Myanmar Earthquake News

Myanmar Earthquake News ငလျင်သတင်းများ အချိန်နှင့်တပြေးညီတင်ဆက်ပေးပါမည်။

ဗန်းမော်မြို့ကို မိတ္တီလာလေတပ်မှ တက်လာသော စစ်တိုက်လေယာဉ်က ဗုံးကျဲပစ်ခတ်တိုက်ခိုက်ရန်ကုန်၊ မတ် ၃၀ ကချင်ပြည်နယ်၊ ဗန်းမော်မ...
30/03/2025

ဗန်းမော်မြို့ကို မိတ္တီလာလေတပ်မှ တက်လာသော စစ်တိုက်လေယာဉ်က ဗုံးကျဲပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို မိတ္တီလာလေတပ်မှ တက်လာသော စစ်တိုက်လေယာဉ်က ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် ဗန်းမော်မြို့ကို ဗုံးကျဲချသွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အထိအခိုက် အပျက်အစီး မသိရှိရသေးပေ။

ဗန်းမော်မြို့သည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသော မြို့ဖြစ်ပြီး တော်လှန်ရေးတပ်များက သိမ်းပိုက်ရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ လက်ရှိတွင် စစ်တပ်က စကခ ၂၁ အတွင်းမှ နေ၍ အပြင်းအထန် ခုခံနေပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် မန္တလေးကို ဗဟိုပြုနေသည့် ငလျင်ကြောင့် ပြည်သူများ ထိခိုက်သေဆုံးပြီး အဆောက်အအုံများစွာ ပြိုလဲနေသော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို မရပ်မနား ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်သည်။

ငလျင်ကြောင့် ပုဂံဘုရား ၆ ဆူ ပျက်စီးဂျူချန်း(မဇ္ဈိမ)။ ။ ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ...
30/03/2025

ငလျင်ကြောင့် ပုဂံဘုရား ၆ ဆူ ပျက်စီး

ဂျူချန်း

(မဇ္ဈိမ)။ ။ ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား ခြောက်ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။

စူဠာမဏိဘုရားကြီး၊ သဗ္ဗေညုဘုရား၊ ပုဂံ ဘုရားအမှတ်(၁၁၃၈)၊ ဘုရားအမှတ်(၈၇၉)၊ ဘုရားအမှတ်(၈၈၂)၊ တောင်တဝက်ဘုရား တို့ ထီးတော်မြေခခြင်း၊ တိမ်းစောင်းခြင်း ရှိခဲ့ကြောင်း ဒေသခံကပြောသည်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်တွင် ရှေးဟောင်းဘုရား စေတီပုထိုးပေါင်း ၃,၀၀၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မြန်မာပြည်အလယ်ပိုင်း ၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ရေချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ Major Earthquake (ငလျင်ကြီး) လှုပ်ရှားခဲ့သည်။

ငလျင်ကြောင့် ရှေးဟောင်းစေတီများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများ စသည့် သာသနာအဆောက်အအုံများစွာ ထိခိုက်ပျက်ဆီးရသကဲ့သို့ လူထိခိုက်သေဆုံးမှုလည်း များခဲ့သည်။

ငလျင်ကြောင့် သေဆုံးသူ ၁,၆၄၄ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၄၀၈ ဦး ကျော်ရှိကာ ပျောက်ဆုံးသူ ၁၃၉ ဦးရှိကြောင်း စစ်ကောင်စီက မတ်လ ၂၉ ရက် ည ၈နာရီတွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ပုံအညွှန် - မတ်လ ၂၈ ရက်က ဖြစ်ပွားသည့် ငလျင်ကြောင့် ပျက်စီးရသည့် ပုဂံဘုရားများ။(ဓါတ်ပုံ- Aung Kyaw khant)

30/03/2025
30/03/2025

စစ်ကိုင်းဘက်နဲ့ ခုပဲဖုန်းရပါတယ် ‼️

ဆေးဆိုင်တွေအကုန်နီးပါးပြိုတဲ့ထဲပါသွားတာမို့
ဆေးဝါးအခက်အခဲရှိနေကြပါတယ်
မန္တလေးမြို့လောက်မကျယ်ပေမဲ့
အသေအပျောက်က
မန္တလေးတန်းတူလောက်ရှိမယ်လို့သိရပါတယ်

တိုက်ပြိုတွေကြားက
အပုတ်နံ့တွေလှိုင်နေကြတယ်ဆိုတာကလည်း
အလွန်အကြူးပြောတာမဟုတ်ဘူး
တကယ်ပါတဲ့

ပြိုတာတွေဖယ်ဖို့ စစ်ကိုင်းမြို့ပေါ်
စက်ယန္တရားမလုံလောက်လို့
ဘေးအနီးအနားမြို့တွေဘက်က ဘက်ဖိုးတွေဆင်းပြီး
ကူပေးနေတယ်လို့ပြောပါတယ်

စစ်ကိုင်းတံတားက ဖြေးဖြေးချင်း
သွားခိုင်းတာမျိုးရှိပြီး တချို့တွေက စက်လှေတွေ
ဇတ်တွေနဲ့ပြန်ကူးလာတာလည်းရှိပါတယ်တဲ့

စစ်ကိုင်းဘက်ကူဖြစ်ရင် ရေသန့်နဲ့ဆေးဝါး
အဓိကယူသွားကြပါ
Credit original uploader

30/03/2025

စစ်ကိုင်းအတွက် ဘာလို့ ဇွတ်အော်ပေးရလဲဆိုရင်

အလှူရှင်တွေလာနိုင်တဲ့ လမ်းကြောင်းတွေအကုန်ပြတ်နေသလို

မန်းလေးနဲ့နီးတဲ့မြို့ဆိုပေမယ့်

လူသေရင်

သဂြိုလ်စရာ သင်္ချိုင်းတောင် မရှိတော့လို့

မန်းလေးတက် အသုဘချနေရတဲ့ မြို့ပါ

(သင်္ချိုင်းက တပ်မ၃၃ ဘေးမှာဆိုတော့

လမ်းကို ဘူဒိုဇာနဲ့ ဖြတ်ထားတာ လပေါင်းများစွာကြာနေပါပီ)

မြို့ခံတွေထဲက တကယ်လုပ်ပေးနိုင်တဲ့ယောက်ျားသားတွေ

လူလတ်ပိုင်းတွေ လူငယ်တွေ

ပြေးတဲ့သူက ပြေး

ထောင်ကျတဲ့သူကကျ

စစ်တပ်ထဲ စစ်မှုထမ်းရောက်သူကရောက်

PDF ထဲ ဝင်တဲ့သူကဝင်

ဒါမျိုးတွေကြောင့်မလို့ပါ

လက်ရှိအဖြစ်မှာ

ကိုယ်ချစ်တဲ့သူတွေ ကိုယ်မျက်စိရှေ့တင် မြေပုံကြားထဲရှိနေတာကို

ထိုင်ကြည့်နေရပီး

ငလျင်ဘေးပီးတော့ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသလို

အပုပ်နံ့ကြားထဲ

ကျီးလန့်စာစား ညအိပ်နေရတဲ့မြို့မလို့ပါ

မုံရွာရွှေဘိုဘက်က အဖွဲ့တွေလာကူလည်း

သူတို့မြို့တွေကိုယ်တိုင် စစ်ဘေးဒဏ်ခံနေရတာဆိုတော့

အကူညီ အများကြီး မျှော်လင့်လို့မရသလို

ရွာဖက်တွေရှောင်မယ်ဆိုရင်လည်း

မိုင်းအန္တရာယ်ကြောက်ရပါသေးတယ်

နောက်ဆုံးတစ်ချက်က

နှစ်ပေါင်းရာချီအတွင်းမြန်မာနိုင်ငံအတွက်

အကြီးမားဆုံးငလျင်ဖြစ်သွားတဲ့

ငလျင်ဗဟိုချက်က စစ်ကိုင်းမြို့ စာရေးရွာပါ

ဒါမို့ ပျက်စီးဆုံးရှုံးမှုက တွေးကြည့်ပါ

သွားကူမဲ့အဖွဲ့တွေ

ရေအစားအသောက်

ဆေးဝါး တစ်ကိုယ်ရေသုံး အသုံးအဆောင်တွေနဲ့

ရိက္ခာခြောက်တွေ သယ်သွားစေချင်ပါတယ်

ပုံကတော့ ပြေးစရာ မရှိလို့ အိမ်ပြိုတွေကြားကွက်လပ်လေးမှာ

ကလေးတပြုံကြီးနဲ့ အိပ်နေရတဲ့ ကျွန်တော့်မိဘတွေပါ

(စစ်ကိုင်းမြို့မစျေးရဲ့ အရှေ့တည့်တည့်လမ်းမှာပါ)

😔😔😔

ဒီနေ့တော့ အကူညီတွေရောက်တန်ကောင်းပါရဲ့ဗျာ
Credit original uploader

စစ်ကိုင်းတွင် အရေးပေါ်ကယ်ဆယ်ရေးလိုအပ်၊ အလောင်းအချို့  အပုပ်နံ့ စထွက်နေဟုဆိုဧရာဝတီ၊ မတ်လ ၃၀၊ ၂၀၂၅ စစ်ကိုင်းမြို့၌ မတ်လ ၂၈...
30/03/2025

စစ်ကိုင်းတွင် အရေးပေါ်ကယ်ဆယ်ရေးလိုအပ်၊ အလောင်းအချို့ အပုပ်နံ့ စထွက်နေဟုဆို

ဧရာဝတီ၊ မတ်လ ၃၀၊ ၂၀၂၅

စစ်ကိုင်းမြို့၌ မတ်လ ၂၈ ရက်နေ့လယ်ပိုင်းတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အသေအပျောက်များပြီး အလောင်းများမှ အပုပ်နံ့များ ထွက်နေကာ ကူညီကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေကြောင်း စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်က ယနေ့ ထုတ်ပြန်သည်။

အဆိုပါငလျင်ကြောင့် ရှေးဟောင်းစေတီပုထိုးများအပါအဝင် စစ်ကိုင်းတမြို့လုံးနီးပါး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ပြီး လမ်းတံတားများလည်း ပျက်စီးကာ မန္တလေးဘက်မှ အကူအညီများဝင်ရောက်လုပ်ဆောင်ရန် ခက်ခဲနေသလို အစားအသောက်၊ ဆေးဝါးမှာလည်း ဝယ်ယူမရခြင်း၊ ဖုန်းလိုင်းပြတ်တောက်ခြင်း၊ ငွေထုတ်ယူမရခြင်းစသည်တို့ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူလည်း များပြားသလို အလောင်းများမှထွက်လာသည့် အပုပ်နံ့များကြောင့် အနီးပတ်ဝန်းကျင်ရှိ လူများပါ ကျန်းမာရေးထိခိုက်လာနိုင်ကြောင်း၊ စစ်ကိုင်းမြို့ရှိ ပရဟိတ အသင်းများနှင့်မလုံလောက်ဘဲ ကိုယ်ထူကိုယ်ထ ကယ်ဆယ်နေရကြောင်း စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်က ထုတ်ပြန်ထားသည်။

ထို့ပြင် စာသင်တိုက်များ၊ သီလရှင်ကျောင်းများအပါအဝင် စစ်ကိုင်းတောင်ပေါ်မှ ဘာသာရေး အဆောက်အအုံများ၊ ကျောင်းများမှာလည်း အကူညီများလိုအပ်နေပြီး ယမန်နေ့ကအထိ သေဆုံးသူ ၁၀၀ ကျော်ကို မီးသဂြိုဟ်ထားရကာ ဆေးရုံနှင့် လူနာအရေအတွက် မလုံလောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပုံစာ - ငလျင်ကြောင့် စစ်ကိုင်းမြို့ အပျက်အစီး/ ဒေသခံ







စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Myanmar Earthquake News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share