10/06/2026
saturn
စေတန်
စနေဂြိုဟ် 8ဂဏန်း
ဓာတ်ငွေ့ဂြိုဟ်ကြီးဖြစ်တယ်။
တစ်နာရီကို မိုင်တစ်ထောင်မှ တစ်ထောင့်ရှစ်ရာကီလိုမီတာအထိ လေမုန်းတိုင်းတွေပြင်းထန်စွာတိုက်ခတ်နေတတ်တယ်။
ကမ္ဘာပေါ်က အလွန်ပြင်းထန်လှပါတယ်ဆိုတဲ့ ဟာရီကိန်းမုန်တိုင်းကြီးထက် ငါးဆကျော်ပိုပြင်းထန်တယ်။
ပြင်းထန်သော လေထု၏ဖိအားနဲ့အပူရှိန်ကြောင့် ဒိုင်းမွန်းလို့ခေါ်တဲ့ စိန်တုံးစိန်ခဲတွေ
တွေဖြစ်ပေါ်ကြရတယ်။
8 ဂဏန်း၏သဘာဝဘေးအန္တရာယ်က
လေဘေးဖြစ်တယ်။
လေမုန်တိုင်းမိတာ လေယာဥ်ပျက်ကျတာ
လေကြောင့်အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးရတာမျိုးတွေဖြစ်တတ်တယ်။
ဒါကြောင့် 8 ဂဏန်းသမားတွေကို လေနဲ့ပတ်သက်ပြီးအတင့်မရဲကြဖို့ လေနဲ့ပတ်သက်ပြီး အသက်မမွေးကြဖို့အကြံပြုရတယ်။
8 ရက် 17ရက်26ရက်နေ့မွေးသူတွေကို8ဂဏန်းသမားလို့ခေါ်တယ်။
မြန်မာဂဏန်းမှာ စနေဂြိုဟ်ဟာ
၇ ဂဏန်းဖြစ်တယ်။
အင်္ဂလိပ်ဂဏန်းမှာ စနေဂြိုဟ်ဟာ8ဂဏန်းဖြစ်တယ်။
တချို့ ဂဏန်းပညာကို မလေ့လာပဲ
8 ဂဏန်းကို ရာဟုဂြိုဟ်လို့ပြောသူပြောနေကြတယ်။ အဲဒီထဲမှာ.ဖုန်းနံပတ်ပညာရှင်လို့ အမည်ခံသူကြီးတွေလည်းပါတယ်။
တချို့လည်း သောမတွေ ပါပတွေနဲ့
8 ဂဏန်းကို မြန်မာမဟာဘုတ်နဲ့ တိုင်းတာပြောဆိုနေကြတယ်။ 8 ဂဏန်းကသောမလည်းမဟုတ် ပါပလည်းမဟုတ် စေတန်လို့ခေါ်တဲ့စနေဂြိုဟ်သာဖြစ်တယ်။
8 ဂဏန်းက 8ဂဏန်းပဲဖြစ်တယ်။
ပြီးတော့8ဂဏန်းအလုပ် သူလုပ်တယ်။
ဖုန်းကိုတီထွင်ပြီး ဖုန်းထဲမှာထည့်သွင်းထားတဲ့ဝမ်းတူးသရီးလို့ခေါ်တဲ့ 1 မှအစ
9 ဂဏန်းအထိဟာ အင်္ဂလိပ်ဂဏန်းတွေပဲဖြစ်တယ်။ ဒါကြောင့် မြန်မာဂဏန်းတွေနဲ့ဖုန်းနံပတ်နဲ့ လားလားမှမဆိုင်လို့ မှတ်ထားရမယ်။ ဖုန်းတီထွင်သူလည်း.မြန်မာစာ မြန်မာဂဏန်းကို သိမှာမဟုတ်ဘူး။ မဟာဘုတ်တွေ အောင်လံထူစစ်သူကြီးပွဲတွေလည်းသိမှာမဟုတ်ဘူး။
ဒါကြောင့် ဖုန်းနံပတ်ပညာကို သောမတွေပါပတွေနဲ့သွားပြောရင် ရယ်စရာဖြစ်ကုန်မယ်။
8ဂဏန်းလို့ခေါ်တဲ့ စေတန်ဂြိုဟ်ကြီးက
အဝေးကကြည့်လိုက်ရင်
အေးချမ်းပြီးလွမ်းစရာကောင်းပေမဲ့
တကယ့်လက်တွေ့မှာအလွန်ကြောက်စရာကောင်းတဲ့နတ်ဆိုးကြီးတစ်ကောင်
ဖြစ်တယ်။ ဒါကြောင့်စေတန် နတ်ဆိုးလို့ခေါ်ခြင်းဖြစ်တယ်။
အထည်ဒြပ်မရှိတဲ့ဂြိုဟ်တစ်လုံးလည်းဖြစ်တယ်။
စေတန်လို့ခေါ်တဲ့ စနေဂြိုဟ်ထဲခုန်ချလိုက်ရင် လေမုန်းတိုင်းကြီးထဲခုန်ချလိုက်သလို
လွင့်မျောနေမယ်။
ပြီးတော့ ပြင်းထန်လှတဲ့ အပူဓာတ်အရှိန်ကြောင့် ခန္ဒာကိုယ်တစ်ခုလုံးလောင်ကျွမ်း ပျောက်ကွယ်သွားမယ်။
တဟုန်းဟုန်းတောက်နေတဲ့ မီးတောက်ကြီးထဲ ခုန်ချလိုက်သလိုလည်း ဖြစ်သွားမယ်။
တကယ်တော့ 8ဂဏန်းဟာလည်း.13 ဂဏန်းလိုပဲ Un lucky လို့ခေါ်တဲ့ ကံမကောင်းတဲ့နံပတ်တစ်လုံးဖြစ်တယ်။
ဘေးဆိုး ရန်ဆိုး ရောဂါဆိုး ကြမ္မာဆိုးကိုပဲ ထုတ်လွှင့်ပေးလေ့ရှိပါတယ်။
သို့သော် ခြွင်းချက်ရှိပါတယ်။
သူနဲ့သင့်မြတ်တဲ့ နံပတ်တွေနဲ့တွဲစပ်မိရင်
ကောင်းကျိုးပေးပါတယ်။
မသင့်မြတ်သောနံပတ်တွေနဲ့ပေါင်းစပ်မိရင်
ဒုက္ခပေးပါတယ်။
အဆိုးဆုံးက 8ဂဏန်းဟာ ယူရေနီယံသတ္တုဓာတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ 4 ဂဏန်း
နဲ့မတည့်ပါ။
ဒါကြောင့် 48 84နံပတ်တွဲဟာ အိမ်နံပတ် ကားနံပတ် ဆိုင်ကယ်နံပတ် ဖုန်းနံပတ်မှအစ
မည်သည့်နေရာတွင်ပါရှိနေနေမကောင်းပါ။
နောက်တစ်ခုက 8 ဂဏန်းတစ်လုံးရှိနေရင်
စေတန်နတ်ဆိုးတစ်ကောင်ရှိနေပြီလို့ သတ်မှတ်လို့ရသလို 8 ဂဏန်း နှစ်လုံး သုံးလုံး လေးလုံးပူးပါဝင်နေရင်တော့ နတ်ဆိုးသုံးလေးကောင်နဲ့အတူနေနေရပြီလို့ သိထားရပါမယ်။ အချိန်မရွေး ဒုက္ခဖြစ်သွားနိုင်ပါတယ်။
8ဂဏန်းသမားက အသဲရောဂါ သည်းခြရောဂေါ အစာအိမ် အစာဟောင်းရောဂါနဲ့ သွေး ထုံကျင်သော ရောဂါတွေ ဖြစ်လေ့ရှိတယ်။
ဒါကြောင့် နေ့စဥ်အသုံးပြုနေတဲ့ဖုန်းနံပတ်ထဲမှာ 8 များနေရင်လည်း.ဒီရောဂါတွေဖြစ်လာတတ်ပါတယ်။
ခရီးလမ်းသွားရင်း လေဘေးအန္တရာယ်နဲ့လည်း မတော်တဆကြုံတွေ့ရတတ်ပါတယ်။
နောက်တခုက 8ဂဏန်းဟာ 4ဂဏန်းနဲ့မ
တည့်တဲ့အတွက် 4ဂဏန်းကျသော အသက်
22 31 40 48 အစရှိတဲ့ နံပတ်တွဲကျတဲ့ နှစ်မျိုးကိုရောက်နေရင်လည်း.မတော်တဆဖြစ်မှုကို အားပေးတတ်ပါတယ်။
အင်္ဂလိပ်လို ပေါင်းလိုက်ရက် 4 ဂဏန်းကျသော မြို့ရွာများသို့ ခရီးသွားမိရင်လည်း မတော်တဆ ယာဥ်တိုက်ကားတိုက်တာမျိုး ကြုံရတတ်ပါတယ်။
ဂဏန်းပညာအကြောင်းပြောရတာ
စကြဝဠာကြီးအကြောင်းပြောရသလို
ကုန်နိုင်ဘွယ်မရှိပါဘူး။
ဘာကြောင့်ဆို စကြဝဠာကြီးဆီက
ဖြစ်ပေါ်လာတဲ့ ဂဏန်းတွေဖြစ်တဲ့အတွက်
ဂဏန်းတစ်လုံးချင်းစီဟာ စကြဝဠာကြီးလောက်ကျယ်ပြော ကျယ်ပြန့်လှပါတယ်။
ဒါကြောင့် ကားနံပတ်ပဲဖြစ်ဖြစ်
ဖုန်းနံပတ်ပဲဖြစ်ဖြစ် နံပတ်တိုင်းအရေးကြီးပါတယ်။
အကျိုးပြုသောနံပတ်ကိုကိုင်ဆောင်မိရင်အကျိုးခံစားရပါမယ်။
ဘေးအန္တရာယ်ဖြစ်တတ်သောနံပတ်တွဲများကို ကိုင်ဆောင်ထားရင်လည်း ဘေးရန်ကိုဖိတ်ခေါ်နေသလိုဖြစ်နေတတ်ပါတယ်။
ဒါကြောင့်
နံပတ်ပညာကို နားလည်တတ်ကျွမ်းသော
ဆရာသခင်များနဲ့ တိုင်ပင်ပြီး အသုံးပြုတာက အောင်မြင်ကြီးပွားသူဖြစ်ဖို့ ပိုသေချာပါတယ်။
ချစ်ခြင်းဖြင့်
အောင်ချစ်မင်းမြတ်
တဲရော့ဗေဒလက္ခဏာနှင့်
ဂျစ်ပစီဟောကိန်းများ
မော်လမြိုင်ရွှေမြို့တော်