Our_Community_MDW_Daily News Page

Our_Community_MDW_Daily News Page I appreciate on our community as a helpless Our Rohingya!!

17/12/2024

ယနေ့ နေ့လယ် ၁ နာရီခွဲကပင် ယခုချိန်ထိ မောင်တောမြို့ထဲမှာ မီးလောင်နေပါတယ်။ မီးလောင်ပုံက တစ်အိမ်ပြီး တစ်အိမ် လောင်ကျွမ်းနေပုံရပါတယ်။ မြို့ပေါ်မှာ လူလဲ မရှိသလို၊ AA မှအပ ဘယ်လက်နက်ကိုင်အဖွဲ့မှလဲ မရှိပါဘူး။

ဘယ်လ်ဂျီယံနိုင်ငံက ICJ ရဲ့ The Gambia vs. Myanmar - ရိုဟင်ဂျာဂျီနိုဆိုက် အမှုမှာ တရားဝင် intervention လုပ်ဖို့ လျှောက်ထာ...
16/12/2024

ဘယ်လ်ဂျီယံနိုင်ငံက ICJ ရဲ့ The Gambia vs. Myanmar - ရိုဟင်ဂျာဂျီနိုဆိုက် အမှုမှာ တရားဝင် intervention လုပ်ဖို့ လျှောက်ထားလိုက်ပြီ။

ပီရူးနိုင်ငံတွင် နှစ် 1,700 သက်တမ်းရှိ တက်တူးအမျိုးသမီး မမ်မီကို ရှေးဟောင်း Andean ယဉ်ကျေးမှုတွင် ထူးထူးခြားခြား ရှာဖွေတ...
16/12/2024

ပီရူးနိုင်ငံတွင် နှစ် 1,700 သက်တမ်းရှိ တက်တူးအမျိုးသမီး မမ်မီကို ရှေးဟောင်း Andean ယဉ်ကျေးမှုတွင် ထူးထူးခြားခြား ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ပီရူးနိုင်ငံအလယ်ပိုင်းတွင် ရှေးဟောင်းယဉ်ကျေးမှုအကြွင်းအကျန်များအတွင်း စွဲမက်ဖွယ်ကောင်းပြီး မကြုံစဖူးသောရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်ပါတယ်။
အနုစိတ်သောတက်တူးများဖြင့် တန်ဆာဆင်ထားသော အသက် 1,700 အရွယ် အမျိုးသမီးမမ်မီတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤထူးခြားသောရှာဖွေတွေ့ရှိမှုသည် ရှေးခေတ် Andean ယဉ်ကျေးမှုဆိုင်ရာ စွဲမက်ဖွယ်ထိုးထွင်းသိမြင်မှုကို ပြသရုံသာမက ကိုလံဘီယာမတိုင်မီ ပီရူးရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ကိုယ်ထည်အနုပညာနှင့် သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းများကိုပါ အလင်းပေးတယ်လို့ ဆိုပါတယ်။
လှပစွာထိန်းသိမ်းထားသည့် မမ်မီ၏တက်တူးများသည် အင်ကာအင်ပါယာမထွန်းကားမီ ကြာမြင့်စွာနေထိုင်ခဲ့သည့် လူ့အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းနှင့် ယုံကြည်ချက်များကို ရှားရှားပါးပါး အရိပ်အမြွက်ပြသပေးတယ်လို့ သိရပါတယ်။

ရှာဖွေတွေ့ရှိမှု- ရှေးခေတ် Andean ဘဝသို့ တစေ့တစောင်း

ပီရူးနိုင်ငံရှိ ရှေးဟောင်းသုတေသနနေရာတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့သည့် အမျိုးသမီးမမ်မီကို အေဒီ 300 ဝန်းကျင်တွင် တွေ့ရှိခဲ့ပြီး ၎င်းသည် နှစ်ပေါင်း 1,700 ကျော် သက်တမ်းရှိပြီဟု ယုံကြည်ရသည်။ မသေဆုံးနိုင်သော ရုပ်ကြွင်းများကို ထူးထူးခြားခြား ထိန်းသိမ်းထားနိုင်သည့် အခြေအနေတွင် တွေ့ရှိရပြီး ခန္ဓာကိုယ်ကို တက်တူးများဖြင့် အလှဆင်ထားဆဲဖြစ်ပြီး ၎င်းသည် အမှန်တကယ် ထူးခြားသည့် တွေ့ရှိမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ထိုတက်တူးများသည် Andean လူ့အဖွဲ့အစည်းအတွင်း ဝိသေသလက္ခဏာ၊ အဆင့်အတန်း သို့မဟုတ် ဝိညာဉ်ရေးယုံကြည်ချက်များနှင့် ဆက်စပ်နေသည့် ယဉ်ကျေးမှု၊ ဝိညာဉ်ရေး သို့မဟုတ် လူမှုရေးဆိုင်ရာ အဓိပ္ပာယ်များ ရှိနေနိုင်သည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက ခန့်မှန်းကြပါတယ်။




#ပီရူး
#ရှေ့ဟောင်း


မြန်မာနိုင်ငံအမြန်ဆုံးတည်ငြိမ်အေးချမ်းစေရန် အကောင်းဆုံးဆက်လက်ကြိုးပမ်းသွားမည်ဟု တရုတ်သံအမတ်ပြော မြန်မာနိုင်ငံအမြန်ဆုံးတည...
16/12/2024

မြန်မာနိုင်ငံအမြန်ဆုံးတည်ငြိမ်အေးချမ်းစေရန် အကောင်းဆုံးဆက်လက်ကြိုးပမ်းသွားမည်ဟု တရုတ်သံအမတ်ပြော

မြန်မာနိုင်ငံအမြန်ဆုံးတည်ငြိမ်အေးချမ်းစေရန် အကောင်းဆုံးဆက်လက်ကြိုးပမ်းသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီး H.E Ms. Ma Jia မှ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက်ည ၆ နာရီက ရန်ကုန်မြို့ရှိ Pan Paciffic Hotel ၌ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အားကြိုဆိုသည့်အနေဖြင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဉ် တရုတ်သံအမတ်ကြီးမှ မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေးကို အထူးအလေးထားကာ မြန်မာနိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားကဏ္ဍများနှင့် ရင်းနှီးမြှုပ်နှံမှုတို့အား အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပညာရေးနှင့် အားကစားဆိုင်ရာလိုအပ်ချက်များကိုလည်း စီမံဖြည့်ဆည်းပေးလျက်ရှိသည်ဟု ဆွေးနွေးပြောဆိုသည်။

ထို့ပြင် မိမိ တာဝန်ထမ်းဆောင်ချိန်မှစတင်ကာ မြန်မာနိုင်ငံအမြန်ဆုံးတည်ငြိမ်အေးချမ်းစေလိုသည့် တရုတ်အစိုးရ၏ စိတ်ရင်းစေတနာအတိုင်း အကောင်းဆုံးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌဦးတင်ဦးမှလည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းများ၊ မိတ်ဆွေကောင်းများအဖြစ် ရပ်တည်ချက်များကိုဆက်လက်ထိန်းသိမ်း၍ ပြင်ပ ပယောဂများကို ဆွေမျိုးပေါက်ဖော်များပီသစွာ လက်တွဲရင်ဆိုင်ကျော်လွှားသွားကြရန်လိုအပ်သည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်အားကြိုဆိုသည့်အနေဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအဓွန့် ရှည်ခိုင်မြဲတည်တံ့စေရန် ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

16/12/2024

ICC နဲ့ ICJ ဘာတွေဘယ်လိုကွာခြားလဲ

မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးပါဆိုပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ ရှေ့နေချုပ် ကရင်းမ်ခန်းက ရုံးတော်ထံ လျှောက်ထားမှုလုပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာဇဝတ်ခုံရုံး ICC က ဘယ်လိုလူတွေကို အရေးယူနိုင်လဲ။

နောက်ပြီး ရိုဟင်ဂျာတွေကိုလူမျိုးတုံးသတ်ဖြတ်တာဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကိုတရားစွဲထားတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကရော ဘယ်လိုအရေးယူမှုတွေလုပ်နိုင်လဲ။

မြန်မာစစ်တပ်ဘက်ကတော့ မြန်မာဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ဘူးလို့ငြင်းဆိုထားပါတယ်။ တဖက် ICJ မှာတော့ မြန်မာကိုတိုင်ကြားထားတဲ့ အမှုအတွက် စစ်ကောင်စီကဖြေရှင်းနေတာရှိပါတယ်။

ICC နဲ့ ICJ ရဲ့ မတူညီမှုတွေနဲ့ ခြားနားချက်တွေအကြောင်း ဒီရုပ်သံရှင်းပြချက်မှာကြည့်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မင်းအောင်လှိုင် #မြန်မာ

မလေးရှားရဲ့ မြန်မာ့ပြသနာအဖြေရှာဖို့ နည်းလမ်းသစ်တစ်ခုမစွမ်းရင်းကလည်း ရှိ၊ ကန်ဇွန်းခင်းကလည်း ငြိ။နောက်နှစ်စမှာ အာဆီယံဥက္ကဌ...
16/12/2024

မလေးရှားရဲ့ မြန်မာ့ပြသနာအဖြေရှာဖို့ နည်းလမ်းသစ်တစ်ခု
မစွမ်းရင်းကလည်း ရှိ၊ ကန်ဇွန်းခင်းကလည်း ငြိ။

နောက်နှစ်စမှာ အာဆီယံဥက္ကဌဖြစ်လာမ့ယ့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ထိုင်းဝန်ကြီးချုပ်ဟောင်း တတ်ဆင်ရှင်နဝတ်ကို သူ့ရဲ့လက်ထောက်အဖြစ် ခန့်အပ်လိုက်ခြင်းက မြန်မာ့ပြသနာဖြေရှင်းဖို့ အင်မတန် လက်တွေ့ကျတဲ့ ချဉ်းကပ်မှုသစ်ဖြစ်လို့ ကြိုက်ပါတယ်။
လက်ရှိအနေအထားမှာ
တရုတ်ရဲ့ဖိအားကလည်း စကစအစိုးရနဲ့ တရသတပ်တွေအပေါ် ပိုများလာတယ်။
စကစလည်း ပိုအားနည်းလာတယ်။
နုကြည်ကလည်း အာဆီယံနဲ့တရုတ်ကို ကြားဝင်ပေးဖို့ တောင်းဆိုထားတယ်ဆိုတော့
မစွမ်းရင်းကလည်း ရှိ၊ ကန်ဇွန်းခင်းကလည်း ငြိမယ့် သဘောဖြစ်တယ်။

ဒီဇဘ်ာ၁၆၊ ၂၀၂၄ထုတ် Free Malaysia Todayမှာ တတ်ဆင်ကို ခန့်အပ်ခြင်းအားဖြင့် မလေးနဲ့ထိုင်းတို့ရဲ့ စီးပွါးရေးဆက်သွယ်မှုကို ၂၀၂၇မှာ အမေရိကန်ဒေါ်လာ ဘီလျှံ၃၀အထိ တိုးမြင့်လာရေးကို အထောက်အကူဖြစ်မယ်လို့လည်း ဆိုထားတယ်။

သူများနိုင်ငံတွေက သူ့ပြည်သူတွေ ပိုချမ်းသာဖို့ အခွင့်အလမ်းတွေ ပေါ်နေ၊ ကြိုးပမ်းနေကြချိန်မှာ ငါတို့နိုင်ငံကတော့ အရှေ့တောင်အာရှ အာဆီယံမှာ တစ်ခုတည်းသော အချင်းချင်းသတ်မဝ၊ တိုင်းပြည်ဖျက်မဝတဲ့ လူရိုင်းနိုင်ငံ ဖြစ်နေဆဲတာက ဝမ်းနည်းစရာ ကောင်းလှတယ်။

လက်နက်စွန့် ဆွေးနွေးဖို့ စစ်ကောင်စီအကြီးအကဲ ပြောဆိုချက် AA အဖွဲ့ တုံ့ပြန်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်...
16/12/2024

လက်နက်စွန့် ဆွေးနွေးဖို့ စစ်ကောင်စီအကြီးအကဲ ပြောဆိုချက် AA အဖွဲ့ တုံ့ပြန်

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ပြီး ဆွေးနွေးညှိနှိုင်းဖို့ စစ်ကောင်စီအကြီးအကဲကပြောတာကို အာရက္ခတပ်တော် AA အဖွဲ့က ပယ်ချလိုက်ပါတယ်။ "အကြမ်းဖက်မှုတွေကိုရပ်၊ လက်နက်စွန့်ပြီး ပြည်သူကိုဝန်ချတောင်းပန်ရမှာက စစ်ကောင်စီသာ ဖြစ်တယ်" လို့လည်း တုံ့ပြန်ခဲ့တာပါ။ ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ကောင်စီအကြီးအကဲရဲ့ပြောဆိုချက်အပေါ် AA ပြောခွင့်ရရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် AA အပါအဝင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ မိမိတို့ရဲ့ လိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုလို့ မရနိုင်တာကြောင့် လက်နက်စွန့်ပြီးတော့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ မနေ့က ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ကိုပေးပို့တဲ့သဝဏ်လွှာထဲ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားတာပါ။

အခုလို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်နက်စွန့်ပါဆိုတဲ့ တိုက်တွန်း ပြောဆိုချက်အပေါ် စစ်ကောင်စီနဲ့ လက်ရှိစစ်ရေးပဋိပက္ခတွေ ပြင်းထန်နေပြီး ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီစခန်းတွေနဲ့မြို့တွေကို ထိန်းချုပ်နေပြီဖြစ်တဲ့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခကတော့ အခုလိုတုံ့ပြန်ပါတယ်။

“လက်နက်စွန့်ရမယ်ဆိုတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ အလွန်ဂုဏ်သရေမဲ့ ပြီးတော့ မျက်နှာပြောင်တိုက် သူခိုးက လူဟစ်ဆိုသလို ပြောဆိုမှုမျိုးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တကယ်လက်နက်စွန့်ပြီးတော့ ပြည်သူတွေကို ဝန်ချတောင်းပန်ရမှာ သူတို့အကြမ်းဖက် ဖက်ဆစ် စစ်တပ်ပဲဖြစ်ပါတယ်။ ”

MNDAA၊ TNLA နဲ့ AA စတဲ့မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ တိုင်းရင်းသား လူမှုစီးပွားအခြေအနေတွေကို ပိုပြီး ဆိုးရွားစေခဲ့သလို အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ရတာကြောင့် ခေတ်အဆက်ဆက် လက်နက်ကိုင်လုပ်ငန်းစဉ်တွေဟာ လွဲမှားတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုထားပါတယ်။

အာရက္ခတပ်တော်AAဘက်ကတော့ လက်ရှိနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီကြားဖြစ်နေတာမဟုတ်ဘဲနဲ့ စစ်ကောင်စီနဲ့ မြန်မာပြည်သူတရပ်လုံး ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“အခုသူတို့ အကြမ်းဖက် စစ်တပ်ရင်ဆိုင်နေရတာဟာ ပြည်သူ တရပ်လုံးနဲ့ ဖြစ်တယ်။ ဒီစစ်ပွဲဟာ ပြည်သူနဲ့ အကြမ်းဖက်စစ်တပ်ကြားမှာ ဖြစ်နေတဲ့ စစ်ပွဲဖြစ်တယ်။ ဒါ့ကြောင့် မင်းအောင်လှိုင် ခေါင်း ဆောင်တဲ့စစ်တပ်ဟာ ပြည်သူကိုကိုယ်စားပြုတဲ့ စစ်တပ်မဟုတ်တော့ဘူး။ တိုင်းပြည်ကို ကာကွယ်နေ တဲ့ စစ်တပ်လည်းမဟုတ်တော့ဘူး။ တကယ်တော့ သူတို့ အကြမ်းဖက် ဖက်ဆက်စစ်တပ်ဟာ ဒီတိုင်း ပြည်နဲ့ လုံးဝမပတ်သက်တော့ဘူး။ ဒါ့ကြောင့်မို့လို့ သူတို့အကြမ်းဖက်စစ်တပ်ကို လက်နက်စွန့် ဖျက်သိမ်းပေးဖို့အတွက် ပြည်သူတရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းတိုက်ထုတ်နေကြတာဖြစ် တယ်။”

မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကို ပြင်းပြင်း ထန်ထန်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ တရုတ်အစိုးရရဲ့ဖိအားပေးမှုနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကူမင်းမှာ လုပ်ဆောင်နေပေမဲ့ တန်းတူညီမျှတဲ့ အဖြေပေါ်တဲ့ ဆွေးနွေးပွဲ မဖြစ်လာနိုင်ဘူးလို့ မြန်မာ့နိင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုပါတယ်။

“ကိုယ်ကတော့ လက်နက်ကြီးကိုင်ထားတယ်၊ အမြောက်တွေ ကိုင်ထားတယ်။ လေတပ်တွေ ကိုင်ထား တယ်၊ တခြားအဖွဲ့တွေကို လက်နက်ကိုင်နည်းနဲ့ မဖြေရှင်းပါနဲ့လို့ပြောလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ၊ သူက နေ့စဉ်ဗုံးကြဲနေတယ်။ ပြည်သူတွေကြားထဲကို။ နောက်ပြီးတော့ ပြည်သူတွေကို အခုက စစ်တပ်ထဲကို ပြန်ပေးဆွဲနေတယ်။ အဲအခြေအနေအောက်မှာ စစ်ရေးနည်းလမ်းမကျင့်သုံးပါနဲ့ဆိုတော့ စစ်ရေးနည်း လမ်းကို ဘယ်သူက ကျင့်သုံးနေတာလဲ။ အခုက ဘယ်သူက လက်နက်ကိုင်ပြီးတော့ ပြောနေတာလဲ။ ဆိုတော့ ဒါဟာ တန်းတူရည်တူရှိတဲ့ဆွေးနွေးပွဲဖြစ်မယ်လို့ ယူဆစရာဘာများရှိပါသလဲ။ မရှိပါဘူး။”

အာရက္ခတပ်တော် AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် အောက်တိုဘာလအတွင်းက တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း တွေနဲ့ နယ်မြေတော်တော်များများကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က အသီးသီး သိမ်းပိုက်ထိန်းချုပ်ထားကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ထဲက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLAနဲ့ MNDAAကိုးကန့်တပ်တွေက တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် တဖတ်သတ်အပစ်ရပ်ထားကြတာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော် AAအနေနဲ့တော့ ဒီလအတွင်းမှာပဲ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၂ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားသလို စစ်ကောင်စီရဲ့ အဆင့်မြင့်ရာထူးအဆင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေအပါအဝင် စစ်သုံ့ပန်းရာချီကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အမ်းနဲ့ ဂွမြို့နယ်တွေကို ဆက်လက်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

https://burmese.voanews.com/a/aa-khine-thukha-response-for-military-leder-min-aung-hlaing-/7902728.html

ရခိုင် အာရက္ခတပ်တော် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ (သြဂုတ်လ ၁၁၊ ၂၀၂၂)

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ပြီး ဆွေးနွေးည.....

မြန်မာဒီမိုတွေနဲ့ မြန်မာမီဒီယာတွေဟာ စစ်တပ်က ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်တုန်းက ဒေါ်စုနဲအတူ မြှောက်ပေး၊ ကာပေးနေခဲ့သလို...
15/12/2024

မြန်မာဒီမိုတွေနဲ့ မြန်မာမီဒီယာတွေဟာ စစ်တပ်က ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်တုန်းက ဒေါ်စုနဲအတူ မြှောက်ပေး၊ ကာပေးနေခဲ့သလို

အခုလည်း အေအေက ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်ရပ်တွေ အကြိမ်ကြိမ်လုပ်နေမှန်းသိလျှက်နဲ့ မြန်မာဒီမိုတွေနဲ့ မြန်မာမီဒီယာတွေက ကာပေး၊ မြှောက်ပေးလုပ်နေကြပြန်ပြီ။

ဝီရသူကို ဗုဒ္ဓဘာသာအကြမ်းဖက်မျက်နှာလို့ တိုင်းမဂ္ဂဇင်းက ၂၀၁၃ ဂျူလိုင်လမှာ တင်ခဲ့တုန်းက ဗုဒ္ဓဘာသာကို စော်ကားတာပါဆိုပြီး ခင်ဗျားတို့အားလုံး နာကြတယ်။
အေအေက အစ္စလာမ်မစ်အစွန်းရောက်ဆိုပြီး အစ္စလာမ်သာသနာကို စော်ကားတဲ့အခါကျတော့ ခင်ဗျားတို့အားလုံး နှာခေါင်းကော၊ ဖင်ကော ပိတ်ကုန်ကြရုံမက အေအေခေါ်တဲ့အတိုင်း ဝိုင်းတင်ပေးနေကြတယ်။ ခင်ဗျားတို့ပါ အစ္စလာမ်သာသနာကို ဝိုင်းစော်ကားနေကြတယ်။ အရှက်သိက္ခာနဲ့ ကျင့်ဝတ်ဆိုတာ ခင်ဗျားတို့တွေအားလုံးမှာ တပြားသားမှ မရှိဘူး။

ဒီလို အမြင်ကျဉ်းတဲ့ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်စိတ်ဓါတ်တွေ၊ အကျင့်ဆိုးတွေကို မစွန့်နိုင်သရွေ့ ခင်ဗျားတို့ဦးဆောင်နေတဲ့ ဒီမိုကရေစီတိုက်ပွဲကလည်း အောင်မြင်ဖို့ မရှိဘူး။ ဖက်ဒရယ်ဒီမိုကရေစီကိုလည်း ဘယ်သောအခါမှ ရောက်မှာလည်း မဟုတ်ဘူး။
စစ်အုပ်စုကျပြီးသွားရင်တောင် ခင်ဗျားတို့ရဲ့ လူမျိုးရေးဘာသာရေး အမုန်းစိတ်တွေကြောင့် Failed State ဖြစ်ပြီး ထပ်ကျရှုံးအုံးမှာဖြစ်တယ်။

ရိုဟင်ဂျာတွေက အေအေနဲ့ မပေါင်းတာလား။အေအေက လက်မခံတာလား။ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေက မူလက အေအေ...
15/12/2024

ရိုဟင်ဂျာတွေက အေအေနဲ့ မပေါင်းတာလား။
အေအေက လက်မခံတာလား။

ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေက မူလက အေအေကို ထောက်ခံခဲ့ကြတယ်။ အားကိုးခဲ့တယ်။ အေအေနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့ကြတယ်။ အေအေက ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေရဲ့ ကမ်းလှမ်းမှုမှန်သမျှကို အကြောင်းအမျိုးမျိုးပြပြီး လက်မခံခဲ့ဘူး။
လက်မခံရုံတင်မက ရိုဟင်ဂျာအိမ်တွေ မီးရှို့မောင်းထုတ်တာ၊ သတ်ဖြတ်တာ၊ လေးနေရာမှာ ရိုဟင်ဂျာတွေကို ခေါင်းဖြတ်သတ်မှုတွေ ကျူးလွန်ခဲ့တာ၊ နတ်မြစ်ကူးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာတွေကို အေအေက ဒရုန်းနဲ့ ဗုံးကြဲတာ၊ မြစ်ကမ်းက ရိုဟင်ဂျာဒုက္ခသည်တွေကို ဝင်ရောက်စီးနင်းသတ်ဖြတ်တာတွေကို ကုလသမ္မဂ္ဂ ကော်မတီ IIMMကနဲ့ အခြားမီဒီယာတွေ၊ အင်ဂျီအိုတွေက မှတ်တမ်းတင်ထားတယ်။ ဒါတွေအချက်အလက်တွေဖြစ်တယ်။ ဒီအချက်အလက်တွေ ဖြစ်စဉ်တွေကို ဖုံးဖိထားလို့ မသင့်လျော်ဘူး။
တစ်ဆက်တည်းမှာပဲ ရိုဟင်ဂျာနဲ့ ရခိုင်တွေ လက်တွဲရမှာကို နားလည်ပါတယ်။ လက်ခံ ထောက်ခံတယ်။
သို့သော် လက်တွဲဖို့က အေအေဘက်က စရမှာဖြစ်တယ်။
ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်ဖြစ်အောင် အမုန်းလှုံ့ဆော်တဲ့ စကားလုံးဖြစ်တဲ့ “ဘဂ်ါလီ”တွေဆိုတဲ့ အသုံးအနှုံးမျိုးကအစ၊ မင်းတို့တွေက ငါတို့နယ်မြေမှာ နေရမှာဆိုတဲ့ အသုံးအနှုံးမျိုးက အလည်၊ စစ်တပ်ထဲအတင်းဆွဲသွင်းခံရတဲ့ ရိုဟင်ဂျာတွေကို အစ္စလာမ်မစ် စစ်သွေးကြွဆိုပြီး ဘာသာရေးမုန်းတီးမှုကို လက်နက်တစ်ခုသဖွယ်၊ အခုတိုင်လှုံ့ဆော်နေတာကအဆုံး အေအေခေါင်းဆောင်တွေဘက်က မသုံးသင့်ဘူး။ ဆင်ခြင်သင့်ပြီ။

ငါသတ်ခဲ့တဲ့ကုလားတွေ ရေတွက်လို့တောင် မရဘူးလို့ အေအေစစ်သား တစ်ယောက်က ဝန်ခံထားတဲ့လင့် (တစ်ယောက်ထဲကတောင် သူသတ်ခဲ့တာ ရေတွက်လို့ မရဘူးဆိုရင် စဉ်းစားသာကြည့်ပေရော့။)
https://www.facebook.com/story.php?story_fbid=1424345731568755&id=100012918258388

ကိုလှိုင်ဝင်း လင့်
https://youtu.be/6HYfarm-NC8

D

Address

Maungdaw

Website

Alerts

Be the first to know and let us send you an email when Our_Community_MDW_Daily News Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share