18/05/2026
နောက်ရာသီမှာ အာဆင်နယ်ကနေ ဘယ်ကစားသမား အငှါးချပေးမလဲဆိုတာကို အာတေးတားနဲ့ဆွေးနွေးသွားမယ်လို့ ပြောလာတဲ့ ဂျက်ဝီရှီးယား
လူတန်တောင်းနဲ့အတူ ရလဒ်ကောင်းတွေ ရနေတဲ့ အာဆင်နယ် ကစားသမားနဲ့လူငယ်အသင်းနည်းပြဟောင်းဂျက်ဟာ အပြောင်းအရွေ့ကာလ မတိုင်မီမှာ အာဆင်နယ်အကယ်ဒမီထွက် ဘယ်ကစားသမားကို အငှါးချမလဲဆိုတာ အာတေးတားနဲ့အနီးကပ်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်
လူတန်တောင်းနဲ့အတူ EFL ဖလားတစ်လုံးသိမ်းပြီးတဲ့နောက် ရာသီသစ်မှာ ချန်ပီယံရှစ်ဆီ တန်းတက်နိုင်ဖို့အတွက် ဂျက်တစ်ယောက် ပလန်တွေ စတင်ချပြနေတာပါ။
မက်စ်ဒေါင်းမန်းကို ချစ်တယ်။သူ့ဆီမှာ ခေါ်ချင်တယ်။ဒါပေမယ့် လက်တွေ့မကျတဲ့ကိစ္စပါ။မက်စ်ဟာ နောက်ရာသီမှာ အာဆင်နယ်အသင်းကြီးနဲ့အတူ အရေးပါတဲ့ အခန်းကဏ္ဍတွေ တည်ဆောက်နိုင်ဖို့ မျှော်လင့်တယ်လို့လဲ ဆိုသွားပါတယ်။။။