PDF news

PDF news PDF သတင်းများ နေ့စဉ်ကြည့်ရှုနိုင်ပါသည်

ဆီဆိုင်တွင် နေ့စဉ် တိုက်ပွဲဖြစ်နေပြီး စစ်တပ်နှင့်  PNO ပြည်သူ့စစ် ၂၀၀ ဦးထက် မနည်းသေဆုံး၊ စစ်တပ်က အဆိပ်ပါသည့် လက်နက်ကြီးမ...
25/01/2025

ဆီဆိုင်တွင် နေ့စဉ် တိုက်ပွဲဖြစ်နေပြီး စစ်တပ်နှင့် PNO ပြည်သူ့စစ် ၂၀၀ ဦးထက် မနည်းသေဆုံး၊ စစ်တပ်က အဆိပ်ပါသည့် လက်နက်ကြီးများဖြင့် အသုံးပြုတိုက်ခိုက်နေမှုကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး အကြမ်းဖက်စစ်သားနှင့် PNO ပြည်သူ့စစ် ၂၀၀ ဦးကျော် သေဆုံးကာ စစ်တပ်က ဓာတုအဆိပ်ပါလက်နက်ကြီးများဖြင့်ပါ အသုံးပြု တိုက်ခိုက်နေကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှစ၍ ဆီဆိုင်မြို့နယ်အရှေ့ခြမ်းသို့ အင်အား ၇၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်တပ်က သာမန်လက်နက်ကြီးကျည်များ သာမက အဆိပ်ပါဝင်သည့် လက်နက်ကြီး ကျည်များဖြင့်ပါ ပအိုဝ်းကျေးရွာအတွင်း ထဲသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၄ ရက်နေ့ စစ်ကောင်စီက ပစ်ခတ်လာသည့် လက်နက်ကြီးကျည် ၁ လုံးကို ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးတပ်မတော်က တူးဖော်ရရှိခဲ့ပြီး ထိုမပေါက်ကွဲသေးသည့် လက် နက်ကြီးကျည်မှာ အဆိပ်ကျည်ဖြစ်သည်ကို တွေ့ရှိရပြီး ၎င်းအဆိပ်ကျည်ပေါ်တွင်လည်း အဆိပ် ဟုရေးသားထားသည်ကို တွေ့ရှိရကာ အဆိပ်ထွက်ပေါက်များလည်း ပါဝင်ကြောင်း သိရှိရသည်။

“ကျနော်တို့ တူးဖော်ရရှိခဲ့တာ တစ်လုံးပဲရှိတယ်၊ သူတို့အဆိပ်သုံးလာတာက အလုံးပေါင်းများစွာရှိပါ တယ်။ ဒီတစ်လုံးက မကွဲလို့ ကျနော်တို့ ကျနော်တို့ တူးဖော်ရရှိခဲ့တာပါ၊ ကျနော်တို့ ရဲဘော်တွေ ဒီအဆိပ်ငွေ့တွေရှုမိလို့ အပြင်းအထန် ဖျားနာတာတွေ၊ အရေပြား ယားယံတာတွေစသည်ဖြင့် ခံစား ရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်၊စစ်ကောင်စီက ဒီလိုမျိုး အဆိပ်ဗုံး၊ အဆိပ်ကျည်တွေကို ပြောင် ပြောင်တင်းတင်းအသုံးပြုလာတာ ဖြစ်ပါတယ်၊ ဒါက လူသားအပေါ် ကျူးလွန်တဲ့ လူသားရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေဖြစ်ပါတယ်၊ ဒါတွေက စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က ပအိုဝ်းလူမျိုးတွေကို အဆိပ်နဲ့ သတ်ဖို့ကြိုးစားနေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုလည်းဖြစ်ပါတယ်၊ ဒီလိုမျိုးအဆိပ်ကျည်ပေါင်းများစွာ ပအိုဝ်းကျေးရွာတွေထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ ပြည်သူလူထုတွေနေထိုင်တဲ့ ဒေသ၊ ပြည်သူထုတွေနေထိုင်တဲ့ ကျေး ရွာကို မီးလောင်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်တာ ၊ အဆိပ်နဲ့ပစ်ခတ်တိုက်ခိုက်တာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ ပြည် သူ့စစ်တွေက ပြောင်ပြောင်းတင်းတင်း လူသားအပေါ် ရာဇဝတ်မှု များစွာကျူးလွန်နေတာကို နိုင်ငံ တကာအဖွဲ့အစည်းတွေ ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဒီအတိုင်း မျက်စိပိတ်၊ နားပိတ် နေနေတာကို တွေ့ရတာကလည်း အင်မတန်မှ အံဩနေရပါတယ်” ဟု PNLA သတင်းနှင့် ပြန် ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းကျည်အမျိုးအစားများအား ယခင်က အသုံးပြုသည်ကို မတွေ့ရှိဖူးပဲ ယခုတွေ့ရှိမှုသည် ပထမ ဆုံး အကြိမ်ဖြစ်ပြီး စစ်ကောင်စီသည် ကျင့်ဝတ်မဲ့စွာ စစ်ရာဇာဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ယခင်ရက်များက ပစ်ခတ်သည့် အဆိပ်ကျည်သင့်မှုကြောင့် ရဲဘော် တချို့မှာ အရေပြားယားယံခြင်း ၊ အပြင်းအထန်ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စသည်များ ခံစားခဲ့ ရကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အား ၇၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီအင်အား ၇၀၀ ကျော် အနက် ၂၀၀ ဦး ထက်မနည်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ခုခံချေမှုန်း တိုက် ခိုက်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက် စစ်ကောင်စီသည် ပအိုဝ်းပြည်သူများအား ပေါ်တာ ဆွဲ အင်အားဖြည့်တင်းကာ လူသားဒိုင်းကာအဖြစ် အသုံးပြု၍ ဆက်လက်တိုက်ခိုက်နေဆဲဖြစ် ကြောင်း သိရှိရသည်။

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဇန်နဝါရီ ၂၂ ရက်နေ့ ၄ ကြိမ် ၊ ၂၃ ရက်နေ့တွင် ၂ ကြိမ် ၊ ၂၄ ရက်တွင် ၂ ကြိမ် ဆီဆိုင်မြို့နယ်အရှေ့ခြမ်းရှိ ပအိုဝ်းကျေးရွာများသို့ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများ၊ ဒရုန်းများ ၊ မီးလောင်ဗုံးများဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း၊ ထီစုံကျေးရွာမှ နေအိမ် ၆၀ ကျော် မီး လောင်ပျက်စီးခဲ့မှုအပါအဝင် ပအိုဝ်းပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီနှင့်PNOပြည်သူ့စစ်တို့၏ တိုက်ခိုက်မှုကြောင့် ပအိုဝ်းကျေးရွာများမှ ပြည်သူ လူထု ၄ ထောင်ကျော်မှာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Create by . K T

အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်နိုင်ဟ...
25/01/2025

အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်နိုင်ဟု ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ပြဋ္ဌာန်း

🟥ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးခြင်းကို အခြေခံပညာကျောင်းများတွင် သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းပို့ချရမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးတွင် အရွယ်ရောက်သူအား လုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့်ကို စစ်ကောင်စီက ထုတ်ပြန်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အခန်း ၉ ၊ စစ်စည်းရုံးခြင်း ပုဒ်မ ၄၉ တွင် အထက်ပါအတိုင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၄၉ တွင် နိုင်ငံတော် ၏ ဒေသတချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင် လည်း ကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်၍ ပြည်ထောင်စုအစိုးရက စစ်မှု ထမ်းရန် အရွယ်ရောက်သူအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင် ပြီးသူအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ သင့်လျှော်သည့်ဒေသတွင် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်သည့်အခါ ဗဟိုအဖွဲ့သည် သက်ဆိုင်ရာ ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

"ဒီစစ်စည်းရုံးခြင်း ပြဋ္ဌာန်းချက်ကတော့ အရွယ်ရောက်ပြီးသူ ဆိုတာ အသက် ၁၈ နှစ်ကနေ အသက်ကြီးရင့်နေတဲ့ အဘိုး အဘွားတွေအထိ အကျုံးဝင်ပါတယ်။ သူတို့ လိုအပ်ရင် ဘယ်သူ့ကိုမဆို စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်တယ်လို့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေက ရှင်းပြသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ပုဒ်မ ၅၉ တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးခြင်းများကို အခြေခံ ပညာကျောင်းများမှ အစပြု၍ သင်ရိုးညွှန်းတမ်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပို့ချနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်လက် ပြဋ္ဌာန်းထားသည်။

Create by .K T

အိုးသည်ကုန်းမြို့မှ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်း၊ သထုံတွင်လည်း...
25/01/2025

အိုးသည်ကုန်းမြို့မှ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်း၊ သထုံတွင်လည်း လေတပ် တပ်သားဟောင်း ကိုလွင်ကို စစ်တပ်က ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့မှ လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က မိခင်ဖြစ်သူရှေ့တွင် ရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားကာ ငွေကျပ် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းရွာမှ ပျူစောထီး ခေါင်းဆောင် သိန်းအောင်မြင့် ဦးဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အိုးသည်ကုန်းမြို့ကို ဝင်ရောက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် အိုးသည်ကုန်းမြို့မှ လူငယ် အများအပြား ထွက်ပြေး လွတ် မြောက်ခဲ့သော်လည်း မြို့မ ရပ်ကွက်ကို ဒေါ်ငခူမ၏ သားဖြစ်သူနှင့် တူဖြစ်သူကို ပျူစောထီးများနှင့် စစ်သားများက မိခင်ဖြစ်သူရှေ့တွင် ဝိုင်းဝန်းရိုက်နှက်ပြီး စစ်ကားပေါ် ဆွဲတင်သွားကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးသွားသော လူငယ်များကို အုတ်ဖို ထွေ/အုပ်ရုံးတွင် ဖမ်းဆီးထားစဉ် မိသားစုဝင်များက သွားရောက်တွေ့ဆုံခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝိုင်ဝန်းရိုက်နှက်မှုကြောင့် ရရှိထားသော ဒဏ်ရာများ များပြား၍ လူငယ် ၂ ဦးသည် လမ်းလျှောက်နိုင်ခြင်းမရှိကြောင်း၊ မိခင်ဖြစ်သူများ ငွေကြေးဖြင့် ပြန်ထုတ်ယူရန် စစ်ကောင်စီ တပ်သားများကို ငိုယိုတောင်းပန်ခဲ့သော်လည်း ငွေကျပ် သိန်း ၃၀၀ တောင်းခံသောကြောင့် ပြန်လည်ရွေးထုတ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

"အိုးသည်ကုန်းမြို့၊ မြို့မရပ်ကွက်ကို စစ်ခွေးတွေ ဝင်ရောက်စီးနင်း ပေါ်တာဆွဲဖမ်းဆီးလို့ လူငယ်တွေ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဒေါ်ငခူမ ရဲ့ သားနဲ့ တူတို့ကတော့ ရိုက်နှက်ဖမ်းဆီးခံလိုက်ရတယ်။ သိန်းအောင်မြင့်တို့ ပျူအဖွဲ့နဲ့ စစ်ခွေးတွေ မြို့မရပ်ကွက်ထဲကို ပေါ်တာဝင်ဆွဲတာ အဲ့မှာ ဒေါ်ငခူမရဲ့ သားနဲ့ တူကို ဖမ်းမိတော့ ခွေးရိုက် နွားရိုက်ရိုက်ပြီး ကားပေါ်တင်ခေါ်သွားတာ စစ်ခွေးတွေနဲ့ပျူခွေးတွေ ရိုက်နှက်တဲ့ ဒဏ်ရာတွေကြောင့် လူငယ် ၂ ဦးလုံးက လမ်းလည်း မလျှောက်နိုင် မတ်တပ်လည်း မရပ်နိုင်ဖြစ်ကုန်တယ်။ ပိုက်ဆံနဲ့လိုက်ရွေးတော့ သိန်း ၃၀၀ တောင် တောင်းတယ်။ မိသားစုဝင်တွေက ပြန်မရွေးနိုင်လို့ စစ်ခွေး တပ်ထဲရောက်ကုန်ပြီ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် လေတပ်မှ ကျန်းမာရေး မကောင်း၍ ထွက်ပြီး ဆေးကုသမှု ခံယူနေသော ကိုလွင် ကို စစ်ကောင်စီ တပ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ တတိယ အပတ်အတွင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် လေတပ်မှ ထွက်ထားသည်မှာ နှစ် ၂၀ ခန့်ရှိပြီဖြစ်သော ကိုလွင် ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားကြောင်း၊ ကိုလွင်ကိုသည် ကျန်းမာရေး မကောင်း၍ ဆေးရုံမှ ဆင်းလာသည်မှာ ၂ ရက်ခန့်သာ ရှိသေးပြီး စစ်ကောင်စီ တပ်သားများက ထမ်း၍ ခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှ ကိုအောင်နက် ဆိုသူကိုလည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး နိုင်ဦးက စစ်မှုထမ်းရန် မဲပေါက်သည်ဆိုကာ နေအိမ်၌ စစ်ကောင်စီ တပ်သားများ ခေါ်ဆောင်လာ၍ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း၊ ကိုအောင်နက်သည် မိခင်ကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပြီး ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူကို အုပ်ချုပ်ရေးမှူး နိုင်ဦးက ငွေကျပ် ၁၀ သိန်း လာပေးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် လူငယ်များ။

Create by. K T

ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပရန်ကုန်၊ ဇန်နဝါရ...
24/01/2025

ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ မှ ရဲဘော်များကို ကျည်ကာအင်္ကျီ၊ ကျည်ကာပြားနှင့် ကျည်ကာဦးထုပ်တို့ကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။

Create post .K T

ကလေးမြို့ပေါ်ရှိ စစ်ကား ၂ စီး ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဆားလင်းကြီးနှင့် ယင်းမာပင်ရှိ စစ်တပ် အထိုင်ခ...
24/01/2025

ကလေးမြို့ပေါ်ရှိ စစ်ကား ၂ စီး ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဆားလင်းကြီးနှင့် ယင်းမာပင်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ဒရုန်း ၁ စီးနှင့် Jammer ၂ လုံး ပျက်စီးခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကလေးမြို့ထဲမှ GTC ကျောင်းထဲသို့ စစ်ကား အကြီး ၂ စီး ဖြင့် ဒရုန်း၊ Jammer များ သယ်ဆောင်လာသည့် စစ်သားများကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ဒရုန်း ၁ စီးနှင့် Jammer စက် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ကလေးမြို့ထဲမှ GTC ဘက်ကို အကြမ်းဖက် စစ်သား ၅၀ ခန့်တင်ဆောင်ပြီး ထွက်လာသော စစ်ကားအကြီး ၂ စီးကို အဝေးထိန်း မိုင်း ၅ လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ထိခိုက်သေဆုံးမှုက များနိုင်တယ်။ ဘယ်လောက်သေပြီး ဘယ်လောက်ထိတယ် အတိအကျ မသိ ရတာ ကားပေါ်မှာပါတဲ့သူတွေရော မြေပြင်မိုင်းရှင်းအဖွဲ့နဲ့ရောဆိုရင် ၅၀ လောက်ရှိတာ မနေ့က တိုက်ခိုက်မှုမှာဆိုရင် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ လုပ်ဆောင်ခဲ့တာက သူတို့ စိုးမိုးနယ်မြေထဲမှာဆိုတာ့ သူတို့ ခံပြင်းနေမှာသေချာတယ်။ ဂျိမ်းမစ်ရှင်ဖော်ဆောင်နေတာ အခုဆိုရင် ၃ ကြိမ်ရှိပါပြီ၊ ဂျိမ်းမစ်ရှင်ဖော်ဆောင်နိုင်ဖို့ မိုင်းဘထ္ထရီ‌ တွေ အများကြီးလိုအပ်ပါတယ်၊ အရင်အဟောင်းတွေ သုံးနေရတာဆိုတော့ အားကြာကြာ မခံတွေ ဖြစ်လာတယ်။ ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ကလေး ခရိုင်မိုင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကလေးခရိုင်မိုင်းတပ်ဖွဲ့မှ ဦးဆောင်၍ Operation Mo Mo မြို့နယ် ပကဖ တို့ ပူးပေါင်းကာ ဂျိမ်း မစ်ရှင်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း မစ်ရှင်ဖော်ဆောင်သည့် ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ရက်နေ့ မွန်းလွဲပိုင်းတွင် ဆားလင်းကြီးမြို့ပေါ် အမှတ် ၂ ရပ်ကွက်တွင် တပ်စွဲထားသော စစ်စခန်းကို ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၇လုံးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရသည်။

"၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ မသိရသေးပါ" ဟု ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို RoyalRoyal Brother၊ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF)၊ SPDF ချင်းတွင်းဒိုင်းနမိုက်၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊ SoLoအောင်ကြီး၊ တောဘုရင်ဗိုလ်ယက္ခ၊ ဒေါင်းတမာန်-GZ၊ မျိုးဆက်သစ်-ကိုလေး၊ 5/Fighter Group၊ တောင်ပံနီ၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး ၊ဒေါင်းဖိုက်တာ၊ အညာသားကြီး၊ ဖိးနစ်၊ အညာမြေဝေကြီး၊ မုံရွာတပ်ရင်း(၂၃)၊ ကမြင်းနီ(PDF)၊ Defence Force(5/သခင်ကြီး)၊ပြည်သူအားလုံးရဲ့PK၊ BNRAခွဲ(၃)၊ BAD Tigers၊Fighter 9တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိသော စုပေါင်းရုံးကိုလည်း ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ၂ ကြိမ်သွားရောက် ပစ်ခတ်ခဲ့ကြောင်း စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ရက်နေ့ မွန်းလွဲ ၂ နာရီ နှင့် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အထိုင်ချ တပ်စွဲထားသော စုပေါင်းရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"စစ်ခွေးသေစာရင်းကတော့ မသိရသေးပါဘူး။ အတွင်းသတင်းမပို့သေးပါဘူး။ ထိခိုက်မှုများတယ်ပဲ သိရသေးလို့ပါ။ အသေစာရင်း မသိရသေးပါဘူး။ စကစ တွေနေတဲ့ အထိုင်စခန်းပါ" ဟု စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDFမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကျွန်မခံမြွေဆိုးတသိုက် PDF၊ BlackEagle LPDF၊ SALINGYI BORDER TASK FORCE(SBTF)၊ Black VOTE FIGHTER အဖွဲ့တို့နှင့် ဒေသတွင်း အဖွဲ့စည်းများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

Create. K T
crd khit CRT

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when PDF news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share