NX Mobile

NX Mobile ✅

13/01/2023

Redmi Buds 4 Pro Unboxing 💢

စျေးနှုန်း တစ်သိန်းခွဲဝန်းကျင်မှာ recommend အပေးချင်ဆုံး bluetooth earphone လေးပါ 👍

Shot on - Redmi Note 12 Pro 📷

စမ်းနားထောင်ကြည့်ရသလောက်တော့ ဒီကောင်လေးကလက်ရှိသူ့စျေးတန်းဝန်းကျင်မှာ sound quality , build quality , design အကုန်လုံး အဆ...
12/01/2023

စမ်းနားထောင်ကြည့်ရသလောက်တော့ ဒီကောင်လေးက
လက်ရှိသူ့စျေးတန်းဝန်းကျင်မှာ sound quality , build quality , design အကုန်လုံး အဆင်ပြေတာထက်ကိုပိုပါတယ် ၊၊
တစ်သိန်းခွဲဝန်းကျင်မှာ သူ့ထက် sound quality ပိုကောင်းနိုင်မယ်လို့ ယူဆလို့ရတဲ့ Tronsmart , Sound Peats , Ear Fun etc... တို့လို audio brand တွေက earphone တွေလဲရှိပေမယ့် Xiaomi products တွေကိုပ်ိုပီးသဘောကျမိတဲ့ ကျွန်တော်တို့လိုလူမျိူးတွေအတွက်
Redmi Buds 4 Pro လေးက ရွေးချယ်စရာတစ်ခုဖြစ်လာခဲ့တာပါ ၊၊

Unboxing လုပ်ထားတဲ့ video လေးလဲတင်ပေးသွားပါမယ်ခင်ဗျာ ၊၊
See u soon .... 🤙

Xiaomi ကတော့ MIUI 14 ကို Simplicity, Streamlined, Stability & Smoothness လို့ပြောပီးမိတ်ဆက်သွားတယ် 👀တကယ်လဲတော်တော် smoot...
24/12/2022

Xiaomi ကတော့ MIUI 14 ကို Simplicity, Streamlined, Stability & Smoothness လို့ပြောပီးမိတ်ဆက်သွားတယ် 👀
တကယ်လဲတော်တော် smooth ဖြစ်လာတယ်လို့သုံးလို့ရနေသူတွေကတော့ ညွှန်းနေကြပီ ၊၊
Optimization ပိုကောင်းလာပီး Ram usage ကိုအတတ်နိုင်ဆုံးနည်းအောင်လုပ်လာလိမ့်မယ်လို့မြင်မိပါတယ် ၊
လူကြီးမင်းတို့ လက်ထဲကိုင်ထားတဲ့ Xiaomi ဖုန်းမှာ
MIUI 14 ရမရ အောက်က list မှာဝင်ကြည့်လိုက်ပါ ✌️

📱 MIUI 14 Update ရရှိနိုင်မည့်ဖုန်းများ📱



Xiaomi 13, 13 Pro
Xiaomi 12, 12 Pro , 12X , 12 Lite
Xiaomi 12S , 12S Pro, 12S Ultra
Xiaomi 12T, 12T Pro
Xiaomi 11T, 11T Pro
Xiaomi Mi 11 Lite 4G & 5G, 11 Lite 5G NE
Xiaomi Mi 11, 11 LE, Mi 11i, Mi 11 Ultra, Mi 11 Pro
Xiaomi 11i, 11i Hypercharge
Xiaomi Mi 11X, Mi 11X Pro
Xiaomi MIX FOLD 2, MIX FOLD 2
Xiaomi Civi, Civi 1S, Civi 2
Xiaomi Mi 10, Mi 10i 5G, Mi 10S, Mi 10 Pro, Mi 10 Lite Zoom, Mi 10 Ultra
Xiaomi Mi 10T, Mi 10T Pro, Mi 10T Lite
Xiaomi Pad 5, Pad 5 Pro, Pad 5 Pro 12.4, Pad 5 Pro 5G 10 Ultra
Xiaomi Mi 10 Lite Zoom



Redmi Note 12 Pro+
Redmi Note 12 Discovery Edition
Redmi Note 12, Redmi Note 12 Pro
Redmi Note 11, 11 5G, 11 SE, 11 4G
Redmi Note 11T 5G, 11T Pro, 11T Pro+
Redmi Note 11 Pro 4G, 11 Pro 5G, 11 Pro+ 5G
Redmi Note 11S, 11S 5G
Redmi Note 11E, 11E Pro, 11R
Redmi Note 10, 10 Pro, 10 Pro 5G, 10 Pro Max, 10S, 10 Lite, 10 5G
Redmi Note 10T 5G, 10T Japan
Redmi Note 9 4G, 9 5G, 9T 5G, 9 Pro 5G
Redmi K50, K50 Pro, K50 Gaming
Redmi K50i, K50 Ultra
Redmi K40, K40 Pro, K40 Pro+, K40 Gaming, K40S
Redmi K30S Ultra, K30 Ultra, K30 4G, K30 Pro
Redmi Note 8 (2021)
Redmi 11 Prime, 11 Prime 5G
Redmi 10C, 10A
Redmi 10, 10 Power, 10 5G, 10 Prime+ 5G, 10 Prime, 10 Prime 2022
Redmi 9T, 9 Power



POCO M3
POCO M4 Pro 4G,POCO M4 5G
POCO M5, M5s
POCO X4 Pro 5G
POCO C40 , C40+
POCO M4 Pro 5G,POCO M3 Pro 5G
POCO X3,POCO X3 NFC
POCO X3 Pro,POCO X3 GT
POCO X4 GT
POCO F4
POCO F3,POCO F3 GT

Resource From > Xiaomi miui rom website

Redmi Note 12 Pro 💥ဖုန်းမော်ဒယ်အသစ်တွေ အမျိူးမျိူးထွက်နေတဲ့အချိန်6 သိန်းကျော် 7 သိန်းဝန်းကျင်မှာ ဘာဖုန်းဝယ်ရမလဲရွေးရခက်န...
19/12/2022

Redmi Note 12 Pro 💥

ဖုန်းမော်ဒယ်အသစ်တွေ အမျိူးမျိူးထွက်နေတဲ့အချိန်
6 သိန်းကျော် 7 သိန်းဝန်းကျင်မှာ ဘာဖုန်းဝယ်ရမလဲရွေးရခက်နေတဲ့ ဘော်ဒါတွေအတွက် 🤩

လက်ရှိ Upper Midrage Level မှာ အရမ်း Hot ပီးလူကြိုက်လဲများနေသလို ဆိုင်တွေမှာလဲ ပစ္စည်းပျက်တဲ့အထိကိုရောင်းအားကောင်းလွန်းနေတဲ့ model လေးပါ၊၊
အခုလက်ရှိလဲ ကျွန်တော်ကိုင်ထားတာမို့ User experience အနေနဲ့ ညွှန်းပေးပရစေဗျား ✅

> Design and Build Quality

နောက်ကြောဘက်က glass back ကိုမှ
ဘေးဘောင်ကို plastic နဲ့လုပ်ထားပေးပီး flat design လေးနဲ့ပါပဲ ၊ frame ပတ်ပတ်လည်ကို လက်ရာမထင်အောင်လုပ်ထားပေးတာလေးက တကယ်အနှစ်ကျပါတယ်၊၊
ကာဗာမတတ်ပဲကိုင်ရင် ဘေးဘောင်တွေက ကြာလာရင်
လက်နာသလိုတော့ရှိပေမယ့် 187 g ရှိပီး သူ့နောင်တော် Note 11 Pro ထက် ပိုပီးပေါ့သလို ပိုလဲပါးလာပါတယ် ၊၊
အဖြူရောင်ကတော့ ကျွန်တော်အကြိုက်ဆုံးအရောင်လေးဖြစ်လို့ ကျန်တဲ့သုံးရောင်ထက်ကို ပိုပီးလှနေတယ်လို့မြင်မိပါတယ် 😍
Camera bump ကလဲ Note 11 Pro တုံးကလ်ို ပြူးပီးထွက်မနေတော့ပါဘူး ၊
Buttom တွေကလဲ နိုပ်ရတာ ကျစ်ကျစ်လစ်လစ်ရှိပီး
Finger print ကတော့ side-mounted နဲ့ပါ ၊၊

> Camera

ဒီဖုန်းမှာ အကြိုက်ဆုံးအချက်ပါ *
Flagship Model ဖြစ်တဲ့ Xiaomi 12 series မှာ သုံးထားပေးဖူးတဲ့ Sony IMX 766 sensor ကိုတတ်ပေးထားတာပါ
အရင် Note 11 Pro တုံးကထက် camera ပိုင်းမှာသိသိသာသာပြောင်းလဲသွားပါပြီ
ပုံထွက် quality ကတော့ Mi 12 series ကိုမမှီပေမယ့်
သူ့စျေးတန်းမှာတကယ်လက်ခံလို့ရတဲ့ အနေအထားပါ
ဒါလဲ CPU မတူတာကြောင့် image processing ပိုင်းမှာ နဲနဲလေးကွာသွားတာလို့ထင်မိပါတယ်
selfie ကလဲ 13 MP နဲ့မို့ သာမာန်ထက်ကိုပိုပါတယ်
Video ကတော့ Front ရော Back ရော 1080 p/60 fps အထိရိုက်လို့ရပီး 4K ကိုတော့ 30 fps ပဲရမှာပါ
Redmi Series မို့ camera ဝဲစွဲနေမယ်လို့မထင်လိုက်ပါနဲ့
camera တကယ်ကောင်းပါတယ် 📸

> Display , sound system and storage

OLED panel ကိုသုံးထားတဲ့အတွက် ရုပ်ထွက်အနေနဲ့ကတော့ ဘာမှအပြစ်ပြောစရာမရှိအောင်ကို အဆင်ပြေတဲ့အနေအထားမှာ ရှိနေပီးတော့ 120 Hz refresh rate ကိုမှ HDR10 + နဲ့ Dolby Vision ဘာညာလဲပါနေသေးတာမို့ perfect ပေါ့ဗျာ ၊
Screen size 6.67 inch ကိုမှ basel တွေ chin တွေကို တော်တော်လေး symmetric ဖြစ်အောင်လုပ်ပေးထားလို့ သူ့ရဲ့ display ကိုကြည့်နေရတာ upper midrage ဖုန်းတစ်လုံးရဲ့ screen လို့ထင်မှတ်စရာမရှိလောက်အောင် premium look ကိုရပါတယ်၊၊ 👀
Speaker ကတော့ stereo ဖြစ်ပီး
အပေါ်အောက် နှစ်လုံးကိုမှ အရင် Note 11 Pro လို Tune by JBL မဟုတ်တော့တဲ့အတွက် အနဲငယ်ဝိတ်လျှော့လိုက်တယ်လို့ထင်မိပါတယ် ၊
Bass ပိုင်းမှာတော့ သိသိသာသာအားနည်းသွားပေမယ့်
အသံကြည်ကြည်လေးနဲ့ ကျယ်တဲ့ ဘက်ကိုသွားထားတဲ့ပုံစံလေးက နားထောင်ရတာအဆင်ပြေပါတယ် ၊၊
3.5 mm headphone jack လဲပါနေပါသေးတယ် ၊
Ram နဲ့ Storage ကတော့ ကျနော် သုံးနေတဲ့ကောင်လေးက 8/128 GB ကိုမှ + Ram 5 GB နဲ့ပါ ၊
ပုံမှန် user ဆိုရင်တော့ 6/128 GB version လောက်လဲ အဆင်ပြေပါတယ် ဂိမ်းများများဆော့တတ်တဲ့သူဆိုရင်တော့ 8/128 GB version လေးကိုပိုပီး recommend ပေးချင်ပါတယ် ၊၊

> Battery and Performance

5000 mAh battery က Youtube ကြည့် Social သုံးယုံလောက်ဆို တနေကုန်အေးဆေး run နိုင်ဖို့ လုံလောက်ပီးသားအပြင် 67 W charging speed နဲ့မို့ဘာလိုသေးလဲပရိသတ် 😎
သုံးထားတဲ့ CPU ကြောင့်လဲ power consumption ပိုင်းမှာသိသိသာသာ တိုးတတ်လာတယ်လို့ထင်မိပါတယ် 👀
CPU ကတော့ Dimensity 1080(6nm) chip နဲ့ပါ
ML , PUBG , PES etc.... ကြိုက်တဲ့ဂိမ်းလာ High graphic setting တွေနဲ့အကြိုက်ဗျင်းလို့ရပါသေးတယ်
ကျွန်တော် ဆော့ကြည့်ရသလောက် PUBG လေးငါးပွဲလောက်ဆော့ပီးချိန်တောင် ဖုန်းနောက်ကြောလေးနွေးရုံလောက်ပဲ ပူလာတာမို့ heat problem မရှိလောက်အောင်ကို အဆင်ပြေလွန်းတာကြောင့် game အဆော့များတဲ့သူတွေလဲ ရွေးချယ်လို့ကောင်းမယ့် ဖုန်းလေးတစ်လုံးပါ ၊၊

*စျေးလည်းအရမ်းမကြီးရဘူး flagship လဲမကိုင်ချင်သေးဘူး midrange ကိုမှ camera လဲကောင်းရမယ် Performance အကြမ်းမဟုတ်ရင်တောင် game မျိူးစုံကို graphic ကောင်းကောင်းနဲ့ ရှယ်ဆော့လို့ရမယ်
ပေါ့ပေါ့ပါးပါးနဲ့ Design ပိုင်းမဆိုးပဲ built quality ကောင်းတာလေးကိုလိုချင်ရင်
Redmi Note 12 Pro လေးက ၇ သိန်းဝန်းကျင်မှာအသင့်တော်ဆုံးလို့မြင်မိပါတယ် 💯

Address

Maubin
Maubin

Telephone

+959690855989

Website

Alerts

Be the first to know and let us send you an email when NX Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share