11/05/2025
ကားအကြောင်းပြောဦးမယ်
Honda Civic လေးတွေအကြောင်း
Honda Civic ကို 1972 ကစတင်ထုတ်လုပ်ခဲ့တယ်
ယနေ့ထိ မျိုးဆက်ဆယ့်တစ်ဆက်မြောက်သွားပြီ
မြန်မာနိုင်ငံမှာအများဆုံးတွေ့ရတဲ့ 2005~2010 အထိ 8th Genအကြောင်း မွှေနှောက်ပြောပြမယ်
Civic 8th gen မှာ ပုံစံလေးမျိုးရှိပါတယ်။
တခါးလေးပေါက်ဆလွန်း၊တခါးနှစ်ပေါက်ဆလွန်း၊တခါးနှစ်ပေါက်ဗင်၊တခါးလေးပေါက်ဗင်ပုံစံဆိုပြီး လေးမျိုးရှိတယ်။
အဲ့လေးမျိုးထဲက ကျနော်တို့မြန်မာနိူင်ငံမှာအများဆုံးတွေ့ရတဲ့ တခါးလေးပေါက်ဆလွန်း(four door sedan)တွေအကြောင်းဆက်ပြောမယ်။
Civic တွေက ရှေ့ဘီးယက်မောင်းနှင်စနစ်ပါ။
Civic four door sedan မှာ trim levels တွေအနေနဲ့ DX,LX,EX,EX-L,Si,Si-Mugen,GX နဲ့ Hybrid ဆိုပြီး ရှိပါတယ်။
DX ဆိုတာ အနိမ့်ဆုံGrade ပါ။
အင်ဂျင်ပါဝါ1.8L ကို 5speed Gear နဲ့ပါ။Auto ရော Manual ပါနှစ်မျိုးလာပါတယ်။
15လက်မ သံဂွေနဲ့လာပါတယ်။
မှန်ချိန်တွေဘာတွေလည်းမပါပါဘူး။
LX မှာတော့ DX ထက်ပိုစုံလာပါပြီ။16လက်မ alloy ဖြစ်သွားမယ်။
smart key,မှန်ချိုးမှန်ခေါက်,မှန်ချိန်,လက်တင်,power window,centre lock စတာတွေပါလာပါပြီ။Cruise control ဘာညာပါလာမယ်။4wheels disc break ဖြစ်သွားမယ်။
EX မှာတော့ LXထက်ပိုစုံလာတာ 16လက်မ aluminum ဂွေဖြစ်ပြီ။
နောက်ခုံတွေကို ခေါက်လို့ရပြီ။
remote နဲ့နောက်ဖုံးဖွင့်လို့ပြီ။
နောက်ခုံခေါင်းမှီတွေကအရှင်ဖြစ်လာပြီ။တချို့ကားတွေမှာ sunroof နဲ့ ambient light(ရိုးရာအခေါ် လေယဉ်မီးတန်း)တောင်ပါလာတယ်။
EX-L မှာတော့တော်တော်gradeစုံလာပြီ။
EX ထက်ပိုလာတာ အပြင်မှန်တွေအပူပေးတာ၊Leather seat ဖြစ်တာ၊Leather steering ဖြစ်တာ၊seat heater စတာတွေပါလာပြီ။
1.8L engine Civic တွေထဲမှာ Gradeအစုံဆုံး level ပေါ့။
Si မှာတော့ 2.0L engine နဲ့ 6speed Gear ကို Auto နဲ့ Manual နှစ်မျိုးနဲ့လာပါတယ်။
EX level ကိုမှ 17လက်မ aluminum alloy နဲ့
သတ္ထုအိတ်ဇော နဲ့ နောက် spoiler နဲ့ ဖြစ်ပါတယ်။engine က 197hp ထွက်ပါတယ်။
Si Mugen မှာတော့ Si level ကိုမှ 18လက်မ aluminium alloy ,Mugan တံဆိက်,body kit,နောက်spoiler အရှင်,sport-tuned အိတ်ဇော စတာတွေနဲ့ modified ထားတာဖြစ်ပါတယ်။
GXကတော့ EX level နဲ့တူပြီး 1.8L Compressed-narural-gas(CNG) engine နဲ့ဖြစ်ပါတယ်။113hp ထိထုတ်ပေးနိူင်ပါတယ်။
Hybrid ကတော့ EX level နဲ့တူပါတယ်။ဒါပေမယ့် 1.3L Engine 93hp သာထုတ်ပေးနိူင်ပြီး 20hp ထုတ်ပေးနိူင်တဲ့ Electric Motor နဲ့တွဲပေးထားပါတယ်။
စုစုပေါင်း113hp ပေါ့။
Civicတွေမှာ optional အနေနဲ့ DVD base touch screen TVတို့ Navi system တို့၊ Automatic Transmission /manual transmissionတို့၊စတာတွေကလည်း ဈေးနှုန်းပေါ်မူတည်ပြီး ရနိူင်ပါသေးတယ်။
Civic အားလုံးမှာ Safety အနေနဲ့ပါဝင်တာကတော့ Airbags,Anti lock break system(ABS),Seat Belt,Tyre pressure monitor,စတာတွေပါဝင်ပါတယ်။
Stability Control ကတော့ Si level မှာပဲပါဝင်မှာပါ။
းchassis code အရပြောရမယ်ဆိုရင်
FA1,FD1,FD7 တွေက 1.8L Engine နဲ့ကောင်တွေ
FA3 နဲ့ FD3 ချက်ဆီတွေက hybrid 1.3L engine နဲ့ကောင်တွေပါ
FD2,FA5,FD5 တွေက 2.0L engine နဲ့ကောင်တွေပါ။
FA4 က 1.8L CNG engine နဲ့ကောင်ပါ။
FN2 နဲ့ဆို Type-R ပါ။
Trim level တစ်ခုစီမှာလည်း grade ခွဲတွေရှိပါသေးတယ်။
Hybridမှာဆိုရင် MX,MXB,MXST ဆိုပြီး grade သုံးခုနဲ့လာပါတယ်။
1.8L Sedan တွေမှာဆိုရင် 18B,18G,18GL ဆိုပြီး လာပါသေးတယ်။
A H Htet (Pleasing Drive)