08/10/2020
သတင်းမီဒီယာဆရာ၊ ဆရာမများခင်ဗျား- - -
“ရွေးကောက်ပွဲကာလအတွင်း သတင်းသမားများဘေးကင်းစွာဖြင့် သတင်းရယူနိုင်ရန် သတင်းသမားဘေးကင်းလုံခြုံရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပို့ချမှု သင်တန်းလျှောက်လွှာခေါ်ယူခြင်း”
ရွေးကောက်ပွဲကာလ သတင်းသမားများဘေးကင်းရေးစွာြဖင့် သတင်းရယူနိုင်ရန်အတွက် သိသင့်သိထိုက် သည့် သတင်းသမားဘေးကင်းလုံခြုံရေးဆိုင်ရာ အကြောင်းအရာများကို (အွန်လိုင်း) မှတစ်ဆင့် ဆွေးနွေး ပို့ချသွားမည်ဖြစ်ပါသည်။ ဖော်ပြပါ သင်တန်း ကို ဥရောပသမဂ္ဂ၏အကူအညီဖြင့် Myanmar Journalism Institute- MJI နှင့် IMS – Fojo တို့မှ မန္တလေးမီဒီ ယာစင်တာ (MCM) နှင့်ပူးပေါင်း၍ သင်တန်းကာလ (၂) ရက် အကြာအွန်လိုင်းမှတစ်ဆင့် ကျွမ်းကျင်သည့် သင်တန်းဆရာများမှ ဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။
သင်တန်းတွင်ပို့ချသွားမည့်ခေါင်းစဥ်များမှာ
1. Physical Safety during the election reporting
2. Mental Safety
3. Risk Management
4. How to Safely reporting under the COVID -19 Pandemic စသည်တို့ဖြစ်ပါသည်။
လက်ရှိတွင် ပုံနှိပ်၊ ရုပ်သံ၊ ရေဒီယို၊ အွန်လိုင်းနှင့်ဒီဂျစ်တယ်မီဒီယာများတွင် အလုပ်လုပ်နေသည့် သတင်း သမားများတက်ရောက်ဆွေးနွေးရန်ဖိတ်ခေါ်အပ်ပါသည်။ (ယခုသင်တန်းကို မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့မှ သတင်းသမားများ တက်ရောက်ဆွေးနွေးနိုင်ပါသည်။)
သင်တန်းလျှောက်လွှာဖြည့်သွင်းပေးပို့ခြင်းကို အောက်တိုဘာ (၁၃) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင် ပါသည်။
*သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရသူများကို အောက်တိုဘာလ (၁၅) နေ့နောက်ဆုံးထား၍ အကြောင်း ကြားသွားပါမည်။
သင်တန်းအတွင်းအသုံးပြုသည့် အင်တာနက်အသုံးပြုစရိတ်ကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
သင်တန်းသားဦးရေကန့်သတ်ချက် - ၁၃ ဦး
သင်တန်းပြုလုပ်မည့်ရက်စွဲ - ၁၇.၁၀.၂၀၂၀ မှ ၁၈.၁၀၂၀၂၀
သင်တန်းအချိန် - နံနက် ၉း၀၀ မှ နေ့လည် ၁၂း၃၀ အထိ
သင်တန်းလျောက်လွှာများ လျှောက်ထားရန်လင့်ခ်
Create a new survey on your own or with others at the same time. Choose from a variety of survey types and analyze results in Google Forms. Free from Google.