing Tun 09944435 333 သို့စာရင်းပေးသွင်းနိုင်ပါသည်။

#ပေးပို့ရန်လိပ်စာ
KMC ကိုယ်ပိုင်အထက်တန်းကျောင်း
၄၃လမ်း၊ ၆၅ x ၆၆ လမ်းကြား
မန္တလေးမြို့။
ရုံးချိန်အတွင်းသာ
09791254766
09791254838

#သတင်းနှင့်ပြန်ကြားရေး
Wunna Zin

မူရင်းတင်သူကိုဝဏ္ဏဇင်

28/08/2025

မန္တလေးတက္ကသိုလ် --------------- ပြီးတော့ -----
မိုးရာသီ

#မန္တလေးတက္ကသိုလ်သတင်းလွှာ

#ဂီတဆည်းဆာ
#မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်ကြီး
#မန္တလေးတက္ကသိုလ်

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်တွင် ဂီတဆည်းဆာပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ မန္တလေးတက္ကသိုလ်ကျောင...
16/08/2025

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်တွင် ဂီတဆည်းဆာပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ မန္တလေးတက္ကသိုလ်ကျောင်းသားကျောင်းသူများမှ တက်ရောက်ဆွေးနွေး။

သတင်းစဉ်

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်တွင် ဂီတဆည်းဆာပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးနှင့်တကွ၊ ဆရာကြီး၊ဆရာမကြီးများ ၊ ကျောင်းသူကျောင်းသားဟောင်းများ၊ ကော်မတီဝင်များ၊ ‌လက်ရှိတက်ရောက်ဆဲကျောင်းသားကျောင်းသူများနှင့်အတူ မန္တလေးတက္ကသိုလ်URICရှိ အစည်းအဝေးခန်းမတွင် ယနေ့ ၁၆.၈.၂၀၂၅ ၌ ကျင်းပခဲ့ပါကြောင်း။
အဆိုပါအစည်းအဝေးပွဲတွင် လက်ရှိမန္တလေးတက္ကသိုလ်ကျောင်းသား၊သူများမှ
(၁)ရာပြည့်ပွဲတော်သဘင်တွင် ကျောင်းသားများပါဝင်ဆင်နွှဲနိုင်ရန် အခြေအနေများ၊
(၂) ဂီတဆည်းဆာပွဲတော်ကျင်းပရေး ဆပ်ကော်မတီများတွင် ကျောင်းသား၊သူများမှ အချိုးကျ ပါဝင်နိုင်ရန်နှင့်
(၃)ရာပြည့်သဘင်နှင့် ဂီတဆည်းဆာပွဲတော်အတွက် ဆက်လက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အခြေအနေများ နှင့်ပတ်သက်ပြီး ဆွေးနွေးအကြံပြခဲ့ပါကြောင်း။
မန္တလေးတက္ကသိုလ်ရာပြည့်သဘင်နှင့် ဂီတဆည်းဆာပွဲတော်ကျင်းပရေး အစီအစဉ်များ၊ ဖျော်ဖြေရေးအခန်းကဏ္ဍများနှင့်စပ်လျဉ်းသော infoများ ကို ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်ရန်အသေးစိတ်ပြန်လည် ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း။
(၂၆-၈-၂၀၂၅)
မန္တလေးတက္ကသိုလ်

#မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်ကြီး
#မန္တလေးတက္ကသိုလ်သတင်းလွှာ

#မန္တလေးတက္ကသိုလ်ဂီတဆည်းဆာ

အရိပ်မဲ့ အဓိပတိလမ်းပထမအဆင့် အပင်ခုတ်ပါမယ်။ (သူတို့အခေါ် ဓာတ်ကြိုး မီးကြိုးမလွတ်ကင်း၍ အမြစ်ပါမလှန်ရုံတမယ်ခုတ်ခြင်း)ဒုတိယအ...
13/08/2025

အရိပ်မဲ့ အဓိပတိလမ်း

ပထမအဆင့် အပင်ခုတ်ပါမယ်။ (သူတို့အခေါ် ဓာတ်ကြိုး မီးကြိုးမလွတ်ကင်း၍ အမြစ်ပါမလှန်ရုံတမယ်ခုတ်ခြင်း)
ဒုတိယအဆင့် အုတ်ကျိုးလေးတွေကို စက်ဝိုင်းပုံစံလေးဝိုင်းပါမယ်။
တတိယအဆင့် ဆေးရောင်လေးသုတ်ပါမယ်။
စတုတ္ထအဆင့် အဲ့အဝိုင်းလေးထဲမှာ လှတာလိုလို ချောတာလိုလို ဘာလိုလို ညာလိုလို အပင်ပုလေးတွေစိုက်ပါမယ်။ ( သူတို့အခေါ် ပန်းခြံငယ်)
ပဉ္စမအဆင့် ကျက်သရေနဲ့ပြည့်စုံတဲ့ အဓိပတိလမ်းကြီးဖြစ်သွားပါမယ်။
‌၂၀ ရာစု အပြင်အဆင်နဲ့ တကယ့်ရာပြည့်ပွဲအရသာစစ်စစ် အဓိပတိလမ်းကြီးဖြစ်သွားပါပြီ။

#မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်ကြီး
#မန္တလေးတက္ကသိုလ်သတင်းလွှာ

တရားဝင်ဖြစ်လာပြီဖြစ်သော ဂီတဆည်းဆာပွဲကြီးအား ကြိုဆိုခြင်းဂီတဆည်းဆာဟာ နှစ်ဆယ်စုများစွာကြာပြီးမှဒီနှစ်ထဲမှာ စတင်ဖြစ်ပေါ်လာရ...
08/08/2025

တရားဝင်ဖြစ်လာပြီဖြစ်သော ဂီတဆည်းဆာပွဲကြီးအား ကြိုဆိုခြင်း

ဂီတဆည်းဆာဟာ နှစ်ဆယ်စုများစွာကြာပြီးမှဒီနှစ်ထဲမှာ စတင်ဖြစ်ပေါ်လာရမယ့် ပွဲတော်ကြီးဖြစ်ပါတယ်။
ယခင်ဂီတဆည်းဆာမှာပါဝင်ချင်ကြသူများက အဆိုအကများကို ပါမောက္ခချုပ်ဆရာကြီးနဲ့ ဆရာ၊ဆရာမကြီး‌များ၊ ပညာရှင် များရှေ့မှာ အစမ်းသပ်ခံ ပြိုင်ပွဲဝင်ကြရပါသတဲ့။ ဘယ်လောက်တောင် ရင်ခုန်လိုက်ရမယ့် ဖြစ်ခြင်း။ မည်သို့ပင်ဆိုစေကာမူ
အမှတ်တရများစွာပါဝင်သွားမယ့် ဒီပွဲတော်ကြီးဖြစ်မြောက်ရေးမှာ အဆိုအကများ စာရင်းပေးထားတဲ့ လက်ရှိတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူများလည်း Audition အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်ဗျ။ အဆိုလူစာရင်းများပြီး အကလူစာရင်းဟာနည်းတဲ့အတွက် အဆိုသမားတချို့ကိုလည်း အကဘက် ပြောင်းနိုင်မလားဆိုပြီး သတင်းများလည်းထွက်နေပေမယ့် မသေချာပါ။
ဂီတဆည်းဆာဟာ ကျောင်းသားဟောင်းတွေနဲ့ဘဲပြီးသွားမလား လက်ရှိတက်ရောက်နေတဲ့ လူငယ်တွေကိုပါ လက်တွဲခေါ်ဦးမလား‌ဆိုတာလည်း စောင့်ကြည့်ရဦးမယ့်ပွဲတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

#မန္တလေးတက္ကသိုလ်သတင်းလွှာ

#ဂီတဆည်းဆာ
#မန္တလေးတက္ကသိုလ်ဂီတဆည်းဆာ
#မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်ကြီး
#မျိုးဆက်သစ်ကျောင်းသားလူငယ်များကိုင်ဆောင်သောမန္တလေးတက္ကသိုလ်သတင်းနှင့်ပြန်ကြားရေး

မန္တလေးတက္ကသိုလ်မှာရှိခဲ့ဖူးတဲ့အလှပြယာဉ်မန္တလေးတက္ကသိုလ် ၂၀၁၇/၂၀၁၈/၂၀၁၉ ကာလများမှာ မန္တလေးတက္ကသိုလ်ကို ကိုယ်စားပြုတဲ့ အလ...
18/07/2025

မန္တလေးတက္ကသိုလ်မှာရှိခဲ့ဖူးတဲ့အလှပြယာဉ်

မန္တလေးတက္ကသိုလ် ၂၀၁၇/၂၀၁၈/၂၀၁၉ ကာလများမှာ မန္တလေးတက္ကသိုလ်ကို ကိုယ်စားပြုတဲ့ အလှပြယာဉ်ကြီးပေါ်ပေါက်ခဲ့ပါတယ်။ထူးချွန်ကျောင်းသားကျောင်းသူးများရဲ့ဦးဆောင်မှုနဲ့ မြို့မိမြို့ဖများရဲ့ပံပိုးမှုကြောင့်ဘဲ ပေါ်ပေါက်လာခဲ့ပြီး အမည်ကတော့ တမာနန်းရယ်လို့ ခေါ်တွင်ခဲ့ပါတယ်။ တမာနန်းမှာအဆိုအက များပါဝင်ဖို့ RC အောက်က Dance Club မှာ အရွေးခံဝင်ပြိုင်ရပါတယ်။ ရွေးခံရပြီဆိုတာနဲ့ လေ့ကျင့်ဖို့အကုန်စည်းစည်းလုံးလုံးနဲ့ပြင်ဆင်ကြပါတယ်။ဆိုသူဆို၊ကသူက၊တီးသူတီး၊ တမာနန်းမှာ အမျိုးသားထမင်းချက်အဖွဲ့ပါရှိတာကထူးခြားချက်ပါဘဲ။ ထိုအမျိုးသားတွေကဘဲ လမ်းကြောရှင်းလည်းလုပ်ကိုင်ကြပါသေးတယ်။ မန္တလေးအထင်ကရနေရာတွေဦးတိုက်ပြီးတာနဲ့ မန္တလေးမြို့ကြီးကိုလှည့်လည်ဖျော်ဖြေရင်း ကပြအသုံးတော်ခံခဲ့တဲ့ တမာနန်း ကို မြင်တွေ့ချင်ကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ရာပြည့်အကြို အလွမ်းပြေ တင်ဆက်ပေးလိုက်ရပါတယ်။

တမာနန်းအလှပြယာဉ်အဖွဲ့ကြီး ကျန်းမာပါစေ။

တမာနန်းအလှပြယာဉ်အဖွဲ့ကြီး ကျန်းမာပါစေ။

တမာနန်းအလှပြယာဉ်အဖွဲ့ကြီး ကျန်းမာပါစေ။

#မန္တလေးတက္ကသိုလ်သတင်းလွှာ

#တမာနန်း

17/07/2025

မန္တလေးတက္ကသိုလ်ပါ‌မောက္ခချုပ်အသစ်အားကြေငြာခြင်း

ဒေါက်တာနေဝင်းဦး
ပါမောက္ခချုပ်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန မှ

ယခု
ဒေါက်တာနေဝင်းဦး
ပါမောက္ခချုပ်
မန္တလေးတက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန

မန္တလေးတက္ကသိုလ်သတင်းလွှာမိသားစုမှ ပျုငှာလိုက်လှဲစွာကြိုဆိုအပ်ပါသည်။

#မန္တလေးတက္ကသိုလ်သတင်းလွှာ

Address

Mandalay University
Mandalay
05062

Alerts

Be the first to know and let us send you an email when University of Mandalay Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share