09/01/2025
အမေရိကန် နိုင်ငံ လော့အင်ဂျလိစ် မြို့တွင်မီးများပြင်းထန်စွာလောင်ကျွမ်းနေ မြန်မာအစိုးရမှ အရေးပေါ် အကူအညီပေးလျက်ရှိ
အမေရိကန် နိုင်ငံ လော့အင်ဂျလိစ် မြို့တွင် တောမီးလောင်ရာမှ မြို့ပေါ်အထိမီးများကူးစက်ကာ လူထောင်ပေါင်းများစွာမီးလွတ်ရာပြောင်းရွှေ့နေရသည်။ မီးမှာ အင်မတန်များပြားပြီး လေသည်လည်း ပြင်းထန်စွာတိုက်ခတ်နေသဖြင့် ငြိမ်းသက်ရန် အလွန်ခက်ခဲလျက် ရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် လူသားချင်း အကူအညီပေးရန်အတွက် ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ၊ တာမွေ၊ ကျောင်မြောင်း၊ မင်္ဂလာဒုံ၊ ကျောက်တံတား မီးသတ်ဌာနမှ ၀ါရင့် မီးသတ်သမား အယောက် ၅၀၀ အား မြန်မာနေရှင်နယ် Air Line ဖြင့် ချက်ချင်းပို့ဆောင်ကာ အကူအညီပေးလျက်ရှိကြောင်း လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှပြောကြားထားသည်။ ထပ်မံပြီး မီးသတ် ရဟတ်ယာဥ် အစီး ၃၀၊ မီးသတ် လေယာဥ် အစီး ၂၀ အား လည်း ပို့ဆောင်ထားကြောင်းသိရသည်။ ယခုအချိန်တွင် အမြန်ဆုံးမီးငြိမ်းသတ်နိုင်ရေး အလေးထားကာဆောင်ရွက်နေပြီး မီးငြိမ်းပြီးပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံအနှံ့အပြားမှ ပရဟိတအဖွဲ့များ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ အကူအညီပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားထားသည်။