ReactX

ReactX Welcome To React X

ဇွဲထက်ရတနာရွှေဆိုင်နှင့်အတူ ပြည်တွင်းပြည်ပ အလှူရှင်များ၏ ရတနာပစ္စည်းအလှူဌာပနာရန်လှူဒါန်းထားပြီးဖြစ်တဲ့ အုဌ်မြစ်တော် (၉) ...
30/09/2025

ဇွဲထက်ရတနာရွှေဆိုင်နှင့်အတူ ပြည်တွင်းပြည်ပ အလှူရှင်များ၏ ရတနာပစ္စည်းအလှူ

ဌာပနာရန်လှူဒါန်းထားပြီးဖြစ်တဲ့ အုဌ်မြစ်တော် (၉) ပါးနဲ့အတူ ဌာပနာ သွင်းမည့် ရတနာပစ္စည်းများ

ဘာသာရေးသီချင်း Remix တီးခတ်မှုဖြင့် DJ Violet အပါအဝင် လေးဦးအား ပုဒ်မ ၅၀၅(က) ဖြင့် အရေးယူ-------ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချ...
14/09/2025

ဘာသာရေးသီချင်း Remix တီးခတ်မှုဖြင့် DJ Violet အပါအဝင် လေးဦးအား ပုဒ်မ ၅၀၅(က) ဖြင့် အရေးယူ

-------

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ Remix ပြုလုပ် တီးခတ်ခဲ့သည့် ဖြစ်စဉ်ကြောင့် DJ Violet အမည်ခံ ခင်ထွေးထွေးမွန် (၂၄ နှစ်) အပါအဝင် လေးဦးအား ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ၎င်းတို့အား အာမခံချက်မပေး၊ ကျေးလက်ဒေသ ပို့ခွင့်မရှိသော ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အရေးယူထားသည်။

ဖမ်းဆီးခံရသူများမှာ DJ Violet (ခ) ခင်ထွေးထွေးမွန်၊ DJ မန်နေဂျာ ဖြိုးဟိန်းကိုကို (ခ) မင်းထိုက် (၂၈ နှစ်)၊ ဆိုင်ပိုင်ရှင် သက်လွင်အောင် (ခ) မျိုးအောင် (၄၉ နှစ်) နှင့် ဆိုင်မန်နေဂျာ ဇင်စုရ (၃၁ နှစ်) တို့ ဖြစ်ကာ မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်းက စစ်ဆေးလျက်ရှိသည်။

မန္တလေးမြို့ရှိ Cover Club တွင် ဇူလိုင် ၃၁ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် ဗီဒီယိုများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားပြီးနောက် အမျိုးသားရေးအစွန်းရောက်များနှင့် မဘသအဖွဲ့ဝင်များက ဖမ်းဆီးအရေးယူရန် ဖိအားပေးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။

ဧပြီလ ၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့် BIMSTEC ထိပ်သီးအစည်းအဝေးအတွင်း တပ်မတော်ကာကွယ်...
09/09/2025

ဧပြီလ ၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့် BIMSTEC ထိပ်သီးအစည်းအဝေးအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် နီပေါနိုင်ငံမှ ယခင်ဝန်ကြီးချုပ် Mr. K.P. Sharma Oli နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နီပေါနိုင်ငံ၏ အတွေ့အကြုံနှင့် အကြံဉာဏ်များကို မျှဝေပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါဝန်ကြီးချုပ်ဟောင်းသည် နီပေါနိုင်ငံတွင်း ဆန္ဒပြမှုများကြောင့် နုတ်ထွက်ခဲ့ရသူ ဖြစ်သည်

09/09/2025

Blood Moon နှင့် Lunar eclipse လ ကြတ်ခြင်း ကမ္ဘာတဝှမ်းတွင် မြင်တွေ့ ရပုံ ။

09/09/2025

လူမှုမီဒီယာပလက်ဖောင်း ၂၆ ခုကို ပိတ်ပင်လိုက်ပြီးနောက် စက်တင်ဘာ ၅ ရက်နေ့မှစတင်၍ နီပေါနိုင်ငံတွင် Facebook၊ YouTube နှင့် X (Twitter) အပါအဝင် လူမှုမီဒီယာအများအပြားကို အသုံးပြု၍မရတော့ခြင်းကြောင့် ပြည်သူများ မကျေမနပ်ဖြစ်ကာ ဒေါသထွက်ခဲ့ကြသည်။

"လူမှုမီဒီယာ ပိတ်ပင်မှုကြောင့် ဆန္ဒပြတာလည်း ပါပေမယ့်၊ ဒီတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ နီပေါမှာ ကြာရှည်ပြီး အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကိုလည်း ဆန့်ကျင်တိုက်ဖျက်ဖို့အတွက် ပါဝင်ဆန္ဒပြနေကြတာပါ" ဟု အသက် ၂၄ နှစ်အရွယ် ကျောင်းသား ယူဂျန်ရာဂျ်ဘန်ဒါရီက ရှင်းပြသည်။

ကျောင်းသူတစ်ဦးကလည်း AFP သို့ "ကျွန်မတို့ ပြောင်းလဲမှုကို တွေ့ချင်တယ်။ အခြားသူတွေက ဒီအခြေအနေကို သည်းညည်းခံနေကြတယ်၊ ဒါပေမယ့် ကျွန်မတို့ရဲ့မျိုးဆက်ကတော့ ဒါကို အဆုံးသတ်ရမယ်" ဟု ပြောကြားခဲ့သည်။

လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ခံရပြီးနောက်ပိုင်းတွင် သာမန်ပြည်သူများ၏ နေ့စဉ်ရုန်းကန်မှုဘဝနှင့် နိုင်ငံရေးသမားများ၏ သားသမီးများ ဇိမ်ခံပစ္စည်းများဖြင့် ဟိတ်ဟန်ပြသနေမှုများကို နှိုင်းယှဉ်ပြသထားသည့် ဗီဒီယိုများသည် TikTok (ယခင်က ပိတ်ပင်မခံရသော ပလက်ဖောင်း) ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့နေပြီး လူမှုကွန်ရက်ပေါ်တွင် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဖြိုးအိအိဇော် (ခ) နတ်သမီး
30/08/2025

ဖြိုးအိအိဇော် (ခ) နတ်သမီး

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ပေထုန်တန် ရှီနာဝပ် သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အရ ၎င်း၏ ရာထူးမှ ထုတ...
29/08/2025

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ပေထုန်တန် ရှီနာဝပ် သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အရ ၎င်း၏ ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပြီဖြစ်သည်။

ယနေ့ ကျရောက်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် ပေထုန်တန် နှင့် သူမ၏ ဖုအာထိုင်းပါတီအပေါ် ကြီးမားသော နိုင်ငံရေး ထိခိုက်မှု တစ်ရပ်လည်း ဖြစ်စေခဲ့သည်။ ထို့အပြင် ၎င်းသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ် ၏ နိုင်ငံရေးမျိုးဆက်ကိုလည်း ဆက်ခံသူ တစ်ဦး ဖြစ်ခဲ့သည်။

ဝန်ကြီးချုပ်သစ် နှင့် အစိုးရအဖွဲ့သစ် ရွေးချယ်ရန် အတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှု လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

အာဏာသိမ်းမှုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်အားလုံး ၎င်းတို့၏ ရာထူးများမှ ထွက်ခွာရန် ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ၎င်းအား အားပေးရန် စောင့်ဆိုင်းနေကြသော အနီရောင်အင်္ကျီဝတ် ထောက်ခံမှုသူများနှင့် ပွေ့ဖက်အားပေးခဲ့သည်။

ဆိုင်ဘာ လိမ်လည်ငွေထုတ်ယူမှုဖြင့် မြန်မာနိုင်ငံသား ထိုင်းနိုင်ငံတွင် အဖမ်းခံရ**ဩဂုတ် ၂၉၊ ၂၀၂၅**ဘန်ကောက်မြို့ — ထိုင်းနိုင...
29/08/2025

ဆိုင်ဘာ လိမ်လည်ငွေထုတ်ယူမှုဖြင့်
မြန်မာနိုင်ငံသား ထိုင်းနိုင်ငံတွင် အဖမ်းခံရ

**ဩဂုတ် ၂၉၊ ၂၀၂၅**

ဘန်ကောက်မြို့ — ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ၏ ဘဏ်အကောင့်များကို ဆိုင်ဘာတိုက်ခိုက်ခိုးယူပြီး ငွေကြေးများ လိမ်လည်ထုတ်ယူသုံးစွဲသည်ဟုဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား တစ်ဦးအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန (လဝက) ၏ ထုတ်ပြန်ချက်အရ အသက် ၂၇ နှစ်အရွယ် ခန့်စိုး အမည်ရှိ ယောက်ျားလေးအား ဩဂုတ်လ ၂၇ ရက်က ဘန်ကောက်မြို့၊ စသွန်ခရိုင်အတွင်းရှိ တိုက်ခန်းတစ်ခန်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“Makro Pro” ဆော့ဖ်ဝဲလ်အသုံးပြု၍ iPhone 15 ဝယ်ယူရန် အကြွေးဝယ်ကဒ် အချက်အလက် ခိုးယူအသုံးပြုမှုကို စုံစမ်းစစ်ဆေးရာမှ တစ်ဆင့် ထိုသူအား ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးစဉ်က သူ၏ မိုဘိုင်းဖုန်းနှင့် တက်ဘလက်များထဲတွင် အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်၊ ကနေဒါ၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်းများစွာမှ ခရက်ဒစ်ကဒ် အချက်အလက်ပေါင်း သောင်းချီကို သိမ်းဆည်းထားသည်ကို တွေ့ရှိရပြီး ယင်းအနက်တွင် ထိုင်းနိုင်ငံမှ ကဒ်အချက်အလက် ၁,၀၀၀ ကျော်လည်း ပါဝင်နေကြောင်း သိရသည်။

လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက အခြားသူများ၏ အကြွေးဝယ်ကဒ် အချက်အလက်များကို အလွဲသုံးစားလုပ်၍ ရရှိလာသော ငွေဖြင့် မိုဘိုင်းဖုန်းများ အပါအဝင် ပစ္စည်း ၂၀၀ ကျော်ကို ဝယ်ယူကာ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်ဟု စွပ်စွဲထားသည်။ လက်ရှိတွင် သူ့အား ဆိုင်ဘာမှုခင်းဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့်တင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင် ပင်လုံဆေးရုံမှာ... ကွယ်လွန်သွားပါပြီ။
10/07/2025

စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင်
ပင်လုံဆေးရုံမှာ... ကွယ်လွန်သွားပါပြီ။

အီရန်မှ အမေရိကန်စစ်စခန်းများကို ပြန်လည် ပစ်ခတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု နောက်ဆုံးသတင်းများအရ သိရသည်။ သို့ရာတွင် မည်သည့်စခန်းမ...
23/06/2025

အီရန်မှ အမေရိကန်စစ်စခန်းများကို ပြန်လည် ပစ်ခတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု နောက်ဆုံးသတင်းများအရ သိရသည်။ သို့ရာတွင် မည်သည့်စခန်းများကို ပစ်မည်ဆိုသည်မှာ ဆုံးဖြတ်ချက် မချမှတ်ရသေးပေ။

အီရန်နှင့် နီးကပ်သော ကာတာနိုင်ငံမှာ လေကြောင်းပိတ်ပင်လိုက်ပြီဖြစ်သော်လည်း အခြားနိုင်ငံများက လေကြောင်းမပိတ်သေးပေ။

ဒူဘိုင်းနှင့် ဆော်ဒီအာရပ်နိုင်ငံသို့ ပျံသန်းမည့် လေယာဉ်အချို့ကို ယာယီရပ်ဆိုင်းထားသည်။ ဒူဘိုင်းနှင့် အီရန်တို့၏ အကွာအဝေးမှာ (ကီလိုမီတာ ၃၀၀ ခန့်) အန္တရာယ်ရှိနိုင်သည်ဟု သတိပြုနေကြပါတယိ

အစပိုင်းတွင် ၄၈ နာရီအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ နာရီပိုင်းအတွင်း ဖြစ်နိုင်သည်ဟု သတိပေးချက် (Alert) ထုတ်ပြန်ထားခဲ့သည်။

20/05/2025

မြန်မာပြည်မှာ
ကိုဗစ်ရောဂါ
ကူးစက်ခံရသူ ၁ဦး
စတင်တွေ့ရှိ

Address

Mandalay
83000

Telephone

09798610866

Website

Alerts

Be the first to know and let us send you an email when ReactX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share